၂၀၁၀ ခုနှစ် အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲဝင်ရန် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ၁၇ ရက်နေ့က လေကြောင်းခရီးဖြင့် ပြိုင်ပွဲကျင်းပမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားကြပြီဖြစ်သည်။ မေ ၁၉ ရက်မှ ၃၀ ရက်အထိ ကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(က)၌ ပါဝင်ပြီး မြောက်ကိုရီးယား၊ ဂျပန်၊ ထိုင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေရာ မေ ၂၀ ရက်တွင် ဂျပန်အသင်း၊ မေ ၂၂ ရက်တွင် မြောက်ကိုရီးယားအသင်းနှင့် မေ ၂၄ ရက်တွင် ထိုင်းအသင်းတို့နှင့် အုပ်စုပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ အုပ်စု(ခ)တွင် အိမ်ရှင်တရုတ်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် ဗီယက်နမ်တို့ ပါဝင်ပါသည်။ မြန်မာအသင်းမှာ ထိုင်းနှင့် ဗီယက်နမ်တို့နည်းတူ ခြေစစ်ပွဲယှဉ်ပြိုင်ကစားခဲ့ရပြီး ယင်းခြေစစ်ပွဲတွင် ဂျော်ဒန်ကို သုံးဂိုး – ဂိုးမရှိ၊ တရုတ်(တိုင်ပေ)ကို ငါးဂိုး-နှစ်ဂိုးတို့ဖြင့် နိုင်ကာ အုပ်စုပထမဖြင့် ယခုပြိုင်ပွဲသို့ ဝင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းတွင် နည်းပြချုပ် ဦးအေးကြူကြီး၊ လက်ထောက်နည်းပြ ဦးမျိုးမြင့်ထွေး၊ ဂိုးနည်းပြ ဦးမျိုးချစ်၊ အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦး၊ အသင်းဆရာဝန် ဒေါက်တာခင်စောရီနှင့် ကစားသမားအဖြစ် ဂိုး- မေခင်ယမင်း၊ သင်းသင်းစိုး၊ နောက်တန်း- မြင့်မြင့်အေး၊ စန်းစန်းမော်၊ စန်းစန်းသိန်း၊ နန်းနှင်းနှင်းထွေး၊ နေဇာလင်းလင်းအောင်၊ မိုးမိုးဝါ၊ အလယ်တန်း- သူဇာထွေး၊ စန်းယုနိုင်၊ အေးနန္ဒာလှိုင်၊ သန်းသန်းထွေး၊ အေးအေးမာ၊ သန္တာမိုး၊ ခင်မိုးဝေ၊ ရှေ့တန်း- မိုင်နီလာထွေး၊ မာဂရက်မေရီ၊ ခင်မာလာထွန်း၊ ရီရီဦးနှင့် နော်အေးလိုဝါးဖော စသည့်ကစားသမား(၂၀)ဦး လိုက်ပါသွားကြောင်း သတင်းရရှိသည်။

About kln

k ln has written 409 post in this Website..