“ကိုပေါက်လမ်းသလားနေသည် အပိုင်း(18)” (အလိုတော်ပေါက်ဘုရား)


လှေကလေးက လာလမ်းအတိုင်းမဟုတ်ဘဲ ချိုးကွေ့လို့အလာ ဘေးတစ်ဘက်တစ်ချက်မှာ ပြာလွင်ကောင်းကင်
စိမ်းမြ ဒိုက်ပင်နဲ့ရေမျောခင်း လေးတွေအလွန် ဟို ခပ်ဝေးဝေးမှာ ကျောင်းအိုစုစုခြံရံထားတဲ့ ရွှေရောင်းအဆင်းနဲ့
စေတီတစ်ဆူကိုလှမ်းဖူးမျှော်လိုက်ရပါတယ်။
“ဘုရားပေါက်” အမည်ခံ “ အလိုတော်ပေါက်ဘုရား “ဖြစ်ပါတယ်။

ပြာလွင်တဲ့ကောင်းကင်အောက်က သာယာလှတဲ့မြင်ကွင်း

အင်းထဲကရေပြင်ပေါ်မှာ ကုန်းမော့မော့လေးဖြစ်နေတဲ့ဘုရားတစ်ဆူပါဘဲ။
ဘုရားကိုသွားတဲ့ရေလမ်းခရီးက တကယ်သာယာပါတယ်။
တောင်ပေါ်ရောက်လေ တိမ်ပြာလေသလားလို့တောင်အတွေးတွေပွားမိလောက်အောင်ကို ကောင်းကင်ပြာကြီးကလှပလွန်း
နေပါတယ်။
လေညှင်းကလာ နေသာတဲ့နံနက်ခင်း ရေပြင်မှာ တိမ်ပြာခင်းတယ် လှရက်လေခြင်း

အဝေးမှတောင်စဉ်တောင်တန်း သစ်ပင်စိမ်းစိမ်းတွေ ရေပေါ်ကအိမ်ကလေးတွေ သန့်ရှင်းလတ်ဆတ်တဲ့လေ။
ကျယ်ပြန့်တဲ့မြင်ကွင်း ။
တရွှေ့ရွှေ့နဲ့နီးကပ်လာတဲ့ အလိုတော်ပေါက်ဘုရား

ဘုရားကိုသွားတဲ့ရေလမ်းခရီးက တကယ်သာယာပါတယ်။
တောင်ပေါ်ရောက်လေ တိမ်ပြာလေသလားလို့တောင်အတွေးတွေပွားမိလောက်အောင်ကို ကောင်းကင်ပြာကြီးကလှပလွန်း
နေပါတယ်။
အဝေးမှတောင်စဉ်တောင်တန်း သစ်ပင်စိမ်းစိမ်းတွေ ရေပေါ်ကအိမ်ကလေးတွေ သန့်ရှင်းလတ်ဆတ်တဲ့လေ။
ကျယ်ပြန့်တဲ့မြင်ကွင်း ။
မြို့ပြမှာမွန်းကျပ်ခဲ့သမျှ ခဏတာတော့ အေးချမ်းသွားပါတယ်။
ကောင်းကင်ပြာနဲ့ရေပြင်ကြားမှာ ရှိနေတဲ့ကျနော် စိတ်ချမ်းသာလှပါဘိတယ်။
လှေကလေးရဲ့ အရိပ်နောက် ရေမွှားလေးတွေက ထပ်ကြပ်မကွာ

အစက အင်းအလည်ခေါင်မှာကိုယ်ချည်းဘဲရှိလို့ အားငယ်စိတ်တွေကြောက်စိတ်တွေဟာ
ဘုရားနဲ့နီးလာတော့လဲအလိုလိုပျောက်သွားပါတယ်။
ကျနော်တို့လိုဘဲ ဘုရားဖူးသူတွေရဲ့လှေကလေးတွေကိုမြင်တွေ့လာရလို့ပါဘဲ။
တဖြည်းဖြည်း ဘုရားနား နီးလာတဲ့အခါ အုန်းပင်တွေကြားမှာတော့ စေတီတော်။
အုန်းပင်တန်းနဲ့ကျောင်းအိုအို ဈေးကြိုတဲ့လှေငယ်

