ကွန်နက်ရှင်လာ လား ?

maydayOctober 21, 20111min12312

ဒီမနက် ဆိုင်ဖွင့်လိုက်တာ နဲ့ ဆိုင်ထဲ ကို ကောင်မလေး တစ်ရောက်ဝင်လာပါတယ် ။ ပြီးတော့
ဦးလေး ကွန်နက်ရှင် လာ လား တဲ့ဗျာ ။ ကျွန်တော် ကြောင်တောင်တောင်ဖြစ်သွားမိပါတယ် ။ ပြီးမှာ ကျွန်တော်လဲ သဘောပေါက်သွားပီး ကွန်နက်ရှင်လာ တယ်လို့ ဖြေလိုက်ပါတယ် ။ တစ်ခါတစ်လေ karoolark နှင့်လာတယ် ၊ တစ်ခါတစ်လေ livego နှင့်လာတယ် ၊ တစ်ခါတစ်လေ imo နှင့်လာတယ်လို့ ပြောလိုက်တော့ ပြုံးစိပြုံးစိ နဲ့ ထိုင်မယ်တဲ့။ Sing In ဝင်တာကြာနေရင် အော်သေးတယ်ဗျ ( ဦးလေး ကွန်နက်ရှင် မလာသေးဘူးတဲ့ ) ။ ဦးလေးကလဲ ပြန်ပြောရတယ် ကွန်နက်ရှင် လာနေပီ ဗထူးကျောက်တိုင်ရောက်နေပီလို့ ( ဗထူးကျောက်တိုင် က ဆိုင် နဲ့ မနီးမဝေးလေး မှာရှိတာကိုဗျ) ။
အခုတလော ကွန်နက်ရှင်ဆိုတာကြီးကို လဲ
www.karoolark.com
www.livego.com
https://imo.im အဲဒီ ဆိုက်တွေကနေ ခေါ်နေရတာကို ( လာပါအုံး လာပါအုံးပေါ့ ) ။
“ ကွန်နက်ရှင် လာ လား “ ဆိုတဲစကားလုံးက ရှမ်းပြည်က ကလေးတွေရဲ့ အသုံးအနှုံးလေးပါ။ ချစ်ဖို့ကောင် တဲ့ အသုံးအနှုံးလေးပါ။
“ စိတ်ရှည် သီးခံ မမြင်မှန် သုံးရန် အင်တာနက် “ ဆိုပီး ဆောင်ပုဒ်လေး ပေးလိုက်ရင်ကောင်းမလားလို့ဗျာ ။

12 comments

  • blackeye

    October 21, 2011 at 7:55 pm

    ကွန်နက်ရှင် လာ လား မေးတဲ့ ချာတိတ်မလေးက ချောလား ဟင် ၊
    နက်ဖန်မနက် ရော လာဦးမှာလား ဦးလေးရ ။

  • mayday

    October 21, 2011 at 8:08 pm

    အာ ရှမ်းပြည် မှာဆိုတော့ သဘောပေါက်ပေါ့ ကွယ် ။ 🙂 ရှမ်း မလေးတွေ သိတယ် မဟုပ်လား ကျွန်တော် တောင် မောင်ကြီး မပြန်နိုင် ဖြစ်နေတာ ကိုတာကြည့်တော့ ။

  • အာရက္ခ မြေသား

    October 21, 2011 at 8:09 pm

    သံတွဲက နှာဘူးက ရှမ်းပြည်တောင်တက်ဘူးနေပါလား ကိုယ့်ညီကိုရေ။ကွန်နက်ရှင် လာလားမေးတာ.၊ချောမချော သိချင်ရင်
    ဆီလူးလိုက်ပေါ့ဗျာ၊ ကိုယ့်ဇာတိဖော်ပြောမနေပါနဲ ့။

  • ပေါက်ဖော်

    October 21, 2011 at 8:16 pm

    ကျနော့ဆီတော့ ကွန်နက်ရှင် လာဘူးဂျာ
    MPT သမားတွေဆီတော့ လာတယ်ပြောတယ်..
    ပုဂံသမားတွေတော့..ဦးလေးပြောတဲ့..ဆိုဒ်တွေက ဝင်ရဒယ်.
    :rool:

