ဂျေရုစလင်…(၁)

hmeeOctober 21, 20112min23326
ဘေးကသစ်သားတန်းက ယောက်ကျား မိန်းမ ခွဲခြားထားတဲ့ တန်းပါ။ ဟို ဘက်တဖက်ခြမ်းက အမျိုးသားတွေ ဝတ်ပြုတာပါ။
ရဘိုင်တွေ ဘုရားရှိခိုးနေတာ။
ရဘိုင်တွေပါ။
ရဘိုင် မိသားစုပုံပါ။
ရဘိုင်ပါ။
လိုချင်တဲ့ဆုကို စာရွက်မှာရေး ပြီးတော့ ကျောင်းတော်ဟောင်းရဲ့ အုတ်ကြားထဲ ထည့်ပြီး ဆုတောင်းကြပါတယ်။ အုတ်ကြားထဲက အဖြူလေးတွေက စာရွက်လေးတွေပါ။

ဂျေရုစလင်က တောင်ပေါ်မြို့လေးပါ။ တောင်စောင်းတွေမှာ တိုက်တွေတည်ထားတာများ အလွန်လှပါတယ်။ တောင်စောင်းတွေမှာ တည်ထားလို့များ ကားလမ်း မပေါက်ဘူးမထင်နဲ့  ချောင်လျှိုချောင်ကြားမကျန် ကားလမ်းပေါက်ပါတယ်။ သူတို့နိုင်ငံရဲ့ အထိမ်းအမှတ် ပစ္စည်လေးတွေဟာ ဂျေရုစလင်မြို့ပုံစံကို ပုံဖော်ထားတယ် ထင်တာပါပဲ။ တောင်စောင်းမှာ တည်ထားတဲ့ မြို့ပုံစံလေးတွေ ထွင်ထားတာပါ။ ဂျေရုစလင်ဟာ အစ္စရေးရဲ့ မြို့တော်ဖြစ်ပြီး အကြီးဆုံးမြို့ပါ။  လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ဝခန့်က ဒေးဗစ်ဘုရင်က တည်ခဲ့တာပါ။  အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်လို့ ဝန်ကြီးဌါနအားလုံး (ကာကွယ်ရေးဝန်ကြီး ဌါနမှ လွဲပြီး)  ဂျေရုစလင်မှာ ရုံးစိုက်ကြပါတယ်။

