စားပြီးထွေးထုတ်..သူတို့ အလုပ်

amatminOctober 21, 20111min22429

တလောလေးက ဂျာနယ်အတော်များများမှာ..

မွေးစကလေးတွေကိုလူမဆန်စွာပဲ.စွန့်ပစ်တယ်ဆိုတဲ့

သတင်းတချို့ဖတ်လိုက်ရတာရယ် ပြီးတော့ကိုယ်ပတ်ဝန်းကျင်မှာ.

နောက်ထပ်အလားတူဖြစ်ရပ်ကလေးတွေကြားသိရတာနဲ့ပဲ..ဒီပို့စ်လေးကိုရေးဖို့ စိတ်ကူးမိတာပါ..

မွေးစကလေးတွေကို.မိဘတွေက.မလိုချင်လို့စွန့်ပစ်ကြတယ်ဆိုတာက

အနီးအနားပတ်ဝန်းကျင်မှာအဆင်ပြေသလို စွန့်ပစ်ကြတာဆိုတော့.လူတွေသိပြီး.သတင်းတွေထွက်လာတာပေါ့ဗျာ..

ကျွန်တောပြောချင်တာက.အဲဒီအဆင့်ကိုမရောက်မှီပဲ.လူမဖြစ်သေးတာလေးတွေကို

လွယ်လွယ်ကူကူစွန့်ပစ်နေကြတဲ့ ဖြစ်ရပ်တွေလဲအပုံအပင်ရှိလာကြပြီဆိုတာကို.ပြောချင်တာပါ..

တမြန်နေ့ကပေါ့..ငယ်သူငယ်ချင်းတယောက်ကျွန်တော့ဆီ.ရောက်လာတယ်.

သူနဲ့မတွေ့တာကြာနေပြီဆိုတော့မိန်းမယူသွားပြီတောင်ထင်နေတာလေ.စကားပြောကြည့်တော့မရသေးပါဘူးတဲ့.

အခုလာတာကလည်းသူ့ကောင်မလေးနဲ့ပက်သက်ပြီး တိုင်ပင်ချင်လို့ပါ ပေါ့..ဒါနဲ့ပဲ.ဟကောင်ရ

မင်းမိန်းမယူဖို့ဆိုရင်မင်းမိဘတွေကိုတိုင်ပင်ပေါ့ဟ

ငါကလူပျိုတိုင်ပင်လည်းဘာမှမသိဘူး (ကြော်ငြာတာမဟုတ်ပါဗျာ)

ဘာမှလည်းအကြံမပေးတတ်ဘူးဆိုတော့.အဲ့ဂလို မဟုတ်ပါဘူးတဲ့ဗျာ..

အခုဟာက ဒင်းတို့နှစ်ယောက်.ကဲချင်တိုင်းကဲ.ဖြစ်သလိုနေလာကြပြီး. နောက်လူတိုးမဲ့ပြသာနာပေါ်နေလို့..

သူတို့ကလဲ မယူချင်သေးကြဘူးဆိုတော့.အဲဒါကို ဘယ်လိုရှင်းရင်ကောင်းမလဲလို့

လာတိုင်ပင်တာပါတဲ့..ပြောရရင်တော့သူခိုးသေဖော်ညှိတာပေါ့နော်..

အမှန်တော့ သူ့အသက်အရွယ်.နဲ့ ငွေကြေးပိုင်းအရဆိုရင်လည်း.ယူမယ်ဆိုယူသင့်သလို

ယူလည်းယူနိုင်တဲ့အနေအထားပါ..ဒါပေမဲ့

သူတို့ကတော့လက်မထပ်ချင်သေးဘူးဆိုတဲ့.အကြောင်းကိုပြောပြီး

ဒီကလေးကိုမယူဖို့တွင်တွင်ကိုငြင်းနေတာပဲ..

ကိုယ့်အနေ နဲ့ကတော့ဖြစ်ပြီးတဲ့နောက်ဆက်တွဲလေးကို.

လူသားဆန်ဆန်တာဝန်ယူဖို့.ကောင်းရာကောင်းကြောင်းပဲအကြံပေးလိုက်တယ်.

ဖျက်ချတယ်ဆိုတဲ့.လူမဆန်တဲ့လုပ်ရပ်ကိုတော့လုံးဝ မစဉ်းစားသင့်ကြောင်းလည်းပြောမိတယ်..