  • mayday

    October 21, 2011 at 8:38 pm

    MPT က လာဘူး ညီလေး ( ရန်ကုန် MPT တော့မသိပါ )
    ကွန်နက်ရှင် ဆိုတာကြီးကို ဘယ်အချိန်ခေါ်ခေါ် ဒါကတော့လာတယ် ညီလေး

    လူကြီးမင်းခင်ဗျား
    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ဆောင်မှုပေးလျက်ရှိသော အင်တာနက်လိုင်းများသည် ၁၇.၁၀.၂၀၁၁ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရေအောက် Cable ဆက်ကြောင်းချို့ယွင်းမှုကြောင့် နှေးကွေးမှုများ ဖြစ်ပေါ်နေပါသည်။ အဆိုပါ ဆက်ကြောင်များ ပြန်လည်ကောင်းမွန်ရေးအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆောင်ရွက်လျက်ရှိပါကြောင်း လေးစားစွာ ဖြင့် အသိပေးအပ်ပါသည်။

    သတင်းအချက်အလက်နှင့်နည်းပညာဌာန
    မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

  • windtalker

    October 21, 2011 at 9:01 pm

    အခုလောလောဆယ်တော့
    ကျွန်တော် ထိုင်နေတဲ့ ဆိုင်လေးဟာ
    ဖိုက်ဘာ တစ်လှည့် ဝိုင်မက်စ် တစ်လှည့် နဲ ့
    နဲနဲလေး အဆင်ပြေနေတယ် မေဒေးရေ
    ကွန်နက်ရှင် နဲနဲလာနေတယ်
    ဟားဟား

  • naywoonni

    October 21, 2011 at 9:47 pm

    ကော်နက်ရှင်လား …..။ သူဖျားနေတယ်ထင်ပါ့…။ လာတော့လာတယ်… သူစိတ်ကောက်နေသလားမသိဘူး…။ loading ပဲ ထိုင်ကြည့်နေရတယ်…။ ဒီနေ့ ပို့စ်တင်နေတာ လေးနာရီကျော်ပြီ …။ ခုထိတက်မလာသေးဘူး….။

  • Diamond Key

    October 22, 2011 at 3:25 pm

    ကော်နက်ရှင်လေး နဲနဲ ရလို့ MG ကိုတွေ့လိုက်ရရင် များများပျော်ပါ့ဗျာ။

  • ရွှေဘိုသား

    October 24, 2011 at 1:57 pm

    အစ်မလား အစ်ကိုလား တော့မသိဘူး မေဒေးကလည်း ကျနော်ဆိုဆိုင်လာတဲ့သူတွေကို ပြောလိုက်တယ် အခုလောလောဆယ် စာပို့တာမြန်ချင်ရင် စာတိုက်ကသွားပို့လို့

  • MOEPWINTPHYU

    October 24, 2011 at 2:11 pm

    ကွန်နက်ရှင်မလာတာကြာပြီ
    သုံးလိုတောင်သိပ်မရဘူး
    ပြောလိုလဲရဘူး

  • mawmyayoo

    October 24, 2011 at 2:28 pm

    ကျောက်တိုင်အရှေ့ဘက်အာလူးကျော်ဆိုင်နားကမေဒေးဘဲဖြစ်မယ ်ဟဲဟဲနောက်တခါဆို
    ဆိုင်လာမထိုင်တော့ဘူး ကွန်မကောင်းလို ့အွန်စောလည်းဂျောင်းပြီနော်

  • manawphyulay

    October 24, 2011 at 3:30 pm

    ကွန်နက်ရှင်က လာနေရင်းနဲ့ စိတ်ဆိုးပြီး လှည့်ပြန်သွားပါရော………. ကွန်နက်ရှင်လာဘူး ဦးလေးရေ…

Leave a Reply