သူ့ရှေ့မှာတော့ ခေတ်ကောင်းစဥ ်တစ်ခေတ်တစ်ခါမှာလှပတင့်တယ် ခဲ့မှာအမှန်ဖြစ်တဲ့ ဇရာနိမိတ်တွေနဲ့
ယိုယွင်းပျက်စီးစပြုနေတဲ့ ဇရပ်နဲ့ကျောင်းတွေ။
ရေပြင်မှာအပြေးအလွားလာနေရှာတယ် အသီးအနှံရောင်းတဲ့လှေကလေးကိုမြင်ရတော့
မန်းလေး ဘတ်စ်ကားဂိတ်မှာ အထုပ်ကလေးတွေကိုယ်စီဆွဲ ပြေးထွက်နေတဲ့ဘတ်စ်ကားနောက်အသဲအသန်လိုက်ပြီး
အလုအယက်ဈေးရောင်းနေကြတဲ့ သမ္မာအာဇီဝနဲ့လုပ်ကိုင်စားသောက်နေရှာတဲ့ဈေးသည်လေးတွေကို ဖျပ်ကနဲ့ သတိရမိပါရဲ့။
ရေပေါ်သစ်သိးဈေးကလေး

လှေကလေးပေါ်မှာတော့ ဒေသထွက်မာလကာ ငှက်ပျော ဩဇာ လတ်ဆတ်လို့ အတော်ကိုချိုမယ်ထင်ပါရဲ့။

ရောင်းသူမဲ့ သစ်သီးလှေကလေး
ဒီအသယ်လေးကတော့ အသီးတွေလှေပေါ်ထားလို့ဘယ်များသွားနေတယ်မသိပါဘူး။
အားလုံးကရိုးသားကြတော့လဲ စိတ်ချလက်ချထားခဲ့နိုင်တာလို့ တွေးမိပါတယ်။

ကျနော်တို့ရဲ့လှေကလေးက အလိုတော်ပေါက်ဘုရားကမ်းကို တရွှေ့ရွှေ့နဲ့တိုးပြီးကပ်လာပါတယ်။
ကမ်းနဖူးမှာတေ့ာ ကျနော်တို့လိုဘုရားဖူးလာသူတွေလည်းရှိပါတယ်။
တစ်ချို့တော့လှေပေါ်ကသစ်သီးဈေးလေးနဲ့အရောင်းအဝယ်တွေဖြစ်နေကြပါတယ်။

ရေပေါ်သစ်သီးဈေး

ကျနော်တို့စက်လှေကလေးက ကမ်းစပ်မှဆိုက်တော့ အခြားသောစက်လှေတွေက ပြန်ဘို့ပြင်နေကြပါပြီ။
အလိုတော်ပေါက်ဘုရားအဝင်

ဒါနဲ့ဘဲလှေစက်သတ်တော့ ကမ်းပေါ်တက်။
ဘုရားဖူးအတွက်အတွင်းတော်ထဲကိုဝင်ခဲ့ပါတယ်။
ဝင်ဝင်ခြင်းမှာတော့ ကြည်ညိုဘွယ်ရာဆင်းတုတစ်ဆူ။
အဝဝ်ဝက ဆင်းတုတော်

ဒေါင့်နားလေးမှာတော့ ဘုရားသမိုင်းကြောင်းကိုမှတ်တမ်းတင်ထားတဲ့ ကျောက်စာတစ်ချပ်။
ဘုရားသမိုင်းကျောက်စာ

တစ်နေရာမှာတော့ ဘီးတပ်ထားတဲ့ ဆွမ်းတော်တင်တဲ့ လှည်းကလေး မန်းလေးမှာမတွေ့ဘူးတာတော့ အမှန်။
ဘီးတပ်ထားတဲ့ဆွမ်းတော်တင်လှည်းလေး

သူ့နံဘေးနားလေးမှာတော့ လှူဒါန်းထားကြတဲ့ပစ္စည်းလေးတွေကိုမှန်ဘီရိုလေးထဲမှာထည့်ထားပါတယ်။
ထူးထူးခြားခြားရှေးခေတ်က နိုင်ငံခြားပိုက်ဆံလေးတွေလဲတွေ့ရပြန်ပါသေးတယ်။
လှုဒါန်းထားတဲ့ပစ္စည်းတွေပါ

