သရဲပူးခြင်းလား ဒါမှမဟုတ်…… (ဇာတ်သိမ်း)

loneOctober 21, 20111min17613

နောက်ထပ်အသံကြီး တစ်သံထွက်လာပြန်သည်။…………………………

ဒီအသံကြီးက တော့ လူအော်သံဆိုတာကျိန်းသေ ပါသည်။ ဒါပေမယ့် အဲ့ဒီ့ အသံ

ကြီးတော့ အိမ်မှာ တစ်ခါမှမကြားဖူးသေးပါ။ … အသံကြီးက အစ်….အစ်……..

အစ်…….ဆိုပြီး အာခေါင်ထဲမှလာတဲ့အသံကြီးဖြစ်သည်။ lone မနေနိုင်တော့

အခန်းဝမှာရပ်နေတဲ့မမ ကို မေးလိုက်သည် ။“ဘာဖြစ်နေကြတာလဲ…အသံပေါင်းစုံနဲ့”

မမ က“ အဖွားလေအဖွား ……..”.ဆိုပြီးတစ်နေသည် …ပြီးတော့မှ “အဖွားလျှာကြီး

ထွက်နေတယ်……” “လျှာကြီးက တန်းတန်းကြီး ….အရှည်ကြီးပဲ…. လုပ်ကြပါဦး ” ဆိုပြီး ထအော်တော့သည်။ အဲဒီ့ အချိန်မှာ lone မျက်လုံးထဲမှာ လျှာတန်းတန်းထွက်

နေတဲ့အဖွားကို ထွက်လာတဲ့အသံနဲ့ ဆက်စပ်ပြီး မြင်ကြည့်သည်။ အသံကြီး က ဆက်

တိုက်ကြားနေရသည် ။ ပူစီကလည်း အော်နေသည်။ ထိုအသံကြီး ကလည်း တအစ်အစ်

နဲ့………..lone ကြက်သီးမွှေးညှင်းပါထသွားသည် …lone လည်း ဘာလုပ်ရမှန်းမသိ

ကြောက်စိတ်ဝင်လာတာ တစ်ခုပဲသိတော့သည်။ အဲ့အချိန်မှာပဲ…အန်တီလေးက ဘုရား

ခန်းထဲဝင်သွားပြီး ပရိတ်ရည် သွားယူသည်။.. … ဖိုးဖိုးက ပရိတ်ရည်တွေ ပါးစပ်ထဲ

အတင်းထည့် ပြီး ဖွားဖွားကို ပါးတွေရိုက်သည် … ဟု မမ ပြန်ပြောလို့သိရသည်။

ခဏကြာမှာတော့ ပူစီ့အသံကော … တအစ်အစ်နဲ့အော်သံကြီး ကော ပျောက်သွား

သည်။ ဖိုးဖိုးက အခန်းထဲကထွက်လာပြီး သူလုပ်စရာရှိတာဆက်လုပ်နေသည်။

အန်တီလေးက တော့ “ ငါတော့ ဘာဖြစ်မှန်းကိုမသိတော့ပါဘူးဟယ်… ခေါ်မကြား

အော်မကြားနဲ့ အဲဒီ့လျှာကြီးပဲ ထွက်နေတယ်…တော်သေးတာပေါ့…ပရိတ်ရည်

နဲ့ဖြန်းလိုက်လို့ …တဖြည်းဖြည်းပြန်ဝင်သွားတယ်။ တစ်သက်နဲ့တစ်ကိုယ် မကြုံ

ဖူးပါဘူးဟယ်…ဘယ်လိုဖြစ်ရတာလဲမသိဘူး..မေမေ့နှယ်နော်…။ ” မမက ဝင်ပြီး

တော့ သမီးထင်တာတော့ အဖွား ပန်းခြံနား ကပန်းရုံနားသွားတုန်း သရဲပူးလာတာ

ဖြစ်မယ်နဲ့တူတယ်..အဲဒီ့ပန်းရုံကြီးနားက သမီးတော့ ညဘက်မဖြတ်ရဲဘူး..အဖွား

မို့လို့ မုန့်ထုပ်တွေနဲ့ဖြတ်ရဲတယ်” လို့ဝင်ပြောတယ်။ lone ကတော့“ ဖွားဖွား

အခုကောဘယ်လိုနေသေးလဲ ” လို့ဝင်မေးလိုက်သည်။ အခုတော့ အိပ်ပျော်နေတယ်

လို့ အန်တီလေးက ပြောသည်။ အဲဒီ့အချိန်ထိ lone အဲဒီ့အခန်းထဲမသွားရဲသေး။

ကြောက်ပြီး အန်တီလေး တို့နောက်ပဲ လျှောက်လိုက်နေလိုက်သည်။ ညအိပ်ချိန်ရောက်တော့လည်း အန်တီလေးနဲ့တူတူ သွားအိပ်သည်။ အန်တီလေး ကုတင်နဲ့ lone ကုတင်နဲ့က စားပွဲနှစ်လုံးစာလောက်တော့ ခြားသည်။ lone ကုတင်

