Freebie Marketing and Monopoly

ムラカミOctober 19, 20111min14012
 ပင်မအသုံးချပစ္စည်းတခုကို အလကားပေးပစ်ခြင်းဖြင့်သော်လည်းကောင်း အင်မတန်နည်းပါး
တဲ့ဈေးနဲ့ရောင်းချပေး၍သော်လည်းကောင်း ဆက်စပ်ပစ္စည်းတွေ တပုံတခေါင်းရောင်းရအောင်
လုပ်တဲ့နည်းပါ..
Freebie Marketing (or) Razor and Blades business model လို့ ခေါ်ပါတယ်..

Printerတွေကို ဈေးပေါပေါနဲ့လှိမ့်ရောင်းပြီး ink cartridgesတွေလိုက်ရောင်းရအောင်
လုပ်တဲ့နေရာ..Game Consolesတွေကို အောက်ကြေးနဲ့အစွံထုတ်ပြီး game softwareတွေ
လိုက်ရောင်းရအောင်လုပ်တဲ့နေရာတွေမှာသုံးပါတယ်...

loss leader marketingနဲ့ free sample marketingတို့ရဲ့မူကွဲလို့လည်းမှတ်နိုင်ပါတယ်....
(မူကွဲ ဒါမှမဟုတ်ဆင်တယ်လို့ ပြောခြင်းဟာ တကယ်တော့ မတူဘူးဆိုတာကိုကြိုတင်
ဝန်ခံထားခြင်းမဟုတ်လား.....သည်တခုတော့ သတိပြုမိစေချင်ပါတယ်..)

King Camp Gilletteဆိုတဲ့ Gilletteဥက္ကဌကစတင်ခဲ့တဲ့ modelလို့ အပြောများကြပါတယ်....
သဘောတရားကတော့ ရှင်းရှင်းလေးပါ ..ဂျုပ်ကိုလက်ဆောင်ပေးပြီး ဒါးရောင်းစားတဲ့ modelပါပဲ....
သည်ကနေ့ထက်ထိအောင် gilletteကသည်ပုံစံအတိုင်းသွားနေတုန်းပါ..
အမေရိကားမှာနေတဲ့ဆယ်ကျော်သက်ကောင်လေးတယောက်ဟာသူ့ရဲ့ ၁၈နှစ်ပြည့်
မွေးနေ့လက်ဆောင်အဖြစ် gilletteဆီကနေ razorsတွေလက်ဆောင်ရတတ်လို့ပါပဲ..
သည်လိုအချိုးမျိုးကို printer makerတွေလည်း လုပ်ခဲ့ကြတယ်လို့ မှတ်တမ်းတွေကပြောပါတယ်..
မှင်နည်းနည်းပဲဖြည့်ထားတဲ့ entry level printerတွေကို ဈေးပေါပေါနဲ့လှိမ့်ရောင်းပြီး
full cateridgeတွေလိုက်ရောင်းတဲ့နည်းပါ.....

(ပြိုင်ဆိုင်မှု တိုးတက်နှုန်းတွေပြင်းထန်လွန်းတဲ့ technology sectorထဲမှာတော့ သည်modelဟာ
SAASဖွံ့ဖြိုးလာတာနဲ့အတူ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ်...)

FMCG firms တွေမှာတော့ လုပ်စားလို့ကောင်းနေဆဲပါ..
samplingနဲ့ အတူ တခြား သော value addedတွေပေါင်းထည့်လိုက်တဲ့အခါမှာ
packageပုံစံ solutionပုံစံတွေဖြစ်သွားပြီးဝယ်သူတွေမျက်စိလည်ကုန်ပါတော့တယ်..
အခပေးရုပ်သံကုပ္ပဏီတွေဟာ ကျနော်တို့ကို ချစ်လွန်းလို့ စေတနာရှိလွန်းလို့
installation fees free !တို့ ဘယ်နှလ free watchတို့ကို ပေးနေတာမဟုတ်ပါဘူး....
အမြည်းကျွေးတာပါ... ကြိုက်သွားပြီ စွဲသွားပြီဆိုရင်တော့ သူတို့ဂွင်ထဲဝင်ပြီသာမှတ်ပေတော့
လစဉ်ကြေးတွေနဲ့ စာချုပ်မရပ်မချင်း တောက်လျောက်စားပေတော့ပဲ....
အဲ့စာချုပ်ရပ်ဆိုင်းမယ်ဆိုလည်း စားသုံးသူဘက်က ကနဦးဝယ်ယူထားတဲ့ receiver ကို
ငွေပြန်မအမ်းပေး... ရောင်းစားလို့လည်းမရ ဘယ်နားလွှင့်ပစ်ရမှန်းမသိတာနဲ့ပဲ
မထူးဇာတ်ခင်းကြရပါတော့တယ်.....

