တရုတ်နိုင်ငံမှ လူသားမဆန်သောလုပ်ရပ်

kanjosanOctober 19, 20111min10210

တရုတ်နိုင်ငံတောင်ပိုင်းတွင် မနေ့က လမ်းသွားတတ်ခါစ နှစ်နှစ်အရွယ် ကလေးငယ်သည် လမ်းပေါ်တွင် လမ်လျှေက်သွားနေစဉ် ကားတိုက်ခံရပြီး လမ်းမပေါ်တွင် သွေးတလုံးလုံးဖြင့် လဲကျနေသည်ကို မည်သူမျှ ကယ်တင်ကူညီရန် မကြိုးစားဘဲ မသိလိုက်မသိဖာသာ ရှောင်ကွင်းသွာကြသည်။ လုံခြုံရေး ကင်မရာမှတ်တမ်းများအရ တိုက်လိုက်သော ဗန်ကားသည် ခဏမျှရပ်ပြီး ဆက်လက်မောင်းထွက်သွားသည်။ လမ်းသွားလမ်းလာ ယော်ကျား၊ မိန်းမတို့သည်လည်း ကူညီကယ်တင်ရမှန်း မရှိဘဲ အကြင်နာတရားခေါင်းပါးစွာဖြင့် အဝေးမှ ရှောင်ကွင်းသွားကြသည်။ ၁ဝ မိနစ်ခန်ကြာသောအခါ ဆာလာအိတ်ထမ်းလာသော မိန်းမတစ်ယောက် ရောက်လာပြီး အိတ်ကိုချပြီး ကလေးငယ်ဆီ အမြန်ပြေးသွားကာ အကူအညီရှာလေသည်။

ကလေးမလေး ဝမ်သည် အဲ့သည်နေ့ နေ့လည်အထိ အရေးပေါ် အခြေအနေတွင် ရှိကြောင်း။ ကျွန်တော် အရမ်းစိတ်ပူတယ်။ သူ့ဖခင်ကပြောပြသည်။ သူသည်ဖိုရှင် ဈေးတွင် Hardware  အရောင်းဆိုင်ဖွင့်ထားသည်။ အခင်းဖြစ်ပွားချိန်တွင် သူရော သူ့မိန်မရော အလုပ်ရှုပ်နေကြပြီး ကလေးအပြင်ရောက်သွားမှန်း မသိကြပါ။ ကျွန်တော် ဒေါသလဲထွက်တယ်။ အကူအညီမဲသလိုလဲ ခံစားရတယ်။ တစ်ယောက်ယောက်ကသာ စောစောစီးစီး ကူညီလိုက်လျှင် ဒီလောက်အထိ အခြေအနေ ဆိုးမှာမဟုတ်ဘူး၊ ဝမ့်ဖခင်က ပြောသည်။ ကားသမားကို ရဲကဖမ်းဆီးထားပြီး ဖြစ်သည်။ ကားသမားက ငွေဖြင့် လာရောက်ညှိနှိုင်းသော်လည်း သူလက်မခံခဲ့ပေ။ ကလေးမလေး  နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ တလိမ့်လိမ့် အဆက်မပြတ် စီးကျနေသည်။ ကျွန်တော် ဘာကြောင့် တစ်ယောက်မျှ လမ်းပေါ်ကနေ ရွှေ့မပေး မကူညီလဲဆိုတာ စဉ်းစားလို့ကို မရဘူး ။ နားမလည်နိုင်အောင်ဘဲ ဖြစ်မိတယ်။

