TVစောင့်နတ်ကို ဆီမီးပူဇော်ခိုင်းဖူးလား

etoneOctober 21, 20111min28522

ကလေးဘဝကတည်းက သီတင်းကျွတ်ဆိုလျှင် မီးထွန်းရမယ် ၊ ပွဲဈေးသွားရမယ် ၊ လူကြီးမိဘများကို ကန်တော့ကာ မုန့်ဖိုးတောင်းရမယ်လို့ သတ်မှတ်ထားသော်လည်း … ကြီးလာတာနှင့်အမျှ သီတင်းကျွတ်ဧ။် အဓိပါ္ပယ်ဖွင့်ဆိုပုံနှင့် ခံယူချက်တို့ ကွဲပြားလာပါတယ် … ။

ကလေးတုန်းက မီးထွန်းတာကို အပျော်သက်သက်သာ ဖယောင်းတိုင်များ စိုက်ထူပြီး မီးညှိခဲ့သော်လည်း … ယခုတွင်တော့ ဆီမီးပူဇော်ခြင်းဟု နားလည်ခဲ့ပါတယ် ။ ပွဲဈေးသွားခြင်း ၊ အပျော်ပါးလျှောက်သွားခြင်းတို့ဟာလည်း အချိန်ကုန် အကျိုးမရှိဘူးဆိုတဲ့ အမြင်မျိုး ဖြစ်လာခဲ့တယ် … ။ ဒါပြင် သက်ကြီးဝါကြီး လူကြီးမိဘများကို ကန်တော့ခြင်းဟာလည်း ယခင်ကလို မုန့်ဖိုးလိုချင်လို့မဟုတ်တော့ပဲ … မိမိကိုယ်ကို နှိမ့်ချကာ အပြစ်များကို ကြေပါစေတော့ဟူသော ရည်ရွယ်ချက်ဖြင့် ရှိခိုးတောင်းပန်ခြင်းဖြစ်ဟုပင် အမြင်ပြောင်းလဲခဲ့ပါတယ် … ။ သီတင်းကျွတ်မှာ ကောင်းကင်က ပြန်ကြွလာမယ့် မြတ်စွာဘုရားကို ပူဇော်သောအားဖြင့် ဆီမီးများ ၊ မီးရှုးမီးပန်းများ ၊ မီးပုံပျံများ လွင့်တင် ပူဇော်ကြသည့်အပြင် အိမ်တိုင်းတွင် လျှပ်စစ် ဆီမီး ၊ ဖယောင်းတိုင်မီးစသည်တို့ဖြင့် ပူဇော်ကြတာကိုလည်း တွေ့ရပါတယ် … ။ သာမန်အားဖြင့် သတင်းကျွတ်လပြည့်နေ့ မရောက်မီ တစ်ရက်၊ သီတင်းကျွတ်လပြည့်နေ့နှင့် … သီတင်းကျွတ်လပြည့်ကျော်တစ်ရက်တို့တွင် ဆီမီးပူဇော်ကြပါတယ်။ သုံးရက်စလုံး မီးပူဇော်သည့် အလေ့ထ တူပါသော်လည်း … နောက်ဆုံးရက်တွင် အိမ်ရှိ ၊ ရေတိုင်ကီ ၊ ဆန်အိုး ၊ဆီအိုး ၊ မီးဖို ၊ မြေကြီး ၊ မှန် ၊ အပ်ချုပ်စက် ၊ကြောင်အိမ် ၊ လူ့အသုံးဆောင် စသည်တို့တွင်ပါ ဖယောင်းဆီမီးများ တတိုင်စီထွန်းပြီး … ထို အရာများကို စောင့်ရှောက်သော နတ်များရှိလျှင် မြတ်စွာဘုရားအား ဆီမီပူဇော်နိုင်ရန်ထွန်းတယ်လို့ ပြောတာ မှတ်သားခဲ့ဖူးပါတယ် … ။ တစ်ချို့တွေကလည်း တန်ဆောင်မုန်းရဲ့နောက်ဆုံးရက်မှ ထွန်းတယ်လို့ပြောကြတယ် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်သဘောနဲ့ကိုယ် ထွန်းကြတာပါပဲ … ။

