ပါချုပ်ဆရာတော်ကြီးတရားပွဲ ဖိတ်ကြားလွှာ Oct 21, 22, 23

kaiOctober 19, 201147min1922

ပါချုပ် ဆရာတော် ကြီး ဒေါက်တာနန္ဒမာလ ဘိဝံသကို ဓမ္မဒေါင်းလုပ်မိသားစုများမှ စင်္ကာပူသို့ တရားဟောကြွရောက်ရန် ပင့်ဆောင်ခဲ့ပါသည်။ ဆရာတော်ကြီး၏ တရားပွဲများကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ပါမည်။

(ဆရာတော်ကြီး၏ တရားစာအုပ်နှင့် တရားအခွေများကို တနေ့ တမျိုး ဝေငှပါမည်။)

နေ့ရက်။ ၂၂ အောက်တိုဘာ ၂၀၁၁ စနေနေ့
အချိန်။ ညနေ ၆နာရီမှ ၈နာရီထိ
နေရာ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)
နေ့ရက်။ ၂၃ အောက်တိုဘာ ၂၀၁၁ တနင်္ဂနွေနေ့
အချိန်။ ညနေ ၆နာရီမှ ၈နာရီထိ
နေရာ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)
နေ့ရက်။ ၂၄ အောက်တိုဘာ ၂၀၁၁ တနလာင်္နေ့
အချိန်။ ညနေ ရ နာရီမှ ၉နာရီထိ
နေရာ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)

မှတ်ချက်။ ။ အာဟာရအလှူ ၊ အဖျော်ရည်အလှူ ၊ ဓမ္မပူဇာအလှူများကို ပါဝင်လှူဒါန်းနိုင်ပါသည်။

 

ဆရာတော်ကြီးသည် အောက်တိုဘာ ၂၁ ရက် တွင် Silk-Air MI-517 ဖြင့် ညနေ ၉း၁၅တွင် စင်္ကာပူ Changi Airport Terminal 2 သို့ ကြွရောက်လာမည်ဖြစ်ပြီး East coast Chalet (Goldkist Beach Resort) 1110 East Coast Parkway , Near Carpark D3 , Singapore 449880 အဆောင် နံပါတ် E-2 တွင် ၄ ရက်တာ သီတင်းသုံး နေထိုင်မည် ဖြစ်ပါသည်။

 

Map to Goldkist Beach Resort
http://www.streetdirectory.com/asia_travel/travel/travel_id_12232/travel_site_67755/

Chalet သို့ Bedok mrt interchange မှ bus no. 196.197 နှင့် 16 ပြီး Neptune Court Condo bus gate မှာဆင်းပြီး underpass မှ လျောက်လာနိုင်ပါသည်။

 

ဆရာတော်ကြီးကိုဆွမ်းကပ်လိုသူများအနေနှင့် Eastcoast chalet သို့ တနင်္ဂနွေနေ့ ဆွမ်းမှလွဲပြီး ကျန်နေ့များကိုလာရောက်ကပ်လှူနိုင်ပါတယ်။ ကြိုတင်ဖုန်းဆက်အကြောင်းကြားေစလိုပါသည်။

 

အောက်တိုဘာ ၂၅ရက်နေ့တွင် Silk-Air MI-518 ဖြင့် Changi Airport Terminal 2 မှ နေ့လည် ၂း၂ဝ ရန်ကုန်သို့ ပြန်လည်ကြွရောက်ပါမည်။

 

ဆက်သွယ်ရန်။ ဦးကျော်လွင်၊ဒေါ်ဆွေဆွေကြိုင်(၉၇၃၆၅၀၃၄)၊ကိုထင်ကျော်(၉၄၂၄၂၉၆၁)၊ ကိုအောင်နိုင် (၉၂၂၇၇၄၉၁)၊ မနီလာအောင် (၉၆၉၉၄၇၉၅)၊ ကိုဇော်ဇော်ထွဋ် (၉၁၈၂၂၉၆၃)၊ ကိုဇော်မိုးစံ (၉၁၇၁၄၃၅၀)၊ မမြင့်မြင့်သန်း(၉၄၂၄၂၇၁၃)၊ မနှင်းနှင်းအေး(၈၂၀၁၃၀၄၃)၊ မကြည်ပြာဝင်း (၉၄၈၉၄၆၂၂)

