မြေထဲပင်လယ် …….

hmeeOctober 20, 20112min35724
အစ္စရေးငွေတွေပါ။ ကျောဖက်၊ ရှေ့ဖက် နှစ်ဖက်လုံး ရိုက်ထားတာပါ။
အစ္စရေးငွေတွေပါ။
ပိတ်ရက်မို့ ကမ်းခြေမှာ လူတွေအပြည့်။
Telaviv ကမ်းခြေပါ။
Telaviv ကနေ Jaffa မြို့ဟောင်းကို မြင်ရတာပါ။ ကမ္ဘာမှာ ဒုတိယ ရှေးအကျဆုံးမြို့ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၅၀၀)က မြို့ပါ။
Jaffa မြို့ဟောင်းဘက်ကနေ Telaviv ကို လှမ်းမြင်ရတာပါ။

ကမ္ဘာ့သမိုင်းမှာ သင်ခဲ့ရတဲ့  မြေထဲပင်လယ် ဆိုတာကို အခုလို မျက်မြင်တွေ့ရမယ်လို့ အိမ်မက်တောင် မမက်ဖူးပါဘူး။ အခုတော့ ကမ်းခြေမြို့ ဖြစ်တဲ့  တဲအဗီးလ် ( Tel Aviv)  မှာ နေတာဆိုတော့ မမြင်ချင်အဆုံး အမြဲကို တွေ့နေရတာ။  တဲအဗီးလ်မြို့ဟာ မြေထဲပင်လယ် အရှေ့ဘက်ခြမ်းမှာ တည်ရှိပြီး လူဦးရေ အထူအထပ်ဆုံးမြို့ပါ။  နိုင်ငံရဲ့ စက်မှု၊ စီးပွါးရေး၊ ငွေကြေးနဲ့ ယဉ်ကျေးမှု အချက်အချာကျသော မြို့ကြီးပါ။  နိုင်ငံတကာသံရုံး အများစုဟာ တဲအဗီးလ် မှာပဲ ရှိပါတယ်။ ဒီမှာက သောကြာ၊စနေ ရုံးပိတ်ပါတယ်။ သောကြာနေ့က သူတို့ရဲ့ ဥပုဒ်နေ့ပါ။ တနိုင်ငံလုံးက ဘတ်စ်ကားတွေ ၊ ရထားတွေ မထွက်ပါဘူး။ သောကြာနေ့ ညနေ(၄)နာရီကနေ စနေညနေ(၄)နာရီထိပါ။ စစ်သားတွေလည်း အဲ့နေ့မှာ အတတ်နိုင်ဆုံး အနားပေးပါတယ်။  ကမ်းခြေ၊ ပန်းခြံတွေမှာ မိသားစုလိုက်  အဖွဲ့လိုက် အနားယူကြပါတယ်။ အိမ်တွေမှာ ဆူညံတာတွေ အတတ်နိုင်ဆုံး မလုပ်ကြလို့ တိတ်ဆိတ်နေတာပါပဲ။  နေ့လည် နေပူပူကြီးမှာ ကျောဗလာတွေနဲ့  လူတွေမြင်တော့ ကျွန်မမှာ သနားမိနေပါသေးတယ်။ ဘယ့်နှယ့် ငါးခြောက်လှန်းနေသလို မြင်မိလို့ပါ။  မိုးက မရွာသလောက် ရှိတာမို့ တော်ရုံဆို ဘာအပင်မှတောင် ရှင်မှာ မဟုတ်ပါဘူး။ ဒါကို နည်းပညာ တိုးတက်လွန်းတော့ သဘာဝကို အံတုထားတာများ မယုံနိုင်စရာပါ။  နိုင်ငံ သေးသေးလေးနဲ့  သဘာဝ သယံဇာတကလည်း ဘာမှမရှိပဲ တိုးတက်နေတာ  အံမခန်းပါ။  နေရာတိုင်းမှာ စနစ်တကျမို့ အရာရာဟာ သန့်ရှင်းလှပနေပါတယ်။

