နေဝန်းနီမြစ်

naywoon niOctober 19, 20111min1026

ငါလည်း ……..
တစ်ချိန်တုန်းကတော့
အရှိန်အဟုန်ပြင်းပြင်းနဲ့
ပျိုမြစ်တဲ့ မြစ်တစ်စင်းလို ခရီးနှင်ခဲ့တာပ…။
အခုတော့လည်း
အရင်းစီးကြောင်းပျောက်
စွန့်ပစ်ပစ္စည်းတွေနဲ့လေးလံ
အသက်ရှုသံတောင် မမှန်ချင်တော့ဘူး……။
စီးဆင်းနေတဲ့ ငါ့ကိုတောင်
အဆိပ်တွေ သယ်ဆောင်ယူလာသူလို့ စွပ်စွဲနေကြ….။
အဲဒိတော့ ငါ့မှာ
မန်းတက္ကသိုလ်ဘေးက
ရေနီမြောင်းလောက်တောင်
မစီးရဲတော့ဘူး….။
ဟုတ်ပါ့ …..
ငါ့ခန္ဓာမှာလည်း
သူတစ်ကာစွန့်ပစ်လိုက်တဲ့ အမှိုက်တွေ လက်ခံမိလို့
အမြဲတစ်စေနောက်ကျိနေရ…..။
အရင်ကဆို…….
ငါပုံပြင်တွေ ပြောပြနေတဲ့ အချိန်ဆိုရင်
သူတို့တစ်တွေ ဝိုင်းနားထောင်လို့…..
သိပ်ကိုကြီးကျယ်တဲ့မြစ်…..
သမိုင်းကိုမှတ်မိနေတဲ့မြစ်တဲ့ ချီးမွမ်းလို့……။
ခုတော့ ….
ငါ့အနားရောက်လာသူတွေဟာ
ငါ့ကို
လူမမာမြစ်တစ်စင်းလို ဆက်ဆံနေကြ……
ဂရုဏာသက်ကြနဲ့
သူတို့ပြောတာတွေကိုပဲ
ငါ့မှာ နားထောင်နေရတော့တယ်……။

(နေဝန်းနီဆိုတာ မြစ်တစ်ဆင်းလိုပဲ အပူပင်ကြောင့်ကြမဲ့စွာ စီးဆင်းချင်သူပါ…။
သူတစ်ကာအပူပင်ခံ ဘဝမှာ မပျော်ပိုက်ပါ….။ ဒါကြောင့် မြစ်တစ်စင်းလိုပဲ လွတ်လပ်ပေါ့ပါးစွာ ဆက်လက်စီးဆင်းနေပါရစေ….။ )

နေဝန်းနီ

6 comments

  • blackchaw

    October 19, 2011 at 9:43 pm

    နေဝန်းနီမြစ် ကြီး
    ထာဝရ ပျိုမြစ်
    အချစ် တွေနဲ့ သစ်လွင်ပြီး
    ထာဝရစီးဆင်းနိုင်ပါစေ ဗျာ။

  • manawphyulay

    October 20, 2011 at 1:02 pm

    အဲဒီမြစ်က အမှိုက်ပစ်တာများလို့ ရေမရှိတာ ကြာခဲ့ပြီမဟုတ်ဘူးလား…. 😛

  • windtalker

    October 20, 2011 at 10:06 pm

    ဘိုနီ ရေ
    ပြောင်မြောက် တဲ့ ကဗျာတစ်ပုဒ်ဆိုတာ
    ကျုပ်တို ့တတွေ ရဲ ့
    မြစ်တွေထဲကို အဝေရာလေးတွေ ရောလောင်းပါမှ
    ပိုပိုကောင်းလာသည် ဟု ဆိုသော်လည်း
    အဝေရာ များလာလျှင်
    မြစ်မှာ မသန် ့ရှင်း/ဆိုးဝါးလာနိုင်တာလည်း ဖြစ်လို ့
    လျှော့သောက်ပါစို ့ဘိုနီရေ

  • victor soemoe

    October 21, 2011 at 9:55 pm

    —— တက်ပီး စီးဆင်လိုက်ပါဦး ကိုကြီးနေဝန်းရေ့ – – – – – –

  • ပေါက်ဖော်

    October 21, 2011 at 10:16 pm

    ခံစားချက်တွေပျင်းထန်လှပါပကောလား..ကိုနီရေ

    မြစ်ဆိုလဲ..သတိထားဦး…..
    ရေအာလျှပ်စစ် လာဆောက်နေဦးမယ်ဗျ

    ကျနောတော့..သိန်းငှက်ကြီးလို လေထဲပျံဝဲပလိုက်ချင်တယ်..
    လိုင်းကားတွေအရမ်းကြပ်လို ့ပါ
    😳

  • naywoonni

    October 21, 2011 at 10:28 pm

    ကိုရင်ပေါက်ဖော်က ကိုညီထွဋ်ရဲ့ “ပထမဆု” သီချင်း ဆိုချင်နေတာနဲ့တူရဲ့ ….။ ဒါဆိုလည်း ကျွန်တော်က “စီးကရက်မီးခိုးငွေ့များအလယ်” သီချင်းဆိုမယ်ဗျာ….။ ဘာတဲ့ “……..ငါဟာ …မြစ်ကြီး တစ်ခုလို စီးတယ်….။ ရာသီပန်းတွေ ပွင့်ကြွေ ခရီးစဉ်ထဲဝယ်…… ” အဲဂလိုပေါ့……….

Leave a Reply