အသည်းရောင်Bကာကွယ်မယ်

မောင် ပေOctober 21, 20111min21120

one day ကပေါ့..

ဘယ်လို one day လဲ ဆိုရင်

မောင်ပေ နဲ ့ မောင်ပေ့ မိန်းမ တို ့အလုပ်အားကြတဲ့ ဟောလီးဒေး ။

မနက်အိပ်ယာထ ၊ ရေချိုး မျက်နှာသစ်ပြီး ၊ မနက်စာ အတူစားကြရင်း ၊ ဒီနေ ့အတွက် အစီအစဉ် ဆွဲကြတာပေါ့ ၊ ဟိုသွားမယ် ၊ ဒီသွားမယ် ပြောနေကြတာပေါ့

“ ကိုကို ရေ အခုမှ သတိရလို ့မေးရဦးမယ် ၊ သဲ တို ့မင်္ဂလာ မဆောင်ခင်က ကိုကိုနဲ ့သဲ သွေးစစ်ခဲ့ကြတယ်နော် ”

“ အင်းလေ ၊ ဘာဖြစ်လို ့လဲ ”

“ သဲ တို ့မင်္ဂလာဆောင် ကိစ္စတွေ များနေခဲ့တာနဲ ့၊ အရင်ကလဲ စကားမစပ်မိတာရယ်နဲ ့ ၊ အခု မှ ဟိုနေ ့က ရုံးမှာ သူငယ်ချင်း ဒေါက်တာမ နဲ ့စကားပြောရင်း သတိရလို ့ကိုကို ့ကို မေးရဦးမယ် ၊ အသည်းရောင် ဘီ ကာကွယ်ဆေး ထိုးပြီးပြီလား ”

“ ဟင့်အင်း..မထိုးရသေးပါဘူး ၊ မထိုးချင်ပါဘူးကွာ ၊ ငွေလဲကုန် ၊ လူလဲ အသားနာမယ့်ဟာကြီး ၊ ထိုးရဲဘူး ”

“ ဟိုးဆရာ..ဒီလို လုပ်လို ့မရဘူး ၊ ဆေးထိုးတာက ကိုကို ဘီယာသောက်သလောက် မကုန်ဘူး ၊ သဲပြောပြမယ်..နားထောင်နော် ”

“ အေးပါကွာ…ပြောပြော ”

“ အသည်းရောင် ဖြစ်စေတဲ့ virus တွေ ထဲ မှာ B ပိုး နဲ ့C ပိုး ဟာ ပုံစံ တူတယ်တဲ့ ၊ သွေး တို ့ ၊ ခန္ဓာကိုယ် အရည်တွေ က နေ ကူးတာတဲ့ ၊ virus ၂ မျိုးလုံးဟာ နာတာရှည် အသည်းရောဂါ ၊ အသည်းခြောက် ရောဂါ နဲ ့အသည်းကင်ဆာ တို ့ကို ဖြစ်စေနိုင်တယ် တဲ့ ”

“ ဒါနဲ ့..ကိုကို အခု liv-up ဆိုတဲ့ အသည်းအားဆေး ကို နေ ့တိုင်း စားနေတာပဲဟာ ”

“ ဟင့်အင်း..အဲဒါနဲ ့တင် မရဘူး ၊ ကိုကို ရဲ  ့၊ ကဲ..သဲပြောတာ ဆက်နားထောင်ပေးကွာ ”

“ အေးပါကွာ ၊ ပြောပြော ”

