မုန်တိုင်းသတင်း..၊..၂၄ နာရီအတွင်းဝင်မယ်တဲ့..

ဂ်စ္စူOctober 19, 20111min14913

မုန်တိုင်းသတင်းပါ…သတိထားကြဖို ့..ဦးထွန်းလွင်ဆိုဒ်က ကူးလာပါတယ်..

မူရင်းလင့်မှာလဲ သွားကြည့်နိုင်ပါကြောင်း..

 

မုန်တို်င်းငယ်တစ်ခု စဖြစ်နေပါပြီ

 

(၁၄-၁၀-၂၀၁၁)ရက်နေ့ ကတည်းက ဘင်္ဂလားပင်လယ်အလယ်ပို်င်းမှာ လေထု မငြိမ်မသက်ဖြစ်နေခဲ့ပါတယ်။ ကြာတော့ကြာလာခဲ့ပါပြီ။ ပြောရရင်တော့ အောက်တိုဘာ လဆန်းကတည်းကပါ။ ဒါပေမယ့် လေထုဖိအားရယ်၊ ပင်လယ်ရေမျက်နှာပြင် အပူချိန်ရယ်၊ လေတိုက်ခတ်မှုရယ်၊ တိ်မ်တောင်အမြင့်အပူချိန်ရယ် အားလုံးက မုန်တို်င်းတစ်လုံးတော့ မကြာခင်ဖြစ်တော့မယ် ဆိုတာကို ပြသနေကြပါတယ်။ ဒါပေမယ့် တော်တော်ကို စိတ်ရှည်ရပါတယ်။ ဟော အခုတော့ အကြောင်းတရားတွေ အားလုံးတိုက်ဆိုင်ပါပြီ။ အောက်တိုဘာလ (၁၇)ရက်နေ့မှာ မုန်တို်င်းဖြစ်ဖို့ အခြေအနေတွေ စပြလာခဲ့ပါတယ်။ အောက်တိုဘာလ(၁၈)ရက်နေ့ နံနက်ပို်ငးမှာတော့ နာရီပိုင်းအတွင်းဖြစ်တော့မယ်ဆိုတာကို တွေ့လာရပါတယ်။ (၁၈)ရက်နေ့ ညနေပို်ငးမျာတော့ မုန်တို်င်းငယ် ဖြစ်လာခဲ့ပါတယ်။ (၁၉-၁၀-၂၀၁၁)ရက်နေ့ နံနက်ပို်ငျွှးာတော့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပို်ငးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်း အစပ်ဒေသကို ဖြတ်ကျော်ပြီး ကုန်းတွင်းပို်င်းကို ဖြတ်ကျော် ဝင်ရောက် လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တို်ငးရဲ့အရှိန်ကြောင်း ရခိုင်ပြည်နယ်မှာ မိုးတွေတော့ စရွာနေပါပြီ။ မုန်တို်ငးဟာ (၁၉-၁၀-၂၀၁၁)ရက် နံနက်ပို်င်းအထိ အချိန်မှာတော့ မုန်တို်င်းငယ် အဆင့်သာ ရှိပါသေးတယ်။ ဒါပေမယ့် (၁၉-၁၀-၂၀၁၁)ရက် နေ့ပိုင်းအချိန်မှာ အားပိုကောင်း လာပြီး ဆိုင်ကလုန်းမုန်တို်င်း ဖြစ်လာနိုင်ပါတယ်။ မုန်တို်င်းရဲ့ အင်အား အခြေအနေကို လိုက်ပြီး အန္တရာယ်ရှိနို်င်မှု ပြောင်းလဲသွားမှာကို သတိပြုရမှာ ဖြစ်ပါတယ်။

မုန်တို်ငးရဲ့အရှိန်ကြောင့် (၁၉-၁၀-၂၀၁၁)ရက်နေ့န့နက်ပိုင်းကစပြီး နောက် (၂၄)နာရီအတွင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မျာ နေရာအနှံ့အပြား မိုးရွာပြီး ဒေသအလိုက် မိုးကြီးနိုင်ပါတယ်။ တစ်နာရီ မိုင်(၄၀)မှ (၅၀)အထိ လေပြင်းတိုက်ခတ်နိုင်ပါတယ်။ ရခိုင်ကမ်းရိုးတန်းပင်လယ်ပြင်မှာ လှိုှု်င်းကြီးနိုင်ပါတယ်။ သင်္ဘောငယ်များ ကမ်းမှဝေးရာကို သွားခြင်းမှ ရှောင်ရှား သင့်ပါတယ်။  လက်ရှိမုန်တို်င်းရဲ့ အင်အားအခြေအနေအရတော့ ကမ်းပေါ်ကို မုန်တို်င်းဒီရေ မတက်နိုင်ပါဘူး။ ကမ်းပေါ်မှာ လုံခြုံတဲ့နေရာမှာနေရင် အသက်အန္တရာယ် ကင်းရှင်းနိုင်ပါတယ်။

