“ကိုပေါက်လမ်းသလားနေသည် အပိုင်း(17)” (အင်းလေးရေကပြင်ကျယ် လှေကငယ်ငယ် )

“ကိုပေါက်လမ်းသလားနေသည် အပိုင်း(17)”
(အင်းလေးရေကပြင်ကျယ် လှေကငယ်ငယ် )

အင်းလေးရေပြင်ကျယ်ကျယ် ပြာလဲ့လဲ့ ပင်လယ်လိုပါဘဲ

အရှေ့ဖက်အရပ်လှေရဲ့ ဘယ်ဘယ်ခြမ်းကိုကြည့်လိုက်ရင် အဝေးမှာ တိမ်နှင်းထု သူ့အောက်မှာတော့ မူံပြပြ ဝိုးတဝါးတောင်တန်းနဲ့ မသဲမကွဲအိမ်ကလေးတွေ အဆုံးမရှိတဲ့ နေရာထဲရောက်နေသလို။
ငွေတိမ်တောင်ထု နှင်းဥတွေစုနေသလို မူံရီရီမြင်ကွင်း

အနောက်ဘက်အရပ် လှေရဲ့ ညာဘက်ခြမ်းကြည့်လိုက်မှ ပြာလွင်စိမ်းမြနေတဲ့ ကောင်ကင်နဲ့မြေပြင်ကိုမြင်ရပါတယ်။
ရေပြင်ထဲမှာတော့ လှေကလေးတစ်စင်း။
လှေဦးမှာ ဆောင့်ကြောင့်ထိုင်ရင်းလှော်ခတ်နေတာကတော့ ရေမကူးတတ်တဲ့ကျနော်အဖို့တော့ ပြုတ်များကြလိုက်ရင်ဆိုတဲ့အတွေးနဲ့ရင်ဖိုစရာ။
လှေတစင်း နဲ့ခရီးသည် အပြောကျယ်တဲ့ ဒီရေပြင်ထဲ

ပြာလွင်ရေပြင်ရဲ့အနားသတ်မှာတော့ အိမ်ကလေးတွေနဲ့ထုံးဖွေးဖွေးစေတီ။
အစိမ်းရောင်အပင်အုပ်စုလေးတွေရဲ့အဆုံးမှာ တောင်တန်းစိမ်းမှောင်မှောင် သူ့ရဲ့အဆုံးမှာတော့အဖြူရောင်တိမ်တို်က်နဲ့
ပြာလွင်လွင်ကောင်းကင် မြင်ရတာရင်အေးစရာ။
ရေထဲမှာတော့ ကျနော်တို့လိုဘဲ လွင့်လာတဲ့ ဗေဒါတစ်အုပ် သူ့မှာလဲ ဦးတည်ရာပန်းတိုင်ရှိမယ်ထင်ပါရဲ့။

ရေလယ်က ဗေဒါ သူလဲကိုယ့်လို ခရီးသွားဧည့်သည်ထင်ရဲ့

အရှေ့ဘက်ကိုကြည့်မိပြန်တော့ မူံမိူင်းနေတဲ့အင်းရေပြင် ။
သူ့အဆုံးမှာတော့ နှင်းထုတွေအလိပ်လိပ်တက်နေသလိုမြင်ရတဲ့ ရီဝေတဲ့တိမ်ဆိုင်အုပ်။
နှင်းထုထဲရောက်နေသလိုခံစားရတဲ့ မြင်ကွင်းပါ

အရှေ့ဘက်နဲ့အနောက်ဘက် မူံမိူင်းနဲ့ ကြည်လင် မြင်ကွင်းခြင်းကွာတော့ နှစ်ဖက်လှပန်းချီကားအတိုင်းပါဘဲ။
အနောက်ဘက်ခြမ်းက ကြည်လင်နေတဲ့ မြင်ကွင်း