(စကားစပ် လို့ သည်နေရာမှာ Razors and Blades modelကို မန္တလေးက ထိုးမုန့်ဆိုင်တွေကသာ
Gilletteထက်အရင် discoverဖြစ်ခဲ့တယ်လို့ပြောရင် ငြင်းမလား..)

သည်modelမှာ ပြဿနာရှာတဲ့အပိုင်းကတော့ လက်ဦးမှုရယူခြင်းနဲ့ လက်ဝါးကြီးအုပ်ခြင်းဆိုတဲ့
ကိစ္စတွေပါပဲ....the whole (segmented) marketကိုရှေ့ကသွားတဲ့ companyကသာ ခုလို
လုပ်ထားခဲ့ရင် နောက်လူတွေအင်မတန်ဝင်ရခက်ပါတယ်...
(သူတို့ဆီမှာတော့ တရားစွဲကြတာတွေ ရှိဖူးတယ်...)
monopoly ဖြစ်တယ် anti-competitionဖြစ်တယ် အစရှိသဖြင့်ပေါ့လေ....

Console Game Sectorထဲမှာ ဒါမျိုးဖြစ်ဖူးတာကို ဖတ်မိပါတယ်....
၁၉၈ဝကျော်ကာလတွေတုန်းကပေါ့..Atariဟာတကောင်တည်းပြေးနေတဲ့မြင်းဘဝကနေ
သူ့programmerတွေအလုပ်ထွက်ပြီး Activisionဆိုပြီး တစင်ထောင်တဲ့အခါမှာ တရားစွဲပါတော့တယ် ...
သူတို့ဆီက anti-monopoly rulesတွေအရ မအောင်မြင်ခဲ့လို့သာ
Activisionအသက်ဆက်ခွင့်ရခဲ့ပါတယ်...
(နောက်ပိုင်း game sectorထဲမှာလည်း 3rd Party developersတွေအားကောင်းလာပြီး
monopolyကို ကြောက်စရာမလိုတော့တဲ့အခြေအနေကိုရောက်လာပါပြီ....
platform-based dominationတွေတော့ကြားရတုန်းပါ.....)

ထင်ရှားတဲ့ Freebie ဥပမာတခုကတော့ ချစ်ရတဲ့ Microsoft Corporationပါ..
သူ့ဘာသာသူအေးရာအေးကြောင်း web browserရောင်းစားနေတဲ့ netscape ကိုသတ်ဖို့
MSရဲ့ အောင်မြင်တဲ့ product -Windowsပေါ်မှာInternet Exprorer ကို FOCနဲ့ ထည့်ပေးလိုက်
ပါတော့တယ်...Netscapeတရားစွဲပြီးနောက်ဆုံးမှာ အနိုင်ရသွားလို့ Microsoftကို
 ၂ခြမ်းခွဲပေးလိုက်ရပါတော့တယ်..(OS developing Unit နဲ့ Other Software Components
ဆိုပြီးတော့ပေါ့)

အဲ့သည့်ခေတ်က search engine တွေခေတ်မစားသေးတော့ တကမာ္ဘလုံးက web browsingကိစ္စဟာ
 web browserပေါ်မှာပဲလုံးလုံးမီခိုရတာပါ ...(ကြော်ငြာတွေ ,pay-per-clickတွေ mails and other
serviceတွေအနာဂါတ်မှာ ဖြစ်လာမယ့်web applicationsတွေအားလုံးပေါ့...)