10 comments

  • etone

    October 19, 2011 at 8:38 am

    တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဒီနေ့ ဖယ်ရီစောင့်နေတုန်း …. ကျွန်မနဲ ့မျက်နှာချင်းဆိုင် ကားလမ်းမှာ မိန်းမကြီးတစ်ယောက် မူးလဲတယ် … အသံတောင် ဖုန်း ဆိုပြီး မြည်သွားတယ် … ဒါကို ဘယ်သူမှ အနီးနားက ကူပြီး မထူပေးဘူး … မသိသလိုပဲ ဖြတ်သွားကြတယ် … ။ မိန်းမကြီးကလည်း ဖုတ်ဖတ်ခါပြီး သူ့ဘာသာ ပြန်ထတယ် …. ။
    ကျွန်မအပါဝင် အနီးနားက လူအများစု မြင်ပေမယ့် ဘယ်သူ့မှ သွား မထူပေးတာ ဘာဖြစ်လို့ပါလိမ့် ….. ။ အဖြစ်ပျက်ကပဲ မြန်ဆန်လွန်းလို့လား … ။ အကြင်နာတရားမဲ့တာလား မပြောတတ်တော့ဘူး ။ မိန်းမကြီးရဲ့ အဝတ်စား ညစ်ပေပေတွေ ပေကုန်မှာစိုးလို့လား … ။ မူးမိုက်တယ်ဆိုပြီး ဟန်ဆောင်တာလား စသဖြင့် အတွေးများနေတုန်း ဘာမှ မလုပ်ပေးလိုက်မိဘူး …။ …ကိုယ့်ကိုယ်ကိုတောင် ဘာလို့ ငါ ရပ်ကြည့်မိပါလိမ့်လို့ တွေးနေမိတယ် … ။

    တရုတ်နိုင်ငံတင်မဟုတ်ပါဘူး… ဒီနိုင်ငံမှာလည်း သွေးထွက်သံယိုဆိုလျှင် ကိုင်ဖို့ ကူညီဖို့ လက်တွန့်ကြပါတယ် … ။ သွေးနဲ့ပတ်သတ်တဲ့ ရောဂါကူးစက်မှာက တကြောင်း ကူညီသူကပါ တစ်ခါတလေ ကန့်လန့် ကန့်လန့် အမှူတွဲထဲပါနေတတ်တာက တကြောင်းမို့ ဝေးဝေးရှောင်ကြတာဖြစ်မယ် ။

  • kanjosan

    October 19, 2011 at 8:45 am

    လူသတ်မှု့မှ အဟုတ်တာ တစ်စုံတစ်ခု Accident ဖြစ်လာရင် လူ့မှု့ရေးအရ အနောက်နိုင်ငံတွေစကားလုံးဆိုရင် လူသားခြင်း စာနာထောက်ထားမှု့အရ အနီးဆုံး ဆေးခန်းလောက်တော့ ပို့ပေးသင့်ပါတယ်.. မ etone ပြောတဲ့ မိန်းမကြီးက သိပ်အခြေနေ မဆိုးတာရယ်… တစ်ခါတစ်ရံတော့လည်း အဲ့ဒီပုံစံဆိုရင် လိမ်လည်လှည့်ဖြားကြမှာ စိုးလို့ မကူညီတာဖြစ်နိုင်ပါတယ်။ ကျွန်တော် တွေ့ဖူးသလောက်တော့ အနည်းဆုံး လမ်းမကနေ ဘေးကိုရွှေ့ပြီး သူ့ရဲ့မိဘ အုပ်ထိန်းသူကို အကြောင်းကြားတာမျိုး.. အသက်တစ်ချောင်းကို အချိန်မှီ ကယ်တာမျိုးတော့ မြန်မာပြည်မှာ လုပ်ကြပါတယ်…

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 19, 2011 at 8:58 am

    အင်းးးးး
    ဒီကိစ္စကိုတော့ နိုင်ငံရေးပေါ်ရစီတစ်ခုလို လူမျိုးရေးတစ်ခုလုံးကို
    သိမ်းကြုံးပြီးမပြောထိုက်ဘူးလို့တော့ထင်ပါတယ်
    ဒါတွေက ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်
    http://video.sanook.com/เด็ก2ขวบถูกรถทับ..แต่ไม่มีใครสนใจ..ประเทศไหนดูเอาเอง-445643-player.html

