လူဝင်စားဆိုတာကိုလေ့လာခြင်တယ်ဆိုရင်ဖြင့် ….

fattyOctober 19, 20111min1099

အောင်မောင်းနှင့် ဖိုးပိန်တို့မှာ တရပ်လုံးက မျက်မုံးကျိုးကြသူများဖြစ်သည်။ အရက်သောက်ဖဲရိုက် မိန်းကလေးတွေတွေ့ရင်ဖြင့် ငန်းမြွေက အရှုံးပေးရမည်ထင့်..။
ဟေ့ကောင် .. အောင်မောင်း … တနေ့ကဒေါ်စိန်ကြီးငါတို့ကြက်ခိုးတာ သွားတိုင်တာကိုငါတော့မကြေနပ်ဘူးကွာ …။
မင်းဘာလုပ်ချင်လို့လဲ … မနက်အစောကြီး ဒေါ်စိန်ကြီး ရွှေတချောင်းဘေးက မကျီးပင်အောက်ကဖြတ်တဲ့အချိန် လန့်အောင်လုပ်ရအောင် …။
ချကွာ လုပ်မယ်ကွာ ..။

မနက်စောစောကြီး အာရုံတောင်မတက်ခင် အောင်မောင်နှင့်ဖိုးပိန်တို့ ရွှေတချောင်းချောင်းဘေးဆုံကြသည်။
ဖိုးပိန် …မင်းအပင်ကြီးဘေးကကွယ်နေ ..။ ငါ အပင်ပေါ်တက်ပြိး အနိမ်းဆုံးကိုင်းပေါ်ကနေ ထမိန်ကြီးဝတ်ပြီး ခြေထောက်ကြီးတွဲလောင်းချထားလိုက်မယ်။
ဒေါ်စိန်ကြီး မလန့်ခံနိုင်ရိုးလားကွာ …။
အကြံကောင်းမှကောင်း အောင်မောင်းရာ ကဲ တက်တော့ ..။ငါ အပင်နောက်ကနေချောင်းနေမယ် လာတာမြင်ရင်လဲ အချက်ပြမယ် ။

ဖိုးပိန်မှာ အပင်နောက်အသာလေးကွယ်နေလိုက်သည်။ အောင်မောင်းကတော့ မန်ကျီးပင်ပေါ်ဖက်တွယ်လျှက် ကိုင်းများဆွဲကာ
ကျွမ်းကျင်စွာတက်သွာပြီး အပင်ပေါ်ရောက်မှ မြေပင်ပေါ်ညွတ်ကြလုလုသစ်ကိုင်းပေါ်တွင်အထိုင်ကြအောင်နေရာယူလိုက်ပြီး မိန်မထမိန်ပြောင်းဝတ်လိုက်ချေ၏။
အချိန်အနည်းငယ်သာလိုတော့သည် ဒေါ်စိန်ကြီးလာတော့မည်။ အောင်မောင်း ..ဟေ့ကောင်..အောင်မောင်း ….
ဘာလဲကွ …။ အောက်မှဖိုးစိန်ကတိုးတိုးခေါ်သည်။ မကျီးသီးလေးဘာလေးနဲနဲခူးပြီးချပေးပါအုံးဟ ….
အေးေအေး …အောင်မောင်းက ခပ်တိုးတိုးလေသံဖြင့်ပြန်ပြောလိုက်ရင်း မကျီးသီးခူးရန်အပါ်မော့လိုက်ချိန် …

အောင်မယ်လေးဗျ ….. သရဲ … သရဲ…… ဖုတ်ကနဲအောင်မောင်းပြုတ်ကြလာပြီးတဟုန်ထိုးပြေးတော့၏။ … အောက်မှ ဖိုးပိန်ကလည်းဘုမသိဘမသိဖြင့်
အပေါ်မော့ကြည့်လိုက်တော့ အောင်မောင်းထိုင်နေသည့်ကိုင်းတည့်တည့် အပေါ်ကိုင်းတွင် မိန်းမကြီးတယောက် ခြေထောက်ကြီးတွဲလောင်းချပြီး တရမ်းရမ်း
လုပ်နေသည်မှာ … သူကမှသရဲအစစ် …။
##############################################################################################