ကိုနိုဇိုမီ မေးထားတဲ့ ငွေကြေးစနစ်ကို ပြောပြပါမယ်။ အစ္စရေးနိုင်ငံမှာ သုံးစွဲတဲ့ ငွေကြေးစနစ်က အစ္စရေးရှကယ် ( New Israel Shekel _ NIS ) တစ်ရှကယ်မှာ ၁၀ဝ အဂ္ဂရော့ ( Agrot) ။ ငွေစက္ကူအနေနဲ့ ၂ဝ ရှကယ်၊ ၅ဝရှကယ်၊ ၁၀ဝရှကယ်၊ ၂၀ဝရှကယ် တွေရှိပါတယ်။ ဒင်္ဂါးပြားအနေနဲ့    အသေးဆုံး  ၅ပြားစေ့၊  ၁ဝပြားစေ့ ( ကျွန်မဘာသာ ခေါ်ထားတာပါ)  အမှန်တော့ ၁ဝအဂ္ဂရော့၊၅ဝ အဂ္ဂရော့ပါ။  ၁ရှကယ်၊ ၂ရှကယ်၊ ၅ရှကယ်၊ ၁ဝရှကယ် ရှိပါတယ်။  အခု ပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို  ၃.၆ ရှကယ်ရှိပြီး တစ်ယူရိုမှာတော့  ၄.၉၄ လောက်ပေါက်ပါတယ်။

မောင်ပေ မေးတဲ့ စိုက်ပျိုးရေး အကြောင်းကို နောက်နေ့ တင်ပေးပါမယ်။

မြေထဲပင်လယ် ကမ်းခြေပါ။

24 comments

  • ပေါက်ဖော်

    October 20, 2011 at 3:16 pm

    လန်းဒယ်ဗျာ..
    ပင်လယ်ကြီးက ကြီးဂျီး..တိုက်ဂျီးတွေ လဲ..ကြီးဂျီးဘဲ

    ၁ ရှကယ်ကို မြန်မာငွေ ၃၀ဝ ပတ်ဝန်းကျင်ပေါ့နော်

    ဒါနဲ ့..ဘာလို ့မြေထဲပင်လယ်လို ့ခေါ်တာလဲဟင် 😯

    တားတားမေးတဲ့…ကောင်မလေး..လန်းလန်းလေးတွေကော ပါဝူးလားဟင် 🙄

    • windtalker

      October 20, 2011 at 9:32 pm

      တိုက်အမြင့်ကြီး ပုံအောက်၊ ဒုတိယပုံရဲ ့ ညာဘက်ဒေါင့်မှာ
      သားသားအတွက် အနက်နဲ ့ပန်းရောင် လေ
      အောက်က ဘောင်းဘီ ပန်းရောင် အရှည်နဲ ့
      ဒီလောက်ဆို သားသားကျေနပ်လောက်ပါဘီနော်

  • နွယ်ပင်

    October 20, 2011 at 3:34 pm

    လှတယ် မမှီရေ မမြင်ဘူးတာတွေရော မသိသေးတာတွေရော ပြောပြထားတာ ကျေးဇူးပါပဲ
    မြေထဲပင်လယ်က ပင်လယ်သေထက်စာရင် ကြည့်ရတာ ပိုပြီးစိုစိုပြေပြေရှိတဲ့ ပုံပဲနော်……….

  • hmee

    October 20, 2011 at 3:36 pm

    ကုန်းတွင်းပင်လယ်မို့ မြေထဲပင်လယ်လို့ ခေါ်တာပါ။ ဟုတ်ပါတယ် ဗမာငွေ ၃၀ဝ ဝန်းကျင်ပါ။ ကောင်မလေး လန်းလန်းတွေကို အနီးကပ် ရိုက်လို့ မရဘူးလေ တော်ကြာ ပြသနာတက်မှာ မီးမီးကြောက်ကြောက်ပါ။ 🙂

  • kai

    October 20, 2011 at 3:50 pm

    ဂေါတမမြတ်စွာဘုရားပွင့်တာ လွန်ခဲ့တဲ့…နှစ် ၂၅၀ဝကျော်…။
    ပုဂံ..အနော်ရထာ… လွန်ခဲ့တဲ့..နှစ်၁ထောင်လောက်…။
    Jaffaမြို့က… လွန်ခဲ့တဲ့.. နှစ် ၄၅၀၀..