အဲဒီမှာ သူတို့ဘက်က ဘယ်လိုစကားတွေထွက်လာလဲဆိုတော့.တခြားသူငယ်ချင်းတွေတုန်းကလည်း..

အဲလိုပဲအဆင်ပြေသလို ရှင်းလိုက်ကြတာပဲ..အခုကြည့်ပါအုံး

ဘယ်လောက်အေးအေးဆေးဆေးနဲ့ လွတ်လပ်နေကြသလဲပေါ့ဗျာ..

(နှစ်ယောက်.သုံးယောက်မကဘူးနော်).. သူပြောတဲ့သူငယ်ချင်းဆိုတာတွေက လည်းကျွန်တော်နဲ့ခင်မင်တဲ့

သူငယ်ချင်းတွေပါ ပဲ..အပေါင်အအသင်းတွေကြားမှာတော့ ပုံမှန်အားဖြင့်

ကူညီရိုင်းပင်းချင်စိတ်ရှိတဲ့ဆက်ဆံရေးကောင်းမွန်သူတွေပါပဲ..

အဲဒီမှာ ကျွန်တောစဉ်းစားကြည့်မိတော့ဗျာ..

သူတို့တွေပြောပုံက ဒီလုပ်ရပ်ကို တကယ့်ကိုမလွှဲသာလို့ လုပ်လိုက်ရပါတယ်ဆိုတဲ့

အမြင်တောင်မရှိနိုင်ကြတော့ဘဲ..ဒီအခက်အခဲကို ဒီလိုပဲဖြေရှင်းရမှာပဲဆိုတဲ့ သာမန်

ပေါ့ပေါ့လေးတွေးတာကို မြင်လိုက်ရတယ်ဗျာ.

သူတို့အစားကျွန်တော့.ရင်လေးသွားတယ်..ဘာဖြစ်လို့ ဒီလုပ်ရပ်ကိုကျတော့..အပြစ်တခုလို့ မမြင်နိုင်ကြတာလဲ..

သူတို့တွေနေချင်သလိုနေ ဖြစ်ချင်သလိုဖြစ်ပြီး ရလာတဲ့အကျိုးဆက်ကိုရင်မဆိုင်ရဲ ကြရင်

ဘာကြောင့်မထိန်းချုပ်နိုင်ကြတာလည်း

အခုတော့ကြားထဲက အပြစ်မရှိတဲ့ လူမှန်းတောင်မသိတတ်သေးတဲ့.သူတို့လေးတွေ

ဒုက္ခရောက်ရတာပေါ့ဗျာ..ဒီလို လုပ်ရပ်ကို.လွယ်လွယ်လေးကျူးလွန်ဖို့လက်မနှေးကြတော့တဲ့.လူမျိုးတွေ

ကျွန်တော်တို့လူမှူပတ်ဝန်းကျင်မှာဘယ်လောက်တောင်များနေပြီလည်း.

စောင့်ထိန်းရမဲ့ကျင့်ဝတ် တွေကိုမေ့လျော့နေပြီလားတွေးရင်း….ရှာထဲမှာချမေးမိတာပါဗျာ။

(သူတို့.သွားလုပ်လိုက်တာ.အဆင်ပြေသွားပြီဟုကျွန်တော့ဆီ ဖုန်းဆက်ပြောသောကြောင့်ဒီပို့စ်ကိုရေးမိပါသည်)

 

29 comments

  • windtalker

    October 21, 2011 at 12:11 pm

    အခုခေတ် လူငယ်တွေ က ပွင့်လင်းလွတ်လပ်စွာနေလွန်းအားကြီးပြီ ဆိုတော့
    လိင်ဆက်ဆံတဲ့ နေရာမှာ ကွန်ဒုံးသုံးရင်သုံး (ဒါမှမဟုတ်)
    တားဆေး သောက်ရင်သောက် ၊ ထိုးချင်ထိုး စသဖြင့်
    စနစ်တကျ ပညာပေးဖို ့အစီအစဉ်တွေ လိုအပ်နေပြီလို ့ထင်ပါတယ်
    အမတ်မင်း ပြောသလို အဖြစ်တွေကတော့ ကြုံခဲ့ဖူးပါတယ်
    အသိတွေထဲမှာကို ၃ လလောက်ရောက်မှ မလိုချင်ဘူး ဆိုပြီး
    ဖျက်ပစ်တာမျိုးလည်း တွေ ့ခဲ့ဖူးတယ်
    အရမ်းအန္တရာယ် ရှိတဲ့ အလုပ်ပါဗျာ

  • amatmin

    October 21, 2011 at 1:37 pm

    ဒီပို့စ် ကိုတင်တုန်းလျှောက်.Tags လိုက်တာ.အဲလိုမျိုး.တခြားပို့စ်တွေအောက်ရောက်သွားတယ် ထင်တယ်..
    ပြန်ဖြုတ်လို့ ရလားမသိဘူးဗျာ..