အဆုံးမဲ့နေသလိုထင်ရတဲ့အင်းအရှေ့ဘက်မြင်ကွင်းမှာတော့ မပီမသဝိုးတဝါးနဲ့ရှိနေတဲ့ ဘုရားဖြူဖြူ။
အရှေ့ဘက်ခြမ်းမှာ လှုပ်လှုပ်ရွရွရှိနေတဲ့အမဲစက်ကလေးတွေက နီးလာလေလေ ထင်ရှားလေလေပါဘဲ။
အမဲစက်လေးတွေက လှုပ်ယှားနေတာကိုတွေ့ရပါတယ်။
အဝေးကအနက်စက်ကလေးတွေက တော့ လှေကလေးတွေပေါ့

အမဲစက်လေးရဲ့နောက်ဖက်ကတော့ ဖြူဖွေးနေတဲ့ ရေမွှားရေမူန်လေးတွေ။
တဖြည်းဖြည်းနီးလာတော့မှာ စက်တပ်လှေကလေးတွေဖြစ်နေတာကိုတွေ့ရပါတယ်။
လှေကလေးတွေရဲ့နောက်ကတော့ ရေပန်းဖွားတွေထနေတာ ချစ်စရာကောင်းလှပါတယ်။
အားနဲ့မာန်နဲ့ လှေလှော်နေသူရဲ့ အစွမ်း

အစကတော့ အင်းလေးရေပြင်ကျယ်ထဲမှာလှေသမားရယ်ကျနော်တို့ှနှစ်ယောက်ထဲရယ်ဆိုတော့ နည်းနည်းတော့
ကြောက်စိတ်ဝင်မိသလိုပါဘဲ။
ရေပြင်ကျယ်မှာမကြောက်မရွှံ့ ငါးရှာထွက်သူ

ဒါပေမယ့်လဲ အင်းထဲရောက်လာချိန်မှာတော့ လှေကလေးတွေနဲ့ငါးရှာထွက်သူ၊
လှေဦးမှာ ဆောင့်ကြောင့်ထိုင် ငါးကို ပိုင်အောင်ဖမ်းမလို့ တဲ့ဗျာ

လှေတစ်စင်းလူအပြည့်နဲ့ဘုရားဖူးထွက်လာတဲ့ သူ၊
ဘုရားဖူးသွားတဲ့လူတွေ

ကုန်ပစ္စည်းတွေသယ်လာတဲ့သူ၊တစ်နေရာကနေ တစ်နေရာသွားနေတဲ့သူတွေ၊တွေ့ရတော့ မှ
ကိုယ်တစ်ယောက်ထဲမဟုတ်ဘူးဆိုတဲ့အတွေးနဲ့နေသာထိုင်သာရှိလာသလိုပေမယ့် ရေမကူးတတ်တာကိုတွေးမိတော့
လည်းကြောက်မိပြန်ရော။
ကုန်စည်စလှယ် တင်ပါလို့ ဈေးရောင်း

လှပတဲ့မြင်ကွင်းတွေကိုမြင်ရပြန်တော့လဲ ဓါတ်ပုံခလုပ်နှိပ်လို့ လက်ဆော့ပြန်တော့ ကြောက်စိတ်တွေလဲဘယ်ရောက်သွားမှန်းမသိတော့ပါဘူး။
ရေပြင်ကျယ်ထဲ့ကလှေငယ်ရှင်

စက်တပ်လှေကလေးက တရိပ်ရိပ်ပြေးရင်း ကမ်းစပ်ဘေးက ဆိုင်းဘုတ်ကလေးကို ဖတ်ကြည့်တော့ အင်းဦးရွာ။

ပုံစံတူဆောက်လို့ထားတဲ့အိမ်ကလေးတွေနောက်မှာ နှစ်ထပ်အမြင့်စင်ကြီးတစ်ခု။
အင်ေးလးခေါင်တိုင်ဧည့်ရိပ်သာ

ခေါင်တိုင် ဧည့်ရိပ်သာလို့ပြောပါတယ်။
ဆင်းတုတော်မြုတ်တဲ့နေရာလေးရဲ့ အထိန်းအမှတ်ကျောက်တိုင်

