ပင်လယ်သေ…

hmeeOctober 19, 20113min23537
ရေချိုနဲ့ ပြန်ချိုးဖို့ လုပ်ပေးထားတာ။ ဆပ်ပြာတွေဘာတွေ မသုံးရဘူး။ ပင်လယ်ရေ ဓါတ်ပြောင်းမှာ စိုးလို့ တားမြစ်ထားတယ်။
ရွှံလူးထားတဲ့သူ။
ရွှံလူးနေတာ။ရေပေါ် ပေါလော ပေါ်နေတာ။ရွှံလူးထားတဲ့လူ။ကမ်ခြေဘက်ကို ရိုက်ထားတာ။ကမ်းခြေစောင့်တဲ။ရေချိုနဲ့ ပြန်ချိုးတဲ့ နေရာ။

ပင်လယ်သေဟာ ရေပိတ်ကန်တခု ဖြစ်ပြီး ပင်လယ်ပြင် sea level အောက် မီတာ ၄၀ဝ နိမ့်ပါတယ်။  ကမ္ဘာ့သဘာဝ ရေနက်အိုင်ကြီးများ အနက်  ပင်လယ်ပြင်အောက် အနိမ့်ဆုံးနဲ့ ဆားအငန်ဆုံးအိုင်ကြီး ဖြစ်ပါတယ်။  လွန်ခဲ့တဲ့ နှစ်ငါးသန်းက ဆီရီးယားနှင့် အာဖရိကမြေပြင်ကြီး နိမ့်ဆင်းသွားရာမှ  ပင်လယ်သေ၏  အောက်ခြေချိုင့်ဝှမ်း မျက်နှာပြင် ပေါ်ထွန်းလာခဲ့တာပါ။  ပူပြင်းသော ဒေသမို့ အမြဲရေငွေ့ပျံ  ဆုံးရှုံးတာကြောင့် ပုံသဏ္ဍန် အမြဲပြောင်းလဲ တတ်ပါတယ်။  အရှည် ၇ဝ ကီလိုမီတာ၊ ၁ရကီလိုမီတာကျယ်ပြီး  စုစုပေါင်း ၁၀၀ဝ စတုရန်းကီလို မီတာ ကျယ်ပါတယ်။  ရေထဲမှာ ဆားဓါတ် အရမ်းများလို့ အရမ်းငန်ပါတယ်။ ကျွန်မတော့ ငန်လွန်းလို့ ခါးတယ်တောင် ထင်ပါတယ်။ သိပ်သည်းဆ သိပ်များလွန်းလို့  ရေမမြုပ်ပါဘူး ရေပေါ်မှာ ပေါလော ပေါ်နေပါတယ်။  ပင်လယ်သေ ရေနဲ့ ရေချိုးရင် ပင်လယ်သေ ရွှံလူးရင် အသားလေးတွေ နူးညံသွားပါတယ်။ အသစ်တဖန် ပြန်လည် မွေးဖွားခြင်းလို့ ဆိုကြပါတယ်။  ပင်လယ်သေလို့ အမည်ပေးထားရခြင်းမှာ ရေထဲမှာ  မည်သည့် သတ္တဝါမှ မတွေ့ရှိရလို့ ခေါ်တာလို့ သိရပါတယ်။ အခုနောက်ပိုင်းတော့ တချို့အကောင်လေးတွေ နေနိုင်တာတွေ့လို့ သုတေသန လုပ်နေကြပါတယ်။  ရလဒ်တွေကို ဆေးကုသရေးနဲ့  အလှကုန်တွေမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။  ပင်လယ်သေမှ တွင်းထွက်များကို အသုံးပြုပြီး အလှကုန်ထုတ်လုပ်သော ကုမ္ပဏီများမှာ အစ္စရေး တနိုင်ငံတည်းမှာတင် ၅ဝလောက်ရှိပါတယ်။

ရေပေါ် ပေါလော ပေါ်နေတာ။ရွှံလူးထားတဲ့သူ။ရေချို ချိုးတဲ့နေရာ။ကမ်းခြေစောင့်တဲ။ကမ်းခြေဖက် လှည့်ရိုက်ထားတာ။