အစုံစုံ ဒါန ပြုသမျှကုသို်လ်

မဒမ်ပေါက်က တော့ ဘုရားထဲဝင်ပုတီးစိတ်နေချိန်မှာတော့ ကျနော်က အပြင်ဘက်ထွက်ပြီးလှည့်ပါတ်ကြည့်နေပါတယ်။
တောင်ဘက်က ဆင်းတုတော်

ဘုရားပါတ်ပါတ်လည်မှာ ဒေသထွက်ပစ္စည်းလေးတွေခင်းရောင်းတဲ့ဆိုင်လေးတွေအများကြီးရှိပါတယ်။
တောင်းပုလုံး ဒေသထွက ်ဝါးထည်ပစ္စည်း

တောင်းတွေပုုလုံးတွေ ဝါးခမောက်တွေ ပုံစံဆန်းဆန်းနဲ့လောက်လေးခွ၊ခြေထောက်နဲ့လှေလှော်နေတဲ့အင်းသားနဲ့လှေပုံ၊
အင်းသားလှေလှော်ပုံ

ခမောက်ဆိုင်လေးတွေ

ဆိုင်လေးတွေများပေမယ့် ပုံစံတူ ပစ္စည်းလေးတွေကိုရောင်းကြတာများပါတယ်။
ဘုရားစောင်းတန်းကနေအပြင်ထွက်ကြည့်ချိန်မှာတော့ လှပတဲ့မြင်ကွင်းတွေကိုတွေ့မြင်ရသလို
လုံးပတ်ကြိီိးမားတဲ့သစ်ပင်ကြီးတစ်ပင် အိုက်လွန်းလို့ထင်ပါရဲ့ အဝတ်တွေချွတ်ထားတာ တွေ့ရပါတယ်။
အဝတ်ချွတ်ထားတဲ့သစ်ပင်

အဝေးမြင်ကွင်း ပြာလဲ့စိမ်းနွဲ့ ထဲမှာ ခိုင်မာတဲ့ ဘုရားပုထိုးနဲ့ဇရပ်တွေက အားကျဂုဏ်ယူစရာကောင်းလှပါတယ်။
ကျနော်တို့ရဲ့ရှေ့ကလူတွေ ဒီလောက်ထိစွမ်းဆောင်နို်င်ခဲ့တာကို။
အဝေးက သစ်ပင်ပုံ့ ကရိက်ငှက်နဲ့တူသလိုလို

အင်းရေပြင်အလှက ခဏရောက်ရသူမို့လားတော့ မသိပါဘူး ခံစားလို့ မဝနိုင်အောင်ပါဘဲ။
ကြည့် မဝနိုင်တဲ့မြင်ကွင်း

အင်းရေပြင်ရဲ့အဝေးမြင်ကွင်းတွေကိုခံစားလို့ မဝသေးခင် မဒမ်ပေါက်က သွားကြဘို့လာခေါ်ပါတယ်။
ကျန်တဲ့နေရတွေကိုဆက်သွားမှာဆိုတော့ နေပူမှာစိုးလို့ပါဘဲ။

အလုပတွေများနေတဲ့အမေကြီး တစ်ယောက်

အဲဒါနဲ့ ဘုရားအပြင်ကရေဆိပ်ဘက်ကိုထွက်လိုက်တော့ အမေကြီးတစ်ယောက်လှေတွေကြားမှာအလုပ်လုပ်နေတာကိုတွေ့ရ။
ရေထဲက အရိပ် ပိုင်ရှင်ကတော့ ကိုပေါက်ပါ

အောက်ငုံ့ကြည့်ပြန်တော့ ရေအောက်မှာမြင်လိုက်ရတာက ပန်းပွင့်လေးနဲ့တူတဲ့နွယ်ပင်လေးနှစ်ပင်။
ရေထဲမှာ တွန့်လိန်ကောက်ကွေးလို့ကျနေတဲ့ အရိပ်တွေမြင်ရတော့
အလျင်အမြန်ဓါတ်ပုံရို်က်လိုက်ပါတယ်။
တွန့်တွန့်ကွေးကွေး ရေထဲကအရိပ်

ဒါနဲ့ဘဲလှေသမားခေါ် ဖောင်တော်ဦးကိုသွားဘို့လှေပေါ်အတက် စကားသံဝဲဝဲမပီတပီနဲ့” မုန့်ဖိုးပေးခဲ့လေ”
တောင်းသံကြားလို့ ကြည့်လိုက်တော့သပ်သပ်ရပ်ရပ်နဲ့ကလေးတစ်သိုက်။
အပျော်ပိုက်ဆံတောင်းနေတဲ့ကလေးလေးတွေက ရေကပြင်မှာဆော့ကစား

