ပြီးခဲ့တဲ့sunday တုံးက ရန်ကုန်ကဧည့်သည်တွေကို genting highlandကိုလိုက်ပို.ပေးခဲ့တယ်။ ၃ခေါက်၎ခေါက်လောက်ရောက်ဖူးနေပေမဲ့ genting ကတစ်ခါသွားတစ်ခါအသစ်ဖြစ်နေတော့ လိုက်ပို.ပေးရ တဲ့ကိုယ်တို့တွေတောင်မျက်စိလည်ချင်တယ်။ အဲဒီ genting highland ဆိုတာကွာလာလမ်ပူကနေတနာရီလောက်ကြာအောင်ကားစီးရတယ်။တောင်ပေါ်မှာတည်ထားတဲ့ Resorts World ပေါ့။ ပင်လယ်ရေမျက်မှာပြင် ကနေတိုင်းရင် အမြင့်  ၁၈၆၀ metre လောက်မှာတည်ထားတာပါ။ တောင်ပေါ်မှာတည်ထားတဲ့အတိုင်းတောင်ပေါ်ရောက်တာနဲ. အေးစိမ်.သွားတာဘဲ။ မြူတွကလည်းဆိုင်းနေတာဘဲ။

တည်ထားတဲ့သူတွေရဲ.idea ကတော်တော်ကောင်းတယ်။ အဲဒီမှာHotel တွေ၊ Resorts တွေ၊ ကာစီနိုတွေ။gamesတွေအမျိုးမျိုးနဲ.ရောက်သွားရင်တော်တော်ပျော်ဖို.ကောင်းတယ်။ ပြီးတော့ car cable လို.ခေါ်တဲ့ sky way ဆိုတာလည်းရှိသေးတယ်။  အဲဒီ sky way ကဗမာလိုဘဲပြောရရင်တောင်ပေါ်နဲ.တောင်အောက်ကိုဆက်ထားတာပေါ့။ အဲဒီsky way မစီးချင်၇င်လည်း ကားနဲ.ဘဲတောင်အောက်ဆင်းလို.ရတယ်။တောင်ပေါ်တန်းတက်လို.ရတယ်။ ကိုယ်ကတော့ sky way စီးရတာကိုကြ်ုတယ်။ မြင်ကွင်းတွေကိုအပေါ်စီးကနေမြင်ရတာပေါ့. ပြီးတော့ကြောက်လည်းကြောက်တယ်။ sky way ကြီး

ပြုတ်ကြရင်ဒုက္ခဆိုပြီးတော့ပေါ့.။

ကားနဲ့တက်ရင် တောင်ပတ်လမ်းတွေကြောင့် ကားကဝေ့၀ိုက်ပြီး တက်နေရတော့မူးတယ်။ ဒါပေမဲ့တောင်ပေါ်ရောက်သွားရင်တော့ လန်းဆန်းသွားတာပေါ့။ ကားနဲ့ဆင်းရင်တော့ ပိုဆိုးတယ်။  တောင်ပေါ်မှာအစားစားပြီးတော့ဆင်းတော့ ကားက တချက်ကွေ့လိုက်တိုင်း တခါမူးတာ  တောင်ပတ်လမ်းပြီးပေမဲ့မြေပြန့်လမ်းကိုမိနစ်၄၀လောက် ဆက်မောင်းရသေးတာဆိုတော့ လူကငြီးစီစီကြီးဖြစ်ပြီးနေလို့မကောင်းတော့ဘူး။ အမြဲတမ်း အန်တာဘဲ။ ကာစီနိုထဲဝင်တော့ရဲတွေကစစ်ပါတယ်.။ခလေးတွေပေးမ၀င်ဘူးဆိုတော့ ဧည့်သည်ခလေးအမေလည်းမ၀င်ရဘူး။ သူ့လိုက်ပြတာ သူမ၀င်ရဘူဆိုတော့ ခလေးကလည်းသူမရှိရင်မနေဘူးဆိုတဲ့ခလေးမျိုး….အဲဒါနဲ့ကိုယ်ရယ်၊ကိုယ်ယောက်ကျားရယ်၊သူ့ယောက်ကျား ရယ်ဝင်မယ်လုပ်တော့ ကိုယ့်ယောက်ကျားရယ်၊ကိုယ်ရယ်က ခြေညှပ်ဖိနပ်ဝတ်ထားတာ၊ရဲကကိုယ်တော့ဘာမှမပြောဘူး။ ကိုယ့်ယောက်ကျားကျတော့ခြေညှပ်ဖနပ်နဲ့မို့ဝင်လို့မရဘူးတဲ့ဆိုလို့ နောက်ဆုံးကိုယ်ရယ် ယောကျားလေးနှစ်ယောက်ရယ်ဘဲဝင်သွားရတယ်။ အရင်တုန်းကတော့ ကာစီနိုထဲဝင်ရင် ကင်မရာတွေ၊ ဗီဒီယိုတွေသယ်လို့မရဘူး။ အခုတော့ ဘာမှမပြောဘူး။ သူတို့လည်းတဖြေးဖြေး open ဖြစ်လာတဲ့သဘောရှိတယ်။ ကာစီနိုထဲမှာလည်းလူတွေကအပြည့်ဘဲ။ တရုတ်တွေဘဲအများစု.။တရုတ်တွေလောင်းကစားဝါသနာပါတာကတော့မပြောနဲ့.။ ကိုယ်တွေ့ဘူးတယ်။တရုတ်အဖိုးကြီးတွေ၊အဖွားကြီးတွေ တပတ်လုံးအလုပ်လုပ်ပြီး စနေ၊တနင်္ဂနွေဆိုရင်တောင်ပေါ်တက်ဖဲရိုက်၊ဂိမ်းကစား။နိုင်နိုင်ရှုံးရှုံး ဆော့ကြတာဘဲ။ ပိုက်ဆံကုန်သွားရင်သူများဆီကချေးပြီးသုံးတာ။အဲလိုမျိုး။ စဉ်းစားမိတယ် အော်..ငါတို့ဗမာပြည်ကလူကြီးတွေ ဒီကလူတွေထက်သာတယ်လို့။ကိုယ်တွေဆီကလူကြီးတွေ အသက်ကြီးလာရင်ဟုတ်ဟုတ် မဟုတ်ဟုတ်ဘုန်းကြီးကျောင်းသွား။ တရားစခန်းဝင် ဘာသာရေးလုပ်ကြတယ်။

