အဝေးပျံသွားတဲ့ငှက်ကလေး

“““အဝေးပျံသွားတဲ့ ငှက်ကလေး”””

အမေ…….

သား…အတောင်စုံပြီနော်…

ဟိုးအဝေးကို ပျံသန်းခွင့်ပြုပါ အမေ….။

ဘဝ အမောတွေကြား

ပူလောင်နေတဲ့ အမေ့ရဲ ့   ရင်ခွင်ကို

သားရဲ ့အေးမြတဲ့ စိမ့်ရေအေး တစ်ခွက်နဲ ့

အမောပြေစေချင်လွန်းလို ့ပါ… အမေ…..။

ဒဏ်ရာတွေနဲ ့

ပင်ပန်းနေပီဖြစ်တဲ့

အဖေ့ပုခုံးတွေ နေရာမှာ

သားနေရာဝင်ယူပြီး

အဖေ့နဖူးက ချွေးစက်တွေကို သုတ်ပေးချင်လွန်းလို ့ပါအမေ….

ခွန်အားတွေမွေးပြီး

ရှေ ့ကိုလှမ်း ဖို ့ပြင်နေတဲ ့

ညီငယ်လေး နှစ်ယောက်အတွက်

အနာဂတ်နေ ့ရက် တွေကို

သိပ်လှတဲ့ ပန်းချီကားတစ်ချပ် အဖြစ်

သား. ရေးဆွဲ ပေးချင်လို ့ပါ….အမေ……..။

သား……..အတောင်စုံပြီနော်……

ဟိုး…အဝေးကို ပျံသန်းခွင့်ပြုပါအမေ…..။

စိတ်ကူးယဉ်ထားတဲ့.

သားတို ့ မိသားစုလေးရဲ ့

ပျော်စရာ နေ ့စွဲ လေးတွေဟာ

တစ်ခါတလေ.  ………..

နှင်းတွေလို. ……သိပ်အေးတာဘဲ အမေရယ်…..။

တစ်ခါတလေ…….

ချယ်ရီပန်းလေးတွေလို. ….သိပ်လှတာပဲ အမေရယ်….။

တစ်ခါတလေ…..

နွေအပူကြောင့်ဘဲ

ရင်တွေ ဆူလိုက်တာ အမေရယ်……..။

ဘယ်အရာမှ မပြည့်စုံမှန်း သိပေမယ့်

ရှိနေတဲ့. သုံးနှစ်တာ.  ကာလကို

သည်းခံ ခြင်းတရား. တွေ နှလုံးသွင်းရင်းး

နေ ့သစ်အတွက် အားယူ

ကျော အပူတွေ  ခံတတ်လာတာ

အမေ့သား……

တော်တော် ကျင့်သားရနေပါပီလေ……။

စိတ်ကူးတွေကိုအကောင်အထည်ဖော်ပေးမယ့်နေရာမှာ

သားလေ ….တခါတလေ တွေးမိတယ်

“သားတို ့မိသားစုမှာ တစ်ယောက်မှ ဆုံးရှူံးလို ့မဖြစ်ဘူးလို ့”

စိတ်ချပါအမေရယ်…….

ကျန်းမာရေး အတွက်စိုးရိမ်

ယတြာတွေ   အကြိမ်ကြိမ် ချေပေး

ဘုရားမှာ ဆုတောင်းပေးနေတဲ့ အမေ့ကို

မွေး ကျေဇူးဆပ်ဖို ့

သားပြန်လာခဲ့. မှာပါ အမေ…။

ခဏခဏ ထိခိုက်ဒဏ်ရာ ရ

သားလုပ်ငန်းခွင်မှာ ဂရုစိုက်ပါကွ…လို ့

အတန်တန် မှာတတ်တဲ့ အဖေ

အဖေ့ကိုယ်စား.  …

ထွက်လာတဲ့ ချွေးစက်များကို ကြည့်ပြီး

သားပီတိ ဖြစ်လိုက်တာ ………အဖေရယ်….။

ညီငယ်လေး နှစ်ယောက်နဲ ့အတူ

သိပ်လှတဲ ့နေ ့သစ်တွေ. အတွက်

စိတ်ကူးရည်မှန်းချက်တွေ အကောင်အထည်ဖော်ရင်း

သား……….

အဝေးကိုပျံသန်းလိုက်ဦးမယ်နော်.

