Online ပေါ်မှာ အမြန်ဆုံး Animation လုပ်ချင်သူများအတွက်

manawphyulayOctober 20, 20111min1098

ကလေးတွေရဲ့ Animation Site ဆိုပြီးအထင်သေးလို့မရပါဘူး။ Kidzdom မှာ View Menu ကိုဖွင့်လိုက်ရင် Tutorial လေးတွေကိုအခြေခံကစပြီးသင်ကြားပေးမှာပါ။ Animation အရုပ်ကလေးများရဲ့ အခြေခံသဘောတရားကို ဒီ Site မှာလေ့လာပြီး တခြား Loading လွယ်တဲ့ Site တွေမှာ လုပ်ဆောင်ရင် အဆင်ပြေပါတယ်။

ကိုယ့်စိတ်ကြိုက် Animation တစ်ခုကို အဆင့် (Step) အနည်းငယ်နဲ့ဖန်တီးပြီး သူငယ်ချင်းဆီ Mail ပို့လို့ရပါတယ်။ ပထမဆုံး Background ရွေး။ ပြီးရင် Object ထည့် ဒီနောက်မှာတော့ Move တစ်ခုခုလုပ်ပြီးရင် Email ပို့ပေါ့

ဒီဆိုက်ကတော့ ပုံတစ်ပုံကို Upload တင် Sound Effect အနည်းငယ်ထည့် Save Animation လုပ်၊ နောက်ဆုံးမှာ Facebook သို့မဟုတ် My Space တစ်ခုခုမှာ Share လုပ်လို့ရပါတယ်။

Picasion ကတော့ အွန်လိုင်းပေါ်မှာတင် GIF Animation တွေကို လျှင်လျှင်မြန်မြန်ထုတ်ပေးရာနေရာပါ။ ကိုယ့်စိတ်ကြိုက်ပုံနှစ်ပုံကို Upload တင်ပြီးရင် Save this animation လုပ်လိုက်ပါ။ လုပ်ပြီးသား Animation တစ်ခုရပါမယ်

သူကတော့ အွန်လိုင်းပေါ်မှာ Video Editing လုပ်ရသလို Create လုပ်ရတဲ့ Site ပါ။ Machine တစ်ခုပေါ်မှာ စိတ်ကြိုက်ဖြတ်တောက် Animation လုပ်လို့ပြီးရင် တန်းဝင် Animation တစ်ခုရမှာပါ။

ဒီဆိုက်ကတော့ gickr

သူသည်လည်း ကိုယ့်စိတ်ကြိုက်ပုံ ၂ ပုံကို Upload တင်ခွင့်ပေးကာ ဖန်တီးပေးပါတယ်။ Loading နည်းနည်းကြာနိုင်ပါတယ်။

ဒီ Site ကတော့ icon animation site ပါ။ Image ကို Upload တင်ပြီးရင် icon အဖြစ်ဆက်လက်ပေါ်လွင်မှာပါ။ ပုံတစ်ပုံကို Upload လုပ်ပြီး Upload icon ဆိုရင် Animation ဖြစ်သွားပါမယ်။ နာမည်ကို Animation icon အဖြစ် အလန်းဇယားဖြစ်ချင်တယ်ဆိုရင် ဒီမှာ ခပ်လွယ်လွယ် ဖန်တီးနိုင်ပါတယ်။

8 comments

  • Diamond Key

    October 20, 2011 at 1:52 pm

    ကျေးှဇူးဗျာ။ စိတ်ဝင်စားတယ်။

  • ပေါက်ဖော်

    October 20, 2011 at 3:49 pm

    ဘွားဒေါ်ရေ..
    ကျုပ်တော့ တော်တော်များများ..အဆင်မပြေဘူးနော့်..
    တစ်ဆိုဒ်ကို Error တစ်မျိုးပြသဗျာ.
    👿

    • manawphyulay

      October 20, 2011 at 4:31 pm

      connection ကြောင့် ဖြစ်မယ် ဘဘပေါက်ဖော်…. ဒါဆို ထပ်တင်ပေးဦးမယ်။ အရင်စမ်းစမ်းပြီးမှ တင်ပေးတာပါ ဘယ်လိုဖြစ်တာပါလိမ့်….. 🙁

      • lwinmg

        October 20, 2011 at 5:15 pm

        ဟုတ်တယ်ဗျို့ ကောင်းရာမွန်ရာလေး ထပ်မံ ပြောပြပေးပါနော ။

  • ပေါက်ဖော်

    October 20, 2011 at 9:16 pm

    အပေါ်ဆုံး လင့်ခ် နှစ်ခုရယ်..အောက်ဆုံးလင့်ခ် နှစ်ခုရယ် အလုပ်မလုပ်
    အလယ်က ဆိုဒ်တွေတော့ ရတယ်..ဘွားဒေါ်
    ကျန်ရှိလူများတော့ မပြောတတ်..
    😯

    • manawphyulay

      October 21, 2011 at 10:19 am

      ဟုတ်ကဲ့ပါရှင် မနော ထပ်မံစမ်းသပ်ပြီးတဲ့ဆိုက်တွေ ထပ်ညွှန်းပေးပါဦးမယ်။ ခုတော့ ရသလောက်တော့ လုပ်ဦးနော် ဘဘဖော်ကြီး…. 😛

  • blackchaw

    October 21, 2011 at 10:31 am

    manawphyulay ရေ။
    မြန်မြန်စမ်းသပ်ပြီး၊ မြန်မြန် တင်ပေးလိုက်ပါဗျာ။
    ပေါက်ဖေါ်က စိတ်ကြီးတယ်။
    ခုချက်ခြင်းဆို ခုချက်ခြင်းမှ ကြိုက်တာ။

    • manawphyulay

      October 21, 2011 at 11:20 am

      ဟုတ်ကဲ့ပါ။ တူက အဲရိုစိတ်ကြီးတာ တိပါရယ်….

Leave a Reply