  • lone

    October 19, 2011 at 9:42 am

    အဲဒါတရုတ်မှမဟုတ်ပါဘူး…မြန်မာနိုင်ငံမှာလည်း ကားတိုက်မိရင်ရပ်ကြည့်ဖို့လောက်ပဲသိကြတာ
    ဘယ်သူမှ ချက်ချင်းမကူညီကြဘူး…

  • windtalker

    October 19, 2011 at 12:05 pm

    မှန်တယ် ကိုကန်ဂျိုစံ ရေ
    ဒီမှာက ရုတ်တရက် မူးလဲရင်
    အကြံအဖန်
    ဇါတ်လမ်းကများသား
    နောက်ပြီး လုံးပြောသလိုပါပဲ
    အက်စီးဒန် ့တစ်ခု ဆိုရင်
    ဆေးရုံကားခေါ်ဖို ့သတိမရကြပဲ
    ဘယ်သူကမှားတယ် ဘယ်သူက မှန်တယ် နဲ ့ပဲ
    ဝိုင်းအုံပြီး မှတ်ချက်ပေးနေတာတွေ ကို
    အမြန်ဆုံးပြင်ရဦးမှာပါပဲ

  • koyinmaung

    October 19, 2011 at 2:23 pm

    ဒီဖြစ်ရပ်ကတော်တောဆိုးပါတယ်
    ခလေးငယ်ကိုကားတိုက်သွားတာကိုပါတ်ဝန်းကျင်ကဖြတ်သွားတဲ့လူတွေ
    အကူအညီမပေးဘဲရှောင်သွားနေတာရယ်
    နောက်ကားတစီးကထပ်တိုက်သွားတာရယ်ကိုလုံခြုံရေးကင်မရာကမှတ်တမ်းမှာ
    တွေ့နေရပါတယ် ကိုယ်တွေသာဒီပါတ်ဝန်းကျင်မှာရှိနေယင်ကူညီမိမှာအမှန်ပါဘဲ
    တွေ့ရတာအင်မတန်မှစိတ်မကောင်းစရာပါ…
    မကြည့်ရက်စရာကိုကောင်းတဲ့မြင်ကွင်းပါဘဲ….
    တရုတ်ပြည်ကသတင်းစာတွေအားလုံးမှာဒီသတင်းပါနေပါတယ်….

  • MOEPWINTPHYU

    October 19, 2011 at 3:03 pm

    လူကြီးတစ်ယောက် အဘိုးကြီးပါ ဘုရားသွားမလိုကားဆောင့်နေတာ တချို့ ကားသမားတွေဆိုသူကိုမတင်ခြင်ကြဘူး အရမ်းအသက်ကြီးနေလို သန်2မာ2မရှိလို ဒီနေ့တော မိန်းမကြီးတစ်ယောက် 40ကျော်လောက်က သူကို်ခေါ်နေရာပေးပြီး ပိုက်ဆံပါသူဘိုပေးလိုက်တာ နောက်ပြီး ကားပေါ်ကဆင်းတောလဲ သေချာတွဲပြီးချပေးတယ် ဒီလိုပါပဲ အဲလိုမျိုးတွေမမြင်ဘူးဘူး
    လူပေါ်မူတည်ပါတယ် လုပ်ပေးတဲသူကတောလုပ်ပေးကျပါတယ် ကူညီကျပါတယ်……….