သူ့ကိုလွန်သွားတော့ ကမ်းစပ်နံဘေးမှာ ရွှေရောင်ဝင်းနေတဲ့ကျောက်တို်င် သူ့အပေါ်မှာတော့ ဟင်္သာရုပ်တစ်ရုပ်။
အဲတော့မှာ လမ်းမှာကားဆရာကြီးပြောလို်က်တာကို ပြန်သတိရမိပါတယ်။
“ဖောင်တော်ဦးငါးဆူ အလယ် တစ်ဆူကပင့်လို့မရဘူးရယ်။
တစ်ခါသား အားလုံးပင့်သွားတာလေကြီးမိုးကြီးကျပြီးလှေမြုတ်သွားတဲ့နေရာမှာ ဟင်္သာရုပ်နဲ့ကျောက်တိုင်လေးရှိတယ်၊
သေချာကြည့်ခဲ့နော”။
လှေကလေးကို ကိုယ်တိုင်လှော်လို့ ခရီးထွက်သူ

အင်းဦးရွာနားမှာတွေ့တဲ့လှေငယ်

ှုဦးမော့မော့ ခရီးသော့သော့

ကြောက်မယ့်သာရှာကြံကြောက်မိတာပါ အင်းရေပြင်ကျယ်မှာလှေငယ်ငယ်နဲ့ခရီးသွားသူတွေတစ်ပုံတစ်ပင်
လူအများခရီးသွားမယ် လှေတစ်စင်းနဲ့ပေါ့

။ကမ်းနဲ့နီးလာလို့လားတော့မသိဘူး လှေကလေးတွေက ဟိုမှာဒီမှာသွားလာမပျက်ပါဘဲ။

လှေငယ်ရှင်က ငါးရှာ ရေပြင်က ပြာပြာ

တောင်တန်းရှေ့ကရေပြင်ကျယ် လှေငယ်ငယ် တှုစုံစီးပါလို့ ကူးမယ်ကွဲ့ပြင်

လှေကလေးက ရေပြင်ကျယ်ထဲမှာသွားနေရင်းကနေ ကျဉ်းမြောင်းတဲ့လမ်းကလေးတစ်ခုထဲကိုချိုးဝင်လိုက်ပါတယ်။
ရေပြင်ကျယ်ကနေလမ်းသွယ်ထဲအဝင်

အင်းလေးလက်ဖြစ် အမှတ်တရ အဝတ်အထည်လေးတွေရောင်းတဲ့အိမ်လေးပါ။
အင်းလေးလက်ဖြစ်အထည်ဆိုင်

အိမ်ကလေးထဲဝင်လိုက်တဲ့အခါမှတော့ ဝယ်ချင်စဖွယ်အထည်တွေက အစုံစုံ။

အိတ်ကလေးတွေချိတ်ထားတာ အစီအရီ
မဒမ်ပေါက်ကတော့
အထည်တွေငေးမောကြည့်နေတုံး ကျနော်က တော့ အိ်မ်အပြင်ထွက်လို့ ရေပြင်ကျယ်ထက်ကမြင်ကွင်းတွေငေးမောလို့မဆုံး၊
လက်ဆော့လို့ မဆုံးနို်င်အောင်ပါဘဲ။
ကျနော်တို့စီးခဲ့တဲ့စက်လှေလေးပါ

ဟိုဘက်က စားသောက်ဆိုင်အိမ်ကို ကူးတဲ့ တံတားလေး

ခဏနေတော့ မဒမ်ပေါက်ကလှမ်းခေါ်မှာ အထည်ဆိုင်ထဲကိုဝင်ကြည့်မိတဲ့အခါမှတော့ ရှေးရိုးရာမပျက်ချည်ထည်တွေတင်မက
ခေတ်မှီဆန်းသစ်တဲ့လက်ရာနဲ့ချုပ်ထားတဲ့ အဝတ်အထည်တွေ အိ်ပ်တွေကို မြင်ရပါတယ်။
ှုှုှုဦးထုပ်နဲ့အိတ်လေးတွေ

ခေတ်မှီတဲ့ ဒီဇိုင်းတွေနဲ့ချည်ထည်စစ်စစ်

ဒီနေရာကတော့ ယောက်ျားဝတ်တွေရှိတယ်

မြင်တာနဲ့ဝယ်ချင်စရာ ပုံစံလေးတွေ

ပစ္စည်းတွေဝယ်ပြီးလို့ပြန်အထွက် အိမ်အဝင်မှာရှိတဲ့သစ်ခွပန်းပွင့်လေးမြင်ပြန်တော့ မနေနို်င်မထို်င်နိုင်လက်ဆော့မိပါသေးတယ်။
အိမ်ထဲ့က သစ်ခွပန်းဝါဝါ