ပင်လယ်သေ တခြမ်းကို ဂျော်ဒန်ကပိုင်ပြီး ကျန်တခြမ်းကို အစ္စရေးက ပိုင်တာပါ။  ပင်လယ်သေမှာ နိုင်ငံခြား ဧည့်သည်တွေ အလာများတာ တွေ့ရပါတယ်။  ဝင်ကြေး အခမဲ့ နေရာရှိသလို အခပေးရတဲ့ နေရာလည်း ရှိပါတယ်။  အခမဲ့နေရာ သွားမယ်ဆို ရှု့ခင်းတွေ လှပေမဲ့  ရွှံတော့ လူးလို့မရပါဘူး။ ရွှံလူးလို့ရတဲ့နေရာတွေကတော့ ဝင်ကြေး ရှကယ် (၄၀) ပေးရပါတယ်။  ရေထဲမှာ ဆားငန်ဓါတ် ဘယ်လောက်များလဲဆို ရေထိလိုက်တာနဲ့  ချွဲကျိကျိကျန်ခဲ့ပါတယ်။ အောက်ခြေကြမ်းပြင်ကို လက်နဲ့  စမ်းလိုက်ရင် အနယ်ထိုင်နေတဲ့ ဆားပုံဆောင်ခဲတွေ တွေ့ရပါတယ်။  ကျွန်မတို့ ရောက်သွားတော့ လူသိပ်မရှိသေးလို့ ရွှံလူးတဲ့လူ ရေချိုးတဲ့သူ သိပ်မတွေ့ရသေးပါဘူး။ ရေချိုးပြီး တက်လာရင်  ရေချိုပြန်ချိုးလို့ရအောင် ရေပန်းတွေလည်း အများကြီး လုပ်ပေးထားပါတယ်။ ကမ်းခြေမှာ အစောင့်တဲလေးလည်းရှိပါတယ်။  တားမြစ်ထားတဲ့ နေရာကို ကျောသွားတာနဲ့ အင်္ဂလိပ်လိုရော ဟီဘရူးလိုပါ အော်ပြီး သတိပေးပါတယ်။ လုံခြုံရေးက တကယ်ကို အပြည့်ပါ။

ရွှံလူးတဲ့လူက လူးနေကြပြီ။ရွှံလူးတဲ့လူက လူးနေကြတာပါ။ရေထဲမှာ ပေါလော ပေါ်နေတာလေ။သူလည်း အသစ်တဖန် ပြန်လည် မွေးဖွားသလို ဖြစ်အောင် ရွှံလူးထားတာ။ကမ်းပေါ်ကို ရိုက်ထားတာ။ကမ်းခြေစောင့်တဲ။ရေချိုနဲ့ ပြန်ချိုးဖို့ လုပ်ပေးထားတာ။ ဆပ်ပြာတွေဘာတွေ မသုံးရဘူး။ ပင်လယ်ရေ ဓါတ်ပြောင်းမှာ စိုးလို့ တားမြစ်ထားတယ်။ပြန်ခါနီးတော့ လူတွေ အများကြီး ထပ်ရောက်လာတာ။
ပင်လယ်သေ ကမ်းခြေပါ။
ကမ်းခြေစောင့်တဲ။
ကမ်းခြေဖက် လှည့်ရိုက်ထားတာ။

အဝေးက လှမ်းရိုက်ထားတာပါ။ လူတွေ သိပ်မရောက်လာကြသေးပါဘူး။

37 comments

  • hmee

    October 19, 2011 at 3:15 pm

    ကူညီကြပါအုန်း။ သေသေချာချာ ဓါတ်ပုံတွေ အများကြီးနဲ့တင်တာ ဘယ်နှစ်ပုံမှလည်း မပါဘူး။ ကမ်းခြေစောင့်တဲ၊ ရေချိုချိုးတဲ့ ရေပန်း၊ ကောင်မလေး အလန်းပုံလေးပါပါတယ်။ ကယ်တော်မူကြပါ အကုန်ပျောက်ကုန်ပါတယ်။ ရွာထဲ စရောက်ကတည်းက စုထားတဲ့ပုံတွေ အခုမှ စုတင်မလို့ဟာ ဒီလို အဆင်မပြေပုံနဲကဆို အရသာ ပျက်လို့ပါ ကူညီပါဦး။ သိတဲ့လူများ တဆင့်ခြင်းပြောပေးပါလားရှင်။ ကွန်ပြူတာက စာရိုက်တာကလွဲပြီး တခြားဘာမှ မတတ်ပါ။ 🙁