 
*************************************************************
အလှုရှင်များ စာရင်း

၁။ SilkAir Tickets ( Business Class ) အသွား နှင့် အပြန် အလှူရှင် US$800 ခန်.
ကိုချမ်း (Mr Pitak Chaiprasit)+ မဖြူဖြူလှိုင် နှင့် သမီး မမေမာလာကျော် (PanPan), သား ကိုလင်းမင်းခန့် (Bond), သမီး မမေသန္တာကျော် (Xiao Xiao)
၂။ ဦးသင်းအောင်+ဒေါ်စန္ဒာဝင်းအောင်၊ သမီး မဝိုင်းဝိုင်းပြည့် နှင့် သား မောင်ထိန်လင်း မိသားစုမှ DVD အချပ်(၁၀၀၀) ပုံနှိပ်ခ နှင့် တရားပွဲအထွေထွေစရိတ်များအတွက် အလှူငွေ ( S$1,000) နှင့် ဆရာတော်ကြီး၏ တရားစာအုပ် အရေအတွက်(၁၀၀၀)
၃။ ဦးသန်းဆွေ+ဒေါ်သင်းသင်းလှိုင် နှင့် သားကြီးကျော်မျိုးဆွေ မှ တရားပွဲ ဖြစ်မြောက်ရေး အတွက် အလှူငွေ US$300
၄။ မသင်းသင်းအေး S$300
၅။ ဦးစိုးသိန်း+ဒေါ်မြသက်နှင်း- သမီး နှင်းထက်ထက်စိုး၊ သမီး အေးသက်သက်စိုး မိသားစုမှ ဆရာတော် သီတင်းသုံးဆောင် chalet ၄ ရက် စာ S$400 ခန့်
၆။ ဦးမြင့်သိန်း မှ တရားပွဲ ၂ ရက် အတွက် ရေ အလှူ
၇။ ကိုနေလင်း မှ အအေး အလှူ
၈။ ဦးခင်မောင်ထွေး+ဒေါ်မြင့်မြင့်စန်း မှ အအေး အလှူငွေ S$200
၉။ မငြိမ်းငြိမ်းဇော် မှ တရားပွဲ ဖြစ်မြောက်ရေး အတွက် အလှူငွေ ှS$160
၁၀။ စေတနာရှင်တစ်စု မှ ဆရာတော် တည်းခိုရာ chalet အဆောင် အတွက် အလှူငွေ S$400 နှင့် တရားပွဲ ခန်းမဆောင် အတွက် အလှူငွေ ှS$100
၁၁။ ဦးစိုးပိုင်+ဒေါ်နီလာဋ္ဌေး နှင့် သမီး ကစ်ကစ် မှ ဆရာတော် တည်းခိုရာ chalet အဆောင် အတွက် အလှူငွေ S$200
၁၂။ ဦးသန်းမြင့်ဦး + ဒေါ်ချိုချိုမာအောင် မိသားစု – အလှူငွေ S$100
၁၃။ မသီတာသိန်း – အလှူငွေ S$100
၁၄။ ကိုတင်မောင်ဌေး + မနေခြည်ချစ်ဝင်းမောင်  – အလှူငွေ S$100
၁၅။ Ma Khin Hnin Hnin Lae  – အလှူငွေ S$100
၁၆။ ဦးတင်မောင်ဝင်း+ဒေါ်သန်းသန်းဌေး မိသားစု ဒေါ်လာ၁၀ဝ တရားပွဲ ဖြစ်မြောက်ရေး ကုသိုလ်အလှူ

**************************************************

Dr. Nandamalabhivamsa

 

Rector

International Theravada Buddhist

Missionary University, Yagon

 

ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ

M.A; Ph.D

အဂ္ဂမဟာဂန ္တဝါစက ပဏ္ဍိတ၊

အဂ္ဂမဟာပဏ္ဍိတ၊
ပါဠိ ပါရဂူ
သ၊ စ၊ အ ဓမ္မာစရိယ
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်
အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ ပါမောက္ခချုပ်
သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်
စစ်ကိုင်းမြို့ မဟာသုဗောဓာရုံကျောင်းတိုက်၊ တိုက်အုပ်ဆရာတော်


