kanjosan ပိုစ်ကိုဖတ်ပြီး
တရုတ်နိုင်ငံရဲ့ဟမ်းဖုန်း အင်တာနက်ဝန်ဆောင်မှု့
အကြောင်းရေးချင်စိတ်ပေါ်လာလို့ပါ
မြန်မာနိုင်ငံမှာ ဟမ်းဖုန်းနံပါတ်ရဘို့
အယင်ကဆိုသိန်းနစ်ဆယ်အစိတ်ပေးနေရတာကို
ခုငါးသိန်းပေးယင်ဖုန်းနံပါတ်ရကြတော့
လူအတော်များများသုံးနိုင်သွားပါတယ် ၀မ်းသာစရာပါ
ဒါပေမဲ့ ကျနော်တို့အိမ်နီချင်းတရုတ်နိုင်ငံမှာတော့အမှိုက်သိမ်းတဲ့လူကအစ
ဟမ်းဖုန်းကိုတွင်တွင်ကျယ်ကျယ်သုံးနေတာကိုတွေ့နေရပါတယ်
ဒီလိုသုံးနိုင်အောင်လဲဟမ်းဖုန်းဈေးကအင်မတန်သက်သာလို့ပါ
တရုတ်နိုင်ငံမှာနံပါတ်ရဘို့တရုတ်ငွေယွမ်း၃၀ဘဲပေးရပါတယ်
၂၀ဘိုးကအလကားဆက်လို့ရနေတော့နံပါတ်အတွက်က၁၀ယွမ်ဘဲကျပါတော့တယ်
နံပါတ်လှလှလိုချင်ယင်တော့ဈေးပိုပေးရပါတယ်…
ဟမ်းဖုန်းကနေအင်တာနက်သုံးချင်ယင်တော့တလ၆ယွမ်ပေးလိုက်ယင်ရပါတယ်
အင်တာနက်သုံးချင်ယင် လဲတပ်ဆင်ခဆိုတာ လုံးဝမပေးရပါဘူး
တလ အင်တာနက်အသုံးပြုခက၉၈ယွမ်ဘဲပေးရပါတယ်
မြန်မာငွေ၁၀၀၀ကိုတရုတ်ငွေ၈ယွမ်နဲ့တွက်ကြည့်ယင်
ဘယ်လောက်ဈေးသက်သာတယ်ဆိုတာသိနိုင်ပါတယ်…
နိုင်ငံရပ်ခြားမှာရောက်ရှိနေတဲ့ရွာသားများလဲကိုယ်ရောက်တဲ့နိုင်ငံရဲ့
ဟမ်းဖုန်း အင်တာနက်ဝန်ဆောင်မှု့ပြောပြပေးနိုင်ယင်
ပြောပြပေးပါလို့တောင်းဆိုချင်ပါတယ်…..

About koyinmaung

ကိုရင် မောင် has written 19 post in this Website..