“ B ပိုး နဲ ့C ပိုး မှာ B ပိုး က C ပိုး ထက် ဆယ်ဆ ပိုကူးစက်လွယ်တယ် ၊ B ပိုး အတွက် ထိရောက်တဲ့ ကာကွယ်ဆေး ထိုးလို ့ရတယ် ။ C ပိုးအတွက်ကတော့ ကာကွယ်ဆေး မရှိသေးဘူးတဲ့ ။ ဒါပေမယ့် C ပိုး ဟာ သဲတို ့လို ကျန်းမာနေတဲ့ သူတွေဆီမှာ အဖြစ်နည်းတယ်တဲ့ ။ B ပိုးဟာ အသည်းကို ရောင်စေတယ် ။ အချို  ့မှာ ရောဂါ လက္ခဏာပြပြီး ၊ အချို  ့မှာကြတော့ ရောဂါ လက္ခဏာ မပြဘဲ ကူးစက်ခံရတယ်တဲ့ ။ ကူးစက်ခံရတဲ့သူ ၉၅% မှာ ရောဂါပိုး ဟာ သူ  ့အလိုလို ပျောက်နိုင်သော်လည်း ၊ ၅% ကတော့ လုံးဝမပျောက်ဘဲ တစ်သက်လုံး ရှိနေတယ် ။ အဲဒီလူတွေ ဟာ နာတာရှည် B ပိုး သယ်ဆောင်သူတွေ ဖြစ်သွားမယ် ။ ကမ္ဘာပေါ်မှာ နာတာရှည် B ပိုး ရှိသူ သန်း၃၀ဝ လောက် ရှိနေပြီ တဲ့ ကိုကို ရဲ  ့ ”

“ သဲ..ရေလေးဘာလေး သောက်လိုက်ဦး ၊ မောနေမယ် ”

“ ကိုကိုနော်..သဲစကားကောင်းပြောနေတာ မပြီးသေးဘဲဟာကို ၊ စိတ်ကောက်လိုက်မှာနော် ”

“ အောင်မငီး…စိတ်တော့ မကောက်လိုက်ပါနဲ ့၊ ဆက်ပြောတော်မူပါ ၊ နားထောင်ပါ့မယ် တဲ့ဗျာ ”

“ B ပိုး  သယ်ဆောင်သူတွေဟာ အသည်းခြောက်ရောဂါ နဲ  ့အသည်းကင်ဆာ ဖြစ်နိုင်ချေများတဲ့ လူနာများ ဖြစ်လာမယ် တဲ့ ၊ B ပိုး ရှိသူ ၂ဝ % ဟာ ၅နှစ်ကနေ ၂ဝနှစ်အကြာမှာ အသည်း ခြောက်သွားတယ်တဲ့ ။ B ပိုး  ရှိသူဟာ B ပိုး မရှိသူထက် အသည်းကင်ဆာ ဖြစ်ဖို ့အဆ၁၀ဝ ပိုများတယ်တဲ့ ။ သဲတို ့လို ဖွံ ့ဖြိုးဆဲ နိုင်ငံတွေ မှာ B ပိုး ကူးစက်မှု ဟာ အရမ်းများပြီး အသည်း ကင်ဆာ ဖြစ်ပွားမှု ဟာ မြင့်တက်နေတယ်တဲ့ ။ အသည်းရောင် B ကာကွယ်ဆေး ထိုးထားမယ် ဆိုရင် B ပိုး မဝင်အောင် ကာကွယ်နိုင်တယ် ။ B ပိုး မျိုးကွဲတွေ အားလုံးကိုလည်း ကာကွယ်နိုင်တယ် ။ ကာကွယ်နိုင်မှု စွမ်းရည်ကလည်း ရေရှည်ခံတယ်တဲ့ ကိုကိုရဲ  ့”

“ အင်း..ကိုယ်စိတ်ဝင်စားနေပြီ ၊ ဆက်ပြောပါဦး ”

“ B ကာကွယ်ဆေး ဟာ ကာကွယ်ဆေး ထိုးတဲ့သူ ၉၅% မှာ ထိရောက်တဲ့ ကာကွယ်မှုပေးတယ် ။ ကလေးတွေ နဲ ့သဲတို ့ကိုကိုတို ့လို လူငယ်တွေ မှာ ကာကွယ်နိုင်မှု ပိုစွမ်းတယ် ၊ ဒါကြောင့် B ပိုး ကြောင့်ဖြစ်တဲ့ အသည်းခြောက်ခြင်း နဲ ့အသည်းကင်ဆာ တို ့ကို B ကာကွယ်ဆေး ထိုးခြင်းဖြင့် ကာကွယ်နိုင်တယ် လို ့ရှင်းပြသွားတယ် ကိုကို ရဲ  ့ ”

“ ဒါဆို ကိုကိုနဲ ့သဲ နဲ ့ B ကာကွယ်ဆေး သွားထိုးကြမယ်လေ ၊ နော် ”