အရေးကြိးတာတစ်ခုကတော့ သချင်္ာပုံစံမိုးလေဝသခန့်မှန်းခြင်းနည်းပညာ(Numerical Weather Prediction NWP) အရ အောက်တိုဘာလ(၂၃)ရက်နေ့မှာ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပို်င်းမှာ မုန်တို်င်းငယ်တစ်လုံး ထပ်မံဖြစ်ပေါ် လာနိုင်ပါတယ်။ ဒါပေမယ့် ဒီမုန်တို်င်းငယ်ကတော့ အနောက်မြောက်ယွန်းယွန်းကို ရွေ့လျှားသွားပြီး အောက်တိုဘာလ(၂၅)ရက်ခန့်မှာ သီရိလင်္ကာနိုင်ငံမြောက်ပိုင်းနဲ့ အိန္ဒိယနို်င်ငံ တောင်ပို်င်းဒေသများကို ဖြတ်ကျော်ဝင်ရောက်လိမ့်မယ်လို့ ကနဦး ခန့်မှန်းထား ပါတယ်။

 

MCCW

 

ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက် ပိုင်းမှ မုန်တိုင်းငယ်ဟာ (၁၉-၁၀-၂၀၁၁)ရက် ညနေ(၄)နာရီခွဲ အချိန်မှာ ကောါ့ဗဇားမြို့ နဲ့ မောင်တောမြို့ ကြားမှ ကုန်းတွင်းပိုင်းကို ဖြတ်ကျော် ဝင်ရောက် သွားပြီ ဖြစ်ပါတယ်။ (၁၉-၁၀-၂၀၁၁ ရက် ညနေ ၆းဝ၅ နာရီ)

 

မူရင်းလင့်ခ်

http://www.tunlwin.com/latestdetail.php?myanmar=552

13 comments

  • nozomi

    October 19, 2011 at 7:11 pm

    ဟုတ်မယ်ဗျ နေ့ခင်းက စစ်တွေသွားမဲ့ အသိတွေ လေယာဉ်ခရီးစဉ် ဖျက်တယ် ပြောတယ်
    ရန်ကုန် မှာ သာသာ ယာယာ နဲ့ ဆိုတော့ အံဩနေတာ

    • ပေါက်ဖော်

      October 19, 2011 at 7:14 pm

      [ (၁၉-၁၀-၂၀၁၁)ရက် ညနေ(၄)နာရီခွဲ အချိန်မှာ ကောါ့ဗဇားမြို့ နဲ့ မောင်တောမြို့ ကြားမှ ကုန်းတွင်းပိုင်းကို ဖြတ်ကျော် ဝင်ရောက် သွားပြီ ဖြစ်ပါတယ် တဲ့..]

      ဦးထွန်းလွင်ကြီး အမြဲ အဆင်သင့်နဲ ့.. ဖော်ပြပေးနေတာ.ဝမ်းသာတယ်ဗျာ.
      ကျေးဇူးလဲ တင်တယ်..

  • thit min

    October 19, 2011 at 7:14 pm

    ထစ်ကနဲ ဆို သူသိပြီ။
    သိပ်တော်တဲ့ ညီပေါက်ဖော်။
    မပေါက်ခင်ဖော်နိုင်တယ်။
    အားကိုးလောက်ပါပေ့ ကွယ်။

    • ပေါက်ဖော်

      October 19, 2011 at 7:24 pm

      မတော်ပါဘူးဗျာ..နဲနဲအားနေလို ့ .. ဟီး.ဟီး.. 😀

      ခိုင်ပြည်နယ်စစ်တွေ ငါးဈေးကြီးတွင် လေဆင်နှာမောင်းတိုက် လူတစ်ဦးဒဏ်ရာရ
      ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ၁၉-၁၀-၁၁ရက်နေ့ နံနက်လေးနာရီအချိန်ကတိုက်ခတ်ခဲ့သည့် အင်းအား အသင့်တင့်ရှိသော လေဆင်နှာမောင်းကြောင့် ငါးဈေးကြီးတွင် အမိုးများပျက်စီးကာ သစ်ပင်များပြိုလဲပြီး လူတစ်ဦး သစ်ပင်ပိ၍ ဒဏ်ရာရရှိကြောင်းစုံစမ်းသိရသည်။

      စစ်တွေမြို့တွင် တိုက်ခတ်ခဲ့သည့် လေတိုက်နှုန်းမှာလည်းတစ်နာရီလျှင် မိုင်လေးဆယ်ခန့်တိုက်ခက်လျှက်ရှိပြီး မိုးသတ်လေပြင်းများ စဉ်ဆက်မပြတ် တိုက်ခက်နေကြောင်း စစ်တွေမြို့နယ် နေပြည်သူတစ်ဦး၏ ပြောကြားချက် အရသိရသည်။