အင်း …. အမေသိန်း ရောက်လာတော့ ဝိုင်းထဲတွင်လူစုံနေပေပြီ။
ကလေးတို့က အမွှာမွေးတာပေါ့ …..။
ဟုတ်ပါ့ခင်ဗျာ …။ အစ်မလည်း သူ့အိမ်သူသွားပါပြီ ….။
ကလေးကို ခွေးညိုကြီးမဆွဲတာရယ် … ငါ့သားနာမည်ပြောနိုင်တာရယ် …….. မင် အရီးနာမည်ပြောနိုင်တာရယ် ….။
မင်းပစ္စည်းတွေပြန်ပြောနိုင်တာရယ် ….ဆိုတော့အံ့ဩစရာပ။
ဟုတ်ပါတယ်ကျနော်လဲကျနော်မှတ်မိသလောက်ပြောပြတာပါ …………………..။
အရင်ဘဝက ကျနော်တို့နှစ်ယောက် အိမ်တော်ယာဘုရားထဲမှာ အဆိပ်သောက်ခဲ့ကြပါတယ် ( မောင်ငယ်သေဆုံးပြီး၃နှစ်ခန့်ကိုအမှားပြင်ဖတ်ပါရန်)
အစ်မက အရင်သောက်ပါတယ် ချက်ချင်းမသေပါဘူး … အိမ်ပြန်ကြပါတယ်။ နောက်တော့အစ်မအိမ်ဘက်ကငိုသံတွေထွက်လာပါတယ်။
အဲဒိတော့ကျနော်လဲသောက်လိုက်တာပါဘဲ …။

နောက်တော့ ဝေမာနိက( မှားရင်ခွင့်လွတ်ပါ ) တစ္ဆေ ဘဝနဲ့ရက်နဲနဲနေခဲ့ရပါတယ်။အဲဒီဘဝမှာဘဲ လူဖြစ်ဖို့ ကျနော်တို့ကြိုးစားခဲ့ရပါတယ်။
ကျနော်တို့တစ္ဆေဘဝမှာ မမယ်ခကကျောက်ခဲထုတ်ကြီးခေါင်းပေါ်ရွက်ပြီးကျနော်က ယူယူပြီးလူတွေကိုပေါက်ပါတယ်။ ပျော်လိုက်ကြတာမပြောပါနှင်တော့။
ဖိုးပိန်နဲ့ကိုကြီးအောင်မောင်းတို့ကိုလည်းစခဲ့သေးတယ် ။ ကိုကြီးအောင်မောင်းဆိုတာပြေးလိုက်တာ … သေးတွေးတောင် ထွက်ကြလို့ ..။

ရွှေတချောင်း ချောင်းထဲကနေ မကျည်းရွက်ပုံစံလုပ်ပြီးလူတွေရဲ့ သောက်ရေအိုးထဲလဲ ပထမဝင်ဖို့လုပ်ပါတယ်။ဒါပေမဲ့ သူတို့ကဖယ်ဖယ်ပစ်လိုက်ကြတယ်။
နောက်ဆုံးတော့အဲဒီချောင်းထဲကဘဲ ငှက်ပျောသီးအမွှာပုံလုပ်လာပြီးမျှောချလာပါတယ် ..။
အဘက အမေကိုစားလိုက်စားလိုက်လို့ပြောလို့ ကျနော်တို့မှာဝမ်းသာလိုက်တာ ….။

##################################################################################

