တလောလေးက ဂျာနယ်အတော်များများမှာ..

မွေးစကလေးတွေကိုလူမဆန်စွာပဲ.စွန့်ပစ်တယ်ဆိုတဲ့

သတင်းတချို့ဖတ်လိုက်ရတာရယ် ပြီးတော့ကိုယ်ပတ်ဝန်းကျင်မှာ.

နောက်ထပ်အလားတူဖြစ်ရပ်ကလေးတွေကြားသိရတာနဲ့ပဲ..ဒီပို့စ်လေးကိုရေးဖို့ စိတ်ကူးမိတာပါ..

မွေးစကလေးတွေကို.မိဘတွေက.မလိုချင်လို့စွန့်ပစ်ကြတယ်ဆိုတာက

အနီးအနားပတ်ဝန်းကျင်မှာအဆင်ပြေသလို စွန့်ပစ်ကြတာဆိုတော့.လူတွေသိပြီး.သတင်းတွေထွက်လာတာပေါ့ဗျာ..

ကျွန်တောပြောချင်တာက.အဲဒီအဆင့်ကိုမရောက်မှီပဲ.လူမဖြစ်သေးတာလေးတွေကို

လွယ်လွယ်ကူကူစွန့်ပစ်နေကြတဲ့ ဖြစ်ရပ်တွေလဲအပုံအပင်ရှိလာကြပြီဆိုတာကို.ပြောချင်တာပါ..

တမြန်နေ့ကပေါ့..ငယ်သူငယ်ချင်းတယောက်ကျွန်တော့ဆီ.ရောက်လာတယ်.

သူနဲ့မတွေ့တာကြာနေပြီဆိုတော့မိန်းမယူသွားပြီတောင်ထင်နေတာလေ.စကားပြောကြည့်တော့မရသေးပါဘူးတဲ့.

အခုလာတာကလည်းသူ့ကောင်မလေးနဲ့ပက်သက်ပြီး တိုင်ပင်ချင်လို့ပါ ပေါ့..ဒါနဲ့ပဲ.ဟကောင်ရ

မင်းမိန်းမယူဖို့ဆိုရင်မင်းမိဘတွေကိုတိုင်ပင်ပေါ့ဟ

ငါကလူပျိုတိုင်ပင်လည်းဘာမှမသိဘူး (ကြော်ငြာတာမဟုတ်ပါဗျာ)

ဘာမှလည်းအကြံမပေးတတ်ဘူးဆိုတော့.အဲ့ဂလို မဟုတ်ပါဘူးတဲ့ဗျာ..

အခုဟာက ဒင်းတို့နှစ်ယောက်.ကဲချင်တိုင်းကဲ.ဖြစ်သလိုနေလာကြပြီး. နောက်လူတိုးမဲ့ပြသာနာပေါ်နေလို့..

သူတို့ကလဲ မယူချင်သေးကြဘူးဆိုတော့.အဲဒါကို ဘယ်လိုရှင်းရင်ကောင်းမလဲလို့

လာတိုင်ပင်တာပါတဲ့..ပြောရရင်တော့သူခိုးသေဖော်ညှိတာပေါ့နော်..

အမှန်တော့ သူ့အသက်အရွယ်.နဲ့ ငွေကြေးပိုင်းအရဆိုရင်လည်း.ယူမယ်ဆိုယူသင့်သလို

ယူလည်းယူနိုင်တဲ့အနေအထားပါ..ဒါပေမဲ့

သူတို့ကတော့လက်မထပ်ချင်သေးဘူးဆိုတဲ့.အကြောင်းကိုပြောပြီး

ဒီကလေးကိုမယူဖို့တွင်တွင်ကိုငြင်းနေတာပဲ..

ကိုယ့်အနေ နဲ့ကတော့ဖြစ်ပြီးတဲ့နောက်ဆက်တွဲလေးကို.

လူသားဆန်ဆန်တာဝန်ယူဖို့.ကောင်းရာကောင်းကြောင်းပဲအကြံပေးလိုက်တယ်.

ဖျက်ချတယ်ဆိုတဲ့.လူမဆန်တဲ့လုပ်ရပ်ကိုတော့လုံးဝ မစဉ်းစားသင့်ကြောင်းလည်းပြောမိတယ်..

အဲဒီမှာ သူတို့ဘက်က ဘယ်လိုစကားတွေထွက်လာလဲဆိုတော့.တခြားသူငယ်ချင်းတွေတုန်းကလည်း..

အဲလိုပဲအဆင်ပြေသလို ရှင်းလိုက်ကြတာပဲ..အခုကြည့်ပါအုံး

ဘယ်လောက်အေးအေးဆေးဆေးနဲ့ လွတ်လပ်နေကြသလဲပေါ့ဗျာ..

(နှစ်ယောက်.သုံးယောက်မကဘူးနော်).. သူပြောတဲ့သူငယ်ချင်းဆိုတာတွေက လည်းကျွန်တော်နဲ့ခင်မင်တဲ့

သူငယ်ချင်းတွေပါ ပဲ..အပေါင်အအသင်းတွေကြားမှာတော့ ပုံမှန်အားဖြင့်

ကူညီရိုင်းပင်းချင်စိတ်ရှိတဲ့ဆက်ဆံရေးကောင်းမွန်သူတွေပါပဲ..

အဲဒီမှာ ကျွန်တောစဉ်းစားကြည့်မိတော့ဗျာ..

သူတို့တွေပြောပုံက ဒီလုပ်ရပ်ကို တကယ့်ကိုမလွှဲသာလို့ လုပ်လိုက်ရပါတယ်ဆိုတဲ့

အမြင်တောင်မရှိနိုင်ကြတော့ဘဲ..ဒီအခက်အခဲကို ဒီလိုပဲဖြေရှင်းရမှာပဲဆိုတဲ့ သာမန်

ပေါ့ပေါ့လေးတွေးတာကို မြင်လိုက်ရတယ်ဗျာ.

သူတို့အစားကျွန်တော့.ရင်လေးသွားတယ်..ဘာဖြစ်လို့ ဒီလုပ်ရပ်ကိုကျတော့..အပြစ်တခုလို့ မမြင်နိုင်ကြတာလဲ..

သူတို့တွေနေချင်သလိုနေ ဖြစ်ချင်သလိုဖြစ်ပြီး ရလာတဲ့အကျိုးဆက်ကိုရင်မဆိုင်ရဲ ကြရင်

ဘာကြောင့်မထိန်းချုပ်နိုင်ကြတာလည်း

အခုတော့ကြားထဲက အပြစ်မရှိတဲ့ လူမှန်းတောင်မသိတတ်သေးတဲ့.သူတို့လေးတွေ

ဒုက္ခရောက်ရတာပေါ့ဗျာ..ဒီလို လုပ်ရပ်ကို.လွယ်လွယ်လေးကျူးလွန်ဖို့လက်မနှေးကြတော့တဲ့.လူမျိုးတွေ

ကျွန်တော်တို့လူမှူပတ်ဝန်းကျင်မှာဘယ်လောက်တောင်များနေပြီလည်း.

စောင့်ထိန်းရမဲ့ကျင့်ဝတ် တွေကိုမေ့လျော့နေပြီလားတွေးရင်း….ရှာထဲမှာချမေးမိတာပါဗျာ။

(သူတို့.သွားလုပ်လိုက်တာ.အဆင်ပြေသွားပြီဟုကျွန်တော့ဆီ ဖုန်းဆက်ပြောသောကြောင့်ဒီပို့စ်ကိုရေးမိပါသည်)

 

About amatmin

amatmin has written 27 post in this Website..