ထိုင်း-မြန်မာနယ်စပ် တပ်ခ်ခရိုင် မဲဆောက်တွင် အထူးစီးပွားရေးဇုန်တည်ဆောက်ရန် ထိုင်းဘက်မှ စီစဉ်

klnMay 19, 20101min530

ထိုင်း- မြန်မာကုန်သွယ်ရေးတွင် အချက်အချာကျလျက်ရှိသော တပ်ခ်ခရိုင် မဲဆောက်တွင် အထူးစီးပွားရေးဇုန်တည်ဆောက်ရန် နှင့် နှစ်နိုင်ငံကြားရှိချစ်ကြည်ရေးတံတားအမှတ်(၂) အား(၄) လမ်းတိုးချဲ့တည်ဆောက်ရန် ထိုင်းနိုင်ငံဘက်မှ စီစဉ်ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ရရှိသော သတင်းများအရ သိရှိရသည်။ ထိုင်း- မြန်မာနယ်စပ်ရှိ မြဝတီဒေသသည် နှစ်နိုင်ငံကုန်သွယ်မှုတွင် အချက်အချာကျနေခြင်းနှင့် မြဝတီ၊ မဲဆောက်အာဆီယံအရှေ့အနောက်စီးပွားရေးစကြံ င်္ဒေသဖြစ်ခြင်း၊ ထိုင်းနိုင်ငံမှ တစ်ဆင့် ဗီယက်နမ်နိုင်ငံနှင့်အခြားနိုင်ငံများသို့ ကုန်သွယ်မှုပြုနိုင်ခြင်းကြောင့် မဲဆောက်သည် ထိုင်း- မြန်မာကုန်သွယ်မှုတွင် အဓိကကျသော နေရာဖြစ်လာကြောင်း သိရှိရသည်။ သို့သော် ထိုင်းနိုင်ငံရေးမငြိမ်သက်မှုများကြောင့် လတ်တလောအခြေအနေတွင် ကြန့်ကြာမှုအချို့ရှိနေကြောင်း၊ ယင်းချစ်ကြည်ရေးအမှတ်(၂) တံတားဆောက်လုပ်ပြီးစီးပါက ထိုင်းနိုင်ငံမှတစ်ဆင့် လာအိုနိုင်ငံ ဆုန်စဝမ်နခက်ခရိုင်၊ ဒန်စဝမ်မှ တစ်ဆင့် ဗီယက်နမ်နိုင်ငံ ဒါနန်းအထိ သွားလာနိုင်မည်ဖြစ်ကြောင်း၊ အလားတူပင် လမ်းအရှည် ၂ရဒသမ ၈ကီလိုမီတာရှိသည့် မြဝတီ- ကော့ကရိတ်လမ်းဖောက်လုပ်ရန် ထိုင်းနိုင်ငံ အစ်ိုးရက ဘတ်သန်း ၈၇ဝကျော် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း၊ ထိုင်းဘက်မှထုတ်ပြန်ခဲ့သောသတင်းများအရ သိရှိရသည်။ ယင်းလမ်းအတွက် ၂၀၁ဝပြည့်နှစ်တွင် ဘတ်သန်း ၁၅၀( ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တွင် ဘတ် ၃၆၁သန်း) သုံးစွဲသွားရန် သတ်မှတ်ထားကြောင်း၊ လမ်းပထမပိုင်းမှာ မဲဆောက်မှ မြဝတီနှင့် မြဝတီမှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက် ဖိဆစ်ခုလိုမြို့များအထိ ကုန်သွယ်မှုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။