စားရသောက်ရမဲ့ထဲကတော့ မဟုတ် ပိုက်ဆံတောင်းတာကို အပျော်သဘောနဲ့လုပ်နေတဲ့ပုံစံမြင်ရပါတယ်။
အဲဒါနဲ့ဘဲလှေပေါ်တက်စက်နိုး လို့ ခရီးဆက်ခဲ့ပါတယ်။
ရှေးအစဉ်အလာကတည်းကရှိခဲ့ တဲ့အလိုတော်ပေါက်ဘုရားကိုနုတ်ဆက်
ဖောင်တော်ဦးဘုရားဘက်ဆီကို်…………………
အဝေးကဖူးမြင် ဖောင်တော်ဦးစေတီ

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(21-10-2011)
ဆက်လက်ဖော်ပြပါမည်။

12 comments

  • Diamond Key

    October 22, 2011 at 3:07 pm

    ကိုပေါက်ရေ၊ ပို့ပေးလို့ရောက်ခဲ့ပြီဗျို့။
    အင်းလေးကို သွားချင်နေတာဗျ။ ငယ်တုန်းက ရောက်ဖူးပေမဲ့ မရောက်တာ ကြာလှပေါ့။
    ပြောပြောနေတဲ့ “အချိန်အခါ” ဆိုတဲ့ စကားကို သတိရမိတယ်။
    သွားဖို့ လိုအပ်တဲ့ အချိန်ရတာရယ်၊ သွားနိုင်ဖို့ဘက်စုံ ပြည့်စုံတဲ့ အခွင့်အခါ ရယ်တိုက်လာတဲ့ တစ်နေ့တော့
    ရောက်အောင်ကို သွားအုံးမယ်ဗျာ။

  • blackchaw

    October 22, 2011 at 3:24 pm

    ကိုပေါက်ရေ။
    ပုံတွေကို ကြည့်ရင်း တစ်ခုခုကိုလွမ်းမိသလိုလို
    ခံစားရတယ်ဗျာ။ လွမ်းစရာ ရှုခင်းတွေနဲ့ ဓါတ်ပုံများပါဗျာ။

  • Tiger mg

    October 22, 2011 at 3:36 pm

    ကျေးဇူးတွေတင်ပြီးရင်းတင်နေရပြီလေးပေါက်ေ၇။

  • Yin Nyine Nway

    October 22, 2011 at 3:48 pm

    အဲဒီမှာ တခု မတွေ့ခဲ့ဘူးလား….
    အဲဒီဘုရားကို ဗိုလ်ချုပ်ခင်ညွန်ပြန်လည် ပြုပြင်ခဲ့တာလေ
    သူ့ပုံမှ အကြီးကြီး အရင်က ကပ်ထားတယ်
    အလိုတော်ပေါက်က တောင်ကြီး ကက္ကူနနဲ့ ဆက်စပ်နေတယ်လို့ပြောတယ်
    ဘုရားအဝင်ဝမှာ အရင်ကတော့ ဗိုလ်ချုပ်ခင်ညွန့်နှင့်ဇနီး ဒေါတ်တာဒေါ်ခင်ဝင်းရွှေ ဆိုပြီးကပ်ထားတယ်
    သူလဲပြုတ်ရော အားလုံးဆွဲခွါသွားရော
    အားလုံဒပြောပြချက်အရတော့ သူအိမ်မက်အရ ပြုပြင်တယ်လို့ပြောတာပဲ

  • ပေါက်ဖော်

    October 22, 2011 at 3:51 pm

    ဦးပေါက်တို ့ရိုက်ချက်က ရေထဲက ကိုယ့်အရိပ်တောင် အလွတ်မပေးဘူးနော့်
    မန်းလေးသွားလို ့..ဆိုင်ကယ်စီး ဦးထုပ်မပါရင် မော်တော်ပီကယ် မကြောက်ဘူး
    ဦးပေါက်ပဲ သတိထားရတာ..ဟီး.ဟီး..
    နောက်ဒါနော့်…လေးပေါက်

