နှုတ်ဆက်လှည့်… မေ

koyinOctober 21, 20119min10812
နှုတ်ဆက်လှည့်… မေ


တမင်သတ်သတ်
ခြွေရက်လို့…ကြွေ။
နွေလိုပူတဲ့ စမ်း
လွမ်း..ရယ်မပြေ။
မဝေချင် ပင်အိုထက်မှာနွမ်း
ပန်းရဲ့ သက်သေ…။

အမျက်ဖြေ…
မျက်ရည်ယို ငိုချင်း
မညည်းတတ်လေ။
ပင်ကိုပျိုးပြီး ရွက်ကို ခြွေ
မုန်တိုင်းတွေ ဆဲတော့မှ 
လွန့်ရတဲ့ လေပြေ…။
လှေငယ်ငယ်ဝမ်းဗိုက်
စိမ့်တက်လာတဲ့…ရေ
ဆားငန်နေလျှက် တစ်မနက်ကို
အလွမ်း…ဆက်စေ။
အသက်တွေ အိုမင်း
(နွေလေညှင်း…တဲ့)
သေမင်းလက်က ထွက်ပြေး
ဝဋ်ကြွေး…မကျေ။
သင်ပုန်းကို ချေပါကွဲ့
ခါးသက်လှတဲ့…ပျားရည်။
သားသေကို ပုခုံးမှာထမ်း
မုဆိုး… လမ်းပျောက်တဲ့ ညနေ။
အရှေ့ကို… စေ
အနောက်ဆီ ယွန်းလေသတဲ့…
(ဝေခွဲရခက်တဲ့ အကြည့်နဲ့ပဲ
နှုတ်ဆက်ခဲ့… လေ။)
ဝေချင်လည်း မဝေ…
ကြွေချင်လည်း မကြွေ…။
မွန်းနေတာ ကြာတဲ့ရင်
ပြာလဲ့ချင် ညိုရိပ်သန်း
မှန်းဆခက်လေ…။
အရှက်ပြေ…
ထွက်ခွာလေသူ တစ်ဦး
ကျန်ရစ်မယ့်သူလည်း တစ်ယောက်
ခြောက်တဲ့ တစ္ဆေ…။
ဖြောင့်ချက်တွေကို ပလပ်ပါလို့
မနက်တစ်ချို့ကို အပိုင်သိမ်း
ယိမ်းနွဲ့ကာနေ…
မီးတောက်ကို လေမမှုတ်ပါနှင့်။
ရွှေရုပ်လွှာ ပုဝါစ
လှစ်ပြ ပါလေ…။

ရတက်ပွေ…
တံလျှပ်စေ နွေလောင်ကျွမ်း
ငရဲခန်းတမျှ
ခါးသက်လှလေ…။
ဓါးထက်ထက်နဲ့ ရင်ကိုမွှေ
စီးပါစေ…သွေးတစ်စက်စက်
နှလုံးသားကို ပုံကာအပ်ထား
လှည့်စားရက်လေ…။

သခင် စေလိုရာကို စေ
ပျော်ရစ်လေ အဖော်သစ်နှင့်
ဝေဒနာကို ရင်နင့်အောင် ခံယူ
နိုင်တော်မူပါ…
အရှုံးကိုသာ ရင်မှာပိုက်၍
နှစ်ခြိုက်စွာ မွေ့လျော်
(ကန့်သတ်ထားတဲ့ ဘောင်ကျဉ်း)
အလွမ်းတွေကို ထောင်ထဲသွင်းပါလို့
တိတ်တခိုးနဲ့ 
(တိုးတိုးပြီးသာ)
မြတ်နိုးနေမှာလေ…။ ။

တောက ကိုရင်
၁၃.၁၀.၂၀၁၁

12 comments

  • alinsett

    October 21, 2011 at 6:48 pm

    ပုံတွေက တော်တော် မိုက်တာပဲ။

    မိုက်တယ် အဲဒီ မိန်းကလေး…သိပ်မိုက်တယ် ။

    မိုက်မဲတာကိုပြောတာနော်။

    သူ ့ထက်မိုက်မဲ တာက မျက်စိ ပိတ်ခံထားရသူ..နဲ့နောက်ကွယ်ကနေ လက်တွဲ ထားရသူ…။
    ကဗျာလေးက ဆွဲဆောင်မှု သိပ်ရှိပါတယ် ။