ဘယ်လောက်ဝင်ငွေကောင်းမလဲဆိုတာ တွက်ဆလို့တောင်မရနိုင်ဘူး..အဲ့အခွင့်အရေးကိုမြင်တဲ့
Microsoft ဟာNetscapeကိုသတ်ပြီး market dominentလုပ်ချင်လို့ IE developing cost
ကိုမကြည့်ဘဲ အလကားထည့်ပေးတာပါ..(အော် Bill Gatesရဲ့ စေတနာမေတ္တာတွေ....)

သူတို့ဆီက ပညာရှင်တွေက Microsoft ရဲ့ monopoly policyကို အရင်ကတည်းက
သတိထားမိနေကြတာပါ...(သည်ကိစ္စနဲ့ပုံစံတူမဟုတ်ပေမယ့် )ခုနောက်ပိုင်းအထိ spread sheet
နဲ့ presentationတွေလုပ်ချင်ရင် MS Excel နဲ့ MS Powerpoint
အပြင် လောက်လောက်လားလားပြိုင်ဘက်ကောင်းထွက်မလာတာဟာ...
အစောပိုင်းကာလတွေမှာMicrosoftအနေနဲ့ ဘယ်လောက်တောင် ပြိုင်ဘက်ကိုသတ်ဖြတ်ခဲ့ပြီးပြီလဲ
ဆိုတာ စဉ်းစားစရာပါ... သည်ဘက်ခေတ်မှာတော့  browserတွေမျိုးစုံပေါ်လာပါပြီ....
လူတွေမှာလည်းရွေးစရာတွေ များလာပြီး သန်ရာသန်ရာဖက်တွယ်ကုန်ကြလို့
တချို့ဆို ဟိုနေ့ကပြောခဲ့တဲ့ Browser evangelistတောင်ဖြစ်ကုန်လို့
Firefox ကိုလာမထိနဲ့မီးပွင့်သွားမယ် ဆိုတာတွေအထိဖြစ်ကုန်ကြပါတယ်...
ကောင်းပါတယ် ...ဘာပဲဖြစ်ဖြစ် ကို်ယ်နှစ်သက်တဲ့ဘက်ကနေdefense လုပ်ပေးရတာ
ကောင်းတဲ့ကိစ္စဘဲမဟုတ်လား..

အဲ့ဒါမလုပ်ရင်သာ big playerကmonopolyလုပ်သွားမှာကြောက်ရတာ...
တကယ်တော့ monopolizeလုပ်ခံထိတာဆိုးတယ်ဗျ....
(ကိုယ်ကလုပ်ရရင်တော့ ကောင်းတာပေါ့နော့်....)

Applied Marketing logic အရတော့ အင်း... အချစ်ရေးမှာတော့ monopolyသာအကောင်းဆုံးသော
solutionပါပဲ...ဟုတ်တယ်မလား ...ကျနော်တို့လည်း newbie marketing (or)
razers and blades marketingကို အဲ့ဘက်မှာသုံးကြရအောင်လား...
မန္တလေးက ထိုးမုန့်ဆိုင်တွေလို ...အမြည်းပေးမယ်ပေါ့.......ခစ်ခစ်..

(မှတ်ချက် ဂေါ်မစွံ အပျိုကြီးများနှင့်အထူးသင့်တော်သောmodel ဖြစ်ကြောင်းကို
ရာနှုန်းပြည့် အာမခံပါသည်...)

