“ကိုပေါက်လမ်းသလားနေသည် အပိုင်း(16)” (အင်းလေးကန်ထဲ ဝဲလည်လည်)

“ကိုပေါက်လမ်းသလားနေသည် အပိုင်း(16)”
(အင်းလေးကန်ထဲ ဝဲလည်လည်)

ဒီလမ်းကလေးကတော့ အင်းလေးရေပြင်ကျယ်ထဲကို ဝင်တဲ့လမ်းအစလေးပါ

ခေါင်တိုင်လှေဆိပ်ကိုရောက်တော့ လှေဧည့်ကြိုက ကျနော်တို့စီးရမယ့်လှေဆီကိုလိုက်ပို့ပေးပါတယ်။
နောက်ပြန်ရောက်မှ လှေသမားကိုဘဲ လှေခရှင်းလို်က်ပါလိုလဲပြောပါတယ်။
အဲဒါနဲ့ အိပဲ့ပဲ့ လှုပ်စိစိ လှေပေါ်ကိုတက်ဘို့ပြင်ကြပါတယ်။
လှေအဆင်းမြင်းအတက်ခက်တယ်ဆိုတာကို ဒုတိယအကြိမ်ကြုံရပြန်ပါပြီ။
ပထမအကြိမ်ကတော့ လွန်ခဲ့တဲ့သုံးလလောက်က ရွာထဲကမိတ်ဆွေများနဲ့သံလျှင်ကျောက်တန်းရေလယ်ဘုရားကိုသွားဖူးတုံးကပါ။
အဲဒီတုန်းကတော့ သိုင်းသိုင်းဝိုင်းဝိုင်း တစ်စုတစ်ဝေး တပျော်တပါး။
အခုတော့ မဒမ်ပေါက်နဲ့နှစ်ယောက် ထဲ။
ဒါကြောင့်အတူသွားခဲ့ဘူးတဲ့မိတ်ဆွေတွေများပါရင်ဘယ်လောက်ကောင်းလိုက်မလဲလို့တမ်းတမိပါတယ်။
လှေသမားကလှေကိုထိန်းထားပေးတဲ့အပြင်လှိူင်းမပုတ်တော့ သိပ်မခက်။
ကျွန်တော်တို့အတွက် ကျောမှီပါတဲ့သစ်သားထိုင်ခုံနှစ်လုံးချပေးထားပါတယ်။
ကျနော်တို့သွားရမယ့်ခရီးက အင်းရေပြင် အကျယ် 11 မိုင်ရှိပါသတဲ့။
ဘယ်ကစသွားချင်လဲမေးတော့ ခင်ဗျားအဆင်ပြေသလို အစီအစဉ်တကျပို့ပေးပါလို့ဘဲပြောလိုက်ရပါတယ်။
ကိုယ်မှ မရောက်ဘူးတာနော်။
မဒမ်ပေါက်ကတော့ ရောက်ဘူူးပါတယ်။
ဒါနဲ့လမ်းမရှိတဲ့လမ်းကိုသွားဘို့အတွက် ခရီးစလိုက်ပါတယ်။
ဗေဒါပင်တွေဒိုက်ပင်တွေကြားထဲ့ လမ်းကျဉ်းကျဉ်းလေးထဲကို ဦးတည်ပြီး အင်ဂျင်စက်ကိုနူးိလို့ လှေစအထွက်မှာ
လက်ကိုအားကိုးပြီးလှော်နေတဲ့လှေဦးမှာကလေးတစ်ယောက်က အကျအနထိုင်နေတာကို မြင်လိုက်ရပါတယ်။
အရိပ်ကလေးတွေရေထဲကျနေတာကို အမိအရ ပထမဆုံးအနေနဲ့လက်ဆော့လိုက်ပါတယ်။
လှေဦးကမှမကြောက်မရွှံ့နဲ့ထိုင်နေတဲ့ကလေးငယ် ချစ်စဖွယ်မြင်ကွင်း

လှေကလေးက ဒိုက်ပင်တွေရှိနေတဲ့လမ်းကျဉ်းလေးထဲကိုစဝင်လိုက်ပါတယ်။
လမ်းကျဉ်းလေးဘေးမှာတော့ အိမ်ကလေးတွေအစီအရီ