    • koyin

      October 21, 2011 at 10:07 pm

      အဲ..
      ဟဲ…ဟဲ..
      မျက်လုံး အပိတ်ခံထားရတာကို အားကျနေသလား…
      မျက်စဉ်းကောင်းကောင်းရှာထားနော…..
      ပျော်ရွှင်ပါစေ…အလင်းစက်ရေ…

  • windtalker

    October 21, 2011 at 7:28 pm

    ကဗျာ က လန်းတယ်ဗျို ့
    သူ ့ထက်ပိုလန်းတာကတော့ ပုံထဲက မိန်းကလေး ၂ယောက် ပဲ
    ဒုတိယ ပုံထဲက မိန်းကလေး က ပို ရှင်းတယ် ပြတာ

    • ပေါက်ဖော်

      October 21, 2011 at 9:15 pm

      ကိုပေ..
      အနုပညာ မျက်စိ..တော်တော်ရှိပါကလား.. 😯
      ကိုရင့်ကဗျာတွေကတော့ ရေလည်လန်းဗျာ
      ရေလည်အားကျဒယ်..
      ဂလု..

    • koyin

      October 21, 2011 at 10:08 pm

      မာမီကွမ်းက မဆိုးဘူးပဲ
      အနုပညာ မျက်စိ အများကြိး ရှိတယ်…
      ပျော်ရွှင်ပါစေ…ဗျား

  • etone

    October 22, 2011 at 11:41 am

    မေတ္တာ မစစ်ပါ
    သစ္စာ ပစ်ခွာ
    ချစ်တာ လိမ်ပြောတာ
    အသစ်ရှာ တွဲကာ
    အဟောင်းမှာ မသိရှာ
    စုံတဲ့အခါ ပတ်ပြေးမှာ
    ပုံပြောလာ အရူးမူးပါ
    ငတုံးတွေသာ ယုံလိုက်ပါ
    နောက်ဆုံးမှာ ကွိုင်ပတ်ကာ
    ရှင်းမရကာ ထွက်ပြေးတာ :mrgreen:

    • koyin

      October 22, 2011 at 6:24 pm

      မေတ္တာစစ်ကို ပစ်
      အချစ်သစ်ကို သူရှာ
      ရင်မနာပါ အနာဟောင်းရယ်နှင့်
      ရင်ဟောင်းလောင်း နှလုံးသွေးစက်
      ဆေးထည့်ဖို့ မလိုပါ
      အသားမာ မတက် အနာ မကျက်
      နာကျင် ခံခက် ဝေဒနာနှင့်လူ
      ဖြေစရာမကူ နွေတစ်ရာ အပူကဲ
      ပန်းပမာ နွမ်းပါသော်လည်း လေ
      သူမရဲ့ စေလိုရာ
      သူမတစ်ယောက် ပျော်ပါစေဖို့အတွက်….

  • Tiger mg

    October 22, 2011 at 3:20 pm

    ဂွတ်တယ်ဗျို့ …..ကိုရင်
    ပုံလေးတွေကော၊ ကဗျာလေးပါကောင်းတယ်။

  • blackchaw

    October 22, 2011 at 3:41 pm

    အဲဒါပေါ့ဗျ၊ ငါးရံ့ နှစ်ကောင်ဖမ်းတာ။ ဟားဟား။

    • koyin

      October 22, 2011 at 4:00 pm

      သူတို့လည်း ငါးရံ့နှစ်ကောင် ဖမ်းတယ်လား….
      ကိုရင် သိသေးဘူးဗျ…
      ယောက်ျားလေးတွေပဲ ဖမ်းတတ်တယ် ထင်တာ
      ဟီးးးး

    • GreeNSheeP

      October 22, 2011 at 6:51 pm

      ငါးရံ ့မှ ငါးရံ ့ခေါင်းတိုလေးတွေ နေမှာ

Leave a Reply