“ သဲကဖြင့် ပြီးခဲ့တဲ့ ၃ နှစ်ကျော်လောက်ကတဲက ထိုးခဲ့ပြီးလို ့၊ ဆေးစစ်တော့ အောင်လို ့နောက်ဆုံးအဆင့် Booster Dose ဆိုတာပဲ ထိုးဖို ့ကျန်တော့တယ် ကိုကို ရဲ  ့ ”

“ ဟင်..ဒါဆို ကိုကို ပဲ ကျန်တာပေါ့ ”

“ ဒီနေ ့ဆေးခန်းသွားကြမယ်လေ ၊ ကိုကို ့ကို သဲ အဖော်လုပ်ပေးမှာပေါ့ ကိုကိုရဲ  ့”

သို ့ဖြင့် မောင်ပေ တို ့လင်မယား ၊ အထူးကု ဆေးခန်းကြီး တစ်ခု သို ့ချီတက်ကာ ၊ မောင်ပေ သွေးအရင်စစ်လိုက်ပါသည် ။ B ပိုး  စစ်ပေးပါပေါ့ ။ ၁၅၅၀ဝ ကျပ် ပေးရသည် ။

ပြီးတော့ ဘောက်ချာ ဖြတ်ပေးကာ နေ ့ခင်းပိုင်းမှ အဖြေလာယူဖို ့ပြောသည် ။ မောင်ပေ့ ခဗျာ ရင်တထိတ်ထိတ် နဲ ့ပေါ့ ။

“ ဘုရား.ဘုရား.ဘုရား…ငါ့မှာ B ပိုး မတွေ  ့ပါစေနဲ ့” ဟု ဆုတောင်းရင်း သက်ပြင်းချကာ ဂနာမငြိမ်ဖြစ်လာသဖြင့် မိန်းမ က ဘေးမှ အားပေးနေသည် ။

ဆေးခန်းထဲမှာ ထိုင်စောင့်ရမှာ ပျင်းသဖြင့် ရှော့ပင်းထွက်ကြသည် ။ စိတ်က မဖြောင့် ။ ချိန်းတဲ့အချိန် မြန်မြန်ရောက်ပါစေ ဟု စိတ်ကလောနေသည် ။

နေ ့လည် ဓါတ်ခွဲခန်း အဖြေထွက်လာတာကို ဖတ်လိုက်ရမှ ရင်ထဲ အလုံးကြီး ကျသွားတော့သည် ။

ဓါတ်ခွဲခန်းက ကောင်မလေးတွေ က စိုးရိမ်လွန်နေသော မောင်ပေ့ ကို ကြည့်ပြီး ပြုံးနေကြသည် ။

အဖြေ စာရွက်ပေါ်တွင်   “ HBs Ag 0.836 ( Non-Reactive ) C01 ”   တဲ  ့

မိန်းမ က လက်ကိုဆွဲပြီး ၊ အထူးကုဆေးခန်းကြီး အတွင်းရှိ အထွေထွေရောဂါကု အခန်းထဲသို ့ခေါ်သည် ။

ဒေါက်တာမလေး နှင့် တွေ ့ကာ B ကာကွယ်ဆေး ထိုးချင်ကြောင်း ပြောလိုက်သည် ။

“ ၇၅၀ဝကျပ် ၊ ၈၅၀ဝကျပ် နဲ ့၉၅၀ဝ ကျပ်တန် သုံးမျိုးရှိတယ် ၊ ဘယ်ဟာ ထိုးမှာလဲ ၊ ၉၅၀ဝကျပ်တန် ကတော့ အထိုးများတယ် ”

“ ဒါဆို ကျွန်တော့်ကိုလည်း ၉၅၀ဝကျပ်တန် ဘဲ ထိုးပေးပါ ၊ ဒါပေမယ့် မနာအောင် ထိုးပေးပါနော် ဒေါက်တာ ၊ ကျွန်တော် က အသားနာမှာ အရမ်းကြောက်လို ့ပါ ”

ဆရာဝန်မလေး က ယောက်ျားတန်မဲ ့နဲ ့ဟူသော မျက်စောင်းကလေး ထိုးကာ မောင်ပေ့ ဘယ်ဘက်လက်မောင်းတွင် ဆေးထိုးပေးသည် ။