ဘေးတစ်ဖက်တစ်ချက်မှာတော့ ရေထဲမှာဆောက်ထားတဲ့ခြေတံရှည်အိမ်လေးတွေ။
ဒီအင်းထဲမှာနေသူတွေကို “ အင်းသား“လို့ ဂုဏ်ယူစွာပြောတတ်ကြပါသတဲ့။
အိမ်ကလေးတွေရဲ့ကြားမှာ လှပစွာမြင်ရေတဲ့အုန်းပင်တစ်ပင်။
အုန်းပင်နဲ့အိမ်ကလေးတွေ

ဒိုက်ပင်တွေကြားထဲမှာစက်တပ်လှေကလေးကပြေးနေရင်း အုန်းပင်လေးရှေ့ကတဲအိမ်လေးအရှေ့မှာတော့
ကြာနီအပွင့်သေးသေးလေးတွေက လှတပတ။
အိမ်ကလေးရှေ့ က ကြာနီပင်လေး

လှေခါးတက်မတော့ အဝတ်လျှော်နေတဲ့အိမ်ရှင်မ။
အဝတ်လျှော်နေတဲ့အိမ်ရှင်မ

သစ်သားနဲ့အကျအနဆောက်ထားတဲ့ နှစ်ထပ်အိမ်ကြီးဘေးမှာတော့ ကိုယ်ပိုင်လှေလေးတစ်စင်း။
မြို့မှာကိုယ်ပိုင်ဆိုင်ကယ်တွေကားတွေရှိသလိုပေါ့ဗျာ။
ခြေတံရှည်အိမ်လေးနဲ့ ကိုယ်ပိုင်လှေကလေး

အင်းထဲမှာတော့ သွားကြလာကြတဲ့အခါ လှေကလေးကို ကို်ယ်တိုင်လှော်လို့သွားကြသပေါ့။
ဒါကြောင့်လဲလှေကလေးတွေက ဟိုအိမ်ကြားကထွက်လာ ဒီအိမ်ကြားကထွက်လာ နဲ့ပါ။
လှေကလေးနဲ့ခရီးသွား

သစ်သားနှစ်ထပ်အိမ်ကြီးတွေကို အခြေခိုင်အောင်ဘယ်လိုများတိုင်စိုက်သလဲဆိုတာကလည်း
စိတ်ဝင်စားစရာပါဘဲ။
ရေထဲက နှစ်ထပ်အိမ်ကြီး အရှေ့မှာကြာပင်လေးတွေလဲရှိရဲ့

မြက်ပင်ကိုင်းပင်တွေကြားကလှေဦးချွန်ကလေးက အင်ဂျင်အားနဲ့ရေပြင်ကိုခွဲလို့ အင်းထဲကိုတိုးဝင်နေပါတယ်။
ရှေ့မှာမြင်နေရတဲ့ တိမ်ငွေလွှာထုကလဲအုံ့ပျပျနဲ့လွမ်းစရာ။
ဒိုက်ပင်ကြားထဲမှာတော့ လှေတစ်စင်းနဲ့ငါးမျှားနေသူလဲရှိရဲ့။
လမ်းမဟုတ်တဲ့လမ်းလေးကနေအဝင်

ငါးမျှားနေတဲ့လူ

ရှေ့ကိုသာမဲကြည့်နေမိတယ် အမှတ်မထင်နောက်ဘက်ကိုလှည့်ကြည့်မိတော့
အပြာရောင်ကောင်းကင်နောက်ခံမှာ အစိမ်းရင့်ရောင်တောင်တန်း
အခြေမှာတော့ အစိမ်းနုရောင်မြက်ပင်များ လိုက်ဖက်လှတဲ့ အစပ်ဟပ်တည့်လှတဲ့သက်ငြိမ်ပန်းချီကားတစ်ချပ်လိုပါဘဲ။
စိမ်းစို ပြာလွင် ဖြူလွ အင်းလေးကန်သာက

