“““တွီတွီတော်တော်..တွီတွီတော်တော်…ဟာဒေးအမားရေးဆလံမာလေးကွန်းးးးးးးးးးးးးး…….တွီတွီတော်တော်…..”””
ကျုပ်ဖုန်းက Ring tone သံဖြစ်သည် စာသားကတော့ အဲဒီအတိုင်းဟုတ်ချင်မှဟုတ်မည်  ကျုပ်ကြားတဲ့အတိုင်းပြန်ရေးပြခြင်း
ဖြစ်သည်။ဒီအသံကိုသေချာတော့ နားမထောင်ဖြစ်ပါ မန်မိုရီကဒ်ထဲမှာရှိသမျှ အသံတွေထဲက အဆူညံဆုံးနှင့် နားကလောစရာ
အကောင်းဆုံး အသံကိုရွေးချယ် ထားခြင်းဖြစ်သည်
ထိုဖုန်းသည်…
တစ်ခါတရံ မိတ်ဆွေသူငယ်ချင်းများနှင့် အဆင်ပြေစွာ စကားပြောနိုင်စေ၏
တစ်ခါတရံ “ရေး” က မာမွတ်လား ဟူ၍လည်းမေးတတ်၏မာမွတ်အားခေါ်ပေးရန် အတင်းတောင်းပန်တတ်၏
တစ်ခါတစ်ရံ ရခိုင်သံဝဲ၀ဲဖြင့် ““အောင်ကျော်နုကိုခေါ်ပေးပါ””ဟု၍လဲ ဆိုတတ်၏
တစ်ခါတစ်ရံ ဘယ်မှစုံစမ်းမရသောဖုန်းနံပါတ်“0951665”သည်လဲ အသံမည်သည်ဆိုရုံလေးဝင်ကာပြန်ဆက်လျှင်
မရဖြစ်တတ်၏ ဒီနံပါတ်ကတော့ ခဏခဏ ဖြစ်နေကျဖြစ်သည်( သိသူများရှိကအဘယ်သူနည်းစုံစမ်းပေးစေချင်၏)
တစ်ခါတရံ “ဟေ့ကောင်အရူး”ဟုမြန်းဂလိဖြင့် မက်ဆေ့ခ်ျ ရောက်လာတတ်၏ ကျွန်ုပ်လဲ ထိုအခါမျိုးတွင် မဆိုင်းမတွ ပြန်လည်၍သင့်တော်ရာ ဆဲဆိုသောစကားတစ်ခုခုအား မက်ဆေ့ခ်ျဖြင့် လက်ဆောင်ပြန်ပါးတတ်၏
တစ်ခါတစ်ရံ “အခုလာခေါ် မထနိုင်တော့ဘူး” ဟု ဂျီတွန်တတ်သော ဘီယာဆိုင်ကန်ထရိုက် ညီအငယ်လူမိုက်နှင့် ဆက်သွယ်ရတတ်၏
တစ်ခါတရံ“လူကြီးမင်း ခေါ်ဆိုသောဖုန်းမှားနေပါသည်” ပြောတတ်၏
တစ်ခါတစ်ရံ“စက်ပိတ်ထားပါတယ်ရှင့်””ဟုပြောတတ်၏
တစ်ခါတရံ “ဆက်သွယ်မှုဧရိယာပြင်ပသို့ရောက်နေပါသဖြင့် ခေါ်ဆို၍မရနိုင်ပါ””ဟုပြောတတ်၏ ထိုအခါတွင် ကျွန်နုပ်လဲပါးစပ်မှ ပွစိပွစီ ဆဲ၏ တစ်နေ့တစ်နေ့ ဖုန်းအပြင်သို့ခေါ်လေတိုင်းအဆဲ အခံရဆုံးသူမှာ ဖုန်းအတွင်းမှ
လူကြီးမင်းဘာညာသာရကာစသည်ဖြင့် ကြေငြာသော ကောင်မလေးဖြစ်လေသည် နောင်အတန်ငယ်အားနာသဖြင့်
ထိုကလေးမပြောသမျှဆုံးအောင် နားထောင်ပြီးမှ တိုးတိုးလေးဆဲ၏ ထိုကလေးမသည်ကား ကျွန်ုပ်
အတန်ငယ်မျက်မုန်းကျိုးနေသည်ကို မသိဟန်ပြုကာ ရံဖန်ရံခါ ၀င်ပြောတတ်စမြဲဖြစ်၏ ..။။။
ဒီနေရာတွင် အတန်ငယ်စဉ်းစားသင့်၏ ထိုကလေးမသည် ဆက်သွယ်ရေး၏ ၀န်ထမ်းဖြစ်ဟန်တူ၏ သူအသံအား
အော်တိုမစ်တစ် ဖြေကြားနိုင်ရန် စက်အတွင်းထည့်သွင်းထားခြင်းဖြစ်၏ ဒါပေသိ ဒီကလေးမ ဖြေလေတိုင်း ဖုန်းကိုင်ဆောင်
အသုံးပြုသူ လူတိုင်းက မဆဲဘူးသူမရှိဖြစ်မည်ထင်၏ ထိုသို ဖုန်းကိုင်သူများဆဲဆိုနေသည်ကို ထိုကလေးမ မသိခြင်းလော
သိခြင်လဲသိနိုင်မည် ထို့ကြောင့် ထိုကလေးမ၏အသံအသုံးပြုခွင့်အတွက် ငှားရမ်းအသုံးပြုခပေးသင့်သည့်အပြင်ဖုန်းပိုင်ရှင်