ကျွန်မတို့အိမ်မှာလည်း အများနည်းတူ ဆီမီးပူဇော်ခြင်းကို ပြုလုပ်ခဲ့ပါတယ် … ဒါပေမယ့် ဥစ္စာခြောက်ကျွန်မကတော့ မီးအန္တရာယ်စိတ်ပူ တတ်လွန်းလို့ မီးထွန်းထားတဲ့နေရာမှန်သမျှ ငါးမိနစ်တကြိမ်လိုက်ကြည့်ပါတယ် … ဖယောင်းတိုင်ကုန်မှပဲ စိတ်အေးရပါတော့တယ် … ။ထိုစဉ် လမ်းထဲကလူများ ညှော်နံ့ရတယ်လို့ .. လိုက်အော်သံကြားရပါတယ် … ကိုယ့်ဆီမီး ကိုယ်ပြန်စစ်ဖို့ နှိုးဆော်တာပါ … ။ ရွာဆော်အဖွဲ့ကနေ … အသံပြဲကြီးနဲ့ ညှော်နံ ့ရပါတယ်လို့ တစာစာ အော်တာကြောင့် နဂိုငြိမ်းပြီးသား မီးကိုတောင်သေချာအောင် ကျွန်မပြန်စစ်လိုက်သေးတယ် … ကျွန်မတို့အိမ်ကတော့ ညှော်နံ့ထွက်တာ မဟုတ်ဘူးဆိုတော့ စိတ်ချလက်ချ ဂျာနယ်တစောင်ထိုင်ဖက်နေပါတယ် …. ။ ခဏကြာတော့ … ဖုန်းခနဲဆို ပေါက်ကွဲသံနဲ့အတူ … လူတွေ အားလုံး လမ်းထဲရှိ ထိုပေါက်ကွဲသံကြားသော အိမ်သို့ အပြေးလွှားသွားကြပါတော့တယ် … ထိုလူအုပ်ကြားမှာ ကျွန်မလည်း .. တွန်းကာ တိုက်ကာ လိုက်စပ်စုဖြစ်ပါသေးတယ် … ။

မြင်ရတဲ့ အနေထားက ယုံကြည်စရာမဟုတ်ပေမယ့် တကယ့်ကိုအူလည်လည် လောင်ကျွမ်းမှုဖြစ်ခဲ့တာကြောင့်ဂရုဏာ သက်ရမလို … အော်ရယ်ရမလိုဖြစ်စေခဲ့ပါတယ် … ။ လောင်ကျွမ်းနေသော အရာမှာ တခြားအရာဝတ္တုမဟုတ်ပါ … 21 လက်မ တီဗီကြီးသာဖြစ်ပါတယ် … ။ တစ်ရပ်ကွက်လုံးက အူကြောင်ကြောင် လင်မယားဟု သမုတ်ထားခဲ့သူ … အိမ်ရှင်ယောကျာ်းဖြစ်သူက ဆန်ပုံး ၊ဆီပုံး ၊ စားပွဲ၊ ခုံ၊လှေခါး စသည်တို့တွင် ဆီမီးပူဇော်ခြင်းကိုပင် အားမရပဲ တီဗွီကြီးပေါ်ကိုပါ … ဘာအခံမှ မပါပဲ မီးပူဇော်ပြီး အိမ်ပြင်ထွက် လေရွှီးကောင်းနေခြင်းဖြစ်ပါတော့တယ် … ။ လူညီညီဖြင့် ငြိမ်းသပ်မှုကြောင့် မီးငြိမ်းသွားခဲ့ပါနဲ့ … ။