လှေဦးဘက်ကိုကြည့်မိပြန်တော့ ငွေရောင်ဖောက်ယှက်ထားတဲ့အပြာရောင်ကောင်းကင်အောက်မှာအစိမ်းရောင်ဗြိုက်တောနဲ့
အရိပ်တွေထင်နေတဲ့ရေပြင်။
ငွေတိမ်လွှာနဲ့ရေပြင်အစ

အင်းလေးကန်အလှတရား

တိမ်ပြာပြာအောက်က အင်းလေးရေပြင် ရူ့မဆုံးနိုင်အောင်ပါဘဲ။
တိ်မ်ပြာ ရေပြင် အရိပ်ထင် ကန်သာအင်းလေး

ဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက် ကြည့်လေရာရာမှာလှနေတဲ့မြင်ကွင်းတွေကို ငေးမောခံစားတာ
ဘယ်လောက်များကြာသွားတယ်မသိဘူး ရှေ့တည့်တည့်ကို လှမ်းကြည့်မိတဲ့အခါ ဟိုးအဝေးမှာ နှင်းထုထဲရောက်
နေသလိုထင်ရလောက်အောင်ဖြူလွနေတဲအနားသတ်တိမ်အောက်မှ ပြာလွင်ကျယ်ပြန့် အဆုံးမရှိလို့ထင်ရတဲ့
အင်းရေပြင်က အံ့ဩတကြီးကြည့်နေတဲ့ ကျနော့်ကိုအင်းရေပြင်ထဲဆွဲခေါ်လို့သွားပါတယ်။

အင်းရေပြင်ကျယ်အစ

အင်းရေပြင်အလည်ခေါင်မှာတော့ မျောနေတဲ့ဒိုက်ကလေး။
အဆုံးမရှိတဲ့ရေပြင်ထဲ က ပြာလွင်နေတဲ့မြင်ကွင်း

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(20-10-2010)

ဆက်လက်ဖော်ပြပါမည်။

22 comments

  • အမှန်ကတော့ ပုံအားလုံး အင်းလေးကန်ကို တစ်ခါထဲတင်ချင်တာပါ။
    ဒါပေမယ့် စိတ်ပျက်စရာကောက်နက်ရှင်ကြောင့် အတင်ခက် အဖွင့်ခက်။
    ဒီတော ့ နည်းနည်းချင်းဘဲတင်ပေးပါတော့တယ်။

  • Diamond Key

    October 21, 2011 at 3:18 pm

    ဆီမီဝီ၃ ဒီလောက်ဒုက္ခပေးနေတုန်းတောင် ဒီလိုပုံတွေ တက်လာတာ ကိုပေါက်စေတနာကို နားလည်ပါတယ်ဗျာ။ အင်းလေးကို ကိုပေါက်ခေါ်လို့ ရောက်ခဲ့ရပါတယ်။ Thanks KP.

  • blackchaw

    October 21, 2011 at 3:20 pm

    ကိုပေါက်ရေ။
    အင်းလေးရောက်ဖို့ တော်တော်စောင့်ရတယ်ဗျာ။
    ဒီပုံတွေကြည့်ပြီး အင်းလေးကို ရောက်အောင်သွားချင်တဲ့စိတ်
    ပေါ်လာမိတယ်။
    စိမ်းစို ပြာလွင် ဖြူလွ ဆိုတဲ့ပုံကိုတော့ အခိုက်ဆုံးပဲဗျာ။
    နောက်ပုံတွေလည်း ဆက်ကြည့်နေပါမယ်။

  • Moe Z

    October 21, 2011 at 3:31 pm

    အဝတ်လျှော်နေတဲ့ အိမ်ရှင်မက ဓာတ်ပုံရိုက်နေတဲ့ ကိုပေါက်ကိုလှည့်ကြည့်ပြီး ရန်လုပ်နေတာလား
    Just kidding 🙂
    တိ်မ်ပြာ ရေပြင် အရိပ်ထင် ကန်သာအင်းလေး ဆိုတဲ့ပုံလေးကိုကြိုက်တယ်

  • နွယ်ပင်

    October 21, 2011 at 3:41 pm

    လေးပေါက်ရေ ပုံလေးတွေက အရမ်းလှတာပဲ
    အင်းလေးကို ကိုယ်တိုင်ရောက်သွားရသလိုပါပဲ ……….

