ထိုင်ဝမ် လို့လဲခေါ်သည့်တရုတ်သမ္မတနိုင်ငံ သည်ပြည်မကြီး ဖြစ်တဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့ဟာအချင်းချင်းမဟာရန်သူကြီးများဖြစ်ကြပါသည်၊စီးပွါးရေးကြောင့်လွန်ခဲ့ကောသုံးနှစ်လောက်ကစ၍မိတ်ဆွေများဖြစ်သွားပါပြီ။

ဒီနှစ်နိုင်ငံကိုတချိန်ကကျနော်တို့လွယ်လွယ်နဲ့ဘဲတရုတ်သမ္မတနိုင်ငံကို တရုတ်ဖြူ ဟုခေါ်၍၊ပြည်မကြီးတရုတ်ပြည်သူ့သမ္မတနိုင်ငံကိုတော့ တရုတ်နီ လို့ခေါ်ကြပါသည်။

ဗမာပြည်မှာ “ ပိပြား ” အစိုးရတက်လာတဲ့အခါ၊တံခါးဖွင့်စီးပွါးရေးလုပ်မည်ဆိုသည်ကိုကြား၍ ထိုင်ဝမ် စီးပွါးရေးအဖွဲ့သည်စိတ်အားထက်သန်စွာ၊ပျော်ရွင်စွာ၊မျှော်လင့်ချက်ကြီးစွာနဲ့ဗမာပြည်ကြီးကိုရောက်လာသည်၊ဗမာအစိုးရကို အော်တိုမက်တစ် စက်မှုများယူမလား စီမီအော်တိုဟာယူမလား၊ကူညီပေးမည်ဟုကမ်းလှမ်းခဲ့ဘူးသည်။အဲဒီတုံးကစီးပွါးရေးဝန်ကြီးက ဗိုလ်မှူးကြီးအေဘယ်လ်(ဂျူးအနွယ်ဝင်)၊ကျနော်ကောင်းကောင်းကြီးမှတ်မိတာကတော့ဆွေးနွေးပွဲအပြီးမှာ၊ ဗမာသတင်းထောက်တဦးက ထိုင်ဝမ် ကိုလ်စားလှယ်အဖွဲ့ခေါင်းဆောင်ကိုမေးတဲ့မေခွန်းတခုသည်

 “ နိုင်ငံတော်တော်များများက၊ခင်ဗျားတို့နိုင်ငံရဲ့အတုခိုးလေ့ရှိတာသိပ်မကျေနှပ်ကြဘူး၊အဲဒီကိစ္စကိုဘယ်လိုမြင်ပါသလဲ ? ” ဟုအင်မတန်မှယဉ်ကျေးတဲ့မေးခွန်းလေးကိုဗမာဆန်ဆန်မေးလိုက်သည်၊ငနဲ တရုတ်လည်းမခေဘူး၊ဖြေလိုက်တာကတော့

 “ လူဖြစ်စဉ်လာကတည်းက၊လူတွေအချင်းချင်းအတုခိုးမှုရှိ၍သာယနေ့ထိတိုးတက်လာနေကြသည်မဟုတ်ပါလား ? ဂျပန်နိုင်ငံလည်းနာမည်ကျော်အတုခိုးနိုင်ငံကနေစ၍တဖြေးဖြေးနဲ့ယခုလိုကမ္ဘာစီးပွါးရေးနိုင်ငံကြီးဖြစ်ခဲ့တာဘဲမဟုတ်ပါလား ? ” အဲဒီသတင်းထောက်လည်းတခါတည်းနှုတ်ပိတ်သွားသည်(အမှန်တော့အဲဒီခေတ်မှာဗမာတွေအတုခိုးတာလည်းလက်မရွံ့ပါ)။

အဲဒီအချိန်တုံးကအာရှမှာဂျပန်ပြီးရင် ထိုင်ဝမ် ရဲ့စီးပွါးရေးဟာအကောင်းဆုံးဘဲ၊တောင် ကိုးရီးယား၊ဟောင်ကောင်၊စင်ကာပူတွေထက်သာသည်၊ကြည့်ရတာထိုင်ဝမ်းကတကယ်စေတနာနဲ့ကူညီဖို့လာခဲ့ခြင်းဖြစ်သည်၊ဗမာတွေကဘာကြောင့်လက်မခံတာကိုစဉ်းစားရခက်တယ်၊အဲလေ ဘထွေးတရုတ်ကြီးတွေကိုကြောက်နေတာလည်းဖြစ်နိုင်တယ်၊တချို့ chance တွေဆိုရင်လွတ်သွားရင်တသက်လုံးယူကျုံးမရဖြစ်တတ်သည်။