များ၏ ဆဲဆိုခံရမှုအတွက် နစ်နာကြေးပါ ထပ်ဆောင်ပေးသင့်သည်ဟုကျွန်ုပ်မြင်မိလေ၏ ။။
(ဒီကလေးမနေရာတွင်“သူကြီး”သာဖြစ်ပါက ယခုလောက်ဆိုဆက်သွယ်ရေးအား တရားစွဲပြီးလောက်ပြီထင်၏)
ထိုကဲ့သို့ ဘုမသိဘမသိအဆဲခံနေရသော နောက်တစ်ခုရှိသေး၏ ကျုပ်သုံးနေတဲ့ ကွန်ပြူတာပေါ့ ဂျီတော့ ကတော့ အများဆုံး
သုံးတာပါပဲ ကောင်မလေးတွေနဲ့လဲ တစ်ခါတစ်လေ ဘော်ဒါဖြစ်လိုဖြစ် ဘုတ်ဆုံမကြီးမြင်လဲ စွတ်ရွတ်ပြီး လှတယ်ပြောလို
ပြောပြီး  ကြူပစ်လိုက်တာပဲ တစ်ခါတလေများ ကြီးတောင်ကြီးမားကြီးနဲ့ (၁၆)နှစ်လို့ ပြောလိုပြောရ  တစ်ဖက်က (၃၀)လောက်ဆို ကိုယ်က (၃၂)နှစ်လောက်လုပ်ပစ်လိုက်တာ ဟုတ်တယ်လေ ကိုယ့်ကိုသူမြင်ရတာမှမဟုတ်တာ တစ်ချို့ကိုယ့်
ထက်ဆိုးတဲ့အဖိုးကြီးတွေဆို ဂျီတော့မှာ ငယ်ငယ်(၂၀)လောက်ကဓါတ်ပုံတွေဘာတွေ တင်ထားတာများတစ်ကယ့်အလန်းပဲ
မဟုတ်လားဗျ ဂျီတော့လေးနဲ့များ ကြူနေပြီဆိုမှဖြင့် ဒီကွန်နက်ရှင်ဆိုတဲ့ သတ္တ၀ါက ဖေါက်လာတာပါပဲ ချစ်ခြင်းကိုမခွဲကြပါ
နဲ့ တော့မဟုတ်ပေမယ့် ““ကြူခြင်းကို မဖြတ်လိုက်ပါနဲ့”” လို့ အော်လိုက်ခြင်တာပဲလေ အရေးဟေ့ ကောင်းခန်းဆို ကွန်နက်
ရှင်ကပြတ်ပြီ ဒီအခါမှာ ကျုပ်လဲ ပါးစပ်က ပွစီပွစီနဲ့ ဆဲတော့တာပဲ ဒီတစ်ခါဆဲရတာကတော့ မမြင်ရတဲ့ကောင်ကိုဆဲရတာဗျ
သူကလဲ အကြောတင်းဗျ ဘယ်လောက်ဆဲဆဲ မဖြုံပေါင် ဆဲလဲပြတ်တာပဲ  တစ်ခါတစ်လေ ကီးဘုတ်ဘေး သူဖာသာ အသာလေး
ဝပ်နေတဲ့  မောက်စ် ဆိုတဲ့ အကောင်းစုတ်ကလေကိုတောင် ကိုင်ပေါက်မိသေးတယ်လေ  ဒီကွန်နက်ရှင်ဆိုတဲ့အကောင်
မကောင်းလို့ ကြားကသူပါဝင်ခံရတာပဲဗျ ..ဒီလိုဆိုရင်ဖြင့်
ဒီကွန်နက်ရှင်ဆိုတဲ့ သတ္တ၀ါအား ၀ိုင်းဝန် သြဘာ ဆဲဆိုကြသော လူတစ်ကာတို့တွင် ကွန်ပြူတာရှေ့မှောက် ကွန်နက်ရှင်ဖြင့်
ဒုက္ခရောက်နေကြသူ လူများစုဖြစ်လေရာ ဒီသတ္တ၀ါ သူ့ကိုဝိုင်းဆဲနေသည်ကိုမသိရော့လေသလား သိခြင်လဲသိနိုင်ပါသည်
ဒါမှမဟုတ် သိရက်နဲ့မသိခြင်ယောင်ဆောင်နေတာလား  ဘာပဲဖြစ်ဖြစ် ဒီ ကွန်နက်ရှင်ဆိုတဲ့ အသက်မဲ သတ္တ၀ါအသစ်ကလေး
လဲ နစ်နာကြေးတောင်းခံနိုင်သည်ဟုမြင်မိလေသည် ကျွန်ုပ်သာ ဂူးဂဲ နှင့် ဖေ့စ်ဘုတ်ဖြစ်ပါက မြန်မာနိုင်ငံမှ သုံးသမျှ အင်တာ
နက်ခတွေထဲတွင် ဆဲဆို၍   နစ်နာကြေးတစ်ဆပါ ထပ်မံဖြည့်စွက် တောင်းဆိုမိမည်ဖြစ်ကြောင်းပါပဲ…..ဗျာတို့။။။။
တွေးမိသမျှရေးကြည့်ရခြင်းဖြစ်ပါကြောင်း။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

About “ဘီလူးကြီး”ogre

has written 202 post in this Website..

စားချင်တာစား..ဦးနှောက်တော့လာမစားနဲ့ www.ogre08.blogspot.com