  • သူက ဖျပ်ကနဲ့အကြည့် ကျနော်ကလဲ ချပ်ကနဲ့ ခလုပ်နှိပ်လိုက်တော့ အံ့ဩသွားပုံပါဘဲ။
    အင်းသူအင်းသားတွေက ဖော်ရွေရိုးသားပြီး ကူညီတတ်ကြတာတော့ လက်တွေ့ပါဘဲ။

    • windtalker

      October 21, 2011 at 6:33 pm

      အင်းသူလေးတွေ ဖော်ရွှေကြတယ် တဲ့ ဗျို ့
      တူ ့နယ် တူ ့ နယ်

  • “ဘီလူးကြီး”ogre

    October 21, 2011 at 5:41 pm

    အကိုပေါက်က ကုသိုလ်ကောင်းတယ်ပြောရမလားပဲ
    နေရာစုံတော်တော်ရောက်ဖူးလေ့လာရတာ အားကျစရာပါ
    ကျုပ်တို့တော့ အကိုပေါက်တင်တဲ့ ပုံလေးတွေကြည့်ရင်းနဲ့ကြေနပ်နေရတော့တာပဲဗျ

  • ကျနော်တကယ်သွားချင်တဲ့နေရာရှိသေးတယ်ဗျာ.
    ကချင်ပြည်နယ် အင်းတော်ကြီးရယ် ရခိုင်မြောက်ဦးဘုရားတွေရယ်
    ပင်းတယ အလောင်းတော်ကဿပ ။
    မရောက်ဘူးသေးတဲ့နေရာအများကြီးရယ်……………

  • nozomi

    October 21, 2011 at 5:53 pm

    ဦးပေါက် ပုံလေးတွေ မြင်ရတော့ ရှားရှားပါးပါး တစ်ခေါက်ပဲ ရောက်ဘူးတဲ့ အင်းလေးခရီးကို အမှတ်ရမိတယ်
    အင်းလေးကတော့ မြန်မာနိုင်ငံအတွက် သဘာဝ ကပေးတဲ့ လက်ဆောင်တစ်ခုပါပဲ
    အခုချိန်ဆို ဦးပေါက် ဝါသနာအရ ရိုက်ထားတဲ့ ဓါတ်ပုံတွေ တော်တော်လေးကို များနေပြီ အဲဒါတွေကို ဘယ်လို သိမ်းထားလဲ စိတ်ဝင်စားမိတယ် စာရွက်သားဆို ကြာရင်ပျက်မှာစိုးရ ဒေတာဆိုလဲ စိတ်မချရနဲ့ သိမ်းဆည်းရတာ ကြာတော့ သိပ်မလွယ်ဘူး

  • ပုံသိမ်းရတာကတော့ ကံတရားဘဲညီလေးရေ။
    အလုပ်ထဲမှာရှိတဲ့ကွန်ပြူတာမှန်သမျတော့ ကျနော်ဓါတ်ပုံတွေကို D drive ထဲသိမ်း။
    စတစ်ထဲမှာလဲသိမ်း စီဒီရိုက်ပြီးသိမ်း သိမ်းနည်းကတော့ စုံလို့ပါဘဲ။
    သူကြီးကများသိမ်းထားပေးမယ်ဆိုရင် အတိုင်းထက်အလွန်ပါဘဲ။
    ကျနော်ဓါတ်ပုံကို မန်းလေးဂေဇက်မှာဘဲ တင်လို့ပါ သူကြီးရေ။

  • ပေါက်ဖော်

    October 21, 2011 at 6:29 pm

    ခလေးပိစိက လှေဦးမှာ ခန် ့ခန် ့ကြီးထိုင်နေပါလား
    ဟီး..ဟီး..
    အင်းလေးတောင် သွားချင်လာဘီ
    😯

  • ပေါက်ဖော်ရေ
    အင်းလေးကန်ထဲဘဲသွားလို့ရတယ်။
    အင်းလေးတောင်က တက်လို့မရသလို သွားလို့လဲမရဘူးရယ်၊