12 comments

  • windtalker

    October 19, 2011 at 12:55 pm

    မသိသေးတာတွေ သိလာရတယ် ကိုဇာရေ
    လာသမျှလူအမြည်းကျွေးနေရင်တော့
    စားပြီးနားမလည် တွေ နဲ ့တိုးမှာ အမှန်ပဲဗျို ့
    ဟီဟိ

  • ပေါက်ဖော်

    October 19, 2011 at 2:50 pm

    ဂေါ်မစွံလူပြိုဂျီးတွေ အတွက်ကော..
    ဘယ်မော်ဒယ်နဲ ့သင့်တောမလဲခင်ည

  • inz@ghi

    October 19, 2011 at 3:14 pm

    ဂေါ်မစွံ လူပြိုဂျီး ဒွေကတော့ rebranding လုပ်ရမှာဗျ…brand color နည်းနည်း ချိန်ရမယ်…
    လူပြိုကြီးဒွေ ကောင်းတာ သူများ သိသွား ဦးသွားမယ် နော် လက်ဦးမှုယူထား ဆိုတဲ့ အချိုး မျိုးချိုးပြဗျ အပြိုဂျီးတွေကို….
    ဒါမှမဟုတ်လည်း လုံးဝစိတ်မဝင်စားတဲ့ အချိုးချိုးပြ …
    (reverse sense of psychology အရ လုံးဝစိတ်မဝင်စားဟန်ပြ မှ အနား လာကပ်မှာကိုး ….)

    အဲ့ဒါမှ အဆင်မပြေရင် brand color ကို အဝါ သာပြောင်းတော့ဗျာ …
    အဝါဆိုတာ သိလား ….သာသနာ့အရောင် လို့ ပြောတာ …. ဘုန်းကြီးသာဝတ်ပလိုက်တော့ ..ခစ်ခစ်…

    ခင်တဲ့ …
    Guy Inz@ghi

    • pan pan

      October 19, 2011 at 4:00 pm

      မားကတ်တင်းနဲ့ပတ်သက်တာလေးတွေ ထပ်ပြီးရှယ်နိုင်ပါစေ ကိုMZNရေ
      (ရုံးကလူတွေကိုလည်း အခွင့်သာရင် သင်ပေးပါ၊)
      စကားမစပ် ပရိုဖိုင်ပုံက (တလောက ရုံးမှာပဲ လူပြောများသွားတဲ့ ဂိုးရိုစ့်ကလူနဲ့ တူတယ်နော) 😛

      • inz@ghi

        October 20, 2011 at 7:46 am

        Thx u Pan Pan

        Mkt နဲ့ပါတ်သတ်ရင်တော့ ပြည်တွင်းမှာက Mkt ကို ပြန်ပြီး Mkt နေရတာပဲဗျ..
        သိတဲ့အတိုင်း Mkt အမည်ခံပြီး ရပ်ကွက်ထဲ ဆပ်ပြာမှုန့်လိုက်ရောင်းနေတဲ့ ချာတိတ်မတွေပဲ မြင်နေဖူးကြတာဆိုတော့
        ဒါကိုပဲ Mkt လို့ထင်နေကြတာ ကလား ….တကယ်က ဒါဟာ sales-force ပါ ..salegirls ပါ..
        Mkt Strategy ရဲ့ အရ အခြေအနေအချိန်အခါ ကိုလိုက်ပြီး sales-force ကိုသုံးရပါတယ်..seasonal sales/ seasonal promotion အစရှိသဖြင့်ပေါ့ဗျာ..
        (ကြုံ လို့ပြောရရင် ရွာထဲက သူငယ်ချင်းတယောက်က sales is sales, mkt is mkt ဆိုပြီး ရေးဖူးထားတာလေးရှိပါတယ် ရှာဖတ်ကြည့်ပါ)

        သင်ပေးပါဆိုတာကတော့ အတော် ဂွကျတဲ့ ကိစ္စဗျ …
        ခင်ဗျား လည်း သိတဲ့အတိုင်း ဖြစ်နိုင်ချေရှိတဲ့လူကျ စိတ်မဝင်စား ..စိတ်ဝင်စားတဲ့လူကျ ဖြစ်နိုင်ချေ မရှိ။
        ကျနော် ကိုယ်တိုင်လည်း သင်ယူနေရတာတွေ ရှိနေလေတော့ သင်ကြားမှု ဆိုတဲ့ဘက် ကို မလှည့်နိုင်ဘူး ..
        အဲ့သည့်တော့ အကောင်းဆုံး အကြံပေးချင်တာက စိတ်ဝင်စားရင် ရှာဖတ် လေ့လာ …. မသိရင်လာမေး …သိတာဆို ပြောပြပေးမယ် …ကျနော် မသိတာတွေလည်း တပုံကြီးပဲဆိုတော့ ..မသိလို့ မပြောနိုင် ရင်လည်း စိတ်မဆိုးကြေး….နော့် …..