    • နွယ်ပင်

      October 21, 2011 at 3:56 pm

      ပြန်ပြင်လို့ရပါတယ် ကိုamatminရေ
      အခုရေးထားတဲ့ ပိုစ့်အောက်က Edit this page
      ကနေပြင်ရင် ပြင်လို့ ရပါတယ် …..

      • thit min

        October 21, 2011 at 4:55 pm

        ဒို့လဲ Edit လုပ်လို့မရပါဘူး။ အောက်ဆုံးမှာအဲဒီစာ Edit this page မပေါ်ပါဘူး။ ဘာလို့လဲတော့မသိ။

        • amatmin

          October 21, 2011 at 10:16 pm

          ဟုတ်တယ်.ဆရာသစ်ရေ.ကျွန်တော်လည်းမတွေ့ဘူးဗျ..
          ပြင်လို့လဲမရ..အမနွယ်ပင်ရေ.ကူပါဦး..

        • နွယ်ပင်

          October 22, 2011 at 10:46 am

          ကိုယ်ရေးထားတဲ့ ပိုစ့်အောက်က Edit this page ကနေပြင်လိုရသလို
          All Post အောက်ကနေလည်း Edit | Quick Edit ဆိုပြီး ရှိပါတယ်
          အဲဒီကနေလည်း ပြန်လို့ရပါတယ် ကို thit min နဲ့ ကိုamatminရေ ကြိုးစားကြည့်ပါဦးနော် ..

  • Shwe Ei

    October 21, 2011 at 1:38 pm

    sex education program တွေဒီထက်ပိုပီး ပွင့်လင်းကျယ်ပြန့်လာရင် ဒီလို ပြသနာတွေ တဖြည်းဖြည်း ပပျောက်သွားမယ်လို့တော့ မျှော်လင့်ရတာဘဲ။ မသိမှုကြောင့်ဖြစ်တဲ့ ပြသနာတွေလို့ယူဆပါတယ်။

  • nayminn

    October 21, 2011 at 2:59 pm

    လက်မောင်းထဲထည်.တဲ့ဆေးတောင့်တစ်မျိုးရှိတယ်တဲ့… ၅ နှစ် ခံ။
    သားစပ်ခြားရေးပညာပေး( တချို့NGO ) တွေမှာထည့်ပေးနေတယ် ၅၀ဝ ကျပ်ပဲပေးရတယ်…တဲ့။
    ကြားတာပဲ…။

  • amatmin

    October 21, 2011 at 3:11 pm

    ကိုတော်ကာကြီး နဲ့ မရွှေအိ တို့ပြောသလိုပဲ.ကာယကံရှင်တွေကို.
    လိင်ဆက်ဆံတဲ့ နောက်ဆက်တွဲတွေကို.နားလည်သဘောပေါက်ပြီး.
    ဖြစ်လာခဲ့ရင်လည်း ဒါကိုလက်ခံကြဖို့ရှက်စရာ.လို့မမြင်ကြဘဲ..ကလေးအသက်ရော..
    ကိုယ့်အသက်အတွက်ရော.အလေးထားဖို့.ပညာပေးလေးတွေရှိရင်ကောင်းမယ်ဗျာ..
    ခုတော့.ပတ်ဝန်းကျင်က.ပြောမှာကြောက်(လုပ်တုန်းကတော့ဘာမှမစဉ်းစားကြဘူး)
    မင်္ဂလာပွဲကို.ဗိုက်ပူလေးနဲ့မတက်ရဲရတာနဲ့..
    ကိုယ့်ဘာသာရေးကြီးက တားမြစ်ထားတဲ့သူများအသက်ဆိုတဲ့ထဲမှာ.မပါသလိုစဉ်းစားပြီး
    လုပ်ချင်သလိုလုပ်နေကြတာပဲဗျာ…မသိတာတွေကို.သိအောင်ဝိုင်းကြမဲ့.
    အနေအထားတရပ်ရှိလာမယ်လို့မျှော်လင့်တာပဲဗျာ..