  • အက်စီးဒင့် လို ့ပြောရင် ဒီနေ ့မြန်မာပြည်က မြို ့အတော်များများမှာ ဖြစ်နေတာကို မေ့ထားလို ့မရပါဘူး။
    ဆိုင်ကယ် တိုက်ပြီးထွက်ပြေးတယ်။ကားတိုက်မှုဖြစ်တယ် ယာဉ်မောင်းထွက်ပြေးတယ်။ဥပဒေ ကြောင်းအရ ဖြေရှင်းဖို ့ကြိုးစား
    တာမတွေ ့ရသလောက်ပါဘဲ။မတတ်နိုင်လို ့၊မပြေးနိုင်လို ့ဖြေရှင်းပေးနေရတဲ့ ပုံဖြစ်နေတယ်။ယာဉ်ကြီး၊ယာဉ်လေးဆို ပြီး ဥပဒေက တစ်မျိုးဖြစ်နေတယ်။
    မှားမှား၊မှန်မှန်. ယာဉ်ကြီးသမားက အပြစ်လို ့ဖြစ်နေတယ်။တကယ်ဆို ဥပဒေ ကကျောသားရင်သား မခွဲခြားဘဲ ထိထိရောက်ရောက် လုပ်ပေးမယ်ဆိုရင်
    အများပြည်သူ နဲ ့ဆိုင်တဲ့ လမ်းမ ပေါ်က မမြင်တော်ရာတွေပျောက်ကွယ်သွားဖို ့ဆုတောင်းမျှော်လင့်မိပါတယ်နော်။

  • oakermg

    October 19, 2011 at 6:31 pm

    လူ့ဘဝမှာလည်း သင်ခန်းစာတွေက အများသားကလား … မြန်မာနိုင်ငံထဲမှာပေါ့လေ…
    တစ်ချို့လဲ အကြံအဖန် လုပ်နေကြတော့ အတွေ့အကြုံ ရှိတဲ့ သူတွေလို ဖြစ်နေကြပြီပေါ့…
    တခုခု ဖြစ်တယ်ဆိုရင် ချက်ခြင်း အနားသွားမကပ်ရဲကြဘူးလေ…
    ကိုဘလက်ချော ရဲ့အဖြစ်မျိုးတွေက သက်သေပြနေသကိုးဗျ…
    အမှုပါတ်မှာလဲ စိုးတာရယ်… အဆင်မသင့်ရင် တရားခံဖြစ်သွားနိုင်တာရယ်တွေကြောင့်
    မဖြစ်သင့်တာတွေ ဖြစ်ရတတ်ပါတယ်… အကြံအဖန်လုပ်သူ နဲ့ကြုံရင် ထိထိရောက်ရောက်
    အရေးယူခြင်းခံရသည်အထိ ဆောင်ရွက်ပေးနိုင်ကြရင် တစ်ဖြည်းဖြည်း ပပျောက်သွားမယ်
    လို့ ထင်နေမိတယ်….။

  • htoosan

    October 19, 2011 at 8:56 pm

    ရန်ကုန်မှာ နေကြသူများ ခုလို အရေးပေါ်ဖြစ်ရင် ဘယ်ဖုန်းနံပါတ် ခေါ်ရမလဲ သိကြပါသလား…..

    ခေါ်ရင်ရမရတော့ မသိဘူးနော်.. မခေါ်ဘူးလို့..

    Police
    Emergency .. 199
    Traffic Investigation ..201779
    Traffic Control Branch .. 291 284~5

    Fire Station ,
    Emergency :- 191
    Central Fire Station .. 252 011~22

    Ambulance
    Yangon General Hospital . 256112~31
    Red Cross .. 38 36 84
    Traffic Police .. 500 005
    Traffic Police .. 05 5000005

    Yangon Directory ဘေးနားရှိလို့ ကောက်ရေးပေးလိုက်တာ … ကိုယ့် Hand phone ထဲမှာ မှတ်ထားပေါ့။ အရေးပေါ်ရင် အသုံးတည့်ပါတယ်။

    ပန်းလှိုင်ဆေးရုံ ..၆၈၄၃၂၃
    ှရွှေဂုံဒိုင် (SSC) ..544128 , 544116 , 541457
    Asia royal , အာရှတော်ဝင် ..၅၃၈၀၅၅
    ဝိတိုရိယ .. ၆၆၆၁၂၆

Leave a Reply