မေးကြည့်မယ် ဖြေကြည့်ပါ။

black chawOctober 20, 20111min16614

ဓါတ်ပုံလေးတစ်ပုံ ပြပြီး မေးခွန်းလေး နည်းနည်းမေးချင်တယ်။

၁။ ဓါတ်ပုံရိုက်ထားတာ ဘယ်နေရာ လဲ။

၂။ ဓါတ်ပုံဆရာက ဘယ်နေရာကနေ ရိုက်ထားတာလဲ။

ဒါလေးဖြေယုံပါပဲ။

အရင်ဆုံး မှန်အောင်ဖြေနိုင်တဲ့ ယောကျင်္ားလေးရဲ့ အိပ်မက်ထဲကို

အီတလီ မင်းသမီး မိုနီကာဘယ်လူချီ က အလည်လာပေးပါလိမ့်မယ်။

အိပ်မက်ထဲရောက်မှတော့ ဘာလုပ်လုပ်ပေါ့ဗျာ။

အရင်ဆုံး မှန်အောင် ဖြေနိုင်တဲ့ မိန်းကလေးရဲ့ အိပ်မက်ထဲကို

ဘောလုံးသမားလေး စီရော်နယ်ဒို က အလည်လာပေးပါလိမ့်မယ်။

ဖြေကြည့်ပါဗျာ။ လွယ်လွယ်လေးပါ။

14 comments

  • “ဘီလူးကြီး”ogre

    October 20, 2011 at 1:02 pm

    ဟားဟားဟား …ဘလက်ချောရယ် ဒါလေးများ
    းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    (သိဘူးဗျ) :p

  • manawphyulay

    October 20, 2011 at 1:18 pm

    ဒါလေးများ ဘဘချောကြီးရယ်….
    ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းက ပုံဖြစ်ပြီး ရိုက်ထားတာက ဂျပ်ဆင်အပေါ်က ရိုက်ထားတာလို့ မြင်မိတာပါပဲ
    အောက်ဆုံးက တဲသေးသေးလေးက ဂျပ်ဆင်ပေါက်ကနေဖြတ်ဝင်တဲ့နားက အစောင့်တဲလေးဖြစ်ပြီး ဟိုဘက်ကတော့ ခုဘွဲ့အတွက်ဖောင်တင်၊ ဖောင်ဖြည့်လုပ်ရတဲ့ဘက်နဲ့ RC ခေါင်းမိုးကိုရယ် စီးပွားရေးဆောင်တွေရယ်၊ ကျောင်းဆောင်တွေရယ် အားလုံးကို အပေါ်ကစီးပြီးရိုက်ထားတဲ့နေရာကတော့ ဂျပ်ဆင်ပေါ်ကဖြစ်ပါတယ်။ ထွက်နေတဲ့အရိပ်ထိပ်လေးက ဂျပ်ဆင်အမိုးထိပ်လေးဖြစ်ပါတယ်။ ဟုတ်တယ်ဟုတ်…..

    • Foreign Resident

      October 20, 2011 at 1:25 pm

      ဟုတ်မယ် ။
      ညာခြမ်းကဟာကြီးက Recreation Centre ။
      မနောက အရမ်းတော်တာပဲ ။ 😛

  • pan pan

    October 20, 2011 at 1:52 pm

    စီရောနယ်ဒိုတော့ မလာခိုင်းပါနဲ့ဦးချောရယ်
    ဘယ်သူ့မှ မလာခိုင်းပါနဲ့
    အဲဒီ ဓါတ်ပုံရိုက်ထားတဲ့နေရာပဲ ရောက်ချင်တယ်
    အဲဒီပေါ် တက်ချင်တယ်

  • စုံ စုံ

    October 20, 2011 at 2:02 pm

    မှန်အောင်တော့ဖြေမလို့ဘဲ
    မှန်ရင်လာမယ့်သူကစီရော်နယ်ဒိုဆိုတော့မဖြေတော့ဘူး
    လီမင်ဟိုလေးလာမယ်ဆိုဟုတ်တုတ်တုတ် 😛

  • နွယ်ပင်

    October 20, 2011 at 2:09 pm

    အဟမ်း ဟမ်း ဖြေရမယ်ဆိုရင်တော့ ……
    ဒီနေရာက ဟိုနေရာလေ အင်း …….သိသလိုလိုပါပဲ အင်းးးးးးးးးးးးးးး
    စဉ်းစားလို့ရတော့ဘူး …………. 😀

  • Diamond Key

    October 20, 2011 at 2:15 pm

    ၁။ မြန်မာနိုင်ငံ

    ၂။ အမြင့်က

    ဒါလေးများ…..လာလေ့

    အိပ်မက်ထဲဆီ မိုနီကာဘယ်လူချီ ။ း)

  • ပေါက်ဖော်

    October 20, 2011 at 2:56 pm

    အင်းယား ကန်ကြီးတော့ တွေ ့ပဟ 😯
    မှန်လဲ အိပ်မက်ထဲပဲတွေ ့ရမှာဆိုတော့….ဖြေရတာအားလျော့သွားဒယ်..
    မင်းသမီးနဲ ့..အပြင်မှာပေးတွေ ့ရင် ဟုတ်တုတ်တုတ်
    😆

  • we R one

    October 20, 2011 at 3:21 pm

    ရန်ကုန် တက္ကသိုလ် ပါ….. ဘယ်နေရာက ရိုက်လဲထားလဲ ဆိုတော့ မမနောပြောသလို.. ဂျင်ဆင်ပေါ်က ရိုက်ထားဖြစ်နိုင်တယ်..။

  • Nyein

    October 20, 2011 at 4:24 pm

    သိသားဘဲ….အဲဒီနေရာက ဟိုနားမှာ ရှိတာလေ……ဟိုနေရာပေါ့…ဟုတ်တယ်ဟုတ်….ဟဲဟဲ…သိဘူး….

  • blackchaw

    October 20, 2011 at 6:18 pm

    ဟားဟား manawphyulay က အတိအကျပါပဲလား။
    အစောင့်တဲလေးတောင် သိနေတယ်။
    ကဲဗျာ။ ဒီည အိပ်ပျော်အောင်အိပ်ပါ။
    ခင်ဗျား အိပ်မက်ထဲကို စီရော်နယ်ဒို လွှတ်လိုက်ပါ့မယ်။
    ဟားဟားဟား။ စတာပါဗျာ။

  • kocho

    October 20, 2011 at 6:29 pm

    Happy Birthday!!! လိုအင်ဆန်တအရာရာပြည့်စုံပါစေဗျာ

  • windtalker

    October 20, 2011 at 10:03 pm

    မွေးနေ ့စာနဲ ့ပုံများကို ကြည့်ပြီး ပြီဆိုတော့
    ဖြေစရာ မလိုတော့ပါဘူးပေါ့နော်
    ဒါနဲ ့
    အိပ်မက်ထဲကို မနက်ဖန် ငွေသေချာပေါက်ရမယ့် အကြောင်းအရာ အမှန်တွေ ပဲ
    လာစေချင်တယ်ဗျာ
    🙂

  • aanyar thar

    August 23, 2012 at 8:04 pm

    ၁။ ဓါတ်ပုံရိုက်ထားတာ ဘယ်နေရာ လဲ။..(ကင်မရာရဲ့ရှေ့..မှာပါ)

    ၂။ ဓါတ်ပုံဆရာက ဘယ်နေရာကနေ ရိုက်ထားတာလဲ။..(ကင်မရာရဲ့ နောက်ကနေ ရိုက်ထားပါတယ်..)

Leave a Reply