    ကိုနေမင်းပြောသလို.ဆေးတွေများလာရင်လည်းကောင်းတာပဲဗျာ..ဒါပေမဲ့
    ဘေးထွက်ဆိုးကျိုးတွေကလည်း..မသေးလောက်ဘူးနော်..

  • nozomi

    October 21, 2011 at 6:55 pm

    မရခင် ကြိုတား ရလာရင်တော့ ကျေကျေနပ်နပ် လက်သင့်ခံကြရမှာပါ မခံချင်ရင်တော့ မခံကြနဲ့ပေါ့

    နိုင်ငံခြားမှာတော့ စနစ်တကျ ဆေးရုံ ဆေးခန်းတွေမှာ ဖျက်ပေးတာရှိတယ်
    ဒီမှာ ရှိတယ် ဆိုတာ မကြားမိဘူး ၊ ဖျက်ရင် တရားမဝင် ဖျက်ရမှာပဲ
    အထဲက ကလေးအတွက် ခဏထား မိခင်မှာ အန္တရာယ်ကင်းပါ့ မလား

  • TTCG

    October 21, 2011 at 7:05 pm

    IMO, the abortion becomes problems in Myanmar because of not only the couples but also our Myanmar traditional environment. I can’t think a single reason why Myanmar people do not respect Single Mother / Father. If we could respect them, they will be willingly to look after their kids without marriages and we can reduce the abortion rate and fatilities.

    • amatmin

      October 21, 2011 at 9:50 pm

      ဟုတ်ကဲ့ TTCG ပြောသလိုပဲ.ကျွန်တော်တို့ဆီမှာက.မြန်မာ့မျက်စိနဲ့ကြည့် ပြီး
      ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်တာမပြောနဲ့..လက်မထပ်ခင်.ဂလိုမျိုး
      ဗိုက်ကြီးတာကိုတောင်.လူမှုရေးဖောက်ပြန်မှုနီးပါး..အပြစ်ဝိုင်းပြောချင်ကြတာလေ..
      အမှန်တော့.ဖျက်ချတဲ့သူတွေကလည်း ပတ်ဝန်းကျင်ဆိုတဲ့.ပါးစပ်ကြီးကို.
      အဲဒီရလာမယ့်ကလေးကိုပြုစုရ မှာထက်ပိုကြောက်ကြတဲ့ပုံပဲဗျ…
      သူကြီးပြောနေကျ..US ကနေ အတုယူရမှာ ဒါတွေလည်းပါမယ်ထင်တယ်..

  • GreeNSheeP

    October 21, 2011 at 7:07 pm

    အဖွဲ ့အစည်းတစ်ခုဖွင့်ထားသော ပညာပေးဆေးခန်းတွင် ဖျက်ပေးသည် ဟု သတင်းကြားဖူးပါသည်။
    ရန်ကုန်ဆေးရုံကြီး တွင်လည်း ၊ အထူးစုံစမ်း ပါက ဖျက်ပေးသူများရှိသည် ဟု သိရသည် ။ အဲဒီမှာ ၈သောင်းကျပ် ။

    • amatmin

      October 21, 2011 at 9:58 pm

      ွGreeNShep ရေ..
      ကျွန်တော့ သူငယ်ချင်းကတော့”..”ဘက်မှာ.၁သိန်း၅သောင်းနဲ့ ဈေးတည့်သွားပါကြောင်း..

      ကို နိုဇိုမီ.ပြောသလို.တရားမဝင်.ဖွင့်တာတွေဖြစ်ပါတယ်.

  • aye.kk

    October 21, 2011 at 7:20 pm

    စိတ်ကောင်းစေတနာထားတတ်မှ ုမရှိတဲ့
    ပြယုဂ်တစ်ခုပါဘဲ..မလုပ်သင့်ပါ
    ဝဋ်မှာအမြဲ..ငရဲကျမှာဘဲ

  • blackeye

    October 21, 2011 at 7:49 pm

    လူ့အသက်တစ်ချောင်း ဆိုတော့ အဖန်ငါးရာငါးကမ ္ဘာ တဲ့၊
    လုပ်ကြပေါ့ ။

    • Shanma TUmdy

      October 21, 2011 at 9:49 pm

      ကိုယ့်အသက် ကိုယ်သတ်မှမဟုတ်လား.. အဖန်ငါးရာငါးကမ္ဘာဆိုတာ..