        profile နဲ့ ပါတ်သတ်ပြီး ခင်ဗျားတို့ဆီမှာ …. ဘာပြောကြလို့လဲဗျ..
        ဟားဟား …profile နဲ့ ပါတ်သတ်ရင် ဘယ်ပုံတင်တင် အပြောလွတ်တယ်မရှိဘူး

        P.S ကျနော့် trademark ပုံ တင်ရင်ကောင်းမလား .. ရွာထဲ ကကြောင်တွေကို အားကျလို့ ကျနော်လည်း ကြောင်ပုံ ပြောင်းတင်ရင် ကောင်းမလား ..စဉ်းစားနေပါသည်…….

        • pan pan

          October 20, 2011 at 8:35 am

          သင်ပေးဖို့ဆိုတာက (၂၉၊ ဇွန်လ၊ ၂၀၁၁)တုန်းက ကိုMZNပြောခဲ့တဲ့ Presentationလိုမျိုးကို ပြောတာပါ
          သေချာသီးသန့်ကြီးသင်ဖို့ကတော့ မလွယ်လောက်မှန်းသိပါတယ်
          စပယ်ရှယ်လစ်မဟုတ်တောင် အဓိပ္ပါယ်သဘောတရားလေး၊ လမ်းကြောင်းလေးသိရတော့ တစ်ခုခုဆို အသုံးဝင်တာပေ့ါ
          ကျွန်မတို့လည်း အဲဒီကျမှ မားကတ်တင်းအဓိပ္ပါယ်ကို ဘာရယ်ဆိုပြီးတီးခေါက်မိတာရယ်လေ
          ထင်ခဲ့တာထက် တော်တော်လေးလည်းကျယ်ပြန့်တယ်၊
          နို့မို့ မားကတ်တင်းက ကိုMZNပြောသလို ရပ်ကွက်တဲ့အိမ်ပေါက်စေ့ ဈေးလိုက်ရောင်းတဲ့လူတွေပဲ များသောအားဖြင့် ပြေးမြင်နေတာဆိုတော့
          အဲဒီနေ့ကတော့ ဂျပန်ရဲ့ အင်တာနေရှင်နယ်မားကတ်တင်းကို ပြောသွားတာမှတ်မိလိုက်တယ်
          အဲဒီမှာ seminarဖိတ်ကြားတာနဲ့ပတ်သက်ပြီးပါပြောထားတော့ အရင်က အဲဒီလိုကိစ္စတွေဆိုရင် မားကတ်တင်းနဲ့ တွဲမမြင်မိဘူး၊ မဆိုင်ဘူးထင်ခဲ့တာကိုး
          (ဒီမှာတော့ ဂိုးရို့ကြော်ငြာလာကာစက ရုံးမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်၊ မကြည့်ရသေးသူတွေဆို ကြော်ငြာလာချိန် စောင့်ကြည့်ကြတာကလား) :mrgreen:

        • inz@ghi

          October 20, 2011 at 9:48 am

          Oops…..
          day/date နဲ့ အတိအကျ ဆိုလာပါလား …
          ကျနော် တောင် မမှတ်မိတော့ဘူးဗျာ….
          ဟားဟား…..

          အလုပ် အကြောင်းတွေကို ဆိုရင်တော့ သီးခြား ပြောကြတာပေါ့….
          မျှမျှတတ ဖြစ်အောင် mkt ရဲ့ dark side ကိုလည်း ကြုံ ကြိုက်တဲ့အခါ ပြောပါဦးမယ်. …

          သည်ပေါ်မှာ ကျနော့်ကို personally သိမယ် ရေးမယ် မထင်ထားမိဘူးဗျ …. 😀
          lol …..
          low profile နဲ့ပဲ နေပါရစေဗျာ ….
          သည်မျက်ခွက်ကြီး နဲ့ သည် နာမည်ကြီး ကိုတော့ မဆွေးနွေးတော့ဘူးနော် ……