 

**************************************************

ဆရာတော်ကြီး၏ ထေရုပတ္တိ အကျဉ်း

 

– (၁၃၀၁) ခုနှစ်၊တပေါင်းလပြည့်၊ (၁၉၄၀)ခုနှစ်၊မတ်လ(၂၂)ရက်နေ့တွင် မန ္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ နေ ခမည်းတော် ဦးစံလှ+မယ်တော် ဒေါ်ခင်တို့မှ ဖွားမြင်သည်။
– (၁၃၀၅)ခုနှစ်၊(၁၉၄၄) အသက် ၅နှစ်သားအရွယ် စဉ့်ကူးမြို့နယ်၊ ညောင်ပင်ရွာ၊ ပေါ်တော်မှုကျောင်း၊ ဆရာတော်ဦးကေလာသ(ဦးလေး ဘုန်းကြီး)ထံတွင် မြန်မာစာပေနှင့် ဗုဒ္ဓစာပေများကို စတင်သင်ကြားခဲ့သည်။
– (၁၃၁၀)ခုနှစ်၊(၁၉၄၉)၊ဝါဆိုလဆန်း (၁၁)ရက်၊ အသက် (၁၀)နှစ်အရွယ်တွင် စစ်ကိုင်းတောင်ရိုး၊ဝိပဿနာဂန္ဓာရုံ ကျောင်းရှိ အဘိဓဇမဟာရဋ္ဌဂုရု၊ နဝမမြောက်ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကြီးကို ဥပဇ္ဈာယ်ပြုလျက် ရှင်သာမဏေပြုခဲ့သည်။
– (၁၃၁၄)ခုနှစ်၊(၁၉၅၃) အသက်(၁၃)နှစ်တွင် အဘိဓမ္မာစာမေးပွဲသုံးဆင့် စတင်အောင်မြင်ခဲ့သည်။
– (၁၃၁၇)ခုနှစ်၊ (၁၉၅၆)အသက်(၁၆)နှစ်တွင် အစိုးရဓမ္မာစရိယတန်းကို ဂုဏ်ထူးကျမ်း(၂)ကျမ်းနှင့်အတူေအာင်မြင်၍ သာသနဓဇသိရီပဝရဓမ္မာစရိယဘွဲ့ရရှိခဲ့သည်။
– (၁၃၁၉)ခုနှစ်၊ (၁၉၅၇) သာသနာလင်္ကာရ သာမဏေကျော်ဘွဲ့ကိုရရှိခဲ့သည်။
– (၁၃၂၀)ခုနှစ်၊(၁၉၅၈) စစ်ကိုင်းမြို့ မဟာသုဗေရုံတိုက်ကိုနောင်တော်များနှင့်အတူတည်ထောင်ကာ ပဓာန စာချ၊တိုက်ကြပ်အဖြစ် အဆင့်ဆင့်တာဝန်များထမ်းဆောင်ခဲ့သည်။
– (၁၃၂၁)ခုနှစ်၊(၁၉၆၀)ပြည့်နှစ်တွင် နဝမရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရာကြီးကို ဥပဇ္ဈာယ်ပြု၍ ရဟန်းဘဝသို့ရောက်ရှိခဲ့သည်။ နောင်တော်ရင်းဖြစ်သော ဘဒ္ဒ န ္တနာရဒ ထံတွင် သဒ္ဒါ။ သင်္ဂဟဓပိဋက အခြေခံများ၊ ပထမပြန်စာမေးပွဲဆိုင်ရာ ကျမ်းစားများသင်ယူခဲ့ပြီး၊ ဇယမေဓနီ ၊ ဝါဆိုကျောင်းဆရာတော် ဘဒ္ဒ န္တ အဂ္ဃိယ (ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု) ထံဓမ္မာစရိယတန်းဆိုင်ရာ ကျမ်းစားများကို သင်ယူခဲ့သည်။ စစ်ကိုင်းမြို့ မဟာသုဗောဓာရုံ တိုက်ရှိ နောင်တော်များဖြစ်ကြသည့် နာယက၊ တိုက်အုပ်၊ တိုက်ကြပ်ဆရာတော်များထံတွင် သကျသီဟ၊ စေတိယင်္ဂဏတန်းဆိုင်ရာ ကျမ်းစာများကိုသင်ယူခဲ့သည်။ ရန်ကုန်မြို့ ဇမ္ဗူဒီပကျောင်းဆောင်တွင် တိပိဋကပါဠိ+မြန်မာအဘိဓာန်ကျမ်းြပုအဖြစ် ဆောင်ရွက်နေစဉ် ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒ န္တ ဇနကာဘိဝံသထံတွင် အင်္ဂလိပ်ဘာသာကို စတင်သင်ယူခဲ့သည်။
– (၁၃၂၄)ခုနှစ်၊ (၁၉၆၃) ရန်ကုန်စေတိယင်္ဂဏ “ အဘိဝံသ” ဘွဲ့ကိုရရှိခဲ့သည်။
– (၁၃၂၅)ခုနှစ်၊ (၁၉၆၄) သာသနာဓဇဓမ္မယစရိယ ဝိနယပါဠိပါရဂူဘွဲ့ကိုရရှိခဲ့သည်
– (၁၃၂၅)ခုနှစ်၊ (၁၉၆၄) မန ္တလေး သကျသီဟ အဘိဝံသဘွဲ့ကိုရရှိခဲ့သည်။

