သရဲပူးခြင်းလား……ဒါမှမဟုတ်…….(ဒုတိယပိုင်း)

loneOctober 19, 20111min18522

အနောက်ဘက်အခန်းထဲမှ အသံတစ်သံထွက်လာသည်……………………..

ဘာသံလည်း အောက်မေ့တယ် …ဪ…အိမ်က ပူစီ သံ… …. …ဒါပေမယ့်

ပူစီ့အသံက အရင်ကနဲ့မတူ နဲနဲဒေါသကြီး နေတယ်ထင်ရသည်။ lone သေသေချာချာ

နားထောင်လိုက်သည် ။ဟုတ်ပါတယ်…. ညောင်ညောင်နဲ့မအော်ပဲ ဂီးဂီး နဲ့ စိတ်တို

ပြီး အော်နေတဲ့အသံ… lone လည်းပူစီဘာဖြစ်တာလဲဆိုပြီး အနောက်ဘက်ခန်း တံခါး

ဝကို လှည့်ကြည့်လိုက်တယ်။ ပူစီက lone ကုတင်ကို ကြည့်ပြီး အော်နေတယ်ထင်ရ

တယ်…ဒီဘက်ခန်းကကြည့်ရင် အနောက်ဘက်ခန်း ရဲ့ အခန်းဝ လောက်ကိုပဲ မြင်

ရသည်။ ပူစီ့ကိုတော့ ကောင်းကောင်းမြင်နေရသည် ။ ပူစီက ကြည့်ရင်းကြည့်ရင်း နဲ့

အမြှီးပါထောင်လာ ပြီး သဲကြီး မဲကြီးအော်တော့ သည် ။ lone လည်း ဇာတ်လမ်း တွဲ

ကြည့်တဲ့ ဖီးလ် လေးပါပျက်ပြီး ပူစီ ဘာဖြစ်လို့အော်နေတာလဲ ကြည့် ဖို့အသွား

အခန်းထဲမှ အန်တီလေးနဲ့ မမတို့ အပြေး အလွှား အလန့်တကြား ထိတ်ထိတ်ပြာ

ပြာနဲ့ထွက်လာကြသည် ။ ပြီးတော့ lone ကိုလည်း အခန်းထဲမဝင်နဲ့ ဆိုပြီး ဆွဲခေါ်

သွားကြသည်။ နောက်ပြီး …အဖိုး ကို အပြေးအလွှားသွားခေါ်ကြသည်…lone က

တော့ ကြောင်တောင်တောင်လေးနဲ့ သူတို့ ခေါ်တဲ့နောက် ပါသွားသည်။ lone ရဲ့

ဖီလင်လေး တော့ ပျက်ပါပြီ… ။ နောက်တော့ ဖိုးဖိုး ရယ် အန်တီလေးရယ် မမရယ်။

သုံးယောက် အနောက်ဘက် ပူစီအော်နေတဲ့ အခန်းထဲဝင်သွားသည်။….မမ ကတော့

အခန်းဝလေးမှာ ရပ်ရင်း တော်တော် ကြောက်နေတဲ့ ပုံစံဖြစ်နေသည်။ … ဘာတွေ

ဖြစ်ကြတာလဲ…lone တော့ နားမလည်တော့ဘူး…. မမ က lone ကို “သွားသွား

ငြိမ်ငြိမ်ထိုင်နေ အခန်းထဲမလာနဲ့ ဆိုပြီး ကတုန်ကယင် နဲ့ပြောနေသည် ။ မျက်စိ

ကတော့ အခန်းထဲကမခွာ……. အဲဒီ့အချိန်အတွင်းမှာ ပူစီ့ အသံက ပိုကျယ်လာပြီး

မရပ်မနားကို အော်နေတော့ သည်။ ပူစီ့ အသံနှင့်အပြိုင်ပဲ နောက်ထပ်အသံကြီး တစ်

သံက ထပ်ထွက်လာ ပြန်တော့သည်………………………………………….။

22 comments

  • koyinmaung

    October 19, 2011 at 2:35 pm

    ကိုရီယားသရဲကားများလား..
    ဒီအတိုင်းဆိုဇာတ်လမ်းအဆက်များမယ်ထင်တယ်…

    • lone

      October 19, 2011 at 2:51 pm

      မများပါဘူး…ကိုရင်မောင် ရယ်…နောက်တစ်ပုဒ်ဆို ပြီးပါပြီ…

  • ပေါက်ဖော်

    October 19, 2011 at 3:04 pm

    နောက်ထပ်အော်တဲ့အသံ ဘာသံကြီးတုန်း.. 😯
    ညဘက် ဖတ်မိရင်တော့ ကြောက်ချာကြီးဘဲ..
    အဟီ..
    😮

  • pan pan

    October 19, 2011 at 3:06 pm

    အမလေး
    အသံတွေဆူညံလိုက်တာလုံးလေးရယ်
    ကြောက်တောင်ကြောက်လာဘီ 🙁

    • mggwa

      October 19, 2011 at 6:28 pm

      ဒို့ကတော့ ကြောက်ပေါင်၊
      ဒါကြောက်စရာလား၊ ဟင့်၊
      ဖီလင်ပျက်သွားရင် ဆောရီပဲ၊

  • Diamond Key

    October 19, 2011 at 4:03 pm

    lone …မနောက်နဲ့…………..ပူစီ သံကို။
    lone ဓါတ်ပုံတွေဘာတွေများ ကုတင်ပေါ် တင်ထားသလား၊ ပူစီ မြင်အောင် lone ဓါတ်ပုံ vinyl ရှိနေလို့လား။