    နှိုင်းကြည့်..တွေးမိတာပါ..။
    ပြောရရင်.. အဲဒီမြေထဲပင်လယ်ကို ဖြတ်ပြီး.. လွန်ခဲ့တဲ့.. နှစ်၂၀၀ဝကျော်က..အီဂျစ်ဘုရင်မကလီယိုပတ်ထရာက.. ရောမက ဂျူးလီးယက်ဆီဇာဆီ… သွားခဲ့တယ်….။ ❗

    • hmee

      October 20, 2011 at 4:12 pm

      သူဂျီး နောက်တခါ Jaffa မြို့မှာ ရှိတဲ့ ကလီယိုပက်ထွှာရဲ့ ရေချိုးခန်းနေရာ၊ နပိုလီယံတံတား နေရာတွေ တင်ဦးမယ်။ သဂျီး စဉ်းစားသလို ကျွန်မလည်း စဉ်းစားဖူးတယ်။ 😀 ပုဂံကို ရှေးကျလှပြီ ထင်တာလေ။ 🙂

    • pooch

      October 20, 2011 at 10:09 pm

      သူကြီးရေ ပုဂံထက် ရှေးကျတဲ့ မြို့တွေက တကောင်း( လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ဝ ကျော်ကတည်ခဲ့တာ )၊ ပျု ၊ ဟန်လင်း ၊ သရေ ခေတ်တရာ(လုံးဆင့်ရိုက်မရ ပါသဖြင့်) ပြီးမှ ပုဂံလာတာ။

      ပြောရရင် အခုလက်ရှိ နောက်ဆုံးဖတ်နေတဲ့ (ထူလို့ ဖြေးဖြေးချင်းနည်းလည်အောင် ဖတ်နေတာ ) စာအုပ်အရ မြန်မာပြည် အလယ်ပိုင်းမှ လူသားများသည် နှစ်ပေါင်း ၇၅၀ဝခန့်မှစပြီး ( ဘုရားမပွင့်မှီ နှစ်ပေါင်း ၅၀၀ဝခန့်) ကိုယ်ပိုင် ယဉ်ကျေးမှု ရှိနေတယ်လို့ ဆိုထားတယ်.. ..

      နောက် အခုတွေ့ထားတဲ့ ပျုမြို့ဟောင်းတွေကလည်း အချက်အလက်သစ်တွေ ရှိအုန်းမယ်လို့ထင်တယ်….
      ဒီစာအုပ်ထဲမှာ အကိုးအကားတွေ အကုန်ပါလို့ သူကိုးကားတဲ့ စာအုပ်တွေပါ လက်လှမ်းမှီသမျှ ရှာဖတ်နေလို့ တော်တော်နဲ့ ရှေ့မရောက်ဖူး….

      ဒီစာအုပ်ထဲမှာ ” မြန်မာ အစ တကောင်းက” ဆိုတဲ့ အဆိုကို ချေဖျက်ထားတယ်..မြန်မာတွေက တရုတ်ပြည်ဘက် က ဆင်းသက်လာတာဆိုတဲ့ ရှေးဟောင်းအဆိုကို လည်း စိန်ခေါ်ထားတယ်..

      ကျမအဲ့ဒါကို အရမ်းစိတ်ဝင်စားလို့ … ဒီစာအုပ်က မြန်မာ သမိုင်းနဲ့ ပတ်သတ်ပြီး နောက်ဆုံးတွေ့ရှိချက်တော်တော်များများပါတယ်.. .. ပြီးအောင်ဖတ်လိုက်အုန်းမယ်…

      သူတို့ ကမ်းခြေတွေရဲ့ အလှက မြန်မာပြည်မှာ ရှိတဲ့ ကမ်းခြေတွေနဲ့ မတူဘူးနော်
      အလှတမျိုးဆီပေါ့… မမှီရေ နောက်ဆက်ရန်တွေ မျှော်နေမယ်နော်..

  • we R one

    October 20, 2011 at 3:53 pm

    မမှီတော့ ကတော့ ရေလည် လန်းတယ်.. နေတာတောင် မြေထဲပင်လယ် နားမှာတဲ့.. တို့များကြားပဲကြားဖူးတယ်.. အခု မှ သေချာ မြင်ဖူးတော့မယ်.. မမှီကျေးဇူး….:)
    ဒါနဲ သာကြာနေ့က သူတို့ရဲ့ ဥပုဒ်နေ့ ဆိုတော့ သူတို့တွေ က မူဆလင် ဘာသာဝင် တွေ မို့လို့လား ဟငိ!