– (၁၃၃၂)ခုနှစ်၊ (၁၉၇၃)မှစတင်၍ ကျမ်းစာများရေးသားပြုစုခဲ့ရာ အင်္ဂလိပ်/မြန်မာ နှစ်ဘာသာဖြင့် ကျမ်းစာများကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။
– (၁၃၃၉)ခုနှစ်၊ (၁၉၈၀) မှအစပြု၍ သာသနာရေးဆောင်ရွက်ချက်များ-ပထမအကြိမ်သံဃအဖွဲ့အစည်းအဆင့်ဆင့်အတွက် စစ်ကိုင်းမြို့နယ် သံဃနာယကအဖွဲ့ (ရွှေကျင်) အဖွဲ့ဝင် အဖြစ်လည်းကောင်း ၊ဓမ္မယစရိယစာမေးပွဲ အကျိုးဆောင် အဖြစ်လည်းကောင်း၊ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် (ရွှေကျင်) အဖြစ်လည်းကောင်း ၊ ပထမပြန်စာမေးပွဲပြဋ္ဌာန်းကျမ်းစာ ပြင်ဆင်ရေးအဖွဲ့ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နိကာယ်စာမေးပွဲစည်းမျဉ်း စည်းကမ်းရေးဆွဲရေး အဖွဲ့ဝင်၊နိုင်ငံတော်သီးခြား ဝိနည်းဓိုရ်အဖွဲ့အမှတ်(၁/၉၈) ၏ ဝိနည်းဓိုရ် ၊ပထမပြန်စာမေးပွဲကျင်းပရေး အဖွဲ့(စစ်ကိုင်း)၏ ပုစ္ဆကအဖွဲ့ ဥက္ကဌ အဖြစ်လည်းကောင်းဆောင်ရွက်ခဲ့သည်
– (၁၃၄၇)ခုနှစ်၊ (၁၉၈၆) အိနိ္ဒယနိုင်ငံ၊ အာသံပြည်နယ်နှင့် အရုဏ ချယ်ပရာဒေ့ရှ်မှ ရဟန်း၊ သာမဏေ၊ ကျောင်းသားငယ်များ အားမြန်မာစာနှင့် အဘိဓမ္မာ တို့ကိုပို့ချပေးခဲ့သည်။
– (၁၃၄၈)ခုနှစ်၊ (၁၉၈၇) သီရိလင်္ကာနိုင်ငံ၊ ဘော်ရဲလာမြို့ Y.M.B.A အသင်းတိုက်တွင် အဘိဓမ္မာကို အင်္ဂလိပ်ဘာသာဖြင့်ပို့ချပေးခဲ့သည်။
– (၁၃၅၀)ခုနှစ်၊ (၁၉၈၉) သီရိလင်္ကာနိုင်ငံ University of Kelaniya မှ M.A (Buddhist Studies) ဘွဲ့ကိုရရှိခဲ့သည်။
– (၁၃၅၅)ခုနှစ်၊ (၁၉၉၄) အမေရိကန်ပြည်ထောင်စု၊မေရိလင်းြပည်နယ်၊ဘိလ်ဗားစပရင်းမြို့ ၊မင်္ဂလာရာမကျောင်းတိုက်တွင် မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မာဘာသာရပ်ကိုပို့ချပေးခဲသည်။