အားပါး…နဲနဲတော့ အောင့်သည် ။ ဆေးထိုးအပြီး ထိုနေရာကို ချေမည် လုပ်တော့ ၊ မချေရဘူး လို ့တားသည် ။ ရေခဲအုံချင် အုံ တဲ့ ။

ဒါနဲ ့ရေသန် ့ဘူး အေးတာလေး ကို ကပ်ထားလိုက်သည် ။

ဆေးခန်းက ပေးလိုက်တဲ့ ကဒ်ပြားလေး
ဆေးခန်းက ပေးလိုက်တဲ့ ကဒ်ပြားလေး

 

ဆေးခန်းက ပေးလိုက်တဲ့ ကဒ်ပြားလေး
ဆေးခန်းက ပေးလိုက်တဲ့ ကဒ်ပြားလေး

အထက်ပုံပါ ကဒ်ပြားလေး တွင် 1st dose နေရာတွင်အမှန်ခြစ်ကလေး ခြစ်ပေးလိုက်သည် ။

2nd dose ကို ၁ လအကွာ ၊ 3rd dose ကို 2nd dose အပြီး ၅လပြည့်လျှင် ထိုးရမယ်တဲ့ ။ 3rd dose ပြီးလျှင် ဆေးအောင်၊မအောင် သွေးပြန်စစ်ရမည် ဖြစ်သည် ။

3rd dose ထိုးပြီး လို ့ဆေးအောင်ပြီ ဆိုလျှင်တော့ နောက် ၅ နှစ် နေမှ Booster Dose ကို ထိုးရမည် တဲ့ ။

ဆေးခန်း မှာ သွေးစစ်ခ က ၁၅၅၀ဝ ကျပ် ၊ ဆေးတစ်လုံး ထိုးတာ က ၉၅၀ဝ ကျပ် နှင့် ၂၅၀၀ဝကျပ် ပေးခဲ့ရသည် ။

ဒုတိယ နှင့် တတိယ ၂ လုံး က ၉၅၀ဝ ကျပ်စီ ဆိုတော့ ၁၉၀၀ဝ ကျပ် ၊ အဲဒါအပြီး သွေးပြန်စစ်လျှင် ၁၅၅၀ဝ ကျပ် ၊ နောင်၅နှစ်မှာ ထိုးရမယ့် ဆေးကတော့ ဘယ်လောက်လဲ မပြောတတ် ။

အားလုံးပေါင်း ၅၉၅၀ဝ ကျပ် ကုန်မည် ဖြစ်သည် ။ ဒါက အထူးကု ဆေးခန်းမှာမို ့ဒီလောက် ကျသွားခြင်း ဖြစ်သည် ။

ပြည်သူ ့ဆေးရုံကြီးတွင် သွေးစစ်ပြီး ၊ ဆေးကို ကိုယ်တိုင်ဝယ်သွားပြီး ထိုးလျှင် အားလုံးပေါင်းမှ ၃၀၀၀ဝ ကျပ် မကုန် ဟု သိရသည် ။

ဒီတော့ဗျာ ၊ မောင်ပေတို ့မြန်မာနိုင်ငံ မှ အသည်းရောင် Bကာကွယ်ဆေး မထိုးရသေးသူများ အနေဖြင့် သင့်တင့်သော ကုန်ကျစရိတ်မျှဖြင့် ၊ ကိုယ့်ရဲ  ့အသည်းလေးကို ဘဝ တစ်သက်တာ Bပိုးကြောင့် ဖြစ်တဲ့ အသည်းခြောက်တာ အသည်းကင်ဆာ တွေ ကို ကာကွယ်နိုင်တယ် ဆိုတာ နဲ ့ ၊ အသည်းရောင်အသားဝါBကာကွယ်ဆေး ထိုးကြပါစို ့လို ့ တိုက်တွန်းနှိုးဆော် လိုက်ပါတယ်နော် ။

တခြား နိုင်ငံ က လူတွေ ကို မပြောတာက ၊ အားလုံးဟာ ဆေးထိုးပြီး ဖြစ်လောက်ပြီ လို ့ထင်လို ့ပါ ခင်ဗျား ။

ဆရာဝန် တစ်ယောက် မဟုတ်ပါသဖြင့် အရပ်သားစကားနဲ ့ပဲ စာဖွဲ  ့ရေးလိုက်ပါတယ် ။ သည်စာရေးဖို ့ဘယ်ဆေးကုမ္ပဏီကမှ စပွန်ဆာ မရထားပါကြောင်း ။