အနာဂါတ်မှာ ပေါ်ထွန်းလာမဲ့ ပါလက်စတိုင်းနိုင်ငံရဲ့ မြို့တော် အဖြစ်ပါ သတ်မှတ်ထားလို့  ကုလသမဂ္ဂမှ အစ္စရေးမြို့တော် အဖြစ် ဂျေရုစလင်ကို  မသတ်မှတ်ထားပါဘူး။ ဂျေရုစလင်ဟာ အရှေ့အနောက်ကွဲနေချိန်တုန်းက တချို့အိမ်တွေဟာ တအိမ်ထဲကိုပဲ ဧည့်ခန်းက အစ္စရေးဘက် နောက်ဖေးက ဂျော်ဒန်ဖက်ပါတယ်လို့ ပြောတာ ကြားဖူးပါတယ်။  ၁၉၄၈ လွတ်လပ်ရေး တိုက်ပွဲမှာ  စစ်ဘေးကြုံရပြီး အရှေ့ ဂျေရုစလင်၊ မြို့ဟောင်း (Old city) ၊ ဘာသာရေးဆိုင်ရာ နေရာတွေ အာရပ်တွေ လက်အောက်ကျရောက်သွားပါတယ်။ ၁၉၆ရခုနှစ် ၆ရက်ကြာ စစ်ပွဲမှာ အနောက်ဂျေရုစလင်ကို ဂျော်ဒန်က ဝင်တိုက်တော့ အစ္စရေးတို့က အနိုင်ရပြီး ပိုင်းခြားခံထားရတဲ့ အရှေ့ ၊အနောက် ဂျေရုစလင်ကို ပြန်ပေါင်းစည်းပေးနိုင်ပါတယ်။ (ဆရာဟိန်းလတ် စာအုပ်မှ)  အခုနောက်ပိုင် ပြသနာဖြစ်နေတာတွေက အရင်က အာရပ်တွေ ပိုင်ခဲ့တဲ့ အရှေ့ဂျေရုစလင်မှာ အိမ်ရာတွေ ဆောက်ပြီး ဂျုးတွေ အခြေချနေလို့ ကန့်ကွက်တာတွေ ဘာတွေပါ။ ဂျေရုစလင်ဟာ ဘာသာကြီးသုံးခု စုံနေတဲ့နေရာ၊ သမိုင်းကြောင်းတွေ ပြည့်နေလို့ အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဂျုးတွေရဲ့ အထွဋ်အမြတ် Western Wall  မူစလင်ဘာသာတွေရဲ့ဗလီ  Dom  of The Rock   ခရစ်ယာန်တွေရဲ့  Holy  Sepulchre  စသည်ဖြင့် အထင်ကရ နေရာတွေ သုံးပွင့်ဆိုင် ရှိနေတာကိုက စိတ်ဝင်စားစရာပါ။  မြို့ဟောင်းထဲမှာ ခရစ်ယာန်ရပ်ကွက်၊ မူစလင်ရပ်ကွက်၊ ဂျုးရပ်ကွက် သုံးခုဆုံပြီး ရှိနေလို့ ကျွန်မက တွေးမိပါတယ်။ မတည့်အတူနေတွေလို့ပါ။  တကယ့်ကို ရှေးအကျဆုံး သမိုင်းဝင်နေရာတွေမို့ လေ့လာလို့ကို မကုန်နိုင်ပါဘူး။  West Bank ကို သွားခဲ့ဖူးပေမဲ့ အဲ့တုန်းက ရောက်ခါစ ရွာထဲလဲ ရောက်စမို့ မှတ်တမ်းယူဖို့ မသိသေးလို့  မှတ်တမ်း မယူခဲ့ရတာတွေ အခုမှ နှမျောမဆုံးပါဘူး။ သဂျီးစိတ်မကောင်းအောင် ပြောလိုက်ဦးမယ်  ကျွန်မ ပါလက်စတိုင်းရဲ့   မြို့တော်ကို   ရောက်ခဲ့ပါတယ်။  ပါလက်စတိုင်းခေါင်းဆောင်  ရာဇာအာရာဖတ်ရဲ့ အုတ်ဂူကိုပါရောက်ခဲ့တာပါ။ မှတ်တမ်းတော့ မယူခဲ့မိဘူး။ ထပ်သွားဖို့ကလည်း မလွယ်လို့  တွေးတွေးပြီး နှမျောနေမိပါတယ်။   ပြောဖို့မေ့ခဲ့လို့ ထပ်ရေးတာ။  ဂျုးတွေက ဝတ်ပြုဆုတောင်းပြီးရင်  Westren Wall ကနေ ပြန်ထွက်ရင် ကျောခိုင်းမထွက်ဘူး။ Westren Wall ကို မျက်နှာမူပြီး  နောက်ပြန် ပြန်လျှောက်ပြီး ပြန်ထွက်တယ်။ အပြင်ရောက်မှ  ပုံမှန်အတိုင်း ပြန်လျှောက်တာ။  ဗဟုသုတ အဖြစ် မြင်မိတာလေးကို ပြောပြတာပါ။

Western Wall ပါ။

26 comments

  • နွယ်ပင်

    October 21, 2011 at 4:22 pm

    တစ်ခါစာအုပ် တစ်အုပ်ထဲမှာ ဖတ်ဖူးတာက လိုချင်တဲ့ဆုကို စာရွက်မှာရေး အုတ်ကြားထဲ
    ထည့်ပြီး ဆုတောင်းကြတဲ့သူ များလွန်းလို့ စာရွက်လွတ်နေတဲ့ အုတ်ကြားကို မနည်းရှာရတယ်
    ဆိုလားပဲ ….

    • ဆူး

      October 22, 2011 at 10:19 am

      ဆု တခါတောင်းခါနီး သံချောင်း အချွန်တခုနဲ့ မသိမသာ ဖဲ့ပြီး ချိုင့်သွားမှ စာလိပ်ထိုးထည့်လိုက်ရင် ဖြစ်မလား မသိဘူး.. တွေးမိတာ..

