ကျွန်တော်တို့နိုင်ငှံနှင့် ပတ်သက်သမျှ

kanjosanOctober 20, 20111min610

ကျွန်တော်တို့နိုင်ငံ အခုဆိုရင် အတော်အတန် ပြောင်းလည်းလာပြီလို့ ဆိုရမှာပါ။ ဟမ်းဖုန်းတွေ ၅ သိန်းကျော်လောက်နဲ့ရလို့ ဆက်သွယ်ရေးတွေ အဆင်ပြေလာပြီ… လိုင်းကျပ်တာကတော့ ရှိတတ်ပါတယ်… အင်တာနက်တွေလဲ ဖုန်းတွေကနေ သုံးလို့ရပါပြီ စိတ်ရှည်မှု့တော့ လိုတာပေါ့နော်.. ဘဏ်တွေလဲ အသစ်တွေဖွင့်ပြီး ATM Card တွေ သုံးနိုင်အောင် ကြိုးစားနေကြပါပြီ သုံးနိုင်မဲ့ လူတွေထဲ အခြေခံလူတန်းစာတွေ၊ အလယ်တန်းစားတွေ ပါဖို့တော့လိုတာပေါ့… လူအခွင့်အရေးတွေ၊ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့် လွတ်လပ်ခွင့်တွေလည်း ရအောင်ကြိုးစားနေကြတွေ သုံးနိုင်အောင် ကြိုးစားနေကြပါပြီ သုံးနိုင်မဲ့ လူတွေထဲ အခြေခံလူတန်းစာတွေ၊ အလယ်တန်းစားတွေ ပါဖို့တော့လိုတာပေါ့… လူအခွင့်အရေးတွေ၊ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့် လွတ်လပ်ခွင့်တွေလည်း ရအောင်ကြိုးစားနေကြပါပြီ… နိုင်ငံသားတစ်ဦးခြင်းဆီရဲ့ မကောင်းတဲ့ အကျင့်ဆိုးတွေ ပပျောက်ဖို့တော့ လိုတာပေါ့..  ရုံးတိုင်းမှာ အဂတိလိုက်စားမှု့ မရှိစေရန် ကြိုးစားဆောင်ရွက်နေကြပါပြီ အမှန်တကယ် တစ်ဦးခြင်းဆီက လိုက်နာဖို့ ဝန်ထမ်းများရဲ့ စားဝတ်နေရေး ဖူလုံစေမဲ့ ထောက်ပံ့မှု့တော့ လိုတာပေါ့… မြန်မာ့ဘောလုံးအဆင့်အတန်း မြင့်မားလာအောင် ဆွေးနွေးပွဲများ ကျင်းပပြီး ဆောင်ရွက်နေကြပါပြီ.. မှန်ကန်တဲ့ နည်းလမ်းကို ရွေးချယ်နိုင်ဖို့တော့ လိုလာပြီပေါ့..

ကျန်တဲ့ အပိုင်းတွေကိုလည်း နိုင်ငံသား တစ်ဦးအနေနဲ့ သိသင့်တာများကို မျှဝေပြီး ဆွေးနွေးစေလိုပါတယ်…