————————— အားလုံးကို ကျေးဇူးတင်ပါသည် —————————

20 comments

  • thit min

    October 21, 2011 at 9:31 pm

    ဟိုတခါရေးတုန်းက “အချစ်”လို့ခေါ်တယ်ဆို၊ ခုကျတော့ “သဲ” ဆိုတော့ ဘာ မတူတာလဲဗျ။ ဟဲဟဲ ရှင်းပြအုန်းလေ။
    (ဟေ့ ကိုဝင်းတော်လခါရေ ကျနော့ရဲ့ “ရှက်” ပို့စ်နဲ့ ပီအမ် မှာ ပြန်ပြောပြထားပါတယ်နော်၊စိတ်ထင့်မနေပါနဲ့နော်။
    အေးဆေးနွေးထွေးပါလို့)

    • windtalker

      October 21, 2011 at 9:34 pm

      ဟုတ် ဖတ်ရပါတယ် ခင်ဗျ
      ဘာပြန်ရေးရမလဲ မသိလို ့မပြန်ဖြစ်တာပါ
      ကျေးကျေးပါ အကစ်သို

  • ပေါက်ဖော်

    October 21, 2011 at 9:36 pm

    သွားစစ်လို ့ ရှိနေရင် ဘိုလုပ်မလဲ မစ်စတာပေ
    တားကြောက်ဒယ်..
    😮

    • windtalker

      October 21, 2011 at 9:47 pm

      တစ်ကယ် လို ့သွေးစစ်လို ့B ပိုးတွေ ့ရတဲ့သူတွေကတော့ ၊
      အရက်ဘီယာ သောက်သုံးလေ့ ရှိတယ် ဆိုရင် ၊ လျှော့သောက်ရတော့မှာပေါ့ဗျာ
      ဒီက Bပိုးရှိတဲ့ ဘောစိတွေ ယိုးဒယားသွားပြီး ဆေးထိုးကြတယ် လို ့ကိုပေါက်(မန်းတလေး) ပြောလို ့သိရတယ် ဗျ ။
      B ပိုး ရှိတယ် တွေ ့ရရင်တော့ အသည်းအားဆေး၊ forte လို ဟာမျိုး နေ ့စဉ် သောက်သွားရင် ဘာမှ သိပ်မဖြစ်ဘူး လို ့သူငယ်ချင်း ဆရာဝန်က ပြောပါတယ် ။
      ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ
      ကိုပေါက်ဖော် မစစ်ရသေးရင်တော့ သွားစစ်စေချင်ပါတယ်

  • blackchaw

    October 21, 2011 at 10:30 pm

    အသည်းရောင်ရောဂါပိုး B အကြောင်း
    သိရတဲ့ အတွက် ကျေးဇူးပါ ကိုပေရေ။

  • amatmin

    October 21, 2011 at 10:35 pm

    ကိုတော်ကာကြီးရေ..မသိတာလေးမေးချင်လို့ပါဗျာ..
    ဒီပို့စ်မှာပါတဲ့.”3rd dose ထိုးပြီး လို ့ဆေးအောင်ပြီ ဆိုလျှင်တော့
    နောက် ၅ နှစ် နေမှ Booster Dose ကို ထိုးရမည် တဲ့ “..ဆိုတာလေးမှာ..
    အဲဒီမှာ မရှင်းတာလေးတခုပေါ့ဗျာ..တနေ့က အသိအမတယောက်က.
    ၅နှစ်ပြည့်လို့တခေါက်သွားပြန်ထိုးတယ်.Booster Dose လို့ထင်တယ်ဗျာ..
    မထိုးခင်မှာ.ဆရာဝန်ကတခေါက်ပြန်စစ်ကြည့်တယ်ဗျာ..
    ပြီးတော့မအောင်ဘူးလို့ပြောတယ်တဲ့.ဒါပေမဲ့.
    ၅နှစ်အတွင်းတော့မကူးနိုင်ဘူးလဲပြောလိုက်တယ်..နောက်ပြီး
    ၃လနေရင်ပြန်လာစစ်လို့လည်း.မှာလိုက်တယ်တဲ့..
    ဘယ်လိုတွေဆိုလိုတာလဲဆိုတာရှင်းပြပေးပါလားဗျာ..ကျေးဇူး…..