တစ်သက်နဲ့တစ်ကိုယ် ဘယ်သူမှ တီဗွီပေါ် တင်ထွန်းတာ မတွေ့ရပဲ … အူလည်လည်နိုင်တဲ့ အဖြစ်ကြောင့် … သူတပါးစိတ်ညစ်နေတဲ့အချိန်တွင် …. အော်ရယ်သူများသာ များခဲ့ပါတယ် … ။ တီဗွီနဲ့ ဆက်စပ်နေသော သစ်သား စင်အပါဝင် အနီးနား ပစ္စည်းများပါ မီးဟပ်ခြင်းခံလိုက်ရတယ် ….. ။ ဤမျှလောက်အောင် အူလည်လည်နိုင်သော လူကို တွေ့ရခြင်းမှာ တစ်သက်နဲ့တစ်ကိုယ် ပထမဆုံး အကြိမ်ပင်ဖြစ်ပါတော့တယ်  😀

နောက်ပို့စ်တစ်ခုတွင်လည်း … အူလည်လည်နိုင်သော လင်မယားဧ။် ကိုယ်ချင်းမစာမှု ကျေးဇူးကန်းမှုများကို ရေးပါဦးမယ် ။

 

22 comments

  • windtalker

    October 21, 2011 at 12:35 pm

    ရွာတော်ရှင် မ ဆီမှာလဲ
    ဆီမီးသွားပူဇော်လိုက်ပါဦးနော်
    အတုန် ညီမငယ်ရေ
    လာပူနေလို ့

    • etone

      October 21, 2011 at 12:48 pm

      ရွာတော်ရှင်မကိုတော့ ဆီးမီးမကပ်ဘူး ..ယတြာပဲပြေးချေရမယ်ကိုပေရေ… ။ etone အလကားနေရင်း တိုင်ပတ်နေပါတယ် … အိုးစွပ်ခွက်စွပ်လည်း မစားရပါဘူး … 🙁

      • windtalker

        October 21, 2011 at 1:05 pm

        အဲဒါ ပြောတာပဲ
        ကျုပ် မလဲ ဘုမသိဘမသိ နဲ ့
        အိမ်လိပ်စာ လာမေးနေလို ့
        ဟီးဟီး
        သူမရှိတုန်း သူ ့အကြောင်းပြောရတာ
        အရသာရှိပ
        သူလာရင်တော့
        မီးပျက်တုန်းက ထွန်းခဲ့တဲ့ ဖယောင်းတိုင် အတိုလေးနဲ ့
        ပူဇော်ရမှာပဲ

        • ဆူး

          October 22, 2011 at 9:58 am

          အိမ်လိပ်စာ မေးတာ ဝါးရင်းဒုတ် ၏အစိမ်း အလတ်လေးတွေ ရထားလို့ လာပို့ချင်လို့.. တစ်တောင်သာသာ ဆို အလောတော်ပဲ တုံးနဲ့ တူတူ လာခဲ့မယ်။
          မောင်ပေ က သွားကျဲတယ် ထင်တယ်.. ပါးစပ်ထဲက လေတွေ သွားကြားထဲက ဟိုထွက် ဒီထွက်.. သတင်းကတော့ တိတိကျကျ ရနေတယ်။ အခုလေးတင် ဘီလူး ကို ဖယောင်းတိုင် မီးညှိပြီး သွားကျဲမကျဲ စစ်ဆေးကြည့်တာ အမွေးနည်းနည်း မီးလောင်သွားတယ်။ (နှုတ်ခမ်းမွေး) မယုံရင် ကိုယ်တိုင်သာ မေးကြည့်ပေတော့။

        • etone

          October 22, 2011 at 11:06 am

          ကိုဘီလူးက နှုတ်ခမ်းမွှေးမီးလောင်ရင်း ပါးသိုင်းမွှေးကိုပါ ကူးသွားလို့ စပ်ဖြီးဖြီး ဖြစ်နေပါသတဲ့ ရွာတော်ရှင်မရေ 😆