  • parlayar46

    October 21, 2011 at 11:45 pm

    တကယ်ကတော့ လုံးဝမလုပ်သင့်တာပါပဲ
    ဒါပေမယ့်
    သင့်တာတွေ မသင့်တာတွေ ထားလို့…..
    လုပ်တာကတော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်နေကြပါပြီ။
    တကယ်လက်တွေ့ ကျတဲ့အဖြေကတော့-
    အခြားနိုင်ငံအချို့လိုပဲ တရားဝင်ဖျက်ခွင့်ပေးလိုက်မှအေးမယ်ထင်ပါတယ်။
    ဆေးရုံမှာ စံနစ်တကျဖျက်ရင် အန္တရာယ်လဲ အလွန်နည်းပြီး ငွေကြေးကုန်ကျမှုလဲ သိပ်မများနိုင်ပါဘူး။
    ဒေါက်တာ ဒေါ်မိုးသီတာစိုးရေ-
    ဒီပိုစ့်လေးဖတ်မိရင် ဆေးဘက်အမြင်လေး ပြောပါဦး။

  • kai

    October 22, 2011 at 4:03 am

    ယူအက်စ်လို..လစ်ဘရယ်တော်တော်များတဲ့နိုင်ငံတောင်.. အဘိုးရှင်း(ဖျက်ချ)ကိစ္စက.. လွှတ်တော်ထဲ..အိမ်ဖြူတော်အထိ.. အကြိတ်အနယ်ပဲ..။
    ဥပဒေပြုရ တော်တော်ခက်တယ်..။

    မြန်မာပြည်လို. .စူပါကွန်ဆာဗေးတစ်တွေရဲ့တိုင်းပြည်.. ဥပဒေကိစ္စ.. အင်မတန်ခက်မယ်ထင်မိတယ်..။ 🙂

  • etone

    October 22, 2011 at 8:59 am

    အမတ်မင်းရေ… ။

    ကျွန်မတို့ နိုင်ငံမှာ အဲ့ဒါဆိုးတာ … မီဒီယာတွေက ၊ စာအုပ်တွေ ၊ ကျန်းမာရေး စာဆောင်တွေကနေ ကိုယ်ဝန်မရအောင် ဘယ်လို ပြုမူနေထိုင်သင့်တယ်ဆိုတာမျိုးတွေ အလျဉ်းသင့်သလို ဖော်ပြနေပါလျှက် ကိုယ်တိုင်က မလိုက်နာမိပဲ နောက်ဆက်တွဲဆိုးကျိုး ကိုယ်ဝန်ရသွားတတ်တယ် … ။ တကယ်ဆို … အဲ့ဒီကိစ္စတွေမရှောင်နိုင်ဘူးဆိုလျှင်တောင် ကာကွယ်ဖို့ ရွေးချယ်စရာတွေအများကြီးပါ … ကျွန်မရေးခဲ့ဖူးပါတယ် … ။

    http://myanmargazette.net/55483/health-fitness (မလိုလားအပ်တဲ့ ကိုယ်ဝန်ရစရာရှိပါ့မလား ) ဆိုတဲ့ပို့စ်မှာ ကာကွယ်နည်းတချို့ကို ဖော်ပြပေးထားပါတယ် … ။

    ဒီနိုင်ငံမှာက အဲ့ဒီလိုပညာပေးတွေ ပေါ်ပေါ်ထင်ထင် တွင်တွင်ကျယ်ကျယ်လုပ်သင့်သလောက် မလုပ်နိုင်ဘူးဖြစ်နေတယ် … တဖက်က လူငယ်တွေ အရွယ်မတိုင်ခင် လိင်ကိစ္စ စိတ်ဝင်စားမှုများလာမှာ စိုးတာရယ် … မသမာသူတို့ရဲ ့ စိတ်တွေ နှိုးဆော်သလိုဖြစ်မှာရယ်တွေကြောင့်ပါ … ။
    လူသားမို့ ဒီလိုကိစ္စတွေ ရှောင်လွဲမရသော်လည်း …. ကာကွယ်နည်းလေးတွေ သိထားလျှင် ထိုက်သင့်သလောက် ရှောင်လွဲနိုင်မှာပါ … ။ တကယ်လို့များ မတော်တဆ ကိုယ်ဝန်ရခဲ့လျှင်တောင် … မွေးရဲတဲ့သတိ္တနဲ့(အတော်တော့ ..စွန့်စားရမယ်…) မွေးဖို့ ကြိုးစားသင့်ပါတယ် … ကျွန်မတို့နိုင်ငံမှာ single mother ဆိုတာ ..ခေတ်မစားပေမယ့်…တခြားနိုင်ငံတွေမှာတော့ … ကိုယ့်ထမင်းကိုယ်စား … ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့်ရှိတယ် … အဲ့ဒီအကြောင်းလေးကို… အောက်ကလင့်မှာ ရေးထားဖူးတယ် … ။