– (၁၃၅၇)ခုနှစ်၊ (၁၉၉၆) နိုင်ငံတော်မှ “ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ” ဘွဲ့ကိုဆက်ကပ်ခဲ့သည်။ သီတဂူ ကမာ္ဘ့ဗုဒ္ဓတက္ကသိုလ် တွင် ပါမောက္ခအဖြစ် ဆောင်ရွက်ကာ Department of Language Studies တွင် English Diploma Class နှင့် B.A တန်းများရှိ ဘာသာရပ်များကို လည်းကောင်း၊ အမေရိက၊ကိုရီးယား၊မက္ကဆီကို၊ဂျာမဏီ၊ပြင်သစ် စသောနိုင်ငံများမှ ကျောင်းသား/ကျောင်းသူများအား ပါဠိဘာသာ၊အဘိဓမ္မာ ဘာသာရပ်များကို လည်းကောင်းသင်ကြားပို့ချပေးခဲ့သည်။
– (၁၃၅၈)ခုနှစ်၊ (၁၉၉၇) အမေရိကန်ပြည်ထောင်စု၊ဘော်လတီမိုးမြို့၊ကေလာသဝိဟရကျောင်းရှိ မြန်မာဗုဒ္ဓဘာသာဝင်တို့အား အဘိဓမ္မ ညသင်တန်းပို့ချပေးခဲ့သည်။
– (၁၃၆၀)ခုနှစ်၊ (၁၉၉၉) ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ဩဝါဒစရိယ ဧည့်ပါမောက္ခအဖြစ် ပြည်တွင်းပြည်ပကျောင်းသားများအား စာပေပို့ချပေးခဲ့သည်။
– (၁၃၆၁)ခုနှစ်၊ (၂၀၀၀) နိုင်ငံတော်မှ “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့ကိုဆက်ကပ်ခဲ့သည်။
– (၁၃၆၄)ခုနှစ်၊ (၂၀၀၃) အိနိ္ဒယနိုင်ငံ၊ မဂဓတက္ကသိုလ်မှ Ph.D ဒေါက်တာဘွဲ့ကိုရရှိခဲ့သည်။ ထိုနှစ်မှစတင်၍ ဂျာမဏီ၊ နယ်သာလန်၊ဩစတြီးယား၊အင်္ဂလန်၊ စင်္ကာပူ၊မလေးရှား၊ကိုးရီးယား နိုင်ငံများသို့ နှစ်စဉ်မပျက်ကြွရောက်၍ အဆိုပါနိုင်ငံသားများအား အဘိဓမ္မာသင်တန်းများ သင်ကြားပို့ချပေလျက်ရှိသည်။
– (၁၃၆၇)ခုနှစ်၊ (၂၀၀၆) ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။
– ယခုအခါ ဒေါက်တာ ဘဒ္ဒန ္တနန္ဒမာလာဘိဝံသ သည်စစ်ကိုင်းမြို့ မဟာသုဗောဓာရုံစာသင်တိုက် ၏ပဓာနနာယကဆရာတော် တာဝန်၊ သီတဂူ ကမာ္ဘ့ဗုဒ္ဓတက္ကသိုလ် တွင် ပါမောက္ခချုပ်တာဝန်များကို ထမ်းဆောင်ရင်း Diploma သင်တန်းများနှင့် B.A ပ၊ဒု၊တတိယ နှစ်များတွင် စာပေပို့ချပေးတော်မူခြင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ်၊အပြည်ပြည်ဆိုင်ရာ အဘိဓမ္မာမဟာသိပ္ပံ ပါမောက္ခချုပ် အဖြစ် တာဝန်ထမ်းဆောင်ရင်း လူသားများအကျိုးအတွက် တရားဓမ္မများဟောပြောခြင်းဖြင့် သာသနာပြုလျက်ရှိသည်။