ပေါ်တွင်တော့ ဖွားဖွားက အိပ်နေသည်။ lone လည်း ဖွားဖွား ဘယ်တော့များ အဲ့လို

ထပ်ဖြစ်မလဲ ဆိုပြီး စောင်ကြီး ခေါင်းမူးခြုံပြီး ရင်တမမ ထိတ်ထိတ်လန့်လန့်ဖြင့် မိုးလင်းခါနီးမှအိပ်ပျော် တော့သည်။  မနက်အိပ်ယာနိုးတော့ ဖွားဖွားကအရင်ကအတိုင်း

လန်းလန်းဆန်းဆန်းနဲ့… ညကအကြောင်း မေးကြည့်တော့ …အဖွား အိပ်ပျော်နေရင်း

သင်္ချိုင်းတွေတော့ မြင်တယ် ။ ကျန်တာတော့ အဖွားလည်း ဘာမှမသိဘူး…ဆိုပြီး ..

သူလုပ်စရာရှိတာဆက်လုပ်နေသည်။ lone ကတော့“တော်သေးတယ် သရဲဝင်ပူးတာတကယ်ဖြစ်ရင်..အဲဒီ့သရဲမြန်မြန်နဲ့အိမ်ထဲကထွက်သွားပေလို့ပဲ တစ်အိမ်လုံးပတ်မွှေနေမှဖြင့်ဒုက္ခပဲ” လို့တွေးရင်းကျောင်းသွားဖို့ ပြင်ဆင်လိုက်ပြီး

ကျောင်းကသူငယ်ချင်းတွေကို ဖောက်သည် ပြန်ချရမယ်ဆိုတဲ့ အတွေးလေးနဲ့

စက်ဘီးယူပြီး ကျောင်းကိုထွက်လာပါတော့သည်……………………..။။။။။။။။။။။။။။

 

ဒီအဖြစ်အပျက်က lone ခြောက်တန်းတုန်းက တစ်သက်မှာ တစ်ခါ မမြင်လိုက်ရပေမယ့် …ကြုံလိုက်

ရတဲ့အဖြစ်အပျက်ပါ။ သိမ်ဇရပ်မှာနေစဉ်က ကြုံခဲ့ရတာပါ။ အခုတော့ mandalay gazette မှာ ပြန်ပြီး ဖောက်သည်ချလိုက်ပါကြောင်း…………..

လေးစားစွာဖြင့်

lone 🙂

 

13 comments

  • lone

    October 21, 2011 at 9:31 am

    ရွာသူရွာသားတို့ သရဲပူးခြင်း (ဇာတ်သိမ်း) ကို အားလုံး ဖတ်ပြီး ဝေဖန်ပြောပြပေးကြပါဦး… lone ကတော့
    တကယ် ကို ကြုံခဲ့ရတာပါ။….. ဖတ်ပြီး အားပေးဝေဖန်ပေးကြဦးနော်….. 🙂

  • sukoko

    October 21, 2011 at 9:42 am

    ဆန်းတာတော့ဆန်းတယ်နော်
    ဘာဖြစ်လို့လျှာကြီးထွက်လာတာလည်းဟင်
    ဘယ်လိုသရဲဝင်ပူးလို့လည်း

  • ကြောင်ကြီး

    October 21, 2011 at 9:50 am

    ဝေဖန်ရရင် လုံးလေးကို ဦးကြောင် 😉 😳 ။ ဓာတ်ပုံထဲက ငတဂျီးဂိုတော့ 😡 လုံးမိသားစုကိုတော့ 🙂 😛
    ဦးကြောင်ကိုလည်း သရဲစီးဖူးတယ်။ သရဲက လုံးဓာတ်ပုံထဲက အဘိုးကြီးနဲ့ ချွတ်စွပ်ပဲ။ ရေးရင်းနဲ့ ကြက်သီးတွေထလာပြီ။ အောင်မလေးဗျ…တရဲကြီး လာနေပြီ….။ 😥

  • etone

    October 21, 2011 at 10:10 am

    ထူးဆန်းတဲ့သရဲ လျှာပဲ ထုတ်ပြတယ် 😀
    နာသာဆို …. လျှာထုတ်တာတင်မကပဲ မီးဖိုထဲက ကောင်းပေ့ဆိုတဲ့ ဟင်းတွေ ၊ မုန့်တွေ ၊ အစားစာတွေ အကုန်ယူစားလိုက်မယ် … အခုတော့ပါးလည်း ရိုက်ခံရသေး.. ဘာမှလည်း မစားလိုက်ရဘူး 😛