  • kai

    October 19, 2011 at 3:29 pm

    စီးပွားရေးမှာ..အရင်းကြီးပါဝါကြီးတဲ့သူက.. ငါးကြီးကငါးလေးစားသလို..စားတာပါတဲ့..။သဘာဝတဲ့..။
    ဒါပေမဲ့… စူပါပါဝါကော်ပိုရေးရှင်းကြီးတွေက လက်ဝါးကြီးအုပ်.. အင်ပါယာထောင်တဲ့အခါ.. ယူအက်စ်မှာ…antitrust law ဆိုပြီးဥပဒေနဲ့ပြန်ဖိချပါတယ်..။
    http://en.wikipedia.org/wiki/United_States_antitrust_law

    ဒီလိုနဲ့.. ဘီလူးကြီးတွေလိုဖြစ်လာတဲ့.ယူအက်စ်ရဲ့..Standard Oil .ရေနံကုမ္ပဏီ.. ။ AT&T တယ်လီဖုံးကုမ္ပဏီ..။ နောက်..မိုက်ခရိုဆော့…။
    အခုဆို.. AT&Tဆဲလ်ဖုံးကုမ္ပဏီက..T-Mobile အလတ်တခုကိုဝယ်မလို့လုပ်နေတာ.. အစိုးရက ဝင်တရားစွဲနေပြန်ပြီ…။
    Feds sue to block AT&T deal to buy T-Mobile
    (CBS/AP)
    WASHINGTON – The Justice Department filed suit Wednesday to block AT&T’s $39 billion deal to buy T-Mobile USA on grounds that it would raise prices for consumers.

    မြန်မာပြည်မှာ.. အဲဒီလို antitrust ဥပဒေထားသင်တယ်..။
    ဒါမှမဟုတ်.. အကုန်ခေတ်ပျက်သူဌေးလက်ထဲ ရောက်ကုန်လိမ့်မယ်…။ 😆

  • inz@ghi

    October 19, 2011 at 3:39 pm

    ဟုတ်တယ် သူကြီး …
    ခုတောင် Walmart တို့လို supermarket ပုံပြင်စနေပြီ
    ရန်ကုန်မှာတုန်းက ဆြာ တယောက်က ထောက်ပြလို့ သတိထားမိသွားတာဗျ..

    ရန်ကုန်က နာမည်ကြီးတဲ့ စူပါမားကတ် ကို ပစ္စည်းသွင်းရင် ကိုယ့် brand ကပ်ပြီး ဘယ်နှခု သွင်းချင်ရင်
    တံဆိပ်မကပ်ဘဲ ဘယ်နှခု သွင်းပေးရမယ်ဆိုတာမျိုးပေါ့ …မီးဖိုချောင်သုံး တွေမှာ အတွေ့ရများတယ်ဗျ…
    အဲ့ဒါတွေကို supermarket က သူ့ တံဆိပ်ပြန်တပ်ပြီး store brands တွေအနေနဲ့ ပြန်ရောင်းတာ ..

    နောက်ပြီး အဲ့သည့် supermarket က တကယ် ကိုယ်တိုင်ထုတ်တဲ့ ပစ္စည်း နဲ့ အမျိုးတူပစ္စည်း ဒါမှမဟုတ် အစားထိုးပစ္စည်း ဆို သွင်းခွင့်မရ တာတွေ လည်းကြားဖူးတယ်ဗျ …(အသေအချာ သိတဲ့လူတယောက်ယောက် ရေးပေးနိုင်ရင်ပိုကောင်းမယ်ဗျာ…)
    အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းလေးတွေ ကို စူပါမားကတ် က သတ်ပစ်လိုက်နိုင်တာ တွေ့လာနေရလို့ …

