ရေပေါ်က ဖေါင်ကလေး

Diamond KeyOctober 20, 20111min25111

ကျွန်တော် တစ်ခါကတက်ခဲ့ဖူးတဲ့ သင်တန်းတစ်ခုမှာ သိခဲ့ရတဲ့ စာသားလေးကို ပြန်သတိရမိတယ်။
“ဖြစ်လာတဲ့ကိစ္စအတွက် တွေ့တဲ့နေရမှာ ရရာပစ္စည်းနဲ့ အကောင်းဆုံးဖြစ်အောင် အသုံးပြုနည်း” လို့ ဆိုပါတယ်။
ဒီနည်းလေးတွေ သင်ခဲ့ဖူးတော့ ကြုံတဲ့နေရာလေးတွေ၊ရောက်တဲ့နေရာလေးတွေမှာ တစ်ချိန်ကျရင် အသုံးကျနို်င်တဲ့ ကိစ္စလေးတွေ မြင်တတ်လာပါတယ်။
—————————————————————————————————–

တစ်ခါက ဆည်တော်လေးကို ရောက်ပါတယ်။
ရေထဲမှာ အပျော်စီးဖို့ လုပ်ထားတဲ့ ဖေါင်လေးကို သတိထား မိခဲ့ပါတယ်။
ကားဘီးကျွတ်လေးလုံးကို ဝါးကတ်တစ်ခုအောက်က ဒေါင့်လေးဒေါင့်မှာ ချည်လိုက်တော့ လူတွေ ပစ္စည်းတွေ အများကြီးတင်လို့ရတဲ့ ရေပေါ်ယာဉ်လေး တစ်ခုဖြစ်သွားတယ်။
——————————————————————————————————————-

တစ်နေ့က ကျောက်ဆည်ဖက်ကိုရောက်တော့ ကိုယ်မရောက်ခင်မှာ ရေတွေကြီး ခဲ့တာဆိုတော့ သူတို့တွေမှာ ဟိုနားဒီနား သွားလို့ရအောင် လုပ်ထားတဲ့ ဖေါင်လေးတွေ လုပ်ထားတာတွေ့ခဲ့ရပြန်တယ်။
ဝါးလုံးတွေကို လေးကွက်ကြား ချည်၊ အောက်မှာ စားအုံးဆီဗူးတွေ ထားလိုက်ပြီး အပေါ်က အခင်းခင်းလိုက်တော့ သူလည်း အရေးပေါ်သုံး ရေပေါ်ယာဉ်လေး ဖြစ်သွားတယ်။
——————————————————————————————————————–

အောက်က ပုံလေးတွေ့လိုက်ရလို့ သတိရမိတာတွေပါ။

ရေပေါ်က ဖေါင်ကလေး

“ဖြစ်လာတဲ့ကိစ္စအတွက် တွေ့တဲ့နေရမှာ ရရာပစ္စည်းနဲ့ အကောင်းဆုံးဖြစ်အောင် အသုံးပြုနည်း” တွေပေ့ါ။

(FB မှာတွေ့ရတဲ့ ဓါတ်ပုံလေးကို ယူသုံးထားပါတယ်။ ရိုက်ကူးသူအမည် မပါသဖြင့် မဖေါ်ပြနိုင်တာပါ။)

11 comments

  • Moe Z

    October 20, 2011 at 4:42 pm

    မန္တလေးကဆည်တော်လေးကို ရောက်ဖူးတယ်.. Diamond Key ပြောတဲ့ဝါးကပ်ဖောင်ပေါ်တက်ပြီး ဓာတ်ပုံရိုက်ကြတယ် ပြန်ဆင်းတော့သူငယ်ချင်းတွေကအပျော်လုပ်ပြီး အချင်းချင်းရေထဲတွန်းချကြတာ
    ဝါးချမ်းပြားနဲ့လက်မှာရှသွားသေးတယ်.. ရေကတော့ တော်တော်ညစ်ပတ်တယ် 🙁

  • youngcat

    October 20, 2011 at 5:13 pm

    မြန်မာပြည်က PMG ရေသန့်ဗူးခွံတွေကတော်တော်အသုံးတည့်တယ်။
    သွားရင်းလာရင်းအရက်သောက်စရာခွက်မရှိရင် ဗူးခွံကို ဒါးလေးနဲ့လှီးပြီး
    လက်ကိုင်လေးနဲ့ရေခွက်ပုံသဏ္ဍာန်လုပ်လို့ရတယ်၊ ထိပ်ကိုဖြတ်ပြီး
    ဓါတ်ဆီထည့်ဖို့ကတော့လုပ်လို့ရတယ်၊ လမ်းကြမ်းကားစီးရင် ဗူးခွံသုံးလေးလုံးကို
    ကြွပ်ကြွပ်အိတ်ထဲထည့်ပြီးဖင်ခုထိုင်ရင်ဖင်နာသက်သာတယ်။
    လုပ်တတ်တဲ့သူတွေက ဒါးလေးနဲ့လှပတဲ့ပုံစံအမျိုးမျိုးဖော်ပြီးဈေးထဲမှာရောင်းတာတွေ့ဖူးတယ်။