      • hmee

        October 22, 2011 at 12:11 pm

        ဘယ်ရမလဲ ဒေါ်ဆူးရဲ့။ ရန်သူတွေ ပတ်လည်ကြားမှာနေတာ သတိကတော့ အမြဲရှိထားမှ တော်ရုံကျမှာလေ။ အဲ့ထဲကို ဝင်ရင် စစ်ဆေးရေးဂိတ်ရှိတယ်။ အိတ်စ်ရေး ဖြတ်ပြီးမှ ဝင်ရတာပါ။ သံချွန်တွေဘာတွေ ပါလို့ကတော့ တကိုယ်လုံး ချွတ်ရှာတဲ့ အခန်းထဲရောက်ပြီး ချွတ်ရှာခံရမယ်။ 🙂

  • thit min

    October 21, 2011 at 4:27 pm

    အဲဒီ ဣသရေလ ကိုလာချင်နေတာဗျ။ ပါရှား(အီရန်)တော့မသွားရဲ့ဘူး။
    သမိုင်းကြီးတဲ့ နိုင်ငံတွေ ရောက်ချင်တယ်။
    ကျေးဇူးပါ မြင်ခွင့်ရလို့။

  • hmee

    October 21, 2011 at 4:40 pm

    သဂျီး ဓါတ်ပုံတွေ ပျောက်ကုန်ပြန်ပြီ။ အများကြီးနော် တင်ရင်းပျောက်ကုန်တာ။ ဟီး…မတတ်တာ လူသိလိုက်တာနော်။ 🙂 ထင်သလို လျှောက်လုပ်လိုက်တာ အဆင်ပြေသွားတယ်။

    • နွယ်ပင်

      October 21, 2011 at 4:47 pm

      မမှီရဲ့ ပိုစ့်က ပုံတွေက တစ်ခါကြည့်ရင် တစ်မျိုးပြောင်းနေတယ်
      ပထမ တစ်ခါကြည့်တုန်းက ပုံတွေက အခု နောက်တစ်ခါကြည့်တော့ မရှိတော့ဘူး
      ပုံအသစ်တွေရောက်နေပြန်ရော
      သဂျီး မျက်လှည့် ပြနေတာနေမှာ 🙂

  • kai

    October 21, 2011 at 4:46 pm

    ဟိုဖက်နားလေးကျော်လိုက်ရင်.. ဗလီရှိတယ်မဟုတ်လား..။ 😆

    အဲဒီနေရာတွေ တနေ့တော့ လည်လည်သွားဦးမယ်..။
    နှစ်ထောင်ချီသမိုင်းရှိတဲ့အပြင်.. ကမ္ဘာ့အကြီးဆုံးဘာသာကြီး၂ခုရဲ့.. သာသနာ့နယ်မြေတွေလေ..

    ပုံတွေက…media library ထဲရှိနေမှာပါ..။ 🙁

    • hmee

      October 21, 2011 at 5:02 pm

      တခါတည်း အများကြီးတင်ရင် ကြည့်ရတဲ့သူတွေ မျက်စေ့လည်မှာ စိုးလို့ ဒီနေ့ ဂျုးနဲ့ ပတ်သက်တာပဲ တင်တာပါ။ မနက်ဖြန် ခရစ်ယာန်ဘာသာရေး အဆောက်အအုံ၊ နောက်တနေ့မှ မူစလင်ကျောင်း တင်ပေးပါမယ်။

  • pooch

    October 21, 2011 at 4:59 pm

    စာရွက်ကလေးတွေက ပြန်ရှာရင် မတွေ့နိုင်လောက်ဖူးနော်…..
    နံရံပေါ်မှာ အပင်တွေ ပေါက်နေသလားလို့ …
    ရဘိုင် တွေက အဲ့ဒီလို ဝတ်စုံတွေပဲ အမြဲဝတ်တာလား မမှီ..