  • nozomi

    October 19, 2011 at 3:21 pm

    မမှီ ပို့စ် က နှစ်ခေါက် ဝင်ကြည့်တာ နှစ်မျိုးဖြစ်နေတယ်

    ဓါတ်ပုံထည့်တဲ့ အစီအစဉ်က မှန်တယ်

    စာတွေကို တစ်ဝက်လောက်မှာ နောက်တကြောင်းပြောင်းရမယ်ထင်တယ်

    edit ပြန်လုပ်ကြည့်ပါလား

  • Diamond Key

    October 19, 2011 at 3:31 pm

    ဝင်ရောက်အားပေးခဲ့၊ အားပေးနေကြောင်းပါ။ နောက်တစ်ခေါက်လာအုံးမယ် ပုံတွေထပ်တိုးအုံးမလားလို့

  • thit min

    October 19, 2011 at 3:42 pm

    ပင်လယ်သေဆိုတော့ ပို့စ်ဒီဇိုင်းက တမျိုးဖြစ်နေတာလား မမှီ။
    ဟန်းနီးမွန်းသွားချင်တယ် လို့ စိတ်ကူးဘူးတယ်၊ တိုင်ပင်ကြည့်အုန်းမယ်။နဲနဲ စိတ်ပိုပါသွားလို့။
    ကျေးဇူးပါမမှီ။

  • lone

    October 19, 2011 at 3:53 pm

    ပင်လယ်သေဆိုတာ အခုမှမြင်ဖူးတယ်…ကျေးှဇူးတင်ပါတယ် မမ hmee ။ ဒါပေမယ့် ပင်လယ်သေကြီးကိုတော့ မသွားချင်ဘူး…ကြည့်ရတာ အထီးကျန်သလိုလို အမကျန်သလိုလိုနဲ့…. ခြောက်တီးခြောက်ကပ်ကြီး….လှိုင်းတွေလည်း မရှိဘူး…လှိုင်းသံတွေလည်း
    မကြားရဘူး…

  • ပေါက်ဖော်

    October 19, 2011 at 4:10 pm

    မမမှီရေ..
    ဗဟုသုတရတယ်..
    စိတ်ဝင်စားစရာကမ်းခြေတွေများကြီးကျန်သေးတယ်လို ့လဲထင်တယ်..
    အစက ပင်လယ်သေ ဆိုလို့ .ကဗျာလားလို ့..ထင်နေတာ
    ဟိဟိ..
    ရှဲရှဲနော့်..
    ကွန်နက်ရှင်ကောင်းရင် ကောင်မလေး အလန်းလေးတွေဆိုတာပါအောင်တင်ပေးအုံး
    အိမ်က အဖွားကြီးလစ်တုန်း ခိုးကြည့်မို ့..
    ကွိ..ကွိ..
    😯

    • lone

      October 19, 2011 at 4:16 pm

      ဖိုးဖိုး ပေါက်ဖော်တို့များ ပုလင်းလေးကိုင်ပြီး ကော့တော့ကော့တော့ နဲ့ အဖွားကြီး အလစ်ပဲ ချောင်းနေတယ်…. ဖိုးဖိုးပေါက်ဖော်တို့က ကမ်းခြေဆိုသိပ်သဘောကျတယ်…. ဘီကနီ
      နဲ့ကောင်မလေးတွေပါရင် ပိုကောင်းပေါ့……. 🙂

  • hmee

    October 19, 2011 at 4:38 pm

    တင်ရတာ အဆင်မပြေဘူး။ တခါတင် တပုံပဲရတယ်။ စိတ်မရှည်တော့ဘူး။ ခဏခဏ အပ်ဒိတ်လုပ်နေတာ သဂျီးဆူတော့မယ်။ မြေထဲပင်လယ် ကမ်းခြေလည်း ရိုက်ထားတယ်။ ဒီပုံစံနဲ့သာဆို တင်ဖို့ ဖီလင်မလာတော့ဘူး။ လေးပေါက်တို့လို လှတပတ စာလေးနဲ့ သေသေသပ်သပ် တင်ချင်တာ။ အီး…..စိတ်ညစ်သွားပြီ။ 🙁