    • ကြောင်ကြီး

      October 22, 2011 at 9:23 am

      နှစ်ယောက်ထဲ နားလည်နိုင်တဲ့ စကားတွေ မပြောကြနဲ့လေ…။ ရွာတော်ရှင်မ၊ အိုးစွတ်ခွက်စွတ်၊ အိမ်လိပ်ရော စုံနေတာပဲ။ ခင်ဗျားတို့က ထောက်လှမ်းရေးတွေလား ယူဂျီတွေလာ….။ ရွာကို ဒုက္ခလာမပေးကြပါနဲ့…။ 😡

  • chitlay

    October 21, 2011 at 1:11 pm

    TV ကိုပါ ဆီမီးပူဇော်တယ်လို့ ကြား ကြားဖူးပေါင်တော် …… 🙄

  • နွယ်ပင်

    October 21, 2011 at 1:34 pm

    TV ကို ဆီမီးပူဇော်တာတော့ တစ်ခါမှ မတွေ့ဖူးဘူး
    ကျောက်ပြင်တို့ နောက်ဖေးမီးဖိုချောင်တို့ လှေကားတို့ကို ပူဇော်တာတို့တော့
    တွေ့ဖူးတယ် ။ နွယ်ပင်ကတော့ အဲလိုတွေ့ရင် မီးလောင်မှာဆိုးလို့
    တွေ့တဲ့ နေရာမြှ ဘယ်သူမှမသိအောင် ညှိမ်းလိုက်တာပဲ …. 😛

  • pan pan

    October 21, 2011 at 3:41 pm

    တို့တွေတော့ ဘုရားစင်နဲ့ ဝရံတာမှပဲ ဖယောင်းတိုင်ထွန်းလိုက်တယ်
    ဘုရားမီးပူဇော်တာနဲ့ မီးထွန်းတာပေ့ါ
    ကျန်တဲ့နေရာတွေတော့ လုပ်မနေဘူး
    အမေရှိတုန်းကတော့ တစ်အိမ်လုံးလိုက်ထွန်းတယ်
    ကြောင်အိမ်မှာ၊ ဆန်ပုံးပေါ်မှာ၊ အစုံပါပဲ
    တီဗွီမှာမထွန်းဖူးဘူး၊ အဲ….ဆီပုံးမှာလည်း မထွန်းဖူးဘူး (အန္တရာယ်လည်း များပါ့) 🙁

  • naywoonni

    October 21, 2011 at 4:36 pm

    သီတင်းကျွတ်မှာ မီးထွန်းတာက နတ်ကို ပူဇော်တာလား ဒါဆို …………………

    • etone

      October 21, 2011 at 4:47 pm

      ဟုတ်ဘူးလေ .. အဘနီရဲ့ …
      မြတ်စွာဘုရားပြန်ကြွလာလျှင် သူတို ့ပူဇော်လို့ရအောင် …..ရှေးလူကြီးတွေက မျက်နှာလိုမျက်နှာရ … ဖယောင်းတိုင်လေးတွေ ကိုယ်စားထွန်းပေးတာ …သူတို့ပူဇော်ဖို့ထွန်းပေးတာ ..အ ဲ့သဘောပါ .. 😀 နတ်ကိုပူဇော်တာမဟုတ်ဘူး ။ ဆန်ပုန်း ၊ဆီပုန်း ၊… စသည်တို ့မှာ နတ်ရှိတယ် လို့ပြောတာပဲ … ။

      • “ဘီလူးကြီး”ogre

        October 21, 2011 at 6:01 pm

        ဟုတ်တယ်ဗျ ငယ်ငယ်ကဘာမှန်မသိဘူး
        ဆန်းအို ဒန်အိုး ရေတိုင်ကီတွေအပြင် ငရုတ်ဆုံတွေမှာပါ
        ဖယောင်းတိုင်လိုက်ထွန်းပစ်တာပဲလေ
        အမေက ထွန်းခိုင်းတာကိုဗျ ..အခုတော့သိပြီ။။