      “ကျွန်တော်တို့ရခိုင်မှဓလေ့ရှိတယ်။လေးလစပါးတွေ သီးချိန်ရောက်ရင်သည့် လောက်အဆင့်ရှိတဲ့ လေပြင်းတွေ၊ မုန်တိုင်းတွေ၊တိုက်နေကြပဲ။ကျွန်တော်တို့အတွက်တော့ဒီလောက်ကိုမမှုနိုင်တော့ပါဘူး“ဟု၎င်းကပြောသည်။

      ထိုသို့အင်းအားအသင့်တင့်ရှိသောလေမုန်တိုင်းတိုက်ခက်နေသော်လည်းစစ်တွေရှိဌာနဆိုင်ရာများအနေဖြင့်မည်
      သည့်သတင်းထုတ်ပြန်ချက်တစ်စုံတစ်ရာမှမရှိသေးကြောင်းစုံစမ်းသိရသည်။

      မိုးလေဝသနှင့်ဇလဗေဒပညာရှင်ဦးထွန်းလွင် ဝက်စ်ဆိုက်တွင်လေဖိအားနည်းရပ်ဝန်သည် ပိုမိုအားကောင်း လာပြီးမုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိကာအရှေ့ မြောက်ဘက်းဆီသို့ရွှေ့လျားပြီး ၁၈ ရက်နေ့မှ နောက်၃၆ နာရီ (၂၁ရက်နေ့နံနက်ပိုင်းအထိ)ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် စပ်ဆက်နေသော ဘင်္ဂးလာဒေချ့်တောင်ပိုင်း ကို ဖြတ်ကျော်မည်ဟု ခန့်မှန်းထားသည်။

      Source: မြစ်မခ (မီဒီယာ)

  • “ဘီလူးကြီး”ogre

    October 19, 2011 at 7:23 pm

    ဟုတ်ပ မောင်ပေါက်ဖော်တို့များ
    မူးသာနေတာ ဒါမျိုဆိုအရင်သိတယ်
    အရင်သိတော့ အရင်ပြေးလို့ရတာပေါ့ ကျုပ်ဖြင့်ခုနကမှ သိလိုက်တာဗျ
    တော်တော်ညံသေးတယ်ပြောရမယ် ..သတိပေးတာကျေးဇူးဗျာ
    စက်ရုံက မိုးစိုမယ့်ပစ္စည်းတွေ ရွေ့ထားခိုင်းရတယ်
    မတော်မိုးထရွာရင် လေပါ….ပါလာမှာစိုးရတယ်ဗျ..။။။

  • oakermg

    October 19, 2011 at 7:26 pm

    မပေါက်ခင်ဖေါ်နိုင်တယ်ဆိုတော့ အားကိုးချင်လာမိပြီ….
    မုန်တိုင်း က အပြီးသတ် ပြီလား ကျန်နေသေးလား သိရရင် ပြောပေးပါဦး…။

    • ပေါက်ဖော်

      October 19, 2011 at 7:32 pm

      ဟုတ်ဗျာ..
      ဦးထွန်းလွင်ရဲ့ ဖော်ပြချက်တွေပဲ စောင့်ကြည့်ရမှာမို ့..
      http://www.tunlwin.com မှာ Update news လေးတွေ လေ့ လာနိုင်ပါတယ်

      (၂၁ရက်နေ့နံနက်ပိုင်းအထိ)ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် စပ်ဆက်နေသော ဘင်္ဂးလာဒေချ့်တောင်ပိုင်း ကို ဖြတ်ကျော်မယ်
      ဆိုတော့.. .
      ကျန်နေဦးမယ်ထင်ပါတယ်

  • windtalker

    October 19, 2011 at 7:45 pm

    သတင်းထောက် ပေါက်ဖော်
    အဲဒီနေရာတွေ ကို အခုချက်ချင်း ခရီးထွက်ဖို ့ပြင်ပါ
    MMN = myanmar muutuus news (မြန်မာမူတူးသတင်းဌာန)မှ
    သင့်အား မုန်တိုင်းတိုက်ခတ်နေရာ ဒေသသို ့ယခုချက်ချင်း
    မုန်တိုင်းသတင်းအသေးစိတ်၊အဆိုပါဒေသ အတွင်း ဆုံးရှုံးပျက်စီးနစ်နာမှု များကို
    သွားရောက်သတင်းယူစေလိုပါကြောင်း
    ဥက္ကဌ ခိုင်ခိုင် ၏ ကိုယ်စား
    အတွင်းရေးမူး မောင်ပေ က အသိပေးကြေငြာလိုက်ပါသည်
    ဟီဟိ