    • amatmin

      October 21, 2011 at 10:37 pm

      မေ့သွားလို့ဗျာ..ထပ်တော့ ထိုးပေးလိုက်သေးတယ်ဗျ..
      ပြီးမှ ၃ လနေရင်ပြန်လာစစ်ခိုင်းတာနော်…

      • nozomi

        October 22, 2011 at 1:21 pm

        ကိုတော်ကာ သူ့ သဲသဲလေးနဲ့ တစ်နေရာ သွားနေလို့ ကျွန်တော်သိတာလေး ပြောကြည့်ပါမယ်
        မှန် မမှန် ကိုတော်ကာ လာမှ ပြန်မေးကြည့်တာပေါ့

        ကျွန်တော့ ကလေး နှစ်ယောက် မွေးပြီးပြီးချင်း ဆေးရုံမှာ ကာကွယ်ဆေးထိုးပေးပါတယ်
        သတ်မှတ်ကာလတွေအတိုင်းပေါ့ နောက် ဘူစတာထိုးဘို့ သေချာအောင် ထပ်စစ်ကြည့်တော့ တစ်ယောက်က ခုခံအား ၃၀ဝ ကျော်လောက်ရှိတယ် ဘူစတာ ထိုးလို့ရတယ် တစ်ယောက်က ခုခံအား (anti body) မပြဘူး ဆေးမအောင်ဘူး ပေါ့ အဲဒါနဲ့ ဆေးပြန်စစ် ဘီပိုး မရှိတာ သေချာမှ ကာကွယ်ဆေးကို ၁ ကနေ ပြန်စထိုးရတယ် အဲဒါကို ကျွန်တော် နားလည်သလို ပြောရရင်

        အရင်ဆုံး ဆေးစစ်တယ် ဘီပိုး မရှိ ( ကိုယ်ထဲမှာ ရန်သူမရှိပေါ့) ၊ အဲဒါဆို စစ်သားတွေပို့ ( ၃) သုတ် ခွဲပို့တယ် ၊ ရန်သူတွေလာရင် ဒီကောင်တွေ တိုက်ခိုင်း ၊ (ကောင်းတာက ၃ ကြိမ်အပြီး သိပ်မကြာခင်မှာ စစ်သားတွေ အခြေအနေ ကောင်း/မကောင်း ထပ်ကြည့်သင့်တယ် (ဆေး ထပ်စစ်တာပေါ့) တချို့ က ထပ်မကြည့်တော့ဘူး ၅ နှစ်ပြည့်ခါနီး ပြန်ကြည့်လိုက်တော့ မှ ကိုယ့်စစ်သားက မရှိတော့ဘူး ကချင်တို့ ရှမ်းတို့ ရောက်ကုန်တာ ဖြစ်မှာပေါ့ ၊ မရှိရင် အစကပြန်ပို့ ၊ စစ်သားတွေ ရှိတယ်ဆို နောက်ထပ် စစ်သားတွေ ထပ်အားဖြည့်ပေါ့ ၃၀ဝ နဲ့ ၁၀၀ဝ ကြားလောက် တွေ့ဘူးတယ် အဲဒါက ၅ နှစ်တိုင်း ကြည့်သွားရမယ်ထင်တယ်

        • windtalker

          October 22, 2011 at 1:33 pm

          ဟုတ်ပါတယ် ကိုနိုဇိုမိ ပြောသလိုပါပဲ
          ပထမ ၊ ဒုတိယ ၊ တတိယ ဆေးသုံးကြိမ် ထိုးပြီး သွားရင်
          သုံးလလောက် အနေမှာ သွေးတစ်ကြိမ် ပြန်စစ်ရမှာပါ ။
          အဲ့ခါ ကြ ဆေးခန်းအပြောပေါ့ ဆေးအောင်/မအောင် ပေါ့
          အောင်ရင် နောင်၅နှစ်နေမှ ဘူစတာဒို ့စ် ကို ထိုး
          တစ်ကယ်လို ့မအောင်ခဲ့ရင်..
          အစ ပထမ ကနေ တတိယ အထိ သုံးလုံးပြန်ထိုး ရတာပေါ့
          မအောင်မချင်း တဲ့ ဗျို ့

        • amatmin

          October 22, 2011 at 4:29 pm

          ကိုတော်ကာကြီးရော..အိမ်ရှင်မရှိတုန်းဧည့်ခံပေးတဲ့.ကိုနိုဇိုမီ.ရော.ကျေးဇူးပါဗျာ..
          သဘောတရားကိုု.အခုနားလည်သွားပြီမို့.့ကျွန်တော်ကိုမေးဖူးတဲ့အမကို
          နားလည်သွားအောင်ပြန်ရှင်းပြလိုက်ပါ့မယ်ဗျာ..