    ကြောင်ကလည်း အတော်ဇွဲကောင်းတာပဲ …အဖွားကိုကြည့်ပြီး ထွက်မပြေးပဲ …ကြာကြာအော်နိုင်လို့ … ။ မီးဖိုထဲက အစာတွေ သွားမစားခင် … အနီးနားက ကြောင်ကိုအရင်ကိုက်စားပစ်လိုက်ရမှာ :mrgreen:

    (မိလုံး ရုံးပြေးနေသည် ရောက်ရာ အရပ်မှ အပြန်ပြန်လာပါ 😀 )

  • manawphyulay

    October 21, 2011 at 10:14 am

    အံ့ဩတာက lone ရယ် အိမ်မှာနေပြီး တကယ်ဖြစ်တယ်ဆိုတယ် နည်းနည်းလေးတော့ မြင်ရမှာပေါ့။ ခုဟာက မမြင်ရပဲနဲ့ မြင်ရသကဲ့သို့တောင် ရေးသွားနိုင်တယ်နော်။ မမသာဆိုရင် ဘာပဲဖြစ်ဖြစ် ကြည့်မိမှာပဲသိလား။

  • Diamond Key

    October 21, 2011 at 10:39 am

    lone အဖွား က တိတ်တိတ်ကလေး အပြင်က ပါလာတာကိုစားပြီး နင်နေ၊
    ကြောင်လေးကလည်း သူတောင်းစားနေတာ မရလို့ အော်၊
    ဖိုးဖိုးက ပရိတ်ရည်တွေ ပါးစပ်ထဲ အတင်းထည့် မှ အနင်ကျ၊
    တိတ်တိတ်စားနေတဲ့ ကိစ္စဆိုတော့ ပြန်ပြောတော့လည်းမကောင်း၊
    ူး) း) း) း) း)

  • ပေါက်ဖော်

    October 21, 2011 at 10:48 am

    တို ့တော့ မမြင်ဖူးလို ့လားမသိ..သရဲကိုကြောက်ဒယ်..
    အခြောက်လဲ ခံဖူးတယ်….ကြောက်လွန်းလို ့.ဖျားတောင်ဖျားတယ်..

    တော်တော်ကို..မူးလဲမူးတယ်..ဆံပင်လဲ မစီးထားဘူး….အရှည်ဆို ဖားလျား ချထားမယ်
    ကြက်ကင်.ဘဲကင်..အကင်တွေလဲပါဆယ်ထုတ်လာမယ်….သန်းခေါင်လဲကျော်နေပြီ…အပြန်လမ်းမှာ
    မီးမရှိတဲ့လမ်းက ဒါမှမဟုတ်..အပင်ကြီးတွေအောက်..ကန်ပတ်လမ်း..တစ်ခုခုက ပတ်ပြန်ရမယ်…ဆိုလျင်
    ပါလာဖို ့များတယ်ဗျ….မယုံပြန်ကြည့်ကြ..
    ကွိ..ကွိ.. 👿

    • မိုက်ကယ်ဂျော်နီအောင်ပု

      October 21, 2011 at 12:34 pm

      အခြောက်ခံဘူးဒယ်လား
      ဘယ်ရိုနေယဲ ကောင်းယား
      ညှင်းညှင်းညှင်း

      • windtalker

        October 21, 2011 at 12:37 pm

        လုပ်ပြီ စပြီ
        ကြေငြာဝင်ပြီ
        ဒီကိစ္စ
        ပက်ဘလစ်ရှာ ခိုင်ခိုင် ဝင်မှ ဖြစ်မယ်

      • nigimi77

        October 21, 2011 at 4:59 pm

        ကိုရင် အောင်ပုတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပေါ့။

  • windtalker

    October 21, 2011 at 12:17 pm

    လုံးကြုံခဲ့ဖူးတဲ့
    ထူးဆန်းအံ့ဩဖွယ်ရာ ဖြစ်ရပ်တစ်ခု လို ့ပဲ
    ပြောသွားပါသည်။
    သိပ္ပံနည်းနဲ ့မှ ပြောလို မှ မရနိုင်တာနော

  • “ဘီလူးကြီး”ogre

    October 21, 2011 at 5:20 pm

    ဒါမျိုးတော့ တွေ့ဘူးပါတယ်
    နောင်ကြုံရင်ရေးအုံးမယ်ဗျာ…ဒီသရဲက ဖွန်ကြောင်သရဲမို့လို့..။။

  • NK

    October 25, 2011 at 10:32 am

    သရဲအကြောင်းစိတ်ဝင်စားကြရင်တော့” Paranormal ” ဇတ်လမ်းကိုတစ်ယောက်ထဲကြည့်ကြည့်ကြပါ

Leave a Reply