  • blackchaw

    October 19, 2011 at 7:48 pm

    ပေါက်ဖေါ်ကြီး ရေ။
    ကျေးဇူးပါကွာ။

  • ဝေးလွင့်တိမ်

    October 19, 2011 at 7:58 pm

    မုန်းတိုင်းရှိတယ်ဗျ ။ မနှစ်က ဂီရိမုန်တိုင်း တိုက်ခဲ့တာ 22 ရက်နေ့လေ ။ တစ်နှစ်ပြည့်မှာ မတွေးရဲစရာမဖြစ်ပါစေနဲ့လို့ဆုတောင်းနေရတော့မှာပဲဗျာ ။

  • sukoko

    October 19, 2011 at 9:00 pm

    မုန်တိုင်းရှိတယ်လို့တော့…………
    ကြေညာတာတီဗီမှာတွေ့လိုက်တယ်…….
    အနီရောင်အဆင့်နဲ့ကြေညာ
    ဆိုတော့ပျင်းမှာမို့လားမသိဘူး၊အရမ်းအပြင်းအထန်မဖြစ်ပါစေနဲ့လို့ဆုတောင်းပါတယ်

  • sukoko

    October 19, 2011 at 9:02 pm

    အနီရောင်နဲ့တောင်ကြော်ငြာတာဆိုတော့တော်တော်ပျင်းလို့လားမသိဘူး

  • ရွှေအိမ်စည်

    October 19, 2011 at 11:02 pm

    ပေါက်ရေ..ဒါလေးကောမက်ရေးပေးခဲ ့မယ်နော်..အခုဘဲဝင်လာတဲ ့သတင်းနော်…ည..၁၁နာရီ ဝင်တာနော်
    အပူပိုင်းမုန်တိုင်း 02B ကုန်းတွင်းသို့ ဝင်ရောက်ပြီးဖြစ်
    By mmweather.ygn, on October 19th, 2011

    ကုန်းတွင်းသို့ ဝင်ရောက်လုနီးအချိန်မှ ကပ်၍ အပြည်ပြည်ဆိုင်ရာ အမည် 02B(TWO) ဟု အမည်ရသွားသော ယခင် လေဖိအားနည်းရပ်ဝန်း 94B သည် စစ်တွေမြောက်ဘက် ၈၅ မိုင်ခန့် အကွာရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မြို့ TUMBRU အပေါ်မှဖြတ်၍ ကုန်းတွင်းသို့ ဝင်ရောက်ခဲ့ပါသည်။ ကုန်းတွင်းသို့ဝင်ရောက်ခြင်း မတိုင်မီနာရီ အတော်များများကပင် မုန်တိုင်း အဖျားပိုင်းသည် ရခိုင်ကမ်းရိုးတန်းဒေသများနှင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသ အချို့တို့သို့ လေပြင်းများတိုက်ခတ်မှုဖြင့် စတင်ခဲ့ပြီး မိုးသည်းထန်ခဲ့ကြောင်း သိရပါသည်။

    အောက်ပုံတွင် တွေ့မြင်ရသည့်အတိုင်း မုန်တိုင်းဖြတ်ကျော်ဝင်ရောက်စဉ်က မုန်တိုင်း၏ လားရာအတိုင်း တိုင်းတာရရှိသည့် အရွယ်အစားမှာ အချင်း ၅၁၄ မိုင်ရှိပါသည်။ မုန်တိုင်း ကုန်းတွင်းသို့ လုံးလုံးလျားလျားဖြတ်ကျော်ဝင်ရောက်ပြီးသည်အထိ မုန်တိုင်း အကြွင်းအကျန်များသည် မြန်မာနိုင်ငံ အလယ်ပိုင်းဒေများနှင့် ရခိုင်ကမ်းရိုးတန်းဒေများ၊ အထူးသဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်-မောင်တော ဒေသများပေါ်သို့ ဆက်လက်ရောက်ရှိကာ မိုးရေချိန် များစွာ ရွာသွန်းမည့် အခြေအနေဖြစ်ပါသည်။

    အောက်တိုဘာ ၁၉ ရက် မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင် တွေ့ရသည့် ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးဖြစ်သော မုန်တိုင်း TWO ၏ တိမ်တိုက်ကြီးအား အောက်ပုံတွင် တွေ့မြင်နိုင်ပါသည်။ တိမ်တိုက်ကြီးတစ်ခုလုံးနီးပါးသည် မြန်မာနိုင်ငံ အတွင်းသို့ အများဆုံးဝင်ရောက်လျှက်ရှိသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။

    MMW Blog Mobile Link http://tinyurl.com/6h4nyso

Leave a Reply