  • oakermg

    October 22, 2011 at 12:38 am

    ကျုပ်တို့တော့ မိခင်နဲ့ကလေးမှာ စီရင်လိုက်ပါတယ်
    အလှုငွေ နည်းနည်းတော့ထည့်ရသဗျာ..။ ဒါပေနဲ့ သဒ္ဒါကြေးပါ..၊
    မိသားစု လေးယောက် တစ်ပါတည်း ကာကွယ်လိုက်နိုင်ပါတယ်
    လေးယောက်ပေါင်းမှ ၃ ကြိမ်အတွက် ၁၅၀၀ဝ ကျပ် အလှုထည့်ခဲ့ပါတယ်၊

  • “ဘီလူးကြီး”ogre

    October 22, 2011 at 7:36 am

    ကျုပ်ကတော့ ဘာမှမစစ်ဘူးဖူး
    ကိုယ့်အကြောင်းကိုသိတယ်လေ
    ဆေးသွားစစ်ခါမှ မတော် ဘာညာ မတော်တာတွေပါ တွေ့နေမှ..ကြောက်ချာဂျီး
    ရင်ထိတ်လိုဗျ ဆေးစစ်ရမှာတော့ လန့်သားလေ..။။။ 🙂

  • သေချင်သေ သေရင်မြေကြီးပါကွယ်.
    မောင်တော်လကာရယ် မင်းတို့ရဲ့ တိုးတက်လွန်းတဲ့ခေတ်ကြီးမှာ
    ဘီပျောက်ရင် စီရောက် စီပျောက်ရင် ဒီရောက်မှာမို့
    တွံတေးသိန်းတန်သီချင်းဘဲဟစ်လိုက်မယ်
    သေချင်သေ သေရင်မြေကြီးပါကွယ်.
    သေချင်သေ သေရင်မြေကြီးပါကွယ်.
    သေချင်သေ သေရင်မြေကြီးပါကွယ်.
    သေချင်သေ သေရင်မြေကြီးပါကွယ်.

  • alinsett

    October 22, 2011 at 11:41 am

    ကောင်းပါတယ် ။ ပညာပေးလေး..ပေါ့ ။

    နောက်လည်း ရေးပါဦးနော်။

    အားပေးနေပါ့မယ် ။

  • နီလေး

    October 22, 2011 at 1:50 pm

    3rd dose ထိုးပြီး လို ့ဆေးအောင်ပြီ ဆိုလျှင်တော့ နောက် ၅ နှစ် နေမှ Booster Dose ကို ထိုးရမည် တဲ့ ။ အဲဒါက ဘယ်အချိန်စစ်ရမှာလဲ နီလေးလဲ 3rd doseထိုးထားတာ ၂နှစ်လောက်ရှိပြီ 3rd doseထိုးတုန်းကလဲ ဘာဆေးမှထပ်မစစ်ပေးဘူး ဘာမှလဲမမှာဘူးဆရာဝန်က အဲ3rd doseထိုးတုန်းကလဲကိုယ်ကမေးသေးတယ် ဆရာဘယ်အချိန်မှထပ်ထိုးရမှာလဲဆိုတော့ နောက်ငါးနှစ် အဲလိုပဲပြောတာ အောင်မအောင်လဲမသိ နောက်ငါးနှစ်မှထပ်ထိုးရမယ်လို့ ကိုယ်ကအဲလိုပဲသိထားတာ ခုကိုပေပြောမှ သွေးထပ်စစ်ရမယ်ဆိုတာသိတော့တယ် ဆရာဝန်တွေကလဲ ခြွေတာစရာရှားလို့ လေကိုမှခြွေတာရတယ်လို့