    နောက် ဒုတိယ အချက်အနေနဲ့ ပြောရရင် တံခါးတွေ ဖွင့်ပါပြီတဲ့ wal-mart ဝင်လာမယ် seven-eleven ဝင်လာမယ်ဆို ..
    အဲ့သည့် လိုကယ်လ်မှာ ဗိုလ် လုပ်ခဲ့တဲ့ စူပါမားကတ် ကိုယ်တိုင်တောင် သေသွားနိုင်တယ် …financial power ယှဉ်မှ မယှဉ်နိုင်ဘဲ ကိုး …..
    rules and regulation မရှိလို့ကတော့ ခတ်ပျက်သူဌေး ကချယ်လှယ်မလား ..ကျနော်တို့ ပိုက်ပိုက်လေးတွေ နိုင်ငံခြားသား လက်ထဲ ရောက်သွားမလား ….. တခုခုပဲဗျာ….

    • kai

      October 19, 2011 at 11:46 pm

      အထွေထွေကုန်တွေရောင်းတဲ့ နေရာမှာ.. ဘုရားတဆူလို့ပြောရမှာက.. Costco.
      Costco လို မန်ဘာဝင်ကြေးနဲ့လုပ်တာ…။သူ့အလုပ်လုပ်တဲ့ပုံစံကို တခြားစတိုးကြီးတွေက.. မသိမသာအတုယူသွားနေကြတယ် ထင်တာပဲ..။

      ဆိုတော့…သူ့ဆီမှာဈေးဝယ်ဖို့.. နှစ်စဉ်ကြေးသွင်းရတယ်..။ တပြိုင်ထဲ..ကုန်တင် ရောင်းချင်တဲ့သူတွေကလည်း.. ပစ္စည်းတင်ရောင်းဖို့အရေး.. ငွေသွင်းရတယ်လို့ထင်တယ်..။
      အဲဒီလို.. ကိုယ့်ပစ္စည်းက.. သူတို့စံချိန်မမှီရင်.. ဒါမှမဟုတ်.. ဈေးလျှော့ချင်ပြီး.. ကိုယ့်တံဆိပ်နာမယ် အထိမခံချင်ရင်..Costco ရဲ့ ကိုယ်ပိုင်တံဆိပ် Kirkland Signature နဲ့ ရောင်းခံရတယ်..။

      အဲဒီလုပ်နည်းတွေက.. ဒေါက်တာဘွဲ့တခုစာလောက် ခက်တာတွေဗျ..။ တနေ့နေ့တော့.. မြန်မာပြည်ထဲ.. အဲဒီဟာကြီးတွေဝင်လာမှာလို့ ထင်မိတယ်..။ 😆

      • Foreign Resident

        October 20, 2011 at 8:52 am

        Sydney က Costco ကတော့
        တစ်နှစ်စာ အသင်းဝင် ကြေး 60 $ ယူပါတယ် ။

        အသင်းဝင် ကြေး 60 $ မပေးရင်
        Costco ထဲဝင်ကြည့်ခွင့်တောင်
        မပေးပါဘူး ။

        တခြား Super Market တွေထက်
        အများကြီး ဈေးပေါတဲ့ အတွက်
        Member ဝင်ထားတဲ့ သူတွေက
        ပေးရတာတန်တယ် ပြောပါတယ် ။

        မိသားစုများပြီး များများဝယ်မယ်ဆိုရင်ပေါ့။

  • youngcat

    October 19, 2011 at 4:57 pm

    ကျန်ခဲ့တဲ့ ၁၅ နှစ်လောက်တုန်းက တရုပ်စက်ဘီးတွေအများကြီးဝင်လာသေးတယ်။
    အဲဒီစက်ဘီးတွေအတွက် စပယ်ရာပစ္စည်းလဲချင်ရင် တခြားပစ္စည်းထဲ့လို့မရဘူး၊တရုပ်ဘီး
    ပစ္စည်းပဲထည့်လို့ရတယ်။
    အဲဒီအပြင် ဒီဘီးတွေကိုပြင်ရာမှာအသုံးပြုရမဲ့ Tools ကိုလည်းသီသန့်ဝယ်ရတယ်၊
    ဂွ ဆိုက်တွေမတူဘူးဗျ။ ဒီနည်းလမ်းကိုသုံးတာပဲဖြစ်မယ်။

Leave a Reply