  • hmee

    October 21, 2011 at 5:08 pm

    ဟုတ်ပါတယ် pooch ရေ။ နွေ၊ဆောင်း တနှစ်လုံး ဒါပဲ ဝတ်တာပါ။ အဖြူနဲ့ အမည်းကလွဲပြီး မဝတ်ရဘူး။ မိန်းခလေးတွေဆို ခြေထောက်တွေ မပေါ်ရဘူး။ အိမ်ထောင်သည်တွေဆို ဆံပင်လေးတွေကို သိမ်းထားပါတယ်။ ပုံ(၁) လက်ယာထောင့်က အမျိုးသမီးဟာ ဘာသာရေးပြင်းထန်တဲ့သူပါ။ ခေါင်းကို အဝတ်စနဲ့ ပေါင်းထုတ်ထားပါတယ်။ အကျီက အောက်ခံ အမည်းလက်ရှည် အပေါ်က အဖြူထပ်ဝတ်ထားပါတယ်။ အားလုံး အဲ့ပုံစံပါ။ စကပ်အမည်း ခြေဖျားဖုံးတွေ ဝတ်ပါတယ်။ စကပ် နဲနဲတိုရင် ခြေအိတ်အထူ ဝတ်ထားပါတယ်။

  • laaminnthar

    October 21, 2011 at 5:39 pm

    မမြင်ဘူးတဲ့ ပုံတွေ တွေ့ရတာ ကျေးဇူးတင်ပါတယ်
    ရဘိုင် ဆိုတာ ဘာကိုပြောတာလဲ
    သူတို့က ဘယ်လိုလူစားမြိုးတွေလဲ

  • nozomi

    October 21, 2011 at 5:43 pm

    မမှီ ရေ ပထမ တစ်ခါ ဝင်ဖတ်ပြီး မန်းနေတုန်း လိုင်းက ပြုတ်ကျသွားလို့ အခုထပ်ဝင်ရတာ
    နောက်တစ်ခေါက် ဝင်တော့ ပုံ အသစ်တွေ ထပ်တိုးနေတယ် ကောင်းတာပေါ့

    မမြင်ဘူးတာတွေ အတွက် တကယ်ကို ကျေးဇူးအထူးပါ အရှေ့အလယ်ပိုင်း ဒေသက ယဉ်ကျေးမှုမှာတော့ တကယ့် ရှေ့ကျတဲ့ ဒေသတွေပါ

    အဲ ညံ့တယ်ပဲ ပြောရမယ် ရဘိုင် ဆိုတာ ဘာလဲ မသိဘူးဗျ

    နောက် ဂျူးတွေကရော ဆုတောင်ရင် ပြည့်တယ်လို့ ယုံလား(ရွာက သူကြီးကတော့ မယုံဘူးဗျ)

    ပါလက်စတိုင်းနဲ့ အစ္စရေးကိစ္စမှာ ကိုယ့်အမြင်နဲ့ကိုယ်တော့ မှန်နေကြတာချည်းပဲ
    ဘာပဲ ဖြစ်ဖြစ် အစ္စရေးတွေရဲ့ စည်းလုံးမှု၊ ကြိုးစားမှု၊ စိတ်ဓါတ်တွေကတော့ တကယ့် အားကျစရာချည်းဘဲ
    သူတို့လို စိတ်ဓါတ်မျိုးသာ မြန်မာတွေမွေးကြည့် တိုးတက်တယ်ဆိုတာလောက်တော့ ထည့်ပြောစရာတောင် မလိုတော့ဘူး

    နောက်ပို့စ်တွေကို စောင့်နေပါတယ် မြန်မြန်လေးနော

  • oakermg

    October 21, 2011 at 6:20 pm

    သူတို့ကိုကြည့်ရတာ မွတ်ဆလင် ဘာသာဝင်တွေနဲ့ ဆင်တူရိုးမှားပဲနော်..၊
    မမှီသာ မပြောပြရင် အဲသလို ထင်မိမှာ ဧကန်မလွဲပါပဲ..၊

