မှတ်သားဖွယ်ရာအဆိုအမိန့်အချို့-၄

ကြောင်လတ်October 19, 20113min631

(အ)

(၁၅၁)   အနက်နှစ်ခုဟာ အဖြူရောင်ကိုမဖန်တီးနိုင်၊

Two black do not make a white.

(၁၅၂)   အမှားနှစ်ခုက အမှန်တခုမဖြစ်နိုင်

Two wrong do not a right.

(၁၅၃)  အရှည်ဆုံးညဟာလည်းကုန်ဆုံးရမှာပဲ။

The longest night will have an end.

(၁၅၄)  အရှည်ဆုံးနေ့ဟာလည်းကုန်ရမှာပဲ။

The longest day must have an end.

(၁၅၅)  အရာရာတိုင်းမှာအဆုံးစွန်ဆိုတာရှိတယ်။

Everything has an end.

(၁၅၆)  အနိုင်ရဖို့ထက် ဆက်လက်ထိမ်းသိမ်းထားဖို့ခက်တယ်

Keeping is harder than winning.

(၁၅၇)  အချိန်နာရီကို ပြန်ပြောင်းရွှေ့ဖို့မဖြစ်နိုင်ဘူး

One cannot put back the clock.

(၁၅၈)  အိပ်မက် မက်တာဆန့်ကျင်ဖက်ဖြစ်တယ်။

Dreams go by contraries.

(၁၅၉)  အသိဆုံးလူဟာအနည်းဆုံးပြောတယ်။

Who know most say least.

(၁၆၀)  အချိန်ဟာအကောင်းဆုံးအတိုင်ပင်ခံဖြစ်တယ်။

Time is the best counselor.

(၁၆၁)  အသက်ရှိနေသရွေ့မျှော်လင့်ချက်ရှိတယ်။

While there is life there is hope.

(၁၆၂)  အလိုဆန္ဒအနည်းဆုံးလူဟာအချမ်းသာဆုံးလူဖြစ်တယ်။

He is riches that has fewest wants.

(၁၆၃)  အဆောက်အဦအမြင့်ကြီးတွေမှာနက်တဲ့အုတ်မြစ်ရှိတယ်။

High buildings have a low foundation.

 

(၁၆၄)  အနာဆွေးဟာသွေးထွက်မြန်တယ်။

Old wounds soon blood.

(၁၆၅)  အတင်းလာပြောတဲ့သူဟာ မင်းအတင်းကိုလဲသူများကိုပြောမှာပဲ။

Who chatter to you will chatter of you.

(၁၆၆)  အသေးအမွှားကိုလိုက်ဖမ်းရင်းနဲ့ အရေးကြီးတာကိုလက်လွတ်မခံပါနဲ့။

Catch not at the shadow, and loose substance.

(၁၆၇)  အနည်းအကျင်းသိနားလည်တာအန ္တရာယ်ပဲ။

A little knowledge is a dangerous thing.

(၁၆၈)  အလှသည် ကြည့်သောသူ၏မျက်စေ့တွင်ရှိသည်။

Beauty is in the eye of beholder.

(၁၆၉)  အမြစ်မရှိရင်အသီးမရှိ။

No root no fruit.

(၁၇၀)  အမှန်တရားသည်အပစ်တင်ခံရကောင်းခံရမည်၊ဒါပေမဲ့ဘယ်တော့မှရှက်စရာမရှိ။

Truth may be blamed but shall never be shamed.

(၁၇၁)  သစ္စာဝါစာ (အမှန်ပြောခြင်း) သည် ဖိနပ်စီးနေတုန်းမှာ

(မုသာဝါစာ)လိမ်ညာခြင်းဟာကမ ္ဘာကိုတစ်ပတ်ပတ်ပြီးပြီ။

A lie travels round the world, while the truth is outing on her boots.

(၁၇၂)  အတုခိုးခြင်းသည် အရိုးသားဆုံးမြှောက်ပင့်ခြင်းပင်ဖြစ်သည်။

Imitation is the sincerest of flattery.

(၁၇၃)  အချိန်တွေကိုငွေရှာတဲ့အလုပ်နဲ့ပဲအကုန်မခံနိုင်။

I cannot afford to waste my time making money.