အိမ်အပြင်ထွက်လှေပေါ်တက်ခါနီးလေးမှာတော့ ကလေးတစ်ယောက်က ခြေထောက်နဲ့လှေလှော်လာတာကိုမြင်ရပါတယ်။
အင်းလေးက ခြေနဲ့လှေလှော်နေတဲ့ကလေးလေး

လှေကလေးကို လှော်မည်ဒါပေမယ့် ခြေထောက်နဲ့

အင်မထုဘူးကွဲ့ တကယ့်အစစ်

လှေကလေးက စက်နှိုးပြီး ရေပြင်ကျယ်ထဲ ပြန်ဝင်လို့လာပါတယ်။
ရေပြင်ကျယ်ထဲကို ပြန်အဝင်

သိပ်မကြာခင်လေးမှာ ကျောင်းအိုအိုတွေနဲ့ ဘုရားကိုမြင်တော့ လှေသမားကို မေးကြည့်တဲ့အခါ
“အခုအဲဒီကိုသွားနေတာ အလိုတော်ပေါက်ဘုရားပါ”
အလိုတော်ပေါက်ဘုရား အဝေးမြင်ကွင်း

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(21-10-2010)

ဆက်လက်ဖော်ပြပါမည်။

19 comments

  • thit min

    October 22, 2011 at 12:37 pm

    အင်းလေးမှာ ရေမရှိတော့ဘူးလို့ ပြောနေကြလို့ စိတ်ပူနေတာနဲနဲစိတ်အေးသွားပြီ။ဆက်တော့ထိန်းရမယ်ပေါ့နော်။
    ဓာတ်ပုံတွေမြင်ရလို့ရင်အေးသွားတာဘဲ။ဆက်တော့ရိုက်ပါအုန်းနော့။
    တယောက်ထဲမဟုတ်ဘဲခုလောက် အကြာကြီးတူတူခရီးထွက်နေတာတွေ့တော့ အားကျသွားရပြီ။ဆက်ပြီး သီးခံအုန်းပေါ့နော့။
    နော့နော့နော့
    (^^)(^^)

  • တူတောင်မောင်ကြောင်ကြီး
    ဦးလေးကိုတောင် အင်တယ်ထင်။
    မင်းမြင်ချင်ပါတယ်တယ်ဆိုတဲ့
    လှေကို ခြေနဲ့လှော်တဲ့ ပုံ မြင်အောင်တင်ပေးလို်က်ပါပြီ။.

  • Moe Z

    October 22, 2011 at 12:45 pm

    ကိုပေါက်ကိုတကယ်အားကျတယ်ဗျို့ 🙂
    မြန်မာပြည်အနှံ့က ရှုခင်းလှလှလေးတွေကို အများကြီးတင်နိုင်ပါစေ
    ပြည်ပရောက်ရွှေမြန်မာတွေလည်း အလွမ်းပြေပေါ့

  • blackchaw

    October 22, 2011 at 12:46 pm

    မိုး က အခုမှ ကုန်မှာလေ ကိုသစ်မင်းရေ။
    နွေမှာ ရေမကုန်သွားမှ စိတ်အေးပါဗျာ။
    ကိုပေါက် စက်လှေခ ဘယ်လောက်ပေးရလဲဗျ။
    အဲဒါလေး သိချင်လို့ပါ။
    ရှုခင်းပုံလေးတွေက စိတ်ကိုလန်းဆန်းစေပါတယ်ဗျာ။
    တကူးတက ရိုက်တင်ပေးတာကျေးဇူးပါ။

  • Diamond Key

    October 22, 2011 at 1:12 pm

    ကိုပေါက် ခေါ်ရာနောက် အလိုတော်ပေါက် ဘုရားတွေ့နေတဲ့ အထိတော့ ရောက်ခဲ့ပါပြီဗျာ။

  • Tiger mg

    October 22, 2011 at 1:24 pm

    လေးပေါက်ရေ ပုံအားလုံးကောင်းတယ်ဗျာ့။ ကက္ကူဘက်ရောက်ရင်လဲ တင်ပေးအုံးနော်။ အဲမှာလဲရှု့ခင်းလေး
    တွေကောင်းတယ်။ တစ်ခေါက်ပဲရောက်ဖူတယ်။ တော်တော်လေးသာယာတယ်ဗျ…..