    • hmee

      October 20, 2011 at 4:20 pm

      မဟုတ်ပါဘူး we R one ရယ်။ ဂျုးက ဂျုးဘာသာ သတ်သတ်ပါ။ ဂျုးဘာသာကမှ ခရစ်ယာန်နဲ့ အစ္စလာန်ဘာသာ နှစ်ခု ပေါက်ဖွားလာတာပါ။ ဂျုးဘာသာမှာ တန်ဖိုး အရှိဆုံးက Torah ကျမ်းစာပါ။ ဓမ္မဟောင်းကျမ်းလာ ပထမငါးကျမ်းကို ဂျုးတွေက Torah (တိုရာ) လို့ ခေါ်တာပါ။ ဘာသာတွေနဲ့ ပတ်သက်တာတွေကို ဂျေရုစလင်မြို့ အကြောင်းတင်မှ သိသလောက်လေး ရေးမလို့ပါ။

  • blackchaw

    October 20, 2011 at 4:01 pm

    မနေ့က ပင်လယ်သေ၊
    ဒီနေ့မြေထဲပင်လယ်
    hmee ရေ။
    လက်စသတ်တော့
    ခင်ဗျားက ပင်လယ်နဲ့တူသောမိန်းမပါလားဗျာ။ ဟားဟား။

    • kai

      October 20, 2011 at 4:40 pm

      ဂျူးမမ.. အဲ..အဲ.. မှီမမရေ…
      ဘလက်ချောကို.. မွေးနေ့အမှီ.. ပင်လယ်ကနေ.. သဲကန္တာရထဲ.. အဲ..အဲ.. သဲပင်လယ်ထဲ….သွားပစ်ချလိုက်…။

      နွေခေါင်ခေါင်… ကုန်းမြေကြီးထဲက.. ..အပင်ရှားတဲ့.အုပ်စီမြို့တွေအကြောင်း.. ရေးပေးဖို့…ပြောတာပါနော…။ 😆

  • nozomi

    October 20, 2011 at 4:41 pm

    ပင်လယ်နဲ့ တူသောမိန်းမများက ဂျူးဝတ္ထုတွေထဲက အကြိုက်ဆုံးတစ်အုပ်ပဲဗျ တကယ်ကောင်းတာ

    မမှီ ပိုက်ဆံ တွေမှာ အစင်းတွေက များလှချေလား ဘာတွေလဲ ( အညို အပြာတွေလေ )
    ရေစာဆိုလဲ တစ်ခုဆို လုံလောက်မှာပါ

    ဒီ အတိုင်းဆို ကံကောင်းစွာနဲ့ အရှေ့အလယ်ပိုင်း ဇာတ်လမ်းတွဲ နေ့တိုင်း ဖတ်ရတော့မှာပေါ့
    နောက်ဟာတွေ ဖတ်ဖို့လဲ အဆင်သင့်ပါ

    မော့ဆက်အကြောင်းလေးလဲ သိသလောက်မျှပါဦး မော့ဆက်နဲ့ ပြည်သူလုထု ဆက်ဆံရေး လေးပေါ့

  • hmee

    October 20, 2011 at 5:30 pm

    ဟုတ်ကဲ့ပါ သဂျီး နောက်ပို့စ်တွေမှာ ကျွန်မ ရောက်ခဲ့ဖူးတဲ့ မြို့တွေ အကြောင်းတင်ပေးပါ့မယ်။ ဒါပေမဲ့ ကျွန်မက အတိအကျ စာရင်ဇယားနဲ့ သိလို့ ရေးတာ မဟုတ်ပဲ ကျွန်မ မြင်သလောက် သိသလောက်လေးပဲ ရေးချင်တာပါ။ ဂူဂယ်ကနေ ရှာပြီး အကြောင်းအရာ ခိုင်ခိုင်လုံလုံနဲ့တော့ ရေးတတ်မှာ မဟုတ်လို့ သည်းခံပြီး ဖတ်ပေးဖို့ ကြိုတင်တောင်းပန်ပါတယ်။ ကိုနိုဇိုမီရေ ရေစာကတော့ တကြောင်းပဲ ပါတာပါ။ သုံးပုံတပုံလောက်မှာ ကန့်လန့်တကြောင်းပဲ ပါပါတယ်။ ကျန်တာတွေက အကွက်လေးတွေ လုံခြုံရေး အတွက် design လုပ်ထားတယ် ထင်တာပဲ။ သူတို့ပိုက်ဆံသားဟာ စက္ကူသားကြည့် မဟုတ်ပဲ ပလပ်စတစ်သားပါပါတယ်။ ရေစိုခံတယ် တော်ရုံမပြဲဘူး မတွန့်ကြေဘူး။ ကျွန်မတို့ဆီက ပိုက်ဆံလို ကြေနေလို့ မီးပူတိုက်မရဘူးနော် ပလပ်စတစ်မို့ တခါတည်း တွန့်သွားပါရော။ ကျွန်မကတော့ ရောက်စက ပိုက်ဆံမြင်တော့ ဂျာနယ်နဲ့တူတယ်တောင် ပြောမိသေးတယ်။ 🙂