    အလိုတော်ပေါက်ဘုရားမှာ လိုရာ ရောက်ပါစေဦးပေါက်

  • nigimi77

    October 22, 2011 at 4:47 pm

    ကိုပေါက်ရေ ။

    1992 က တစ်ခေါက်ရောက်ဖူးပါတယ်။

    အင်းလေးကနေ ဓါးတွေ သဘောကျလွန်းလို ့ ကင်ဒို တစ်လက် ဝယ်ခဲ့တယ်။

    ရန်ကုန်ပြန် ရောက်တော့ အဲဒီ ဓားနဲ ့ ဈေးဦးဖောက်လိုက်တာ ခြေကျင်းဝတ်တွေ ပွန်းလိုက်တာဗျာ။

    နောက်ပြီး အဲဒီမှာ ဘုရားဖူး ဧည့်သည်တွေကို ထမင်းကျွေးတဲ့ ဆရာတော် တပါးရှိတယ်လေ။

    မမှတ်မိတော့ဘူးဗျ။ မိန်းမယူပြီး ရင်တော့ သွားချင်တယ်။

  • mountkali

    October 22, 2011 at 5:06 pm

    ၂၀၀ရ က အင်းလေးရောက်ခဲ့ပါတယ်…အလိုတော်ပေါက်ဘုရားကိုလဲ ဖူးခဲ့ဖူးပါတယ်..
    အင်းလေးရေမျက်နှာပြင်မြင့်တက်လဲ ဘုရားပုရဝဏ်ထဲကို ရေ မဝင်ဘူးလို့သိရပါတယ်….
    အခုပုံတွေထပ်မြင်ရတော့ နောက်ထပ် သွားဖူးချင်မိပါတယ်.. ကျေးဇူးတင်ပါတယ်..

  • MaMa

    October 22, 2011 at 6:15 pm

    ဘီးတပ်ထားတဲ့ဆွမ်းတော်တင်လှည်းလေး ကို သဘောကျတယ်။ ပေါက်ပေါက်ရောက်ရောက်ဖြစ်ချင်သူတွေအတွက် ယထြာပေးရရင် ဘုရားပေါက်ကို ကိုပေါက် မဒမ်ပေါက်တို့နှင့်အတူ ရောက်ဖြစ်အောင်၊ ဆက်ဆက်ရောက်အောင် သွားလိုက်ပါ။ 😛

  • windtalker

    October 22, 2011 at 7:20 pm

    လေးပေါက် ရေ
    သပ္ပါယ်လို်က်တာဗျာ
    အားပါးတရ ဖူးမျှော်ကြည်ညိုရင်း ဆုတောင်းမိပါတယ်

  • blackchaw

    October 22, 2011 at 7:29 pm

    ကိုပေါက်ရေ။
    မကျေနပ်လို့ကို တစ်ခါလာပြီး ထပ်မန်းသွားပါတယ်။
    ဓါတ်ပုံတွေကို ကြုံလို့ ရိုက်တာမဟုတ်ပဲ
    ရိုက်ချင်လို့ကို ကြုံအောင်လုပ်နေတာကို လေးစားမိပါတယ်။
    ဒီနေ့ ဓါတ်ပုံလေးတွေကိုလည်း ကြိုက်ပါတယ်။
    အပေါ်မှာ လက်မလေးတစ်ချောင်း ထောင်ခဲ့ပါတယ်။

  • padonmar

    October 22, 2011 at 7:40 pm

    ကိုပေါက်&မဒမ်ပေါက်
    အလိုတော်ပေါက်မှာ
    ပေါက်ပေါက်တွေလှူပြီး
    ထင်တိုင်းပေါက်ဖို့ဆုတွေတောင်းတုန်း
    တပေါက်ပေါက်နဲ့မုန့်ဘိုးတောင်းတဲ့
    ကလေးတစ်သိုက်ကြောင့်
    စိတ်ပေါက်ပေါက်နဲ့
    ရေထဲမှာပေါက်နေတဲ့အပင်
    ဓာတ်ပုံရိုက်ပြီး
    ပြန်ခဲ့ရပါကြောင်း။

  • အဲဒီအချိန်မှာ စောင့်နေတဲ့လှေသမား
    ဆေးပေါ့လိပ်အသောက်ကောင်းတော့
    ုပုဆိုးမီးလောင်ပေါက်သွားပါသတဲ့ကွယ်။

Leave a Reply