  • hmee

    October 21, 2011 at 6:38 pm

    ဟုတ်ပါတယ်။ မူဆလင်တွေနဲ့ တူပါတယ်။ ခေါင်းမှာ ဆောင်းထားတာလေးက မူဆလင်တွေက အပြားပိုကြီးပါတယ်။ ဂျုးတွေက အပြားနဲနဲသေးပါတယ်။ ဘာသာရေး အယူသည်းတဲ့ ဂျုးတိုင်း ခေါင်းမှာ အဲ့ဒါလေးတွေ ဆောင်းပါတယ်။ ပုံ(၃) က အကျင်္ ီအကွက်နဲ့လူ ဆောင်းထားပါတယ်။ ကိုနိုဇိုမီရေ ဒီအကြောင်းကိုတော့ မောင်ကောင်းထိုက် ဖတ်ရတာ ကြိုက်တဲ့ မောင်ပေက ပိုသိမယ်ထင်တယ်။ 🙂 မောင်ကောင်းထိုက် ဟာသတွေမှာ အမြဲပါတယ်လေ။ အရင်က ဖတ်တုန်းက ဆိုလိုရင်းကို ကွက်ကွက်ကွင်းကွင်း မမြင်မိဘူး အခုအချိန် ပြန်ဖတ်ရင် ပိုရယ်မိမယ်ထင်တယ်။ ရဘိုင်ဆိုတာ ဂျုးဘုန်းကြီးပါ။ မိန်းမရှိပါတယ်။ သားမွေးတာ မတားရလို့ ကလေးလေးတွေများ ဗုံတီးလို့ရတယ်။ ပလုံစီနေတာပဲ။ ခေတ်ပညာ မသင်ရပါဘူး။ သူတို့ အတွက် ကျောင်းသီးသန့်ရှိပါတယ်။ စစ်မှုလည်း မထမ်းရဘူး။ ဘာသာရေးပဲ သီးသန့်လုပ်ရပါတယ်။

  • padonmar

    October 21, 2011 at 6:40 pm

    ကြည့်ရတာ မော်ဒယ်တွေဝတ်နေတဲ့ အဖြူအနက်ဒီဇိုင်းကို သူတို့ကစတာဖြစ်ရမယ်။
    ရှိတ်စပီးယားပုံပြင်ထဲက ဂျူးကြီးလိုမျိုး လောဘကောကြီးကြလား။
    ဝီရိယကောင်းမှာကတော့ မေးနေစရာမလိုဘူး။

    • hmee

      October 21, 2011 at 7:02 pm

      ကြီးပါသကော အမရေ။ ရန်သူတွေ ပတ်လည်ဝိုင်းနေလို့ပဲလား မပြောတတ်ဘူး။ ငါ့အတွက်၊ ငါ့မိသားစုအတွက်၊ ငါ့လူမျိုးအတွက် တကယ့် အတ္တတွေနဲ့ပါ။ ငါ့အတွက် ဦးစားပေး ဒုတိယလည်းငါပဲ တတိယကရော ငါပါပဲရှင်။ သူများဘက်လုံးဝမတွေးဘူး။ အားနာတာ မရှိဘူး။ သူများဆီကသာ ရမယ်ဆို နည်းအမျိုးမျိုးနဲ့ ယူတယ်။ ပေးရမယ်ဆို ကျောက်ခဲ ရေညှစ်တာကမှ ထွက်ချင်ထွက်မယ် သူတို့ဆီကတော့မရ။ ပေကတ်ပြီးနေတာ တကယ့်လူတွေ။ ပစ္စည်းဝယ်ရင်တောင် ပစ္စည်းအရင်မပေးဘူး ငွေကို အတင်းအရင်တောင်းတာ ငွေရပြီးမှ လက်ကလွှတ်တာ အမရေ။ ရှာမှရှား ငွေအလွန်မက်တယ်။ မန်းနီး မန်းနီး ဆိုတဲ့လူကြည့်ပဲ။ လောဘကလည်း ကြီးမှကြီး။ တခုခု ပျက်လို့ ပြင်ချင်ရင်တောင် လာကြည့်တယ် မပြင်ဖြစ်ဖူးဆို ခြေကြွခ နင့်နေအောင် တောင်းလို့ အောင့်အီးပြီး မကျေမနပ် ပြင်ရပါရော။ ပစ္စည်းရောင်းတာလည်း လူလည်ကျမှကျ ၁+၁ ဆိုလို့ အားတက်သရော မဝယ်နဲ့။ အဲ့ဒါက တခုတည်း။ ကျန်တာက အရင်ဈေးပဲ။ အခုတော့ ခဏခဏ ခံရလို့ အထာနပ်နေပြီ အမရေ သေသေချာချာ စစ်စစ်ပေါက်ပေ်ါက် မေးပြီးမှ ဝယ်ရဲတယ်။ သူများ ပိုက်ဆံကို ဘယ်လို လှည့်ယူရမလဲ တွေးပြီး ရအောင်ယူတဲ့လူတွေ အမရေ။