 

**************************************************

 

 

 

Dhamma Talk Audio

 

 

********************************************************

အောက်ပါ တရားတော်များသည် ဆရာတော်ကြီးမှ အလင်းတန်းတရားဖြန့်ချီရေးနှင့်

ပြန်လည် စီစဉ် ထုတ်ဝေထားသော တရားတော်များ ဖြစ်ပါသည်

********************************************************

 

ပါမောက္ခချုပ်ဆရာတော်ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
ဟောကြားတော်မူအပ်သောတရားတော်များ (အတွဲ -၁ )

DVD MP3 -01

 

ဖိုင်အမှတ်စဉ် – ၁

၀၀၁။ ဓမ္မသင်္ဂဏီကျမ်း

၀၀၂။ ဓမ္မသင်္ဂဏီကျမ်း

၀၀၃။ ဓမ္မသင်္ဂဏီကျမ်း

၀၀၄။ ဓမ္မသင်္ဂဏီကျမ်း

၀၀၅။ ဓမ္မသင်္ဂဏီကျမ်း

 

ဖိုင်အမှတ်စဉ် – ၂

အဘိဓမ္မာဒေသနာတော်ကြီး

၀၀၆။ အဘိဓမ္မာမြတ်ဒေသနာ

၀၀၇။ သမ္ဗုတိသစ္စာနှင့်ပရမတ္တသစ္စာ

၀၀၈။ ရုပ်တရားကိုလေ့လာသုံးသပ်ခြင်း (၁)

၀၀၉။ ရုပ်တရားကိုလေ့လာသုံးသပ်ခြင်း (၂)

၀၁၀။ နာမ်တရားကိုလေ့လာသုံးသပ်ခြင်း

၀၁၁။ စိတ်ကိုလေ့လာသုံးသပ်ခြင်း

၀၁၂။ စိတ်ကိုအမှီပြုအင်အားစုများ

၀၁၃။ စိတ်၏အညစ်အကြေးများ

၀၁၄။ စိတ်ဖြူစင်မှုအင်အားစုများ(၁)

၀၁၅။ စိတ်ဖြူစင်မှုအင်အားစုများ(၂)

၀၁၆။ စိတ်ဖြစ်ပုံကိုလေ့လာခြင်း (၁)

၀၁၇။ စိတ်ဖြစ်ပုံကိုလေ့လာခြင်း (၂)

၀၁၈။ စိတ်၏အာရုံများနှင့်ဆောင်ရွက်မှုကိစ္စများ

၀၁၉။ စိတ်ဖြစ်စဉ်ကိုလေ့လာခြင်း (၁)

၀၂၀။ စိတ်ဖြစ်စဉ်ကိုလေ့လာခြင်း (၂)

၀၂၁။ စိတ်ကိုအာရုံနှင့်လေ့ကျင့်ခြင်း

၀၂၂။ သတ္တဝါတို့၏(၃၁)ဘုံ

၀၂၃။ ဘဝနိဂုံးသေဆုံးခြင်း

၀၂၄။ဘဝသစ်၌ပြန်လည်မွေးဖွားခြင်း

၀၂၅။ နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်း

 

ဖိုင်အမှတ်စဉ် – ၃

၀၂၆။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၂၇။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၂၈။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၂၉။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၀။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၁။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၂။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၃။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၄။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

၀၃၅။ သဘာဝတရားကိုအစုလိုက်လေ့လာခြင်း

 

ဖိုင်အမှတ်စဉ် – ၄

၀၃၆။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၃၇။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၃၈။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၃၉။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၀။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၁။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၂။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၃။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၄။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၅။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၆။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၇။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၈။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၄၉။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၀။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၁။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၂။ ပဋ္ဌာန်းမြတ်ဒေသနာ

၀၅၃။ ပဋ္ဌာန်းမြတ်ဒေသနာ

 

ဖိုင်အမှတ်စဉ် – ၅

၀၅၄။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၅။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၆။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၇။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၈။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၅၉။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၀။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၁။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၂။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၃။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၄။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၅။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၀၆၆။ ပဋိစ္စသမုပ္ပါဒ်ကိုပဋ္ဌာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

