ပိတောက်=အချစ် ဖြစ်ခဲ့သော်…

lu ta loneMay 19, 20101min780

http://www.mysuboo.com/content/photo/original/2010/01/26/view_50f6e5d881ffe509e16ceec72e0a74bf.jpg

တယောက်ဆို တယောက်၊ ပိတောက်ဆို ပိတောက်ဆိုပြီး အချစ်နဲ့ ပိတောက်ကို ခိုင်းနှိုင်းကြရာဝယ်…

မနေ့က မိုးသည်းကြီး မည်းကြီး ရွာချလိုက်တော့ တချိန်လုံး မြုံနေတဲ့ အချစ်တွေကို အခါအခွင့်ကြုံတာနဲ့ တခါတည်းပြုံပြီး ချစ်လိုက်သလို ပိတောက်တွေလည်း အုံထအောင် ပွင့်ကြပါတယ်ဗျာ…

မိုးရွာလို့ ပျော်တပြုံး ဖြစ်နေတဲ့အချိန်မှာ ပိတောက်တွေ လှိုင်လှိုင်ပွင့်လို့ မြန်မာပြည်ကလူတွေ အရွယ်သုံးပါးစလုံးမှာ တော်တော်များများ ပိတောက်ပန်းတွေ ပန်ဆင်ပြီး မော်မဆုံး ဖြစ်နေပါကြောင်း… သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျား…

မှတ်ချက်။      ။ တသက်လုံး မြုံနေသော  အပျိုကြီးများလည်း အကြင်နာ အချစ်မိုးရွာသွန်းဖြိုးချခံရသော် ပိတောက်လိုပဲ ပြုံပြီး ချစ်နိုင်ကြပါစေ…   😛