  • naywoonni

    October 21, 2011 at 7:39 pm

    ဘကြီးမိုး (မောင်မိုးသူ) ဘာသာပြန်တဲ့ အိတ်ဇိုးဒတ် နဲ့ ဆရာမောင်ပေါ်ထွန်း ဘာသာ ပြန်တဲ့ အကြီးအကဲ ဒီ နှစ်အုပ် ဖတ်ပြီး ရောက်ချင်နေတာ….။ အဲဒိစာအုပ်နှစ်အုပ်ဖတ်ပြီးနောက် အစ္စရေး နဲ့ ပါလက်စတိုင်းအကြောင်း ဖတ်ရတာ ကျေးဇူးကမ္ဘာပါပဲ….။

  • windtalker

    October 21, 2011 at 8:02 pm

    ဂျူးတွေက ကမ္ဘာပေါ်မှာ ကြံရည်ဖန်ရည် နဲ ့ဉာဏ်အကောင်းဆုံး လို ့ကြားဖူးပါတယ်
    အခုတော့ ဒေါ်မှီ ကောင်းမှု နဲ ့ဓါတ်ပုံထဲကနေ ဂျေရုစလင် ကို ရောက်ဖူးသွားတယ်
    ကျေးကျေးပါ

  • blackchaw

    October 22, 2011 at 9:22 am

    အစ္စရေး ကို ကျွန်တော် က ငယ်ငယ်ကတည်းက အထင်ကြီးတယ်ဗျ။
    ဟစ်တလာ လို အာဏာရှင် တစ်ယောက်ကတောင်
    မျိုးဖြုတ်ဘို့ ကြိုးစားခဲ့တဲ့ အထိ တော်ကြတတ်ကြ သူတွေဆိုပြီးပေါ့ဗျာ။
    ဖီးနစ်စ် ငှက် ကို မြင်ရင် ကျွန်တော့်စိတ်ထဲမှာ ဂျူးတွေကိုပဲ သွားမြင်နေမိတဲ့အထိပါ။
    နောက်စာလေး ဖတ်လာတော့ မော့ဆက် အကြောင်းတွေဖတ်ပြီး
    အထင်ကြီးမှုက ပိုလာပြန်ပါရော။
    အာရတ်တွေကြားမှာ ကြံကြံခံ ရပ်တည်နေတယ် ဆိုတာကလည်း တစ်ချက်ပေါ့။
    မမှီ (ဗမာလိုပဲရေးလိုက်တော့တယ်)
    က အဲဒီလို နေရာတွေကို ကိုယ်တိုင်ရောက်ပြီး
    ပြန်ပြောပြ နေတာဆိုတော့ မမှီ ကိုပါ အထင်ကြီးတဲ့ စာရင်းထဲ ထည့်လိုက်ရပြန်ပါပြီ။
    ကျွန်တော် လေးလေးစားစား စောင့်ဖတ်နေပါတယ်။
    သိချင်တာလေးတွေ ရှိသေးပေမယ့် နောက်မှ မေးပါတော့မယ်။

  • ကြောင်ကြီး

    October 22, 2011 at 9:57 am

    ဂျေရုဆလင်မှာ
    အမေနုစဉ်က
    အဖေလုတင်တယ်
    ကား……
    ကျနော့်ရဲ့
    ဖြစ်တည်မှုအစပေါ့…….. 😛

  • siamonone

    October 22, 2011 at 11:22 am

    ထူးဆန်းတယ် နော် .. စိတ်ဝင်စားဖို့လည်းကောင်းတယ် .. ရှေးခေတ်က လူသားတွေ ရဲ့တွေးခေါ်မှုပုံစံ ကိုလည်းတွေ့နိုင်တယ် .. !
    တနေ့နေ့တော့ရောက်အောင်ကို သွားဦးမယ် .. ဟီး ..
    လိုက်ချင်တဲ့သူ ရှိရင် ပြောနော် … သွားတဲ့ခါခေါ်သွားမယ် ..
    ခုတော့ .. google earth နဲ့ ကမာ္ဘပတ်လိုက်အုံးမယ် .. 😛