    http://myanmargazette.net/52602/health-fitness (အိမ်ထောင်မပြုခင် ကိုယ်ဝန်ဆောင်ခြင်း နှင့် လူအများလက်ခံထားသည့် ယဉ်ကျေးမှူ့ အမူကျင့် )

  • Tiger mg

    October 22, 2011 at 10:04 am

    ဟင်းးးးးးးး အဲလိုအဖြစ်တွေမဖြစ်သင့်တော့ပါဘူး။ ကျန်းမာရေးရှု့ထောင့်ကပဲကြည့်ကြည့်၊
    လူမူ့ရေးရှု့ထောင့်ကနေပဲကြည့်ကြည့် ဘယ်လို့မှလက်ခံနိုင်စရာမရှိပါဘူး။ မနေနိုင်လို့ပဲ ကဲကြမယ်ဆိုရင်တောင် ၊ မကဲခင် ဒီလိုကိစ္စဖြစ်မလာအောင် ဘယ်လိုကြိုတင်ကာကွယ်မလဲကို အရင် စဉ်းစား ကြဖို့ကောင်းပါတယ်။ ဟိုဟာပြုနေတုန်းကတော့ နှစ်ယောက်တည်းကမ္ဘာပေါ့နော်။ နောက်တော့ မဖုံးနိုင်၊ မဖိနိုင်၊ မရှူနိုင်၊မကယ်နိုင်ဖြစ်မှ မလုပ်သင့်တာတွေ
    လုပ် အကုန်လျှောက်လုပ်ကုန်ကော။ ဘာမှမပြစ်မရှိတဲ့ လူသားတစ်ယောက်ကို လူလောကထဲမှာတောင် မရောက်ခင်မှာ သတ်လိုက်တယ်ဆိုတာ တော်တော်ကိုလူသားမဆန်တဲ့လုပ်ရပ်မဟုတ်ဘူးလားဗျာ။
    လွပ်လပ်စွာသဘောထားကွဲလွဲနိုင်ပါတယ်။ ကျွှန်တော့ရဲ့အမြင်လေးတင်ပြလိုက်တာပါ…..
    ရွာသားများခင်ဗျာ…
    အမှားတစ်စုံတစ်ရာများပါသွားရင် ဦးညွှတ်ပြီးအရင်ဦးစွာ တောင်းပန်ပါတယ်ခင်ဗျာ…..။

  • ငွေရှာတာက ခက်လာပြီး
    လူဖြစ်တာလွယ်တော့
    လူကို လူလို တန်ဘိုးမထားကြတာနေမယ်ထင်ပါရဲ့ဗျာ။

  • nigimi77

    October 22, 2011 at 5:42 pm

    ဖြစ်ခဲလှတဲ့ လူ ့ဘဝတဲ့။

    အဲဒီ အထဲမှာက မြင့်မြတ်လှတဲ့ ယောကျာင်္း ဘဝတဲ့။

    လက်တွေ ့ကတော့ လူမွေး လူထွက် ခွေးမွေး ခွေးထွက်နေတာပါပဲ။

    အီးဒုံး ပြောတဲ့ Single Mother ဆိုတာမျိုးကတော့ ကျုပ်တို ့သေပြီး နောက် ၅ ဆက်လောက်ထိ

    ဖြစ်နိုင်မယ်မထင်သေးဘူး။

    ဖက်ရှင် အနေနဲ ့Single Mother လုပ်တာမျိုး မဟုတ်ပဲ အကြောင်းကြောင်းနဲ ့ ဖြစ်သွား

    တာမျိုးတော့ ရှိလာမှာပဲ။

    ဒါနဲ ့ပါတ်သပ်ပြီး ပြောရရင် ယောကျာင်္းဆိုတဲ့ ကောင်တွေက သဒေါင်းဇား အစာဝတော့ ×ီး ေTာင် ဆိုတဲ့