    • nozomi

      October 20, 2011 at 5:25 pm

      ကျောင်းသားတုန်းက
      ကျိုက်ထီးရိုးကို သူငယ်ချင်းတွေ စုတက်ကျတော့ သူငယ်ချင်းမ တစ်ယောက်
      ရေသန့်ဘူး ဖြတ်ပြီး ရှုးရှုးတောင် ပေါက်ထည့်လိုက်သေးတယ်
      အခုတော့ သူလဲ အိမ်ထောင်ကျသွားပါပြီ ဒါပေမဲ့ တွေ့တိုင်း နောက်လို့ကောင်းတုန်းပဲ

  • thit min

    October 20, 2011 at 5:16 pm

    ကိုစိန်သော့ရေ ရှိတာနဲ့အလုပ်ဖြစ်အောင်လုပ်တတ်တဲ့နေရာ ဗမာကို မမှီဘူးဗျို့။
    အဲဒီဟာမျိုးလေးတွေ ရှာပြီးရေးဗျာ။ Renovation technology

    • Diamond Key

      October 20, 2011 at 5:23 pm

      ဟုတ်ပါ့ ကိုသစ်မင်းရေ။ ကြောင်လေးပြောသလို ရေသန့်တစ်ဘူး၊ သုံးနည်း ၁၀ဝ ဆိုပြီးလေ။

  • blackchaw

    October 20, 2011 at 5:45 pm

    ဒါမျိုးလေးတွေလည်း လိုအပ်ပါတယ် ကိုစိန်သော့ရေ။

  • kocho

    October 20, 2011 at 6:08 pm

    ရေသန့်ဘူးခွံ တွေဟာတော်တော် အသုံးဝင်ပါတယ်ဗျာ ကျနော်အရင်ကတင်ဘူးတဲ့ post ထဲက အဆောက်အဦး၊အဝတ်အစား၊လူသုံးကုန် အားလုံးဟာရေသန့်ဘူး ကနေ ပြန်လည်အသုံးဝင်ပြစ်စည်းအဖြစ် ပြောင်းလဲထားတာ တွေ့ရတယ်
    http://myanmargazette.net/66614/travel

  • MaMa

    October 20, 2011 at 7:00 pm

    ကောင်းလိုက်တဲ့ အိုင်ဒီယာလေးပဲ။ အဲဒီဖောင်လေးတောင် စီးချင်သွားတယ်။ ကိုယ်ကိုယ်တိုင်တော့ ဘာမှ မလုပ်တတ်လို့။ 😀

  • windtalker

    October 20, 2011 at 9:27 pm

    ကိုစိန်သော့ ကောင်းမှု နဲ ့
    မမြင်ဖူးသော ရေသန် ့ဖောင် ကို မြင်တွေ ့ ရပါသည်။
    ကောင်းလေစွ ကောင်းလေစွ

  • ချစ်ရင်ထူး

    November 7, 2011 at 12:14 am

    ရေသန့်ဗူး အကြောင်းပြောလို့ သူနဲ့သက်ဆိုင်တဲ့ ဟာသ လေးတစ်ခုပြောပြပါ့မယ်။ တစ်ခါတုန်းက ကျွန်တော်တိုု့ ရပ်ကွက်လူကြီးရုံးမှာ လူကြီးက စာရေးကို “ဟေ့ကောင် စာရေး ငါ့ကို ကော်ဗူး ယူပေးစမ်းကွာ” လို့ပြောတော့ စာရေးက ခပ်သွက်သွက်ပါပဲ ရေသန်းဗူးခွံ တစ်ခုယူပေးလိုက်ပါတယ်။ အဲဒါနဲ့ လူကြီးက ဟောက်တော့တာပါပဲ “ မင်းနှယ် တော်တော် တုံးတဲ့ကောင်ပဲကွ ” ထိုစဉ် စာရေးက ကြားဖြတ်ပြီး ဥက္ကဋ္ဌ ကြီး ဒီဗူးလဲ ထည့်လို့ရပါတယ်(အရက်) အကောင်းကြီးပါ ဟုဆင်ခြေပေးလိုက်၏ ။ ထိုအခါ ဥက္ကဋ္ဌက “ငါက ဒီမှာ စက္ကူကပ်ဖိုု့ကော်ဗူး (ကော်ထည့်ထားတဲ့ဗူး) ကိုယူခိုင်းတာကွ” ဟူသတည်း ။

Leave a Reply