  • windtalker

    October 22, 2011 at 1:27 pm

    အင်းလေး ကို မင်းပြေးသွားတော့
    ပေါက်ဆရာတစ်ယောက်
    အပြေးလိုက်ရရှာပေါ့….
    ( ကိုပေါက် ၏ အင်းလေး ခံစားချက်များမှ တစ်စ ကို ဆွဲထုတ်သည် )

  • kocho

    October 22, 2011 at 1:50 pm

    ပုံတွေကပီပြင်တယ်ဗျိုး ကျေးဇူးပါဆရာပေါက်ရေ

  • sukoko

    October 22, 2011 at 3:05 pm

    ရိုက်ချက်တွေကကောင်တယ်နော်
    တင်ပေးတာကျေးဇူးပါ

  • weiwei

    October 22, 2011 at 4:15 pm

    မိုးရာသီမှာ ပိုလှတယ် …
    နွေကျရင် အဲဒီလောက် ရေမများတော့ဘူး …

  • မဝေရေ မိုးရာသီမှာရေတော့များတယ်။
    ညနေစောင်းတာနဲ့ အင်းလေးက မိုးရွာတော့တာပါဘဲ။
    နေ့လည်ခင်းဆိုင်ရင်ကို မိုးသက်လေကြောင့်လှိုင်းထန်တတ်ပါသတဲ့။
    ကံကောင်းလို့ အဲဒီနေ့က ချောချောမောမောပါဘဲ။

  • MaMa

    October 22, 2011 at 6:18 pm

    ဒီပိုစ့်ကို ကြည့်ပြီး မေဆွိရဲ့ အင်းလေးမှာ ရွာတဲ့မိုး ဆိုတဲ့ သီချင်းလေးကို ကြားယောင်နေမိသလိုပဲ။

  • inz@ghi

    October 22, 2011 at 8:00 pm

    အားပေးနေတယ်နော် ဆြာပေါက် …..
    အင်းလေး ကို တကယ်သွားချင်လာပီဗျာ…
    အဲ့မှာ အခကြေးငွေယူပြီး ရှမ်းဝတ်စုံပြည့်နဲ့ ခြေထောက်နဲ့ လှေလှော်ဟန် ပိုစ့် လုပ်ပေးတဲ့သူတွေရှိတယ် လို့
    သိထားတယ်ဗျ… သွားရိုက်ကြည့်ချင်တယ် …..

  • padonmar

    October 22, 2011 at 9:07 pm

    အရုပ်မမှာဝတ်ပေးထားတဲ့ ဝတ်စုံလေးအကြိုက်ဆုံး၊

    • windtalker

      October 22, 2011 at 9:42 pm

      အခုမှ သတိရတယ်
      လက်ဆောင် လက်ဆောင်
      where is လက်ဆောင် for me ????

  • မောင်ပေအတွက်လက်ဆောင်
    ယူဆောင်လာ။
    ဒေသမုန့်တွေပါ။
    မနက်သုံးနာရီ လမ်းကားပျက်
    ကိုပေါက်တို့မှာခက်။
    မနက်စောစောဗိုက်ကဆာ
    စားစရာမရှိပါ။
    မောင်ပေ့လက်ဆောင်
    အထုပ်ကလေး
    ဖွင့်ကာ ဝါးတီးလွေး။
    ခွင့်လွှတ်လိုက်ပါ
    မောင်ပေရာ
    နောက်တစ်ခါသွားအုံးမှာ
    အဲဒီအခါမှာလက်ဆောင်ပေး
    စောင့်ပါအုံးကွဲ့လေး………………..

Leave a Reply