    • Foreign Resident

      October 19, 2011 at 6:18 pm

      မ Hmee က
      အစ္စရေးကတင်တာ မဟုတ်ဘူးလား ။
      Connection မကောင်းဘူးလား ။

      • hmee

        October 19, 2011 at 6:22 pm

        connection ကကောင်းပါတယ်။ ရှလွတ်ဆို တန်းရောက်သွားတာ။ မတင်တတ်တာပါ။ တခါမှ မတင်ဖူးဘူးလေ။ စာပဲ သီးသန့်ရေးနေကြဆိုတော့ ဓါတ်ပုံတင်တာ အဆီအငေါ် မတည့်ဘူး လေးဖေါကြီးရေ။

    • kai

      October 20, 2011 at 12:45 am

      ပုံတွေ Media Library ထဲအကုန်ရှိနေတယ်… မှီမမရဲ့..။ တချို့ပြန်တင်ပေးလိုက်တယ်…။ ဒီပို့စ်ကို .. အောက်က ခရီးသွားဆောင်းပါးနဲ့ တွဲဖတ်ရင် ..နည်းနည်းကျယ်ကျယ်..ပုံဖေါ်လို့ရမလားပဲ..။

      ကမ္ဘာ့အံ့ဘွယ်ခရီးစဉ်နဲ့ သာသနာ့နယ်မြေအစ္စရေးနိုင်ငံကို သွားရောက်လည်ပတ်ခဲ့စဉ်က – ဒေါက်တာဇော်ထွန်း..
      http://myanmargazette.net/47383/travel

      ထပ်ဖြည့်..။
      မထူးပါဘူးဆိုပြီးGallery လုပ်တဲ့ pluginတခုလုံးInstall ထည့်လိုက်တယ်..။ ဆာဗာလည်း မကြာခင်ပြောင်းမှာဆိုတော့.. ထိမ်းနိုင်လောက်ပါရဲ့..။ ဆိုတော့.. အခုလို အောက်ဆုံးမှာ ပေါ်နေပါမယ်ပေါ့..။ 😆

  • blackchaw

    October 19, 2011 at 4:44 pm

    hmee ရေ။
    စိတ်မညစ်ပါနဲ့ဗျာ။
    ကော်နက်ရှင် ကောင်းတဲ့နေ့ကျမှ ဓါတ်ပုံတွေ ထပ်တင်ပေါ့ဗျာ။
    အခုလောက်တင်ထားတာကိုပဲ တော်တော်လန်းနေပါပြီဗျာ။

  • etone

    October 19, 2011 at 4:54 pm

    မမှီရေ … ဘစ်ကနီလေးနဲ့ မမှီပုံလေးပါ တွဲတင်ပေးပါလား ဟီးဟီး :mrgreen:

    • “ဘီလူးကြီး”ogre

      October 19, 2011 at 5:24 pm

      ဒေါ်တုန်က တစ်မျိုးပါလားဗျ …
      “အဲဒါ ..ကျုပ်နဲ့ မောင်ပေ တို့တောင်းဆို ရမှာလေ”
      တစ်ခြားဘစ်ကနီတွေ ပါတွဲပြီးတင်နော်
      ဒါမှတံဆိပ်အစုံမြင်ဖူးခြင်လို့… 😛

      • etone

        October 20, 2011 at 10:16 am

        ကိုဘဲလူး … ကိုပေါက်ဖော်နဲ့ … ကိုပေတို့အတွက် အထူး တောင်းဆိုပေးတာ … ဟီးဟီး 😀

    • ပေါက်ဖော်

      October 19, 2011 at 5:24 pm

      ဟင့်အင်း..
      မမမှီရဲ့..ကိုကို ့ ပုံပဲ တင်ထားတယ်..
      ဒုတိယမြောက်မှာ..
      သဂျီးလိုပဲ ထိပ်ပြောင်ပြောင်နဲ ့လေ..
      😯
      အဲဒါ..အဲဒါပေါ..
      😆