    • windtalker

      October 22, 2011 at 2:16 pm

      တတိယ ဆေး ထိုးပြီးတာ နဲ ့၄ လပြည့်ပြီ ဆိုရင်
      သွေးတစ်ခါ ပြန်စစ်ရပါတယ် တဲ့ ခင်ဗျာ ။
      တစ်ချို ့ကြတော့ လဲ တစ်နှစ်လောက်နေ မှ စစ်ကြပါသတဲ့ ။
      နီလေး အနေ နဲ ့ပြန်စစ်ကြည့်ဖို ့ စေတနာနဲ ့ ညွှန်းဆိုလိုက်ပါတယ် ခင်ဗျာ
      တစ်ကယ်လို ့မအောင်ဘူး ဆိုရင်လည်း
      တစ်ကနေ ပြန်စ ထိုးရတာပေါ့ ဗျာ
      အောင်ခဲ့မယ် ဆိုရင်တော့ နီလေးက ၂ နှစ်ရှိခဲ့ပြီဆိုတော့
      နောက်သုံးနှစ်နေမှ ဘူစတာ ကို ထိုးရုံပါပဲ ။
      အဲဒီ ဘူစတာ ထိုးပြီးရင်တော့ ၅ နှစ်တစ်ခါ ဘူစတာ တစ်ခါ ထပ်ထိုးခြင်းဖြင့်
      ဘီပိုး ရန်မှ လုံးဝ စိတ်အေးရပါပြီ ။

  • နီလေး

    October 22, 2011 at 3:49 pm

    စီနီယာရွာသားတွေကို အကူအညီတောင်းပါရစေနော် ပို့စ်တင်ထားတာ ၁နာရီကျော်နေပြီ ပို့စ်က ပင်မစာမျက်နှာမှာ တက်မလာဘူးဖြစ်နေတယ် ကိုယ်တင်တာများမှားနေလားမသိဘူး categories တွေ tagတွေရွေးပြီး publishနှိပ်ရင် ရပြီမဟုတ်လား သိသူများ ပြောပေးကြပါဦး ဒုက္ခရောက်နေလို့ပါ

    • MaMa

      October 22, 2011 at 8:24 pm

      ကွန်ကောင်းရဲ့လား ပြန်စစ်ကြည့်ပါဦး။ ကော်ပီ ပေစ့် များ ဖြစ်နေလား။ ပုံမှန်ဆိုရင်တော့ publishလုပ်ရင်တက်လာတာပဲ။ catgories နဲ့ tab ကိုလည်း ပြန်စစ်ကြည့်လိုက်ပါဦး။

  • ice

    October 22, 2011 at 8:09 pm

    အခု ရန်ကုန်မှာ အသည်းရောင်အသားဝါ (B) ပိုး ကာကွယ်ဆေးကို လွယ်လွယ်ကူကူ ထိုးလို ့ရနေပါပြီ။ရွှေတိဂုံ တောင်ဘက် မုဒ်ကနေ နဲနဲ ဆက်သွားရင် အောက်မြန်မာပြည် ဆေးဝါးသုသေတီမှာ ထိုးလို ့ရပါတယ်။မထိုးခင် ဘီ ပိုးကို အမြန်စစ်လို ့ရပါတယ် ကျပ် ၂၀၀ဝ ပါ။ စစ် လို ့ပိုး မရှိဘူးဆိုရင် တစ်ခါ ထဲထိုးလို ့ရပါတယ် ၅၀၀ဝ ကျပ်ပါ။တစ်လ တစ်ခါ ထိုးရတယ် ၃ ခါ ထိုးပြီ ၃ လနေရင်ဆေးအောင်မအောင် ပြန်စစ်ခိုင်းပါတယ်။အားလုံး လွယ်လွယ်ကူကူပါပဲ။မထိုးရသေးရင်အမြန်ထိုးပါလို ့အကြံ ပြု ချင်တယ်။

    • windtalker

      October 22, 2011 at 8:12 pm

      ရန်ကုန်မြို ့သူမြို ့ သားတွေ အတွက် စေတနာ နဲ ့လမ်းညွှန်ပေးသော
      ice အား အထူးကျေးဇူးတင်ရှိပါတယ်ကြောင်း
      ကွန်မင့် ရေးလိုက်ပါတယ်နော်

Leave a Reply