        • amatmin

          October 22, 2011 at 12:00 am

          ကျွန်တော်တို့လဲငယ်ငယ်က အဖွားကအိမ်ရှေ့ဖိနပ်ချွတ်မှာတောင်မှ
          မီးထွန်းခိုင်းသေးတာ..ဘာနတ်ညာနတ်ရှိတယ်ပေါ့.
          အဖွားခိုင်းလို့ ထွန်းသာ.ထွန်းပေးလိုက်ရတယ်
          စိတ်ထဲမှာမီးထွန်းနေရင်းနတ်ကို.တက်နင်းမိမှာလဲစိုး…
          ထွန်းပြီးတော့လည်း.ကျော်ခွရ.ရှောင်နင်းရနဲ့
          အဖွားပေးခဲ့တဲ့ နတ်ကြောင့်ရတဲ့သောကလေ..

        • etone

          October 22, 2011 at 8:11 am

          ရှေးအယူဆွဲတွေက ဘယ်ဂျန်နရေးရှင်းထိ ကပ်ပါသွားမလဲ မသိဘူး … ။
          တကယ်တော့… ဖယောင်းတိုင်မီးတွေကြောင့် မီးဘေး အန္တရာယ်တောင် စိတ်ပူနေရသေးတယ်လေ …။

  • Ba Gyi Taw

    October 21, 2011 at 6:20 pm

    ကွယ် ။ သည်လူနှယ် ဟင်းဖုန်း နတ်ကိုပါ ရောပြီး ပူဇော်ပေါ့ ။

    • etone

      October 22, 2011 at 8:16 am

      ဟုတ်ပါ့ ဘကြီးတော်ရေ … နောက်နှစ်ကျလျှင် ကျွန်မကြပ်လိုက်ဦးမယ် 😀

  • ပေါက်ဖော်

    October 21, 2011 at 6:49 pm

    ကံကောင်းလို ့တစ်ရက်ကွက်လုံး မပြောင်တာ
    ထွန်းချင်လဲ အောက်က ခွက်ခံပြီးထွန်းပါတော့လားလို ့..

  • naywoonni

    October 21, 2011 at 7:25 pm

    “ဘီလူးကြီး”ogre ရေ့ ငရုပ်ဆုံပေါ် ဖယောင်းတိုင် ထွန်းတာ ဘာလဲ သိရဲ့လား ………အာာာာ သွားပါပြီ…။ စိတ်နောက်စရာ ကောင်းတဲ့ ရိုးရာ ယဉ်ကျေးမှု ….။ ပြန်ပြီး ဆန်းစစ် သင့်နေပြီနော့….။

  • parlayar46

    October 21, 2011 at 11:30 pm

    တကယ်ကတော့ သီတင်းကျွတ်မှာ မီးထွန်းရတာ ပျော်စရာကောင်းပြီး အရှိန်ရနေလို့ ကြံဖန်အကြောင်းပြပြီး လျှောက်ထွန်းတယ်ထင်ပါရဲ့။

    ရိုးရာ မြန်မာအယူအရတော့ အိမ်တခုမှာ နတ်ရှိနိုင်မယ့်နေရာ (နတ်စောင့်နိုင်မယ့်နေရာ) တွေက –
    ခြံတံခါးဝ
    လှေခါး
    အိမ်တံခါးခုံ
    အိမ်ဥယာဉ်တိုင် (အိမ်တိုင်ထူတဲကအခါ ပထမဆုံးထူရတဲ့ ခေါင်းရင်းတိုင်။ မင်းမဟာဂီရိနဲ့ ရွှေနဘေကို အဲဒီတိုင်မှာ အိမ်တွင်းအုန်းဆွဲပြီး ပူဇော်တာ) – ဆိုပြီး ၄ နေရာရှိပါတယ်။
    (တကယ်တော့ ဘယ်နတ်မှ အားအားယားယားလာမစောင့်လောက်ပါဘူး။ လခလဲပေးတာမဟုတ်ပဲနဲ့)

