သရဲပူးခြင်းလား ဒါမှမဟုတ်……………

loneOctober 19, 20111min1639

နေကဝင်ကာလုနီး ညနေစောင်းအချိန်တွင် ဖွားဖွားတစ်ယောက်ခြံထဲမှာ ပန်းပင်တွေရေလောင်းနေတုန်း lone ကမန်းကတန်း

အိမ်က စက်ဘီးကိုယူပြီး လစ်ထွက်လာသည်။ နောက်ပြီး ပန်းခြံအနောက်ဘက်ရှိ

ရုပ်ရှင်ရုံနှင့်ကပ်လျက် မုန့်ဈေးတန်းတွင် စိတ်ကြိုက်မုန့်ဝယ်စားလိုက်သည်။ အပြန်

လမ်းတွင် အဖွားနဲ့တည့်တည့်တိုးတော့သည်။ ဖွားဖွားက ညနေတိုင်း ကျန်းမာရေးအတွက် လမ်းလျှောက်နေကျဖြစ်သည်။….ဟဲဟဲ..ခပ်တည်တည်နဲ့ “ ဖွားဖွားဘယ်သွားမလို့လဲ…ပြောင်းဖူးပြုတ်စားချင်လို့ဝယ်ခဲ့နော် ” လို့ ဖွားဖွားကိုပြော

လိုက်သည်။ ဖွားဖွား ပန်းခြံအနောက်ဘက်ရှိ မုန့်ဈေးတန်းထဲဝင်သွားတာ လှမ်းမြင်

လိုက်သည်..ဟဲဟဲ lone တို့တော့ နှစ်ခါ စားရတော့မည်…ပန်းခြံနှင့်ကပ်လျက်တွင်

အတွဲများ ဝင်ဝင်ခွေနေကျ …ပန်းရုံတစ်ရုံရှိသည်။ဖွားဖွား အဲဒီ့ပန်းရုံဘေးမှဖြတ်

သွားသည်ကိုလည်း lone မြင်လိုက်သည်…lone ကတော့ ထုံးစံအတိုင်းအိမ်မှာ

ဖွားဖွားပြန်အလာကို မျှော်နေလိုက်တယ်… နာရီဝက်လောက်ကြာတော့ ဖွားဖွား

ပြန်လာသည်…မျက်နှာက မှုန်ကုပ်ကုပ်နှင့် ပြောင်းဖူး ထုပ်ကိုဆွဲပြီး အိမ်ထဲဝင်လာ

သည်… lone ကတော့ ပါလာတဲ့ပြောင်းဖူးတွေယူပြီး…ဆီနဲ့ဆားနဲ့နယ်ဖို့ မီးဖိုချောင်

ကိုပြေးသွားတော့သည်…ဖွားဖွားကတော့ ခေါင်းမူးလို့ဆိုပြီး lone အိပ်တဲ့အခန်းထဲဝင် သွားတာတွေ့တယ်…။ lone က “ ဖွားဖွား ကတော့ အထူးအဆန်းပဲ…နေ့တိုင်းလန်း

ဆန်းနေတဲ့အဖွား ဘာဖြစ်တာလဲ ” ဆိုပြီး သံသယတော့ ဝင်မိသေးသည်။ ဒါပေမယ့်

ထုံးစံအတိုင်း lone တို့ကတော့ ရ နာရီဇာတ်လမ်းတွဲလေးစောင့်ရင်း TV ရှေ့မှာ

ပြောင်းဖူး လေးနဲ့ဇိမ်ယူဖို့ပြင်လိုက်သည်။ lone ကပြောင်းဖူး crazy လေ….။ ဖွားဖွားကတော့ အနောက်ဘက်ခန်းထဲက Lone

ကုတင်ပေါ်မှာ အိပ်နေသည်။ ဖိုးဖိုးကတော့ အိမ်ရှေ့တွင် ရေဒီယိုနားထောင်နေသည်

ဖွားဖွားအိပ်နေတဲ့အနောက်ခန်းတွင် အန်တီလေးနဲ့ အိမ်မှာလာကူညီပေးတဲ့ မမ တို့

ကတော့ လေ များနေကျသည်။ lone လည်းပျင်းလာတာနဲ့ ဘာလုပ်ရင်ကောင်းမလဲကြံနေတုန်း

အနောက်ဘက် အခန်းထဲမှ တစ်ခါမှ မကြားဖူးသော ထူးဆန်းသော အသံ

တစ်သံထွက်လာသည်……………………………..   …………။

9 comments

  • Moe Z

    October 19, 2011 at 2:06 pm

    ဟမ်….ဘာသံလဲဟင် ??

    • lone

      October 19, 2011 at 3:56 pm

      မကြားဖူးတာဆိုတော့ ဘာဖြစ်မလဲ….

      • youngcat

        October 19, 2011 at 4:18 pm

        ယောက်ျားလေးတစ်ယောက်ဖြစ်ချင်တဲ့ လုံးလေးရေ

        စိတ်ကူးယဉ်တဲ့အခါမှာ If I were………… ဆိုပြီးသုံးရတယ်လို့
        ကြားဖူးတယ်၊ဟုတ်မဟုတ် ဆရာမကြီး TTNU ကိုမေးကြည့်ပါကွယ်။
        (သိသလောက်ကလေးဝင်ရွှီးလိုက်တာပါ)
        သရဲပူးရင် ရှူ ရှူ နဲ့ ပမ်းရတယ်လို့ ငယ်ငယ်ကကြားဖူးတယ်။ ဘယ်သူကိုပူးတာလဲစမ်းကြည့်ပါလား။

  • Diamond Key

    October 19, 2011 at 3:58 pm

    ဘာသံကြီးလဲ…………………………….!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

    • lone

      October 19, 2011 at 4:07 pm

      ဘာသံလဲသိချင်ရင် နောက်ဆက်တွဲကို ဆက်အားပေးလေဗျာ………..

      • windtalker

        October 21, 2011 at 9:28 pm

        အဲဒါ လုံး ကိုကို နောက်ပေါက်ကနေ ခိုးဝင်လာတဲ့ အသံ
        ဟုတ်တယ်ဟုတ်

  • water-melon

    October 19, 2011 at 7:05 pm

    အီးပေါက်တဲ့ အသံလား။ ဘူဆိုပြီးတော့လေ 🙂

  • sukoko

    October 20, 2011 at 1:24 pm

    ဘာသံလဲဟင်

  • manawphyulay

    October 20, 2011 at 1:54 pm

    ခုထိတော့ ပူးတယ်ဆိုတာ တွေ့သေးဘူး။ ဘွားဘွားကိုပူးတာလား…

Leave a Reply