ရတနာပုံသတင်းစာတွင် လူဝင်စား မောင်သင်နဲ့ မယ်ခ အကြောင်းဖေါ်ပြပြီး …သီပေါ်ဘုရင်မှ ဆင့်ခေါ်ကာ ကြာခွက် ကစားစရာများနှင့်ရွှေအိုးပုတ်
များတင်းတောင်းနှင့်အပြည့်ပေးသနားကြောင်းလည်းပြောပါသည်။မောင်သင်နှင့်မယ်ခမှာ သီပေါ၏ အပျိုတော်နှင့် လူပျိုတော်များဖြစ်ကြပြီး နောက်ဘဝတွင်
မောင်ကြီးမငယ်အမွှာ အဖြစ် ဒေါ်ဘိုကြီးမှမွေးဖွါးခဲ့ပါသည်။ ထိုဇာတ်ကြောင်းးကိုရုပ်သေးသဘင်တွင်လည်း ထိုခေတ်ကအကြိမ်ကြိမ်ပြသခဲ့ဘူးကြောင်းမှတ်သားရပါသည်။
#################### ဒီတွင်ပြီး၏ #######################################################

9 comments

  • lone

    October 19, 2011 at 4:06 pm

    လူဝင်စားတစ်ယောက်နဲ့ ငယ်ငယ်ကတော့ ကြုံဖူးတယ်။ သူကတော့ သူ့အကြောင်းတွေကိုပြောပြတယ်။
    သူဘယ်ကလာတာ။သူဘယ်လိုသူ့အမေဗိုက်ထဲဝင်စားလိုက်တာ စုံနေတာပဲ… ။ မယုံတစ်ဝက်ယုံတစ်ဝက်ပဲ
    … တကယ်လည်း ဖြစ်ချင်ဖြစ်နိုင်တာပဲ….။ ဪဒါနဲ့ ဦးဖက်တီးလည်း ဦးဦး FR လိုပဲ……ြ- နဲ့ခြင်ထားတယ်။ tag မှာတော့ -ျ နဲ့ ချင်ပြီးတော့……. ။ ….. 🙂

  • blackchaw

    October 19, 2011 at 4:11 pm

    lone တစ်ယောက် သတ်ပုံ လိုက်စစ်နေပါသည်။
    ကိုဖက်တီးရေ၊ တိုတိုလေးဗျာ။
    စောင့်ရကျိုးမနပ်ဘူး။

    • lone

      October 19, 2011 at 4:13 pm

      အားလုံးကို… “ သတ်ပုံ မှားတဲ့ ည” ……. မဖြစ်စေချင်လို့ပါ….. ဟိဟိ…. lone ကိုယ်တိုင်လည်း
      တစ်ခါတလေ မှားတာပဲ……. 😛

  • thit min

    October 19, 2011 at 4:12 pm

    ဦးဖတ်ရေ
    ပိဍိကက်မောင်ထွန်းတင် အကြောင်း အဖွားသိမ်းထားတဲ့ သတင်းစာဖြတ်ပိုင်းလေးတွေ့ဘူးပါတယ်။
    မြန်မာ့အသံဆိုတော့ ကြံတောသရဲအကြောင်းသိထားတာ ရှိရင်ရေးပါလို့။

  • Shwe Ei

    October 19, 2011 at 5:15 pm

    ဒါအကုန်ဘဲလားဗျို့။ ထပ်တင်ပါအုံး။ စာစီစာရိုက်လိုရင် ကူညီပါမယ်။ 😀

  • “ဘီလူးကြီး”ogre

    October 19, 2011 at 5:17 pm

    စိတ်ဝင်စားစရာတော့ကောင်းသားဗျ
    ဒါမျိုလူဝင်စားတော့ တစ်ယောက်ပဲတွေ့ဘူးတယ်
    ရေနစ်သေတာ အကိုလုပ်သူက ထိုးဝါးနဲ့လိုက်ထောက်ပြီး စမ်းတာ ရေထဲမှာ
    မျက်နှာကိုထိုးဝါးနဲ့ ထိုးမိလို့ လူပြန်ဝင်စားတော့ မျက်နှာမှာအချိုင့်ရာကြီးနဲ့
    သူ့အကို..ကို တွေ့ရင် (အသက်ကြီးနေတဲ့သူကို) ..အဲဒီကလေးမက
    အကိုကြီးလုပ်လို့သေတာဆိုပြီး တွေ့တိုင်းရန်လုပ်တော့တာပဲဗျို့
    နယ်မြို့လေးတစ်ခုမှာပါဗျာ။။