    ဝေမာနိကပြိတ္တာရှိနိုင်တဲ့နေရာတွေက
    အိမ်နောက်ဖေး ကပြင်(မီးဖိုချောင်)ရဲ့ အပြင်ဘက်/အောက်ဘက်
    အိမ်သာ နဲ့
    ခြံ အနောက်မြောက်ဒေါင့်နေရာ ဆိုပြီး ၃ နေရာရှိပါတယ်။

    အရင်လူကြီးတွေက ဟုတ်သော်ရှိမဟုတ်သော်ရှိ ဖယောင်းတိုင်လေးပေးပြီး လှူစေတာပါ။
    ကျုပ်တို့ငယ်ငယ်ကတော့ မီးထွန်းရတာပျော်လို့ တွေ့သမျှလျှောက်ထွန်းတာ-
    ကျောက်ပြင်ရော သနပ်ခါးတုံးရော ရေအိုးရေစည်ရော မီးဖိုရော ထမင်းအိုးရော-
    ကျုပ်ဆို စက်ဘီးမှာတောင် ကယ်ရီယာခုံမှာသွားထွန်းတယ်။

    ကောင်းကျိုးက ပျော်စရာကောင်းပါတယ်။ ဆိုးကျိုးက ဖယောင်းစက်တွေ ပေပွညစ်ပတ်ပါတယ်။ မီးလောင်နိုင်ပါတယ်။
    အဲဒါတွေ နောက်မျိုးဆက်ကို သယ်မသွားတာအကောင်းဆုံးပါပဲ။

  • TTNU

    October 22, 2011 at 12:30 am

    ကျမလည်းလွန်ခဲ့တဲ့ (၅)နှစ်လောက် အထိ အကျင့်ပါပြီးထွန်းခဲ့တယ်။
    ဘာရယ်မဟုတ်၊ လုပ်ရိုးလုပ်စဉ်လိုလို။
    လက်ကျင့်တွေပါနေတာလေ။
    မီးရေးထင်းရေး ကြောက်ရဖန်များလာတော့ နွယ်ပင်ပြောသလိုပါပဲ
    စိတ်ပူရတာနဲ့ မထွန်းတော့ဘူး။
    ထွန်းတုန်းကလည်း အိတုန်လေးရဲ ့ ဇာတ်လိုက်လင်မယားလိုတော့
    တီဗွီနားတို့ ဆီပုံး နားတို့မထွန်းခဲ့ပါဘူး။

    ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ခင်ပွန်းသည်နဲ့ သားတို့ ရဲ ့ Memorial အခန်းထဲမှာတော့
    သီတင်းကျွတ်ပြီ၊ ဘုရားပူဇော်ကြ၊ ဆိုပြီး ဆီမီးတစ်တိုင်စီ ထွန်းပေးလေ့ရှိခဲ့ပါတယ်။

  • ရိုးရာ ဓလေ့ ထုံးစံ ဆိုတာ ဖျောက်ရခက် ပြင်ရခက်ပါတယ်။
    ဘယ်သူ့မှ မထိခိုက်ဘူးဆိုရင်တော့ ကိုယ်လုပ်ချင်ရင်လုပ်.။
    မလုပ်ချင်ရင်မလုပ်နဲ့။
    လုပ်တဲ့သူုကိုယ်လဲ ဘာမှသွားမပြောနဲ့။
    သီတင်းကျွတ်မီးထွန်းတော့ လှတာပေါ့ဗျာ။

  • ရွှေဘိုသား

    October 24, 2011 at 1:45 pm

    သူလည်း ကိုးရီးယား မင်းသမီး လေးတွေကို မီးပူဇော် ချင်တာဖြစ်မယ်

Leave a Reply