    • hmee

      October 19, 2011 at 6:24 pm

      မတင်ပါရစေနဲ့ တုံရယ် တော်ကြာ ရွာထဲကလူတွေ ဓါတ်ပုံမြင်ပြီး တပတ်လောက် ထမင်းမစားနိုင် ဖြစ်နေမယ်။ 🙂 ကိုပေါက်ဖော်ရယ် ရက်စက်လှချည်လား။ အလှကြိုက်တဲ့ မမှီကို ဒါမျိုးကြီးနဲ့တော့ ဟင်း….။ 🙂 မမှီ ချစ်ချစ်ကြီးက ခန့်ချောကြီးမှ ခန့်ချောကြီးပုဆိုးပဲ ဝတ်တာ။ 🙂

  • we R one

    October 19, 2011 at 5:13 pm

    တော်တော် နေပူမယ် သဘောမှာ ရှိတယ်နော် ..
    မအိတုန် ရဲ့ အဆိုတင်သွင်းချက် ကိုထောက်ခံပါတယ်.. 😀

    • hmee

      October 19, 2011 at 6:26 pm

      ပူတာပေါ့ကွယ် အပူဆုံးအချိန်ဆို ၅ဝ ဒီဂရီလောက် ရှိသကွဲ့။ နေရောင်က စူးလွန်းလို့ မျက်မှန်မတပ်ရင် ပတ်ဝန်းကျင်ကို မကြည့်နိုင်ဘူး။

  • nozomi

    October 19, 2011 at 6:35 pm

    အခု ထပ်ဝင်ကြည့်တော့ အဆင်ပြေသွားတယ်

    မမှီ ဘယ်လိုလုပ်လိုက်လဲ
    ဘာဖြစ်လို့ ရွှံလူးကြတာလဲ
    ရှကယ် ၄ဝ ဆိုတော့ မြန်မာငွေ ဘယ်လောက်ရှိလဲ

    ဗဟုသုတရတယ် နောက်ပို့စ် တွေ ဆက်တင်ပေးပါဦး

  • windtalker

    October 19, 2011 at 7:14 pm

    အန်တီမှီး က အစ်စရေး က ဆိုတော့
    ကမ္ဘာ့ ထိပ်တန်းနည်းပညာ မြို ့တော် ကို ရောက်နေတာပေါ့
    သဲထဲမှာ ဂျုံစိုက်တဲ့ ပုံလေးတွေ လဲ ရိုက်တင်ပေးပါဦးလို ့
    တောင်းဆိုလိုက်ပါတယ် ဗျို ့

  • weiwei

    October 19, 2011 at 7:15 pm

    ဗဟုသုတရပါတယ် .. သွားလည်ဖို့တော့ အိမ်မက်တောင် မမက်နိုင်သေးတဲ့ နေရာတွေပဲ …
    အခုလို မြင်လိုက်ရတော့လဲ ရောက်ဖူးသလိုဖြစ်သွားတာပေါ့ …
    နောက်လဲ များများတင်ပေးပါအုန်း ..

  • oakermg

    October 19, 2011 at 7:15 pm

    အဲဒါက ပင်လယ်သေဆိုတော့ ဒီနိုင်ငံက ပင်လယ်က ပင်လယ်ရှင်လို့ ခေါ်ရမှာပေါ့နော်…
    တစ်ကယ်ပါ … အခုမှ ပဲ သေသေချာချာ သိရတာပါ.. အရင်က ကြားဖူးရုံပါ…။

  • htoosan

    October 19, 2011 at 7:58 pm

    ပင်လယ်သေ လို့ ခေါ်ပေမဲ့ တကယ်တော့ ပင်လယ်မဟုတ်တော့ပါဘူး .ပင်လယ်နဲ့ထိစပ်မှု့ ရှိမနေတော့တဲ.. ဆားရေကန်ကြီးပါဘဲ။