(၁၇၄)  အမေဆိုတာ ကလေးတွေရဲ့အသဲနှလုံးထဲမှာရှိတဲ့ ဘုရားသခင်ရဲ့ အမည်ဖြစ်တယ်။

Mother is the name for God in the lips and hearts of little children.

(၁၇၅)  အကျင့်သီလဆိုတာ အမိန့်ကိုမစဉ်းစားပဲ မျက်စေ့မှိတ်ပြီးလိုက်နာခြင်းကိုခေါ်တာဖြစ်တယ်။

What we call “moral” is simply blind obedience to wards of command.

(၁၇၆)  အသင့်အတင့်ကိုသာပေးသနားတော်မူပါ၊အလွန်နိမ့်ကျ၍ အလွန် ကြီးကျယ်သောအဖြစ်ကိုမရောက်လိုပါ။

O grant me! Heaven a middle state, neither too humble nor too great.

(၁၇၇)  အိမ်ထောင်ပြုတော့မဲ့သူအတွက် ဩဝါဒကတော့  “မပြုနဲ့”။

Advice to those about to marry is Don’t.

(၁၇၈)  အမျိုးသမီးများမိုက်မဲသည်ကိုကျွန်ုပ်မညင်းပါ၊ ဘုရားသခင်က

ယောကျားများနှင့်ပေါင်းဖက်ရန်  သူတို့ကိုဖန်ဆင်းထားသည်။

I am not deny, the women are foolish; God almighty them to match the man.

(၁၇၉)  အချစ်ဟာအရာရာကိုအောင်နိုင်တယ်၊ ဒီတော့ ဒို့လည်းအချစ်ကိုအရှုံးပေးကြပါစို့။

Love conquers all; let us too yield to love.

(၁၈၀)  အချစ်၏ငယ်စဉ်ကအိပ်မက်တစ်ဝက်လောက်ချိုမြိန်တဲ့အရာလောကမှာဘာမှမရှိပါ။

There is nothing half so sweet in life as love’s young dream.

(၁၈၁)  အချစ်ကနှင်းဆီပန်းလေးဖြစ်တဲ့အခါ ကိုယ်က နှင်းဆီရွက်ကလေးဖြစ်မှာပါ။

If love were what the rose is, and I were like the leaf.

(၁၈၂)  အချစ်ဆိုတာနှစ်များဖြင့်တိုင်းတာလို့မရတာရယ်၊ဘဝဆိုတာရယ်ပဲဖြစ်တယ်။

Unmeasured by the flight of years, and all the life is love.

(၁၈၃)  အချစ်စကားကိုမကြားခဲ့ဘူးရင် မချစ်ဘူးသူူတွေအများကြီးရှိမှာပဲ။

There are many people who would never have been in love if they never heard love spoken of.

(၁၈၄)  အချစ်ဟာအမြဲတမ်းရောဂါဖြစ်နေပါလျှက် ဘယ်တော့မှလည်းမသေ။

Love is ever sick, and yet never dying.

(၁၈၅)  အချစ်ဟာအကန်းပဲ၊ ချစ်သူဟာလဲမမြင်တတ်ဘူး။

But love is blind, and lover cannot see.

(၁၈၆)  အချစ်မရှိသော အိမ်ထောင်ရှိမှတော့ အိမ်ထောင်မရှိသော အချစ်လည်းရှိရတော့မှာပေါ့။

Where there’s marriage without, there will be love without marriage.

(၁၈၇)  အချစ်ဆိုတာအလုပ်မရှိပျင်းရိနေသူတွေရဲ့အလုပ်ပဲ၊အလုပ်များသူတွေရဲ့ပျင်းရိချင်းဟာလဲအလုပ်ပဲ။

Love is the business of the idle, but the idleness of the busy.

(၁၈၈)  အနည်းအကျဉ်းလောက်ဆိုရင်အသက်ရှင်နိုင်တယ်။လုံးဝမရှိရင်မရှင်နိုင်။

One can live on a little, but not on nothing.

(၁၈၉)  အနိမ့်ကလူကျစရာမရှိ။

He that is down need no fall.

(၁၉၀)  အသစ်ကတော့ကောင်းတာချည်းပဲပေါ့။

Everything new is find.

(၁၉၁)  အိတ်တစ်အိတ်ထဲကကြောင်နှစ်ကောင်ဟာငြိမ်းချမ်းရေးမရနိုင်။

Two cats in one bag cannot have peace.