    ကောင်စားတွေဗျ။ ကျုပ်လဲ အပါအဝင်ပဲ။ အဲ…ခင်ဗျားတို ့နဲ ့ ကွာခြားနိုင်တာ တစ်ချက်က ကျုပ်ဟာ

    ချွတ်လိုက်တဲ့ အတွင်းခံကို ပြန်ဝတ်ပေးတတ်တယ် ဆိုတာပဲ။ အကာအကွယ် ဘာညာသာ ပြောနေတာ

    မိန်းကလေးက ယောကျာင်္းလေးကို အဲဒီ အချိန်မှာ ဘာမှ မလွန်ဆန်နိုင်တော့ဘူးဗျ။ ဒါက အပြစ်ပြောလို ့

    မရဘူး။ ဒါဟာ သဘာဝပဲ။ အဲဒီ အချိန် မတိုင်ခင်ကရယ် တိုင်ပြီးမှပဲ ဗိုက်ကြီးမှာကို ကြောက်ကြတယ်။

    ဒီတော့ ဆင်ခြင်ရမှာ ကိုယ်ချင်းစာရမှာက ခင်ဗျားတို ့ကျုပ်တို ့လို အစာဝတဲ့ သဒေါင်းဇားတွေပဲ။

    အရသာ ကောင်းချင်ရင် ကွန်ဒုံး ပါးပါးလေးတွေရှိတယ်။ ဖင်ခေါင်းကျယ်ပြီး လူနဲ ့လက်နက်နဲ ့မမျှအောင်

    ယူရောပ်ပီယန် ဆိုက်ဇ် တွေ ဝယ်သုံးပြီး ချောင်သလေး ပြုသလေး ကမ္ဘာခြားသလေး မလုပ်နဲ ့။

    သူတို ့ခင်မျာ သဘာဝကို မလွန်ဆန်နိုင်လို ့ မောင့်သဘော လုပ်တဲ့ဟာကို ခင်ဗျားတို ့က ငါ့ဘို ့ပဲကြည့်

    လို ့ ဒီလိုတွေဖြစ်နေကြတာ။ တာဝန် အရှိဆုံးက သူတို ့တွေ မဟုတ်ဘူး။ ခင်ဗျားတို ့ကျုပ်တို ့တွေပဲ။

    မိုးကာ မခြုံပဲ ရေချိုးတယ်။ ပြီးရင် နှာစေးမှာ စိုးလို ့ ဆေးလေး တိုက်လိုက်တယ် ဟုတ်စ ???

    ဈေးက သူတို ့ရဲ ့ ဟော်မုန်းတွေကို ကဗျောင်းကဗြန် ဖြစ်စေတယ်။ ခင်ဗျား တကယ်ယူမည့် မိန်းမဆိုရင်

    ကလေးယူချင်တဲ့ အခါ နားကားမယ်။

    ဆိုတော့…သဒေါင်းစား အစာဝရင် ကြိုက်သလိုလုပ်ပါ ။ ဒါပေမဲ့ …ကွန်ဒုံးကို သုံးစွဲပါဗျား။

    ကွန်ဒုံးသုံးလဲ သူလဲကောင်း ခင်ဗျားလဲ ကောင်းပါတယ်။

    • amatmin

      October 23, 2011 at 12:37 am

      ကိုnigimi77 ပြောတဲ့.ကွန်ဒုံးသုံးစွဲရေးကို.လက်ခံပါတယ်.သဘောလဲတူပါတယ်
      လုပ်နိုင်မယ်ဆိုရင်အရွယ်ရောက်သူတိုင်းတောင်ဆောင်သင့်ပါတယ်.
      ဥပမာ.ဆိုရင်ကျွန်တော်.အဖေဆိုရင်.၁ဝ တန်းအောင်တဲ့နှစ်မှာပဲ ကွန်ဒုံးလိုအပ်တဲ့သဘောတရားတွေကို.ကျွန်တော့ကိုရှင်းပြပေးခဲ့တယ်..
      ဒါကြောင့်ထင်တယ်..အဖော်(Aphaw)ကြော်ငြာဆို.မျက်လုံးထဲဖျောက်မရဘူး..
      အထူးသဖြင့်.သဲအိတ်ကို.လက်သီးနဲ့ထိုးနေတဲ့.ကလေးမလေးပေါ့…:)
      နောက်တာပါ.bro ရေ..ပြောရရင်တော့.ဒီလိုပွင့်ပွင့်လင်းလင်းပြောမဲ့လူတွေ.
      ကသော့ချက်တွေပါ..ဗျာ….