  • youngcat

    October 19, 2011 at 9:18 pm

    ပင်လယ်သေက ရွှံ့ကိုလူးရင် အသားတွေပြန်နူးညံ့လာတယ်ဆိုတော့
    အန်းဒိတ်ကြီးတွေရွှံ့လူးရင် ပဉ္စပါပီလိုဖြစ်လာမယ်ထင်တယ်။
    မမှီကောလူးကြည့်သေးလား၊ အိမ်က ကိုကိုကဘာထူးခြားတယ်လို့ပြောသလဲ၊
    ဗဟုသုတအနေနဲ့သိချင်လို့မေးတာပါ။

  • pooch

    October 20, 2011 at 12:10 am

    ကြည့်ရတာ ခြောက်သွေ့ပြီး အထီးကျန်နေသလိုမျိုးပဲ … ဘာပဲဖြစ်ဖြစ်မြင်ဖူးသွားတာပေါ့… ကျေးဇူးပါ မမှီ..

  • lwinmg

    October 20, 2011 at 1:03 am

    အရမ်းပူပြင်းမဲ့ နေရာမို့ နေရထိုင်ရ ခက်မယ်ပေါ့နော် ၊
    ဒီလောက် ငံလွန်းတဲ့ရေ နဲ့လူ့အသားနဲ့ထိတွေ့ရင် ကြမ်းသွားမယ်လဲထင်မိတယ်၊
    ဗဟုသုတ တိုးပွါးတာရယ် မသိတာတွေ သိရတာမို့ ကျေးဇူးပါ ။

  • နွယ်ပင်

    October 20, 2011 at 12:50 pm

    ပင်လယ်သေဆိုတဲ့ နာမယ်နဲ့ လိုက်အောင်ပဲ ကြည့်ရတာ ခြောက်ခြောက်သွေ့သွေ့နဲ့နော်
    ဒါပေမယ့် ပင်လယ်သေမှာ ရေချိုးရင် ပင်လယ်သေ ရွှံလူးရင် အသားလေးတွေ နူးညံသွားတယ် အသစ်တဖန် ပြန်လည် မွေးဖွားခြင်းလို့တောင် ပြောတယ်ဆိုတော့ တစ်ခါလောက်တော့ ချိုးချင်သား …. 😛

  • sukoko

    October 20, 2011 at 1:41 pm

    ရွံလူးရင်နုပျိုတယ်ဆိုတော့တခါလောက်တော့လူးချင်တယ်
    ရေပေါ်မှပေါလောပေါနေတာလား
    ဟုတ်လားရေထဲဆင်းရင်းါဆိုဘောကွင်းမလိုတော့ဘူးပေါ့နော်

  • manawphyulay

    October 20, 2011 at 3:03 pm

    ပင်လယ်သေဆိုတော့ ရေတွေက အရှင်မဟုတ်ဘူးပေါ့။ ဒါဆို လှိုင်းတွေဘာတွေကော ရှိပါသလား။ နောက် လှိုင်းတွေရိုက်တာကော အသေပဲလား။ ဘယ်လိုပင်လယ်ပါလိမ့်။ သဲလူးတာတော့ ပင်လယ်သေမှ မဟုတ်ပါဘူး။ ချောင်းသာ ငွေဆောင်သွားတုန်းကတော့ တစ်ချို့ဆို တစ်ကိုယ်လုံးကို သဲဖုံးပြီးနေတာတွေတော့ တွေ့ခဲ့ဖူးတယ်။ ကိုယ်လက်ကျန်းမာတောင့်တင်းတယ်လို့တော့ ကြားဖူးတယ်။ ရောက်ဖူးချင်တယ်။ မြန်မာပြည်ရဲ့ မောင်းမကန်ဆိုတာကိုလည်း သွားဖူးချင်တယ်။

  • hmee

    October 20, 2011 at 3:43 pm

    မနောရေ သဲမဟုတ်ဘူး ရွှံပါ။ ရွှံက မည်းမည်းတွေမို့ လိမ်းလိုက်ရင် မည်းတူးကုန်ရော။ ရွှံစေးတွေလေ။ လိမ်းပြီးလို့ ရေပြန်ချိုးလိုက်ပြီး ကိုယ့်အသားလေးကို ပြန်ကိုင်ကြည့်ရင် တကယ်ကို မွေးစကလေးလေး အသားလို နူးညံသွားတာပါ။ ဒီရွှံကလည်း ပင်လယ်သေ နေရာတိုင်း မရှိပါဘူး။ ရှိတဲ့နေရာမှ ရှိတာပါ။ ပင်လယ်သေဆိုတဲ့ အတိုင်း ရေငြိမ်မို့ လှိုင်း မရှိပါဘူး။ တခြား သာမာန်သဲ လူးတာနဲ့ လုံးဝကို မတူပါဘူး။