(၁၉၂)  အကျင့်စရိုက်ဟာကံတရားပဲ။

Character is destiny.

(၁၉၃)  အလှဆိုတာအရေပြားတထောက်သာ။

Beauty is only skin deep.

(၁၉၄)  အစေခံသစ်ဟာအပိုးကျိုးတယ်။

 

ကိုးတန်းကျောင်းသားဘဝက Everyday English,English Today,English  မဂ္ဂဇင်းစာအုပ်တွေထဲက ကူးရေးထားတဲ့မှတ်စုကို ပြန် ရေးထားတာပါ၊    အကြမ်းရေးထားတာကနေအက္ခရာအလိုက်ပြန်ကူးရေးတဲ့အခါအမှားတွေရှိနိုင်ပါတယ်။ စာလုံးပေါင်းအမှားတွေကိုကွန်ပျူတာကမျဉ်းနီတားပြထားလို့ ပြန်စစ်ရတာအများကြီးပါ။ အသုံးအနှုန်းအချို့ကိုလည်းကိုယ်တိုင်နားမလည်တာတွေရှိပါတယ်။                 စာလုံးပေါင်း ဘယ်လိုမှဆက်စပ်လို့မရလို့ချန်ထားခဲ့ရတာတွေရှိပါတယ်။

အခုရေးလိုက်တဲ့အထဲမှာလဲ စာလုံးပေါင်းနဲ့အသုံးအနှုန်းအမှားတွေ တွေ့ရင် တတ်သိနားလည်သူများမှပြင်ဆင်ပေးဖို့မေတ္တာရပ်ခံလိုပါတယ်။

One comment

  • small cat

    October 20, 2011 at 7:14 am

    ကြောင်လတ်ဆိုတဲ့အကိုဟာ
    သူများအပစ်လိုက်လို့ရှာ
    ဘာဘာ ညာညာ ကိုယ်တိုင်မရေး
    ကူးလို့ချတယ်လေး…..။

    A lie travels round the world, while the truth is puting on her boots.
    သစ္စာဝါစာ (အမှန်ပြောခြင်း) သည် ဖိနပ်စီးနေတုန်းမှာ (မုသာဝါစာ)လိမ်ညာခြင်းဟာကမ ္ဘာကိုတစ်ပတ်
    ပတ်ပြီးပြီ။
    ကြောင်လေးက ဖိနပ်လိုက်ရှာနေတုန်းမှာ အကိုကြောင်ကြီးကရွာထဲကိုတပတ် ပတ်ပြီးပြီ။

    အချိန်တွေကိုငွေရှာတဲ့အလုပ်နဲ့ပဲအကုန်မခံနိုင်။
    အချိန်တွေကိုအရက်သောက်ခြင်းဖြင့်ကုန်လွန်စေမည်။

    အချိန်ဟာအကောင်းဆုံးအတိုင်ပင်ခံဖြစ်တယ်။
    အချိန်ဟာ လမ်းထဲက တရုပ်မယောကျားဖြစ်တယ်။

    အလှသည် ကြည့်သောသူ၏မျက်စေ့တွင်ရှိသည်။
    အလှသည်ကြောင်လေး၏မျက်စေ့ရှေ့တွင်ထိုင်နေသည်။

    အလှဆိုတာအရေပြားတထောက်သာ။
    အလှဆိုတာ ငမြရဲ့မိန်းမပါ။

    အတင်းလာပြောတဲ့သူဟာ မင်းအတင်းကိုလဲသူများကိုပြောမှာပဲ။
    အတင်းလာပြောတဲ့သူကို နာရင်းသာနာနာရိုက်လွှတ်လိုက်ကြပါ။

    အချစ်ဟာအရာရာကိုအောင်နိုင်တယ်၊ ဒီတော့ ဒို့လည်းအချစ်ကိုအရှုံးပေးကြပါစို့။
    အရက်ဟာအရာရာကိုအောင်နိုင်တယ်၊ ဒီတော့ ဒို့လည်းအရက်ကိုအရှုံးပေးကြပါစို့။

    အိတ်တစ်အိတ်ထဲကကြောင်နှစ်ကောင်ဟာငြိမ်းချမ်းရေးမရနိုင်။
    ရွာတစ်ရွာထဲကကြောင်လေးကောင်ကတော့ အေးဆေးပါ။

Leave a Reply