အမေ

_________________^ .^_____________________________

အကို အရင်းတစ်ယောက်မဟုတ်ပေမယ့် အကိုရင်းတစ်ယောက်လို သံယောဇဉ်ထားချစ်ရတဲ့ ကိုအောင်ကျော်သူရဲ ့ရင်ထဲက အသံတွေကို ခံစားပေးထားခြင်းပါ။တောင်ကိုးရီးယားနိုင်ငံ မှာ အလုပ်လုပ်ရင်းလုပ်ငန်းခွင် မတော်တဆဖြစ်မှု ကြောင့်ကွယ်လွန်ခဲ့ရတဲ ့အကို အောင်ကျော်သူ ငှက်လေးလို ဝေးလွင့်သွားတာ နှစ်နှစ်နဲ ့ငါးလမြောက်ခဲ့ပါပီနော်။အကို ရဲ ့ညီငယ်ကို တက္ကသိုလ်ဝင်တန်းမှာ ထူးချွန်စွာအောင်မြင်အောင် ကျွန်တော် အလုပ်အကြွေးပြု ကျေးဇူးဆပ်ခဲ့ပြီးပါပြီ။အကို ကဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါနော်။လူသာ သေသွားခဲ့ပေမယ့် အကိုနာမည်နဲ ့အကို ့ရဲ ့ဝတ္တရားကျေပွန်မှုက မိသားစုတွေကြားမှာ မှတ်ကျောက်ကောင်းတစ်ခုပါ။

7 comments

  • ပေါက်ဖော်

    October 20, 2011 at 8:36 pm

    ခံစား..ရေးဖွဲ ့ထားတာ..တော်တော်ကောင်းသဗျာ
    အဝေးပျံသွားတဲ့ ငှက်လေး ကိုအောင်ကျော်သူလဲ ကောင်းရာရောက်ပါစေဗျား..
    ညီငယ်လေးကို ထူးချွန်အောင်. ပျိုးထောင်ပေးခဲ့တဲ့..ကိုသန်းထွဋ်အတွက်လဲ..အားကျမိပါတယ်..
    ကျုပ်ကတော့..တစ်ကိုယ်တော်ပျံချင်ရာပျံနေတဲ့ ငှက်တစ်ကောင်မို ့..ဒီပို ့စ် ဖတ်မိတာ..ကိုယ့်ကိုယ်ကို ရှက်..
    😯

  • blackchaw

    October 20, 2011 at 8:45 pm

    ကိုအောင်ကျော်သူ ကောင်းရာသုဂတိ လားပါစေဗျာ။

  • windtalker

    October 20, 2011 at 9:10 pm

    ခံစားသွားပါတယ် နော် ။ ကိုမော်မော်

  • youngcat

    October 20, 2011 at 9:16 pm

    အဓိပ္ပါယ်ရော အဖွဲပအနွဲ့ရော
    ကောင်းတဲ့ကဗျာလေးပါ။
    ကိုပေက နာမည်ဟောင်းလေးကိုပဲသုံးချင်နေသေးပုံရတယ်။

  • မောင်လူ မှန်

    October 20, 2011 at 9:38 pm

    ကိုသားကြီး နဲ့ ကိုအောင်ကျော်သူ ပတ်သက်မှုက ညီအစ်ကိုတွေထက်တောင်ပိုမယ်ထင်တယ်
    ကျွန်တော်က တော့ အဲ့လောက်မရေးတတ်ဘူး ဗျာ
    ဖတ်ရတာတော့ အားရှိတယ်ဗျာ
    ကိုအောင်ကျော်သူလဲ ကောင်းရာသုဂတိရောက်ပါစေကြောင်းထပ်တူတပ်မျှဆုတောင်းပါတယ်

  • koyinmaung

    October 20, 2011 at 10:48 pm

    စိတ်မကောင်းစရာကဗျာတပုဒ်ပါဘဲ
    မိသားစုအတွက်တာဝန်ကျေခဲ့တဲ့
    ကိုအောင်ကျော်သူတယောက်လဲ
    ကောင်းမွန်တဲ့ဘုံ ဘဝရောက်ပါစေလို့ဆုတောင်းလိုက်ပါတယ်…

  • တကယ်တော့ အကိုက ဘာမဆိုအကိုတစ်ယောက်ပီသအောင် ကျွန်တော်တို ့ကိုသင်ပြပေးသွားခဲ့ပါပီ။စိတ်မကောင်းစရာဖြစ်ပေမယ့်
    တဖက်မှာ သူ ့မိသားစုပေါ်မှာ တာဝန်ကျေပွန်တဲ့သားကောင်းတစ်ယောက်အဖြစ်ရပ်တည်ပေးသွားနိုင်ခဲ့လို ့ ဝမ်းသာနိုင်ပါတယ်။
    အကို ့လိုဘဲ တိုင်းတစ်ပါးမှာ အလုပ်လုပ်ကြရင်း မတော်တဆမှုတွေနဲ ့ကြုံရ၊တွေ ့ရ၊ထိခိုက်တာတွေ၊ကိုယ်လက်အဂါင်္ဆုံးရှုံးရတာတွေရှိနေပေမယ့်
    ခုလိုအဖြစ်မျိုးတွေထပ်မကြားလိုတော့ပါ။အိုးမကွာ၊အိမ်မကွာ နဲ ့အေးတူပူအမျှ မိသားစုနွေးနွေးထွေးထွေး နေနိုင်ကြဖို ့ဆုတောင်းနေရပါတယ်ဗျာ။

Leave a Reply