ရန်ကုန်တိုင်း တောင်ပိုင်းခရိုင် မထသ – အုပ်ချုပ်ရေးမှူးများ ပြောင်းလွဲသင့်ပြီး……

Joker GyiOctober 20, 20111min1107
-
ပြောင်းလွဲပေးရန်

ပြောင်းလွဲသင့်ပြီး………

 

19.10.2001 ဗုဒ္ဓဟူးနေ့ 1:30 အချိန်ခန့် တောင်းပန်ခရိုင်း မထသ-  ဥက္ကဌ ဒုတိယ ဗိုလ်မှူးကြီး (ငြိမ်း) အောင်မြင့် မထသ- ဌာန ခွဲ ( ၅) မှ ဗိုလ်ကြီး(ငြိမ်း) ကျော်စိုးမိုးတု့ိအဖွဲ့သည် တွံတေးမှ လှိုင်းသာယာ အဝိုင်းသို့  ပြေးဆွဲနေသည့်    ကက / ( Taxi)  ယဉ်ငယ်များ ခရီးသည်များ အမြန် လွယ်ကူစွာ လာနိုင်ရေးအတွက် ညှိနိုင်ဈေးနှင့် 11.10.2011 ရက်နေ့တွင် စတင်ပြေးဆွဲလျက် ရှိခဲ့ပါသည်။ ကက/( Taxi ) ယဉ်ငယ်များ ပြေးဆွဲခြင်းကို ရန်ကုန်တိုင်း တောင်းပိုင်းခရိုင်းမထသ- ဒုတိယ ဗိုလ်မှူးကြီးအောင်မြင့်( ငြိမ်း ) မထသ – ဌာနခွဲ (၅) ဗိုလ်ကြီးကျော်စိုးမိုး (ငြိမ်း) တို့မှ တွံတေး လှိုင်းသာယာ ကို ပြေးဆွဲနေသည့်( Taxi ) များ မပြေးဆွဲရန် တားမြစ်ခဲ့ပါသည်။ ကျွန်တော်တို့ တွံတေး ကက / (Taxi) ယဉ်ငယ်များ တွံတေးမှ လှိုင်းသာယာတို့ ပြေးဆွဲ ခွင့် မရှိဘူးလား?   ( Taxi ) များပြေးဆွဲခြင်းကို မထသ- မှ တားမြစ်ပိုင်ခွင့် ရှိပါသား?   ခေတ်နဲ့အညီ မထသ/ လူကြီး မင်းများ ပြောင်းလွဲသင့်ပါသည်။

  တွံတေးမြို့နယ် ကက / Taxi ကော်မတီးအဖွဲ့

 

 

 

 

 

7 comments

  • etone

    October 20, 2011 at 11:09 am

    တွံတေးကနေ လှိုင်သာယာကို အလုပ်လာလုပ်နေတဲ့လူတွေအတွက် ဒီကားတွေကိုပဲ အားကိုးနေရတာ … ။
    အခုလိုတားမြစ်ပြီး သူတို့ သွားရေးလာရေး အဆင်ပြေဖို့ ဘာများလုပ်ပေးမလဲ သိတော့သူချင်သား ။

  • နွယ်ပင်

    October 20, 2011 at 12:42 pm

    Taxi တွေကို ဒီလိုတားမြစ်ထားတယ်ဆိုရင် သူတို့က ဒီထက်ပို အဆင်ပြေအောင် ဘယ်လို လုပ်ပေးမှာမို့လို့လဲ
    သိချင်လိုက်တာနော ်….

  • lwinmg

    October 20, 2011 at 5:11 pm

    ရန်ကုန်တိုင်း တောင်ပိုင်းခရိုင်တစ်ခုထဲ မှ မဟုတ်ဘူး ဟိုးအရင်ကတည်းက ပဲ
    ကြီးစိုး အာဏာပြ နေဆဲဖြစ်တဲ့ မထသ ဥက္ကဋ္ဌ (အုပ်ချုုပ်ရေးမှုး) များ အားလုံးကို
    ပြောင်းလဲ သင့်ပြီဖြစ်ပါကြောင်း ..။

  • thargyi

    October 20, 2011 at 5:41 pm

    ဒီလိုမျိုးလူတွေ မြန်မြန်ပြောင်းလေ ပိုကောင်းလေပဲ….:)

  • oakermg

    October 20, 2011 at 6:42 pm

    မထသ အုပ်ချုုပ်ရေးမှုး သက်တမ်းရင့်သူတွေကို ဖယ်ရှားနိုင်လေ ကောင်းလေပါ..၊
    သက်တမ်းရင့်အများစုက အလွဲသုံးစားမှုတွေ ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်
    တတ်သူတွေမို့ ဖြုတ်ထုတ် သင့်ပါသည်..။

  • ပေါက်ဖော်

    October 20, 2011 at 7:18 pm

    ပြောင်းပလိုက်ကြပါဗျာ
    မကူညီတဲ့အပြင် နှောင့်ယှက်ချင်တဲ့ လူတွေ..
    တွံတေးတင်မဟုတ်ဘူး..တခြား..ဆက်သွယ်ရေးအဆင်မပြေသေးတဲ့..
    ဒီလိုခရီးမျိုးတွေအတွက်..ဒီလိုကားတွေရှိသင့်တယ်….
    အမှန်ဆို..မထသက အဆင်ပြေအောင် စီစဉ်ပေးထားရမှာ..
    ခုတော့…..
    ဟွန် ့ 😯

  • Joker Gyi

    October 21, 2011 at 9:09 am

    ဒီပို့ မှာစလုံးပေါင်းအမှားပါသွားအတွက် အားလုံးကိုပဲတောင်းပန်ပါတယ်ခင်ဗျာ စားလုံးပေါင်းမှားသွားတဲ့အတွက် နောက်ထက်ထက်တင်ပေးထားပါတယ် အမှားများပါသွားရင် အားလုံးကိုတောင်းပန်ပါတယ်…….

Leave a Reply