    • lone

      October 19, 2011 at 4:10 pm

      အခုလောလောဆယ် lone ဓါတ်ပုံ gazette မှာ တင်ထားပေမယ့် ရွာထဲက ဦးကြောင်ကြီး တို့
      ဦးကြောင်လေး တို့ကတော့ ထွက်မပြေးကြပေါင်….. 😛

      • pan pan

        October 19, 2011 at 4:22 pm

        မပြေးတဲ့အပြင် ဦးကြောင်ကြီးဆိုရင် လုံးလေးစကားအတိုင်းပဲတဲ့ 😳

        • ကြောင်ကြီး

          October 20, 2011 at 9:18 am

          ကြောင်သရဲစီး
          ကောင်ငမဲကြီး
          ပေါင်ဖြဲပြီး
          ညောင် ဆဲသတည်း…။

        • lone

          October 21, 2011 at 9:27 am

          ဦးကြောင်ကြီးနဲ့ lone ကို မစကြပါနဲ့…ဒီမှာကိုကိုနဲ့ ရှင်းရတာ အာပေါက်တော့မယ်….အားလုံးကို
          ကျေးဇူးတင်ပါတယ်…. 🙂

        • windtalker

          October 21, 2011 at 9:30 pm

          ရတယ် လုံး
          ကိုကို ခွေးလွှတ်မယ်
          ကြိုက်သလို ရေး
          ဟီဟိ

  • blackchaw

    October 19, 2011 at 4:12 pm

    ကိုးရီးယားကားလို အခန်းဆက် lone ပါခင်ဗျား။

  • “ဘီလူးကြီး”ogre

    October 19, 2011 at 4:46 pm

    အင်း…………ဒါကြောင့်လဲ
    ကိုရီယားကားကို စိတ်နာခဲ့တာပါပဲ
    ကောင်းခန်းဆို ဖြတ်လိုက်ရင်ဖြတ် မဖြတ်ရင် မီးထပျက်တတ်တာ
    အကျင့်ကြီးကိုပါလို့…တို့မြန်မာတွေ ကိုရီယားနဲ့တော်တော်တူလာပြီဟ..။။

  • etone

    October 19, 2011 at 4:51 pm

    အဲ့ဒီပူစီကလေ .. ရွာထဲက ကြောင်ကြီး ၊ကြောင်လတ်၊ ကြောင်လေး ၊ကြောင်ဝတုတ် .. တစ်ယောက်ယောက်များဖြစ်လျှင်တော့ ပြေးပြီးသာ မေးချင်တော့တယ် … ။ သူ့ဇာတ်လမ်းစောင့်ဖတ်ရတာ စိတ်မရှည်လို့ :mrgreen:

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 19, 2011 at 5:49 pm

    အိမ်းအိမ်းအိမ်း
    ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရရဲ့
    ဝန်ထမ်းတွေပီသလွန်းလို့ ရက်ချိန်းတွေပေးလိုက်ကြတာ
    ဂေဇက်အပေါ်ထိကိုရောက်လာကြတာဘာဘဲ
    ဂွတ်ထ ဂွတ်ထ ဘဲရီးဂွတ်ထ

  • thit min

    October 19, 2011 at 6:34 pm

    သရဲပူး
    သရဲခွ
    သရဲတရိုင်
    သရဲဒဲ့
    သရဲတွတ်
    သရဲပါဝါ
    သရဲထိပ်စည်း
    သရဲအလယ်ထိုင်
    သရဲနောက်ပိတ်
    အဲလို
    အဲလို

  • hsulaycho

    October 19, 2011 at 8:24 pm

    အမလေးနော်……မျှော်သူမောရအောင် အပို်င်းဆက်များပါ့။ ကိုးရီးယားကား ကြည့်ရသလိုပါပဲလား………။

  • Kai Kai

    October 20, 2011 at 12:40 am

    အိုဘယ့် … စာရေးသူရယ်…
    စာဖတ်တဲ့သူတွေက စိတ်ဝင်တစားဖတ်နေကာမှ………
    ဇာတ်လမ်းက ကုလားကားထက်ရှည်တဲ့ ကိုရီးယားကားကို နေ့တိုင်း အပိုင်းလိုက် ကြည့်ရအောင်များလုပ်နေတာလားကွယ်ရို့……
    မြန်မြန်လေး ဆက်ရေးပါတော့….. အဲ့ဒါမျိုးဆို စိတ်ဝင်စားလွန်းလို့…

  • lwinmg

    October 20, 2011 at 12:52 am

    ဟုတ်ပ ကြက်သီး ထ၍ စောင့်နေပါမည်၊
    အဲဒါ ဘာကြီးလဲ ။

  • sukoko

    October 20, 2011 at 1:24 pm

    ကြောင်ကဘာတွေ့လို့အော်နေရတာလဲဟင်
    တိရစ္စာန်တွေကမကောင်းဆိုးဝါးတွေကိုမြင်ရတတ်တယ်တဲ့

  • manawphyulay

    October 20, 2011 at 2:07 pm

    ခုထိကို ခေါင်းစဉ်နဲ့အတူ မတွေ့ရသေးဘူး။ သဲထိတ်ရင်ဖိုဇာတ်လမ်းကလည်း ကြောင်အော်တာနဲ့ပဲ ဒုတိယပိုင်းလည်း ပြီးပြန်ပါကော…. သိချင်လာပြီ ဘာတွေဖြစ်တာလဲဆိုတာကိုလေ…

  • နွယ်ပင်

    October 20, 2011 at 2:13 pm

    ဒီတစ်ခါရော ဘယ်သူအော်တာလဲ လုံးလေးရဲ့
    သိချင်လာပြီ … ဒီကွန်နက်ရှင်နဲ့ စောင့်ဖတ်ရတာ ရင်မောတယ် …….. 🙁

Leave a Reply