  • mggwa

    October 19, 2011 at 5:44 pm

    လူဝင်စားဆိုတော့ လူက ဘယ်ထဲဝင်စားတာလဲ (စားစရာနေရာရှာလို့ဗျာ)
    အဲဒီအယူကို ဗုဒ္ဓက သဿတမိစ္ဆာဒိဋ္ဌိ (ဘဝဆက်အယူ)တဲ့ဗျ။
    ကိုယ်လူတို့အယူအဆက ဘုရားဟောနဲ့ဆို မိစ္ဆာဒိဋ္ဌိဖြစ်နေပြီနော်၊ မဟန်သေးပါဘူးဗျာ။

    • ကြောင်ကြီး

      October 24, 2011 at 8:53 am

      လွဲမှားနေတဲ့အယူဆိုရင် မိစ္ဆာဒိဋ္ဌိလို့ ဗုဒ္ဓဘာသာမှာ သုံးတယ်။ အဲဒီအယူ သက်ဝင်ယုံကြည်သူတွေ လောကမှာ တကယ်မရှိဘူးလား၊ ပညတ်အားဖြင့် တကယ်ရှိတယ်။ မှားတာမှန်တာ တကဏ္ဍ၊ ဒါကို မရှိဘူးလို့ ဇွတ်ပြောနေရင် မောင်ဂွမဟုတ်တော့ဘူး မောင်ဂွိဖြစ်နေပြီ။ အဲသည်လိုပဲ မမြင်နိုင်တဲ့ ပရလောက၊ ၃၁ဘုံ၊ ကံအကျိုးပေးဆိုတာ ပညတ်အားဖြင့် တကယ်ရှိတယ်မှတ်….။ ကိုယ့်ကိုယ်ကို ထင်နေတာ အရိယာသစ္စာရှင် ပြောလိုက်ရင်တလွဲ…။

      ဦးဖက်ရေ….ကျနော် ကြောင်ဝင်စား အကြောင်းဖတ်ဖူးတယ်။ ကြောင်တကောင် အိမ်ထုတ်တန်းမှာ ငိုက်နေတုန်း နောက်ကနေ ရွာကာလသားတဦးက ဝင်ဆော်ပြီး သတ်စားတယ်။ ကြောင်က အဲဒီလူရဲ့ ဆွေမျိုးနီးစပ် ခလေးမအဖြစ် လူပြန်ဝင်စားတယ်။ သူအရင် ကြောင်ဘဝတုန်းက သတ်ခဲ့တဲ့ ဦးလေးဖြစ်သူကို မြင်ရင် ကြောက်လန့်တကြား အော်ငိုတယ်၊ ကြီးလာတဲ့အထိ သူရိုက်အသတ် ခံခဲ့ရတာကို မကျေမနပ်ပြောတယ်။ ရယ်စရပြောရင် အဲဒီလူသတ်ပေးခဲ့လု့ အဟိတ်တိရစာ္ဆန်ဘဝကနေ မြင့်မြတ်တဲ့ လူ့ဘဝ ရတာတောင် ငါ့ကို ဒုက္ခပေးခဲ့သူလို့ ထင်ကျန်ရစ်နေသေးတယ်။ စိတ်အစွဲအလန်းများ ကြီးမားပုံကို ပြောပါတယ်…။ ဝိဇ္ဇာ ဂန္ဓာရီ အတွေ့အကြုံများလည်း ဆက်ပါအုံး..။

  • လူဝင်စားကိစ္စ ကိုမကြာခဏ ကြားဖူးပေမယ့်လို လူဝင်စားပါလို ့တွင်တွင်ကြီးပြောခဲ့တဲ့ကလေးတွေကိုယ်တိုင် ကြီးလာတော့ မမှတ်မိကြတော့ဘူး။
    အဲတော့ ငယ်ရွယ်စဉ်အခါကတောင် ပြောနိုင်ဆိုနိုင်သေးတာလေနော့. ကြီးမှမေ့သွားတယ်ဆိုတော့ ဘယ်လိုပြောပြီး ယုံရမှန်းမသိတော့ပါဘူးလေ။

Leave a Reply