 

ဖိုင်အမှတ်စဉ် – ၆

၀၆၇။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (နိဒါန်း)

၀၆၈။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ကာယာနုပဿနာ)

၀၆၉။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ဝေဒနာနုပဿနာ)

၀၇၀။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ်(စိတ္တာနုပဿနာ)

၀၇၁။ မဟာသတိပဋ္ဌာနသုတ်အနှစ်ချုပ် (ဓမ္မာနုပဿနာ)

 

ဖိုင်အမှတ်စဉ် – ၇

၀၇၂။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၁)

၀၇၃။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၂)

၀၇၄။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၃)

၀၇၅။ နိဗ္ဗာန်တံခါးကြီးဖွင့်တော်မူပါ (၄)

 

ဖိုင်အမှတ်စဉ် – ၈

၀၇၆။ သစ္စဒေသနာဓမ္မစကြာ (၁)

၀၇၇။ သစ္စဒေသနာဓမ္မစကြာ (၂)

၀၇၈။ သစ္စဒေသနာဓမ္မစကြာ (၃)

၀၇၉။ သစ္စဒေသနာဓမ္မစကြာ (၄)

၀၈၀။ အနတ္တလက္ခဏသုတ်အနှစ်ချုပ်

 

ဖိုင်အမှတ်စဉ် – ၉

၀၈၁။ အမြိုက်ရေစင

၀၈၂။ လူ့ပြည်ရောက်နတ်တမန်များ

၀၈၃။ ရတနာသုံးရပ်အမြဲဆည်းကပ်သည့်ဥပါသကာ

၀၈၄။ အက္ခဏ သုတ္တန

၀၈၅။ အဘယ သုတ္တန

၀၈၆။ သမာပတ္တိ သုတ္တန

၀၈၇။ သမာပတ္တိ သုတ္တန်

၀၈၈။ ရှင်သာရိပုတ္တရာမထေရ်မြတ်၏နှမတော်တို့၏ဓမ္မအမြင်များ

၀၈၉။ ကတ္တာရုဇာတ်

၀၉၀။ ရှင်သာရိပုတ္တရာမထေရ်မြတ်၏သာသနာေတာ်အရေးလျှောက်ထားချက်

၀၉၁။ အမြတ်ရတနာ ဥပါသကာကျင့်စဥ

၀၉၂။ အမတာဘိသေက

၀၉၃။ နိဗ္ဗာန်လမ်းပေါ်မှအဆီးအတားများ

၀၉၄။ ကိုယ့်နေရာကိုယ်နေကြ

၀၉၅။ ဗုဒ္ဓအလိုကျနေထိုင်နည်း

၀၉၆။ ဃဋိကာရ သုတ္တန

၀၉၇။ အဒိတ္တာဇာတ်

၀၉၈။ ဓမ္မသည်သာကိုးကွယ်ရာ

၀၉၉။ ပမာဒနှင့်အပမာဒ

၁၀၀။ စိတ်အကြောင်း

၁၀၁။ နတ်ပြည်မှအမှာစကား

၁၀၂။ ဒကာရင်းကိုကယ်တင်ခြင်း

၁၀၃။ ကာလာမသုတ္တန

၁၀၄။ ဘဝကိုအလှဆင်မည့်သ

၁၀၅။ စိတ်ဓါတ်ခွန်အားမြင့်တင်ထား

၁၀၆။ သောတပန်၏ဘဝရုပ်ပုံလွှာ

၁၀၇။ ဩဝါဒနှင့်အမေးအဖြေ

၁၀၈။ဘဝအသွင်ကိုုဓမ္မအမြင်ဖြင့်ေလ့လာခြင်း

၁၀၉။ အကောင်းဆုံးသောညတစ်ည

၁၁၀။ ဃဋိကာရ၏ဘဝတစ်စိတ်သမိုင်းပုံရိပ်များ

၁၁၁။ ကိုးကွယ်ရာအမှန်တရား

၁၁၂။ လူထဲကလ

 