  • thit min

    October 22, 2011 at 6:49 am

    ငယ်ငယ်တုန်းက ကိုပေါက် ကိုမှန်းလို့ရပါပြီဗျာ။
    သွားလဲသွား၊လက်ကလဲသွက် (ကင်မရာနှိပ်တာ)၊ အကုန်လဲသိပြန်။
    ခင်ဗျား ကြသပတေးသားဆိုရင်တော့ ဟဲဟဲ။
    အင်း လည်စရာတွေတော့စာရင်းလုပ်ရတော့မယ်၊ ကိုပေါက်ခရီးသွားဧဂျင်စီရဲ့ ကျေးဇူးနဲ့။

  • Tiger mg

    October 22, 2011 at 11:08 am

    လေးပေါက် “Travel & Tour agent” ဖွင့်လို့ရပြီ။ နောက်တာနော်….။ အင်းလေးကန် ရေပြင်ကျယ်ကျယ်မှာ ငွေရောင်တိမ်တောင် တိမ်တိုက်တွေနဲ့ တော်တော်လေးပဌာစားတယ်။ ဆက်လက်ရှု့စားလျှက်…….

  • အခုတော့ အင်းလေးရေပြင်ကျယ်နဲ့ လှေငယ်ငယ်ဆက်တင်နေပြီနော်……………..
    ကိုယ်တိုင်လက်ဖြစ်ပူပူနွေးနွေးအတွက်ကြော်ငြာဝင်ထားတာ။

  • ကြောင်ကြီး

    October 22, 2011 at 11:26 am

    ခြေနဲ့လှော်နေတဲ့ အင်းသားရိုးရာလှေတွေလည်း မတွေ့ပါလားဗျ။ ဧကန ကိုပေါက်အင်ရိုက်ပြီနဲ့တူ၏ 😛

  • ခြေနဲ့လှော်တဲ့လူတွေလာတော့မှာမှာ တူတော်မောင်ရယ်။
    မင်းကလဲ ငါ့ကို ပုံတူကူးတဲ့သူမှတ်နေပြီထင်တယ်နော်။
    ငါ့တူ ကိုပေါက် စာလဲပုံတူမ ကူးဘူး ပုံလဲ ပုံတူမကူးဘူး။
    တင်ပြီးသားကိုလဲ နာမယ်ပြောင်းပြီး ထပ်မတင်ဘူး။
    မင်းဦးလေးက သန့်ပါတယ်ကွယ်။

    • GreeNSheeP

      October 22, 2011 at 2:38 pm

      အဲဒါတော့ အမှန်ပဲ
      ဒီ မန်းတလေးဂေဇက်မှာ အင်ရိုက်တာ ဆိုလို ့
      တစ်ယောက်ပဲ တွေ ့ရတယ်

      • Yin Nyine Nway

        October 22, 2011 at 3:07 pm

        လုပ်ပြီလုပ်ပြီ…ခဏနေ ဇတ်လမ်းပြန်စလာမယ်..
        တေ်ပြီ ဒီမှာတင်ရပ်…ဟီး

  • captainamerica

    October 22, 2011 at 1:15 pm

    လှလိုက်တဲ့ရှုခင်းတွေ ရိုက်တဲ့သူကလည်းတော်၏။ တို.ကိုပေါက် ကြီး
    သာွးချင်တဲ့နေရာတွေအကုန်ရောက်ဖြစ်ပီးဓာတ်ပုံလှလှလေးတွေအများကြီး
    ထပ်ရိုက်နိုင်ပါစေဗျာ……………….

  • ကံကောင်းလို့ရောက်တာပါဗျာ။
    အလုပ်ကိစ္စနဲ့ တောင်ပိုင်းရှမ်းပြည်သွားရင်း အားတဲ့ရက်ကလေး အချိန်လုပြီးလည်ရပါတ်ရ
    လုပ်ရတာပါ။
    အလည်သက်သက်ဆိုရင်တော့ ဝေလားဝေးထင်ပါရဲ့။

Leave a Reply