ဒီကလူတွေအသက်ကြီးလည်း အလုပ်လုပ်နေကြတုန်း၊ ဘာသာရေးလုပ်တဲ့သူတော်တော်ရှားတယ်။ တခါတလေစားသောက်ဆိုင်မှာသူများသောက်ထားတဲ့ ဘီယာဘူးခွံတို့အချိုရည်ဘူးခွံတို့ကောက်ပြီးအလေးချိန်နဲ့ပြန်ရောင်းစားကြတယ်။ သုံးလည်းသုံးတယ်၊ရှာလည်းရှာတဲ့သဘောပေါ့။

စကားတွေကဝေ့ကုန်ပြီ။အမှန်ကတော့ genting သွားလို့ ပုံလေးတွေတင်မလို့.

ဒါကတော့ puduyara ဘတ်(စ)ကားဂိတ်ပါ။ genting သွားချင်ရင် ဒီကနေကားစီးရပါတယ်။

ဒီကနေနေရာတော်တော်များများကိုသွားနိုင်ပါတယ်။

 

ဒါကတော့ဘတ်(စ)ကားပေါ်ကနေ Highway  လမ်းမကြီးဘေးကိုရိုက်တာ။ သူတို့ဆီမှာ မြို့ကနေထွက်တာနဲ့၁၀မိနစ် လောက်ရှိတာနဲ့လမ်းဘေးမှာတောအုပ်တွေတွေ့ရတာဘဲ.။သူတို့နိုင်ငံက green peace ကိုလက်မှတ်ထိုးထားတဲ့နိုင်ငံဆိုတော့ အစိမ်းရောင်တွေ့ရတာများတယ်။

 

ဘတ်(စ)ကားနဲ့လာပြီးတောင်အောက်ရောက်ရင် ဒီနေရာမှာ sky way စီးဖို့စောင့်ရပါတယ်။

 

ကိုယ်နောက်မှာလည်းအများကြီးဘဲ။ ဒါပေမဲ့လည်း ကြောက်တယ် စီးရတာ.. ရင်လည်းတုန်တယ်။

ဘုရားစာရွတ်ပြီးစီးတယ်။

ရောက်ပါပြီ genting highland. အဲဒါသူများပုံတွေနော်. ။အခုတခေါက် ကိုယ်ပုံတောင်မရိုက်ဖြစ်ဘူး။

ဟော်တယ်ကြီးတွေ နှင်းမှုန်မှုန်အောက်မှာ။ အဲဒီဟော်တယ်ကြီးတွေထဲဝင်သွားရင်

ကာစီနိုတွေ၊ ဂိမ်းတွေရှိတယ်။ ဒါတွေတော့ ဓါတ်ပုံရိုက်လို့ မရဘူး။

ကစားကွင်းတွေရော နှင်းထုအောက်မှာ

 

အဲဒီမြောင်းလေးထဲမှာလည်း လှေစီးလို့ရပါတယ်။

ဆိုတော့ ခြုံပြောရရင် genting highland ဟာအလွန်သာယာ နာပျော်ဘွယ်ကောင်းတဲ့နေရာလေးတခုပါ။

အဲဒီကိုရောက်ရင် လူကြီးလူငယ်မရွေး ပျော်ရွှင်ကြတယ်.။ ရွာသားများလည်း လာလည်ကြည့်ပါလို့ ဖိတ်ခေါ်ပါတယ်။

 

 

About aungnng87

aung naing has written 7 post in this Website..

nothing special to tell about my history.