ထိုင်ဝမ်း မှာဗမာရပ်ကွက်တခုရှိတယ်၊သင်္ကြန်ကြရင်ပျော်ပွဲရွှင်ပွဲတွေလုပ်လေ့ရှိသည်၊ဗမာပြည်ကနေနာမည်ကြီးအဆိုတော်တွေဖိတ်ခေါ်ပြီးဖျော်ဖြေကြသည်(ရန်အောင်တို့၊ချောစုခင်တို့
ပေါ့)၊ ဒေသခံ မြို့တော်ဝန် တို့ ပြည်သူ့လွတ်တော်ကိုလ်စားလှယ်များ တို့လည်းအတူတူလာရောက်ပြီးဗမာပြန်တွေများနှင့်ရေပက်ကစားကြသည်၊အထူးသဖြင့် ရွေးကောက်ပွဲရှိတဲ့နှစ်ဆိုရင်ပိုအရေးကြီးသည်၊ဗမာပြန်တွေရဲ့မဲဟာသုံးလေးသောင်းလောက်ရှိတယ်၊ဒီမဲအရေအတွက်ဖြင့်ဒီလူကြီးများရဲ့အနိုင်အရှုံးကိုတခါတလေဆုံးဖြတ်လို့ရနိုင်ပါသည်၊ဒါကြောင့်လာမဖား၍မဖြစ်ပါ။

ဗမာပြည်ကြီးကအာရှမှာအချမ်းသာဆုံးနိုင်ငံဖြစ်နေသည့်အချိန် ထိုင်ဝမ်း သည်အလွန်ဆင်းရဲနေသေးသည်။

ကျနော်တို့ငယ်ငယ်တုံးကပေါ့(၁၉၆၀ပါတ်ဝန်းကျင်)မုန့်ပျားသလက်တခုဆိုငါးပြား၊ပဲပေါင်းလေးနဲ့နံနံမိတ်နဲ့ဆိုဆယ်ပြား၊အဲ ကြက်ဥလေးတလုံးထည့်လိုက်ရင်တမတ်(၂၅ပြား)(ယုံရင်ယုံ၊မယုံရင်ပုံပြင်မှတ်)အဲဒီတုံးကလူကြီးတွေပြောဘူးတဲ့စကားတခွန်းကောင်းကောင်းမှတ်မိတယ် “ ထိုင်ဝမ်း မှာကြက်ဥတလုံးကိုတကျပ်တောင်ပေးရတယ်၊ငါတို့ကမုန့်ပျားသလက်နဲ့တောင်မှတမတ်ဘဲပေးရတာ ”။သွေးလိုက်ရင်အရမ်းဝမ်းနည်းစရာကောင်းပါ၏။

ယခုအချိန်မှာဒီမှာဆိုရင်

တပြည်လုံးလင်းနေပြီး၊ ၃၆၆ရက်၂၄နာရီစလုံးလျှပ်စစ်မီးလာလေ့ရှိပါသည်။အဆင့်မြင်စက်မှုဇုံနယ်မှာလျှပ်စစ်တစ်စက္ကန့်ပျက်ရင်၊ငွေသန်းပေါင်းများစွာဆုံးရှုံးသွားနိုင်ပြီး၊အာမခံကုမ္ပဏီတွေကလျှော်ရ၏။

လွန်ခဲ့သောနှစ်ပေါင်း၂၀ကျော်ကတည်းကလမ်းဘေး phone များဖြင့်ကမ္ဘာအနှံ့သို့စကားပြောနိုင်သည်၊ဆဲလ်ဖုန်းများလည်းဆက်သွယ်နိုင်သည့်ဧရိယာအတွင်းအမြဲရှိတတ်ပါသည်။

 လေယဉ်လက်မှတ်၊ရထားလက်မှတ်များကိုမှောင်ခိုပေးမဝယ်ဖို့မလို၊ဖုန်းဖြင့်သော်၎င်း၊အင်တာနက်ဖြင့်သော်၎င်းမှာဝယ်၍ရသည်၊

နက်ပေါ်မှာဘဲငွေချေချင်ရင်၊ဘဏ်က pass word တခုကိုလ့်ဆဲလ်ဖုန်းဆီပို့ပေးမည်၊အဲဒီ pass word နှင့်နက်ပေါ်မှာငွေချေလိုက်၊ hacker လည်းကြောက်ဖို့မလိုဘူး။