    • Foreign Resident

      October 20, 2011 at 4:35 pm

      အဲဒီ ရွှံထဲမှာ ထူးခြား ကောင်းမွန်တဲ့ Mineral မျိုးစုံပါတယ်လို့
      အစ္စရေးတွေက ညွှန်းပါတယ် ။
      လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်က အဖေ အစ္စရေးက
      ဝယ်လာဘူးပါတယ် ဈေးတော်တော်ကြီးပါတယ် ၊
      သုံးကြည့်တော့လည်း သိပ်မထူးပါဘူး ။

  • Moe Z

    October 20, 2011 at 3:53 pm

    မမမှီ အဲဒီကရွှံ့စေးတွေကိုသယ်နိုင်သလောက်များများသယ်လာပြီး ဒီက Beauty Spa တွေမှာ ပြန်သွင်းပါလား 🙂 မျက်နှာပေါင်းတင်လို့ရမယ်ထင်တယ်

  • padonmar

    October 20, 2011 at 9:15 pm

    မှီမြန်မာပြည်ပြန်လာရင် ရွှံ့လက်ဆောင် တောင်းမယ့်လူတွေ တန်းစီစောင့်ကြလိမ့်မယ်။:D

    • kai

      October 21, 2011 at 1:27 am

      * dead sea mudDead sea mud is highly enriched with 26 minerals essential to skin health and function
      * High mineral content allows skin to stay naturally hydrated and moisturized while increasing oxygen flow to skin cells
      * As the mud dries it pulls out toxins and pollutants unclogging pores and purifying skin revealing a younger, healthier skin.
      * Dead Sea Mud has been shown to provide excellent relief from Psoriasis and Eczema
      * For effective relief from Arthritis, joint and muscle aches or stress tension – heat up mud before applying (do not overheat)
      တပေါင်.. ၅ဒေါ်လာမက တန်တယ်..တဲ့..။
      အောင်မလေး… ဗျ..။
      http://www.cleopatraschoice.com/dead-sea-mud-10pounds.html?utm_source=dead-sea-mud-10pounds&utm_medium=shopping%2Bengine&utm_campaign=google&ctype=2&gclid=CJ2S5KL496sCFRhLgwod11_L3g

      • Foreign Resident

        October 21, 2011 at 7:43 am

        သူကြီးကို သားသား ပြောသားပဲ ။
        ဈေးတော်တော်ကြီးပါတယ် ဆို ။

        မသုံးရက်လို့ သိမ်းထားတာ ခဲသွားတယ် ။

  • zoe

    October 21, 2011 at 10:47 am

    တကိုယ်လုံး တော့ရွှံ့ မလိမ်းဖူး ။ လိမ်းကြည့်ချင်တယ် ။ မျက်နှာတော့လိမ်း ဖူးတယ် ။ သူ့ချည်း သက်သက်လိမ်း ရင် FR ပြောသလို အကျိုးသက်ရောက်မှု မရှိသလို ပဲ ။ အသားတောင် ပိုခြောက် သွား သလိုပဲ ။ ဈေးကြီး ပေးဝယ်ပြီး အလဟတ်သတ်ဖြစ် သွားတယ် ။ facial spa massage မျက်နှာ စပါး လုပ်တဲ့ အခါတော့ အဆင့်ဆင့် ထဲမှာတော့ ရွှံ့လိမ်းတာ လည်းပါတယ်။ professional နဲ့ လိမ်းတာဆိုတော့ လည်း ဟုတ်နေတာ ပဲ ။ massage လုပ်ပြီးရင် မျက်နှာအသားအရည် ပို ပြီး နူးညံ့ပျော့ပျောင်းလာ သလိုပဲ ထင်ရတယ် ။

Leave a Reply