ဖိုင်အမှတ်စဉ် – ၁၀

၁၁၃။ ဓမ္မနုပဿနာ

၁၁၄။ အကျင့်မှန်မှနိဗ္ဗာန်ရ

၁၁၅။ ယနေ့လူသားများရဲ့မနက်ဖြန်ကမ္ဘာ

၁၁၆။ ရှစ်ယောက်နှင့်တစ်ယောက

၁၁၇။ တရားမြင်မှဘုရားမြင်မည

၁၁၈။ စိတ္တာနုပဿနာ

၁၁၉။ ဆပ်ကပွဲမှရသောတရားတစ်ပုဒ်

၁၂၀။ ရန်ရှင်းမှရန်ကင်းမည်

၁၂၁။ ဩဃတရဏ

၁၂၂။ အရှင်အာနန္ဒာ၏အလွမ်းစကားနှင့်ြမတ်ဗုဒ္ဓ၏ဩဝါဒတရား

၁၂၃။ ဘဝခရီးဝယ်ရွေးချယ်ရမည့်လမ်း

၁၂၄။ လက်တွေ့ဘဝကိုပဠာန်းနည်းဖြင့်လေ့လာသုံးသပ်ခြင်း

၁၂၅။ ဓါတုဝိဘင်္ဂသုတ်အနှစ်ချုပ်

၁၂၆။ ဆန္ဒဓိပတ

၁၂၇။ အလောင်းတော်သုမေဓါ၏ဘဝအပေါ်ရှုမြင်သုံးသပ်ချက

၁၂၈။ မြတ်သောဥစ္စာစုဆောင်းပါ

၁၂၉။ မနုဿဓမ္မနှင့်ဥတ္တရိမနုဿဓမ္မ

၁၃၀။ အရှုံးအမြတ

၁၃၁။ ယဉ်ကျေးလိမ္မာသင်တန်း

၁၃၂။ ဘဝနှင့်နိဗ္ဗာန

၁၃၃။ အကာကိုပြစ်၍အနှစ်ကိုရှာ

၁၃၄။ အမြင်မှန်

၁၃၅။ အစွဲဖြုတ

၁၃၆။ ထာဝရတွေးထားရမယ့်ဘဝအရေးများ

၁၃၇။ လက်တွေ့ဘဝကိုပဋိစ္စသမုပ္ပါဒ်နည်းြဖင့်ဆင်ခြင်သုံးသပ်ခြင်း

၁၃၈။ ဩကာသရှင်းတန်း

၁၃၉။ မှန်ကန်သောကြိုးပမ်းအားထုတ်မှု

၁၄၀။ ဩဃလေးဖြာသံသရာ

၁၄၁။ အမျက်ဖြေ

၁၄၂။ ယနေ့ကမ္ဘာကြီး၏နောက်ဆုံးနေ့များ

၁၄၃။ ဒိဠေ ဒိဠေ မတ္တံ

၁၄၄။ သူတော်ကောင်းတရားတည်တန့်ပြန့်ပွါးရေး

၁၄၅။ ပညာမဲ့သဒ္ဒါ-၁

၁၄၆။ ပညာမဲ့သဒ္ဒါ-၂

၁၄၇။ ဆင်းရဲတွင်းမှလွတ်ကင်းခြင်း

၁၄၈။ (၂၅၉၇) ကြိမ်မြောက် ဓမ္မစကြာအခါတော်နေ

၁၄၉။ ဘဝ၏ဝန်ထုတ်ဝန်ပိုးများ

၁၅၀။ လောဘနှင့်အလောဘ

၁၅၁။ ဘဝသံသရာ

၁၅၂။ အသိသုံးပါး နှင့်အမေးအဖြေ

2 comments

  • koyinmaung

    October 20, 2011 at 8:29 am

    ဆရာတော်ကြီး၏ ထေရုပတ္တိ နဲ့တရားများကိုခုလိုညွှန်ပြပေးတဲ့အတွက်
    ကိုခိုင်ရေကျေးဇူးပါဘဲ…..

  • aye.kk

    October 20, 2011 at 9:19 am

    နောင်ကိုလဲသိသမျှဖော်ပြပေးပါနော်
    ကျေးဇူးတင်ပါတယ်

Leave a Reply