  • nigimi77

    October 22, 2011 at 5:45 pm

    ဈေးက မဟုတ်ပါ။ ဆေးက လို ့ပြင်ဖတ်ပါ။

  • J.me

    October 22, 2011 at 8:47 pm

    ဆြာ က သူကောင်းတာလဲ သိနေတယ်လား
    ဆြာ ပြောပြချက်တွေက ထိထိမိမိ ကောင်းပါတယ်
    ဟတ်ထိ တဲ့ စကားတွေပါ
    ဟုတ်တယ် အနော်တို့ တွေက တာဝန်အရှိဆုံးပါ…။

  • amatmin

    October 23, 2011 at 12:05 am

    မအိတုံရေ..
    ကျွန်တော်မအိတုံရဲ့.ပိုစ့်တွေကိုသေချာကိုဖတ်ကြည့်ပြီးပါပြီ..အရမ်းသဘောကျပါတယ်
    ကျွန်တောလဲသိချင်နေပြီး..ဖြစ်လာဖို့လိုအပ်နေတဲ့အကြောင်းတွေပါပဲ…
    ကျွန်တော်ဒီပိုစ့်.ကိုတင်ဖြစ်တာကလဲ..သူတို့တွေအနေနဲ့.မဖြစ်ခင်ကာကွယ်ဖို့အသိရှိ.စေချင်ပြီး.
    ကာကွယ်ဖို့နည်းလမ်းတွေကိုလဲကျယ်ကျယ်ပြန့်ပြန့်.သိနေ..ရှိနေစေချင်တာပါ….
    ပြီးတော့ဖြစ်လာခဲ့ရင်တောင်.ဒါကိုအပြစ်ကြီးလို့.မမြင်ဘဲ.နားလည်ပေးနိုင်မဲ့.လူမှုပတ်ဝန်းကျင်
    ရှိမယ်ဆိုရင်ပိုပြီးပြည့်စုံတာပေါ့ဗျာ…(မဖြစ်နိုင်မှန်းလဲ.သိပါရဲ့)… ဒါတွေကို..ဒီလိုလုပ်ရင်.ရတယ်ဆိုတဲ့မအိတုံရဲ့ပိုစ့်တွေအတွက်..ကျေးဇူးအထူးပါ..
    ကျွန်တော်ကြိုဖတ်ဖြစ်ခဲ့ရင်..Tag..လုပ်ကြည့်လိုက်ပါတယ်..ခုတော့လုပ်တတ်တော့ဘူးဗျာ…:)

  • ကြောင်ကြီး

    October 23, 2011 at 11:58 am

    သဂျီးကတော့ ဒီလိုမျိုးဆိုရင် လွှတ်တော်ထဲတိုင်ဖို့ ပြောလေ့ရှိတယ်။ (သူ့ခင်ဗျာလဲ မြန်မာပြည်က ကျောက်တွင်းတွေကို ကြည့်ရသေးသကိုး) ဒါကြောင့် သဂျီးအလိုတော်ကျ ပြောပါ့မယ်။ အမတ်မင်းရယ် လွှတ်တော်မှာ တင်ပြပေးပါ။ နိုင်ငံရေးကိစ္စမဟုတ်လို့ ပြည်သူ့လွှတ်တော်ထဲမှာ ဆွေးနွေးပေးနိုင်မယ် ထင်ပါတယ်..။ 🙁

  • amatmin

    October 23, 2011 at 10:54 pm

    ကိုကြောင်ကြီးရေ..
    ကြားရသလောက်ကတော့.လွှတ်တော်က.အမတ်မင်းတွေက
    ကိုယ့်ထက်ဆိုးတယ်ဆိုပဲ..တနေ့ကို.၁၆၀၀ဝ ပေးတဲ့လူတွေ..
    ပြောတာကိုပဲအတည်ပြုတယ်တဲ့..ဂလောက်တော့ပေးဖို့
    မတတ်နိုင်သေးတော့လည်း.သဂျီး ကျောက်တွင်းတွေ..
    အောင်ပြီးလွှတ်တော်ကြီးကိုစီရင်နိုင်မဲ့နေ့ကို.စောင့်တာပေါ့ဗျာ..:)

Leave a Reply