အစိုးရရုံးဌာနကိုအလုပ်ကိစ္စနဲ့သွားရင်ဘယ်ကောင်မှကြောက်ဖို့မလိုပါ၊ရုံးတိုင်းက hall ကြီးလိုဘဲ၊ဘယ်အရာရှိမှအခန်းသတ်သတ်မနေရဘူး၊ဘယ်သူဘာလုပ်နေတာအကုန်တွေ့မြင်ရတယ်၊အားလုံးဖော်ရွေပြီး၊မဟုတ်တာဘယ်ဝန်ထမ်းမှမလုပ်ရဲဘူး၊ဒီကောင်တွေရဲ့လစာကငါတို့ဆောင်တဲ့အခွန်ငွေနဲ့ပေးတာ၊

ငါတို့ကသခင်သူတို့ကကျွန်၊ကျွန်လို့ခေါ်ရင်နဲနဲရိုင်းသွားပြီ Government servant ပေါ့ဗျာ၊ဘယ်စစ်သား၊ဘယ်ရဲ၊ဘယ်လဝကကိုမှအရေးစိုက်ဖို့မလို။

လာဘ်စားမှုမရှိဘူလားလို့မေးချင်ရင်၊ဒီကမ္ဘာပေါ်မှာဘယ်သူပိုက်ဆံမကြိုက်ဘူးလဲ ? ဒီမှာသန်းဂဏန်းမှစားတာ၊ပင်စင်ကသန်းနဲ့ချီရတော့၊လာဘ်စားရင်ပင်စင်ထက်အဆပေါင်းများစွာရမှစားမှာပေါ့၊အသေးအဖွဲဆိုဘယ်ယူမှာလည်း။

ကျနော်တို့ထိုင်ဝမ်းနိုင်ငံရဲ့ previous သမတဟာ၊အာဏာရှိစဉ်အချိန်က၊အဂတိလိုက်စား၍ ဆွစ်ဇာလန်ပြည်မှာငွေမြောက်များစွာဝှက်ထားပြီး၊ကမ္ဘာ့ငွေမဲစစ်ဆေးရေးအဖွဲ့ကတွေ့ရှိကာ ထိုင်ဝမ် နိုင်ငံ၏အထူးစုံစမ်းစစ်ဆေးရေးမှူးချုပ်ထံတိုင်ကြားခဲ့သော်လည်း၊၎င်းသည်သမတကိုဖားတဲ့အနေနဲ့အမှုကိုဝိုင်းဝန်း၍ဖုံးကွယ်ပေးထားသည့်အတွက်၊ယခုသမတဟောင်းရော၊စသုံးလုံးချုပ်ဟောင်းရော၊နှစ်ဦးစလုံး jail ဆိုသည့်ထောင်ထဲ၌စံမြန်းနေတော်မူပါသည်၊နဲနဲကြာကြာတော့နေရဦးမည်။

ဘထွေး တရုတ်လိုလာဘ်စားတာသေဒါဏ်ပေးရင်၊ဗမာပြည်မှာလူဦးရေတဝက်လျှော့သွားနိုင်သည်။

ထိုင်ဝမ်း တရုတ်လိုထောင်ဒါဏ်ပေးရင်၊ဗမာပြည်မှာအကျဉ်းထောင်တွေစာသင်ကျောင်းထက်များလာမည်။

အကျင့်ဆိုးတွေအားလုံးဝိုင်းဝန်းပြီးမှပြင်ဆင်ကြပါ၊အကျင့်ပျက်နေရင်၊ဘယ်အစိုးရတက်တက်၊ဘာအလုပ်ဘဲလုပ်လုပ်မအောင်မြင်နိုင်ပါ၊သေခြာသည်။

စေတနာများစွာဖြင့်။

အားလုံးကျန်းမာရွှင်လန်းကြပါစေ။

About Don Juan Ronald

has written 23 post in this Website..

တတိယလူတန်းစား ( နိုင်ငံခြားသား )အဖြစ်ဖြင့်၊ ချမ်းသာကြွယ်ဝသော democratic ဗမာပြည် ကြီးမှာ၁၃နှစ်နှင့် မှောင်မှိုက်ညစ်ပတ်သောတပါတီအာဏာရှင်ဗမာပြည်ကြီးတွင်၂၉နှစ်၊နေထိုင်ခဲ့ဘူးသည် ။ ဗမာစာကိုခုနှစ်တန်းမှစတင်၍သင်ကြားခဲ့ပြီးသိပံ္ပဖြင့်အောင်ထားသည့်အတွက် ၊ ဗမာစာအရေးအသားမကောင်းပါ ၊ ပျော်ပျော်နေတတ်၍ “ Chinese ပေါ်ဦး ” ဟုဆရာမကတွင်စေခဲ့ဘူးသည် ၊ Date လွန်ဘိုးတော်တယေါက်ဖြစ်နေ၍ ၊၂၀ရာစုနှစ်အကြောင်းရေးလေ့ရှိပါသည်။