  • padonmar

    October 20, 2011 at 9:24 pm

    ဒီလောက်စစ်ဖြစ်တဲ့ အရှေ့အလယ်ပိုင်းမှာ နှစ်ပေါင်း၄၅၀ဝ ကမြို့ကို မပျက်စီးအောင် ထိန်းသိမ်းထားတာကို ချီးကျူးပါတယ်။

    • hmee

      October 21, 2011 at 12:59 pm

      pandomar ရေ လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၀၀၀)ကမြို့လည်းရှိပါသေးတယ်။ (Jericho) ဆိုတဲ့မြို့ပါ။ သူကတော့ အာရပ်တွေနေတဲ့ (West Bank) မှာရှိတာပါ။ မရောက်ဖူးပါဘူး။ စစ်ဖြစ်တယ်ဆိုတာက နယ်စပ်တွေမှာပဲ ရံဖန်ရံခါ ကြားရတာပါ။ မြို့တွေမှာတော့ အေးဆေးပါပဲ။

  • မမှီရေ
    ပုံတွေက မိုက်မှမိုက်။
    ကျနော်ကတော့ အဲဒီနိုင်ငံတွေကို ဒီတစ်သက်တော့ ရောက်ဘူးမယ်မထင်ပါဘူူးဗျာ။

  • weiwei

    October 20, 2011 at 10:58 pm

    ဗဟုသုတလဲစုံ မြင်ကွင်းတွေလဲစုံနေတာပဲမို့ အရမ်းကောင်းပါတယ် …
    ဝတ္ထုတွေထဲမှာသာ ရင်းနှီးဖူးတဲ့ နေရာတွေကို ဓါတ်ပုံမြင်လိုက်ရတော့ ပိုပြီး ပြည့်စုံသွားတယ် …
    နောက်ပို့စ်တွေလဲ အားပေးပါအုန်းမယ် …

  • oakermg

    October 21, 2011 at 12:03 am

    ငွေက စင်္ကာပူ ငွေလိုပဲ ပလတ်စတစ် ရောသုံးတာ တူနေတယ်ပေါ့နော်…၊
    အေးဗျာ… မမြင်ဖူးတာတွေမြင်ရတော့ အရမ်းကိုကောင်းတာပါပဲ…၊
    ဘာတွေ ရေးတင်ဦးမလဲ အားပေး စောင့်မျှော်နေပါ့မယ်…။

  • ကြောင်ကြီး

    October 21, 2011 at 10:55 am

    တခါ တီဗွီထဲမှာ ကြည့်လိုက်ရတယ်။ အစ္စရေးတွေက ပင်လယ်ရေငံတွေကို မြစ်ဝမှာ ကျောက်တုံး၊ ရေမှော်ရေညှိ အစစ်အတုတွေ ထပ်ထပ်ခံပြီး စိုက်ခင်းတွေ၊ သုံးရေတွေအတွက် ရေချိုဖြစ်အောင် ပြောင်းသွယ်ယူတာ။ ဂျူးမတွေက အသားအရည်ကြမ်းသလိုပဲ။ ဒါနဲ့ Telaviv ကမ်းခြေပါ ခေါင်းစဉ်ဓာတ်ပုံထဲက ရေကူးဝတ်စုံအမဲနဲ့ ပင်လယ်ဖက်ကို ခြေဆင်းပေးထိုင်နေတာ အန်တီမှီထင်တယ်နော်….။ 😀

  • etone

    October 21, 2011 at 2:56 pm

    မမှီရေ မြေထဲပင်လယ်ဆိုတာ ဒီလိုမျိုးကြီးကိုး … ပင်လယ်နဲ့ ထိစပ်နေတဲ့ ထိပ်ဝလေးလောက်သာ ပွင့်နေပြီး …ပတ်လည် အတော်များများက ကုန်မြေတွေ ဝန်းရံထားတာကိုး ။ မမှီရေ ….. နေရောင်များများကျပေမယ့် … ရာသီဥတုမပြင်းဘူးလို့တော့ ထင်တာပါပဲနော် … ။ အလံတိုင်ဝါလေးတွေက ဘာကိုမှတ်ထားတာလဲဟင် ။

