ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရမှ ဆင်းတုတော်ကြီးတစ်ဆူလှူဒါန်း

BayoteMay 19, 20101min512

စကျင်ကျောက်သားဖြင့်ထုလုပ်ထားသည့် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ရပ်တော်မူရုပ် ပွါးဆင်းတုတော်တစ်ဆူကို အိန္ဒိယနိုင်ငံ Mumbai မြို့ရှိ ကမ္ဘာလုံးဆိုင်ရာ ဝိပဿနာဖောင်ဒင်းရှင်းသို့ ပေးအပ်လှူဒါန်းလိုက်ကြောင်းသိရသည်။ အဆိုပါ ရုပ်ပွါးဆင်းတုတော် စကျင်ကျောက်တုံးကြီး တစ်တုံးတည်းဖြင့်ထုလုပ်ထားပြီး အမြင့်အားဖြင့် ၂၁-ပေ အလေးချိန်အားဖြင့် တန် ၆ဝ ရှိသည်ဟုသိရသည်။

2 comments

  • zamte

    May 27, 2010 at 4:52 am

    ဘုရားဒကာ သူတော်ကောင်းကြီးတွေပါလားနော်။ ဘာသာတရားကို သိပ်ကို ရိုသေကိုင်းရှိုင်းတဲ့ ပုဂ္ဂိုလ်တွေကိုးဗျ။ ကောင်းတာလုပ်တော့လည်း သာဓုခေါ်ပါတယ်။ သာဓု သာဓု။ (၂ ခွန်းပဲ ခေါ်ထားဦးမယ်နော်။) ဒီထက်ပိုကောင်းတဲ့ ကုသိုလ်အလုပ်တွေ လုပ်နိုင်ပါစေဗျာ။ ဆိုးးသော အကုသိုလ်တွေကိုလည်း ရှောင်ရှားနိုင်ပါစေဗျာ။ (လူအချင်းချင်း သတ်ဖြတ်ခြင်း ကင်းရှင်းကြပါစေ။ လူအချင်းချင်း ညှင်းဆဲခြင်း ကင်းရှင်းကြပါစေ)

  • Nitunoo

    June 5, 2010 at 4:36 pm

    ဘုရားတကာသူတော်ကောင်းကြီးတွေအတွက်သာဒုပါ ၁ခွန်းဘဲနော်
    အများသူတွေ အပူလှိုင်းဖြတ်ပြီးပူနေတဲ့အချိန်မှာ ဘုရားတကာသူတော်ကောင်းကြီးတွေ အကူကင်းကြပါစေ
    ပြည်သူတွေ ရေငတ်နေချိန်မှဘုရားတကာသူတော်ကောင်းကြီးတွေ ရေမပြတ်ကြပါစေနဲ့
    ပြည်သူတွေ ဒုတ်ခရောက်နေချိန်မှာလည်း ဘုရားတကာသူတော်ကောင်းကြီးတွေ အဲယားကွန်း အခန်းထဲမှာ
    လေဖြတ်မသေကြပါစေနဲ့
    ပြည်သူတွေ မီးပြတ် ရေပြတ် အစာမပြတ်ကြပါစေနဲ့

Leave a Reply