MCPA အသိအမှတ်ပြု Software နှင့် Network စာမေးပွဲများ ပြည်နယ်တိုင်း ငါးခုတွင် တစ်ပြိုင်နက်တည်း ကျင်းပမည်

klnMay 19, 20101min483

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (MCPA ) အသိအမှတ်ပြုဆော့ဖ်ဝဲနှင့် နက်ဝေါ့စာမေးပွဲကို ပြည်နယ်တိုင်းငါးခုတွင် တစ်ပြိုင်နက်တည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စာမေးပွဲများမှာ MCPA Certifited Fundamental Software Engineer (FSE) နှင့် MCPA Certified Network Associate (NA) တို့ဖြစ်ပြီး ဇွန်လ ၂ဝရက်တွင် MCPA ရုံးများတည်ရှိရာ ရန်ကုန်မြို့၊ မန္တလေးတိုင်း မန္တလေးမြို့၊ ဧရာဝတီတိုင်း ပုသိမ်မြို့၊ စစ်ကိုင်းတိုင်း မုံရွာမြို့၊ ရှမ်းပြည်နယ် တောင်ကြီးမြို့တို့၌ တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။ ယင်းစာမေးပွဲများကို IT စိတ်ဝင်စားသူများ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ် ကျောင်းသားကျောင်းသူများ ဝင်ရောက်ဖြေဆိုနိုင်ပြီး ၁၆-၆-၂၀၁ဝ ရက်နောက်ဆုံးထား စာရင်းပေးသွင်းရမည်ဖြစ်သည်။ MCPA အသိအမှတ်ပြု စာမေးပွဲများကို ၂၀၀၉ ခုနှစ်၊ ဩဂုတ်လနှင့် ဒီဇင်ဘာလက စတင်ကျင်းပခဲ့ပြီး ဝင်ရောက်ဖြေဆိုလိုသူများသည် MCPA အဆောင် ၄ ၊ လှိုုင်မြို့နယ် မြန်မာအင်ဖိုတက် အဆောင် ၄ ၊ အခန်း-၄၊ MCPA သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။