  • hmee

    October 21, 2011 at 3:14 pm

    အင်း…ကိုကြောင်ကြီးကို ပြန်ဖြေထားတာ ဘယ်ရောက်သွားတုန်းမသိဘူး။ ကိုကြောင်ကြီးရေ ပင်လယ်ရေကို Recycle ပြန်လုပ်တယ်တော့ ကြားဖူးတယ်။ အတိအကျတော့ မသိဘူး။ ပင်လယ်ရေကို ရေချိုဖြစ်အောင်လုပ် သုံးရေအဖြစ်ပေး။ သုံးပြီးသားတွေ စက်ရုံပြန်သွား အိမ်သာသုံးရေ ပြန်ပေး။ အဲ့ဒီရေတွေက စက်ရုံပြန်ရောက် ပြန်သန့်ပြီး သစ်ပင်တွေကို ပေးတယ်ပြောတယ်။ စက်ရုံက ဂါလီလီဘက်မှာတဲ့ ကြားဖူးတာ။ ရေချွေတာဖို့တော့ အမြဲ ပညာပေးတယ်။ အိမ်တအိမ်မှာ လူဘယ်လောက်ရှိလဲ ရှိတဲ့လူအရေအတွက်နဲ့ အသုံးနိုင်ဆုံး ပမာဏကို တွက်ထားတယ်။ ပိုသုံးရင် နှစ်ဆ တိုးကောက်တယ်။ မိုးခေါင်ရင် ရေဈေး ပိုတက်တယ်။ ရေကို ပိုက်ဆံကြောင့်မဟုတ်ပဲ အမျိုးသားရေး စိတ်ဓါတ်နဲ့ကို ချွေတာတာပါ။ ပုံမှန်တော့ ဂါလီလီရေအိုင်က ရေကို တပြည်လုံးကို ပေးပါတယ်။ အထင်မကြီးပါနဲ့ ကိုကြောင်ရယ် မှီက အဲ့လောက် အသားမဖြူပါဘူး။ 🙂 တုံရေ အဲ့ အလံလေးတွေက လူတွေကို အဲ့နေရာထက် ကျော်မသွားရပါဘူး။ ကျော်တာနဲ့ ကမ်းခြေစောင့်တဲက လှမ်းအော်ပါတယ်။

  • nigimi77

    October 22, 2011 at 11:23 am

    ကျန်တာတွေတော့ မမေးတော့ပါဘူး မှီးရေ။

    သိချင်တာလေး တစ်ခုရှိလို ့ပါ။ အဲဒီပုံတွေ လိုက်ရိုက်တုန်းက မှီးက ဘယ်လို ဝတ်ထားလဲဟင်။

    ရောမရောက်တုန်း ရောမလို ကျင့်တဲ့ ပုံလေးများရှိရင် တပုံလောက် မစပါလို ့….။

    ပုံ….ကြောင်ကြီး ကိုယ်စား

    နိဂိမိ

    • hmee

      October 22, 2011 at 12:30 pm

      အစ္စရေးကို အရှေ့အလယ်ပိုင်း ယူရုပ်လို့ တင်စား ခေါ်ကြပါတယ်။ နိုင်ငံပေါင်းစုံက ဂျုးတွေ စုနေတာမို့ ယဉ်ကျေးမှုက အနောက်တိုင်းနှင့် အမေရိက ဆန်ပါတယ်။ ရှေးရိုးစွဲဂျုးဘာသာ ကိုးကွယ်သူ (ဘာသာရေး ပြင်းထန်သူ) တွေကလွဲပြီး အနောက်တိုင်း စတိုင်တွေပဲ ဝတ်ကြပါတယ်။ တချို့ ဂျုးမလေးတွေများ လန်းလွန်းလို့ လန်ထွက်နေတာပါပဲ။ အဝတ်အစားနဲ့ ပတ်သတ်ပြီး သိပ်ဂရုမစိုက်ဘူး အားလုံး လွတ်လွတ်လပ်လပ် ဝတ်ကြပါတယ်။

  • ဆူး

    October 22, 2011 at 11:44 am

    ပိုက်ဆံတွေက ခါတိုင်း လူပုံတွေ အတည့်လို့ သဘောထားရင် သူ ပိုက်ဆံက လူပုံတွေက ကန့်လန့်ကြီးနော်.. မြေထဲ ပင်လယ် ဆိုတာ မြေပုံထဲမှာပဲ မြင်ဖူးတာ အမ ရဲ့.. တင်ပေးတာ ကောင်းပါတယ် အမြင်ကျယ်တာပေါ့။ ဗဟုသုတ ဆိုတာ ပိုတယ် မရှိပါဘူး။ နောက်ပိုစ်တွေ အားပေးမယ်နော်။

Leave a Reply