ပြည်တွင်းရှိသွားလာရန်ခက်ခဲသည့် ဒေသများသို့ပြေးဆွဲရန် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတစ်ခုမှ မြန်မာ့လေကြောင်းလိုင်းနှင့် ပူးပေါင်း၍ လေကြောင်းလိုင်းသစ်ထူထောင်မည်ဟု သိရ

klnMay 19, 20101min600

ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတစ်ခုမှ လေကြောင်းလိုင်းသစ်တည်ထောင်၍ ပြည်တွင်းရှိသွားလာရန် ခက်ခဲသည့် ဒေသများသို့ မြန်မာ့လေကြောင်းလိုင်းနှင့် ပူးပေါင်းပျံသန်းပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းစုတစ်ခုမှ တိုင်းရင်းသားပိုင်ပုဂ္ဂလိက လေကြောင်းလိုင်းသစ်တစ်ခုကို တည်ထောင်ကာ မြန်မာနိုင်ငံရှိလေကြောင်းလိုင်းများ လက်ရှိပြေးဆွဲပေးနေခြင်း မရှိသော သွားလာရန်ခက်ခဲပြီး လေယာဉ်ကွင်းရှိရာမြို့များသို့ ကူးသန်းသွားလာနိုင်သည့် လေကြောင်းခရီးစဉ်များကို မြန်မာ့လေကြောင်းလိုင်းနှင့် ပူးပေါင်းပျံသန်းသွားရန် စီစဉ်နေကြောင်းသိရသည်။ မြန်မာ့လေကြောင်း၏ UBAမှ BAC အဖြစ်သို့ ပြောင်းလဲလိုက်ချိန်တွင် ခရီးသည် ၂ဝဦးဆန့်သော တွင်းအော်တာလေယာဉ် ၈ စင်းဝယ်ယူကာ သွားလာရန်ခက်ခဲသည့်ဒေသများဖြစ်ပြီး လေယာဉ်ကွင်းငယ်များရှိသော ကျောက်တု၊ ပလက်ဝ၊ ပေါက်၊ ဖာပွန်၊ ဖားအံ၊ ပုလော၊ ပုလဲကျွန်း၊ မိုင်းတုံ၊ မိုင်းဆတ်၊ တာလေ၊ မိုင်းယောင်း၊ လုံးခင်း၊ တနို်င်း၊ နောင်မွန်း၊ နမ္မတူ၊ မိုးမိတ် စသောဒေသများသို့ ပြေးဆွဲခြင်းများရှိခဲ့ကြောင်း သိရသည်။ နောက်ပိုင်းတွင် အကြောင်းကြောင်းကြောင့် ရပ်တန့်သွားခဲ့ပြီး ယခုအခါတွင် အဆိုပါခရီးစဉ်များကို ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။