အကြမ်းဖက်သမားများ စင်္ကာပူရှိ အော့ချတ်ဘူတာရုံကို ပစ်မှတ်ထားနေ

BayoteMay 19, 20101min660

အင်ဒိုနီးရှား ဝါရင့် ရဲထောက်လှမ်းရေး တပ်ဖွဲ့ဝင် တစ်ဦးက အင်ဒိုနီးရှားရှိ အစွန်းရောက်ဝါဒီ အဖွဲ့များသည် စင်္ကာပူကို ပစ်မှတ်ထားနေပြီး အဓိက ပစ်မှတ်အနေဖြင့် အော့ချတ် ဘူတာရုံအား ရွေးချယ်ထားပြီး ဖြစ်သည်ဟု ပြောဆိုလိုက်သည်။
အဆိုပါ အမည်မဖော်လိုသူ ရဲထောက်လှမ်းရေးက စထရိတ်တိုင်းမ် သတင်းစာသို့ ပြောကြားရာတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က အသေ ဖမ်းဆီးရမိခဲ့သည့် အကြမ်းဖက်သမားဟု မသင်္ကာဖွယ်ရာ ရှိသူ၏  နေအိမ်တွင် စင်္ကာပူရှိ ရထားလမ်းကြောင်းပြ မြေပုံကို တွေ့ရပြီး အော့ချတ် ဘူတာရုံကို ဝိုင်း၍ အမှတ်အသားပြုထားသည်ကို တွေ့ရသည်ဟု ဆိုသည်။

အင်ဒိုနီးရှားရှိ အကြမ်းဖက်ဝါဒီများအား တန်ပြန် နှိမ်နင်းရာတွင် အကြိမ်ကြိမ် ပါဝင်ခဲ့ဖူးသူ အရာရှိက “စင်္ကာပူ နိုင်ငံဟာ ပစ်မှတ် တစ်ခုဆိုတာ သိသာနေပါတယ်။ သူတို့တတွေဟာ မလေးရှားကနေ တဆင့် စင်္ကာပူကို ဝင်ဖို့ ကြိုးစားခဲ့ပါတယ်” ဟု ပြောဆိုခဲ့သည်။

Source :http://www.thanlwin.com/