လိုက်ကြမလား သစ်ပင်စိုက်ပွဲ .. (Green Donation )

we R oneOctober 20, 20111min724
ကဲ ရွာသူ ရွာသားအပေါင်းတို့ရေ.. 
တစ်သက်လုံးပျော်ချင်ရင် သစ်ပင်စိုက် ဆိုတဲ့ စကား အတိုင်း ကိုယ့်အတွက် မဟုတ်သည့်တိုင်အောင် နောင်လာနောင်သားတွေ အတွက်သစ်ပင်စိုက်လိုက်ရအောင် လား...
Myanmar Youth In Action (MYIA)  က စီစဉ်တဲ့ သစ်ပင် စိုက်ပွဲ ပါ.. ........
သစ်ပင်လှူချင်တဲ့ သူတွေလည်း လှူတန်းနိုင်ပါတယ်... တစ်ပင် ကို ၅ဝဝ ကျပ်ပါ.. 
အောက်ဖော်ပြပါ ဖုန်းနံပတ်များ သို့ ဆက်သွယ် လှူတန်းနိုင်ပါတယ်.... 
09-504 9558 , 09 508 2488, or 09 731 17849 
နေရာ.  ပန်းတစ်ပွင့်တောင်ကို သွားမယ့် အစီအစဉ်လေးပါ။
အချိန် -မနက် ရနာရီ
နေ့ရက်- ၂၃ (sunday)
နေရာ- လှည်းတန်း ပြည်လမ်းကားဂိတ် လျှပ်စစ်ရုံးရှေ့မှာ BM ကား ရပ်ထားပါ့မယ်
ရနာရီခွဲထက် နောက်မကျစေချင်ပါဘူးရှင်။
နိဗ္ဗာန် ကျိုးမျှော် ၍... အဲ ... ကမာ္ဘမြေ အကျိုးမျှော် ကိုး၍ နိုးဆော်တို်က်တွန်းလိုက်ပါရတယ်ရှင်.. ။

ကျေးဇူးတင်ပါတယ်
we R one
http://myia-asia.blogspot.com/

4 comments

  • ပေါက်ဖော်

    October 20, 2011 at 9:06 pm

    ရွာထဲမှာ..ကမ္ဘာမြေကြီးကို စောင့်ရှောက်သူလဲ ရှိသားပဲဗျ….
    ကမ္ဘာမြေကြီးကိုယ်စား..ကျေးဇူးစကား ပြေားကြားလိုက်ပါ၏..ဗျာ..

    အဆင်ပြေရင်..ကျနော့်အတွက်ပါ တစ်ပင် ပိုစိုက်ခဲ့ပါ..
    ငါးရာကို သဂျီးလာရင် ပေးပါ့မယ်..
    😀

    • we R one

      October 21, 2011 at 8:40 am

      တစ်သက်နဲ တစ်ကိုယ် သဂျီး က မြန်မာ ပြည် ပြန်လာပါအုံးမလား… 😀

  • windtalker

    October 20, 2011 at 9:13 pm

    ဟုတ်ပါတယ်
    ကိုပေါက်ဖော် ပြောသလိုပါပဲ
    ငါးရာကို သဂျီးလာမှ မဟုတ်ပါဘူး
    ဆရာလေး နဲ ့အပြင်မှာ ဆုံတဲ့အခါ ပေးမှာပေါ့
    တစ်ပင်လောက် စိုက်ခဲ့ပေးပါနော်

    • we R one

      October 21, 2011 at 8:39 am

      စိုက်တာ က မည်သူမဆို စိုက်လို့ ရပါတယ်…. တကယ်လို့များ လှူချင်တယ် ဆိုရင် ဖြင့်ပြောတာ ပါ…. ကျွန်မ က သတင်းလေး ကို မျှဝေပေးတာပဲရှိတာပါ.. တကယ်လှူချင်တယ် ဆိုရင် အထက်ပါ ဖုန်းနံပါတ်များ ကို ဆက်သွယ် လှူတန်းနိုင်ပါတယ်.. ။
      ၂ ယောက်လုံးအတွက် တစ်ပင် စီ ပိုစိုက်ခဲ့ ပါမယ်.. အဲဒီအတွက် ပါ ပိုက်ပိုက်မှ ပေးစရာ မလိုပါကြောင်း… 🙂

Leave a Reply