  • etone

    October 22, 2011 at 11:28 am

    မမှီရေ ဗဟုသုတရသလို ကိုယ်မရောက်ဖူးတဲ့နေရာအေြ ကာင်းလည်းသိရလို့ ကျေးဇူးတင်ပါတယ် … ။
    ဆုတောင်းတယ်ဆိုတာ စိတ်ရဲ့ထွက်ပေါက်လို့ပဲ ဆိုချင်တယ် … တကယ်ပြည့်မပြည့်မသိပေမယ့် မျှော်လင့်ချက်လေးနဲ့ .. ဖြစ်စေချင်တဲ့ ဆန္ဒလေးပေါင်းစပ်ပြီး … အဲ့လိုလုပ်လိုက်လျှင် … သိသိသာသာကြီး စိတ်သက်သာရာရသွားမှာပဲနော် ။

  • kai

    October 22, 2011 at 12:09 pm

    ဂျူးဘာသာကို ..( ဘေးလူအနေနဲ့..) အလွယ်ဆုံးပြောပြရရင်..
    ခရစ်ယန်နဲ့.. အစ္စလမ်ဘာသာတို့ရဲ့ မူရင်းဘာသာပဲ..။
    ဂျူးတွေက.. ဂျီးဇက်ခရိုက်(ယေရုခရစ်တော်)ကို လက်မခံဘူး..။ ဒါပေမဲ့.. ခရစ်ယန်က.. တမန်တော်မိုးဇက်ကိုလက်ခံတယ်.။
    ခရစ်ယန်တွေက.. တမန်တော်မိုဟာမက်ကို လက်မခံဘူး..။ အစ္စလမ်ဘာသာက.. မိုးဇက်ရော. ယေရုခရစ်တော်ရော လက်ခံတယ်..။

    ဆိုတော့…
    အခုအစ္စရေးရဲ့ ရန်သူတွေဆိုတာ.. အစ္စလမ်မစ်တိုင်းပြည်အများစုဖြစ်တဲ့..အာရပ်တိုင်းပြည်တွေပဲ..။
    ဂျူးနဲ့..မွတ်ဆလင်က.. မတည့်ကြဘူးလေ…။

    အမှတ်မမှားရင်.. ယူအက်စ်မှာနေတဲ့ဂျူးဦးရေနဲ့..အစ္စရေးကဂျူးဦးရေ.. ယူအက်စ်မှာနေတာ ပိုများတယ်..။
    ယူအက်စ်မှာ.. ဂျူး၆သန်းလောက်ရှိမယ်..။သူတို့လူမျိုးတွေရဲ့တော်ချက်က.. ယူအက်စ်ရဲ့.. နိုင်ငံရေး၊စီးပွားရေး အဓိကနေရာတွေအကုန်အုပ်စီးထားတယ်လေ..။
    ဆိုတော့.. ယူအက်စ်က.. အစ္စရေးရပ်တည်ကို.. အသားကုန်အကာအကွယ်ပေးရတဲ့အပြင်.. တနှစ်တနှစ်လည်း.. ဘီလီယံတော်တော်များများ ထောက်ပံ့ကြေးပေးရတယ်..။

    လူမျိုးရေးခွဲပြောတာမဟုတ်ပါဘူးနော..။ သိထားတာတွေ..မျှတဲ့သဘောပါ..။ ❗

  • hmee

    October 22, 2011 at 12:21 pm

    သူဂျီးပြောတာမှန်ပါတယ်။ အဲ့သည့် ထောက်ပံ့ငွေကို နိုင်ငံရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် ပိုပြီး အသုံးပြုပါတယ်။ အခုလက်ရှိ အစ္စရေးမှာ ဂျုး ၅.၈သန်းရှိပါတယ်။

  • မရောက်ဘူးပေမယ့် မြင်ဘူးသွားပြီ မမှီရေ။
    မတွေ့ဘူးပေမယ့် စာအရတော့ သိသွားပြန်ပြီ။

  • Diamond Key

    October 22, 2011 at 4:25 pm

    ှဗဟုသုတ တိုးလို့ Thanks.

Leave a Reply