မြန်မာကတိတည်ဖို့ တရုတ်ကြီးတို့ကတိုက်တွန်းဆိုပါလား

koyinmaungOctober 22, 20111min7812

ရွာသားတို့ရေ တရုတ်ကြီး( ဝမ်ပေါင်ကြား)ကတော့မြန်မာနိုင်ငံကလူတွေကိုသောက်ချဉ်မှတ်နေလေရဲ့
VOA သတင်းမှာပါလာပါတယ်ရွာသားဖတ်ရှုဝေဖန်နိုင်ရန်ကူးတင်ပေးလိုက်ပါတယ်
.မြန်မာနဲ့တရုတ် နှစ်နိုင်ငံကြား ပူးတွဲ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေကို ပေးထားတဲ့ကတိအတိုင်း ဆောင်ရွက်ဖို့ တရုတ်ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ တည်ဆောက်မယ့် ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းကို မြန်မာနိုင်ငံဘက်က ဆိုင်းငံ့ထားဖို့ ကြေညာခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာ ဒုသမ္မတ ဦးတင်အောင်မြင့်ဦး နဲ့တွေ့ဆုံရာမှာ တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် (Wen Jiabao) က ပြောလိုက်တာပါ။

စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေ အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ ဖြစ်စေဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူထားတဲ့ ကိစ္စတွေကို ဆက်လက် အကောင်အထည်ဖော်ဖို့နဲ့ ပေးထားတဲ့ ကတိတွေကိုလည်း ထိန်းသိမ်းသွားဖို့ တရုတ်နိုင်ငံ နန်နင်းမြို့က တရုတ်နဲ့အာဆီယံ ပူးတွဲ ကုန်စည်ပြပွဲအတွင်း မြန်မာဒုသမ္မတကို ပြောခဲ့တဲ့အကြောင်း အစိုးရပိုင် တရုတ်ပြည်သူ့နေ့စဉ် သတင်းက ဖော်ပြပါတယ် အတူပူးတွဲ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေဟာ နှစ်နိုင်ငံစလုံးရဲ့ အကျိုးစီးပွားအတွက် ဖြစ်တဲ့အကြောင်းလည်း တရုတ် ဝန်ကြီးချုပ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

မြစ်ဆုံရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းကိုတော့ ဒေါ်လာသန်း ၃,၆၀ဝ အကုန်အကျခံပြီး တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ကချင်ပြည်နယ်မှာ တည်ဆောက်သွားမှာ ဖြစ်ပေမဲ့လည်း ပတ်ဝန်းကျင်နဲ့ ဒေသခံတွေ ထိခိုက်မှာကို စိုးရိမ်မှုတွေ အကြီးအကျယ် ထွက်ပေါ်ခဲ့တဲ့နောက် ပြီးခဲ့တဲ့လထဲမှာပဲ သမ္မတဦးသိန်းစိန်က သူ့အစိုးရလက်ထက်မှာ ဆိုင်းငံ့ထားဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။

ဒီအတွက် စီမံကိန်း တည်ဆောက်မယ့် တရုတ်စွမ်းအင် ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း (CPI) သာမက အစိုးရအာဏာပိုင်တွေဆီကပါ ကန့်ကွက်သံတွေ ထွက်ပေါ်ခဲ့တာပါ။ မြန်မာဒုသမ္မတ ဦးတင်အောင်မြင့်ဦး ကတော့ ရေကာတာ စီမံကိန်းမှာ အချေအတင်ဖြစ်စရာ ကိစ္စတွေကြောင့် နှစ်နိုင်ငံကြား တည်ဆောက်ထားတဲ့ ဆက်ဆံရေးတွေကို မထိခိုက်စေဖို့ ကြိုးပမ်းသွားမယ်လို့ တရုတ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံရာမှာ ကတိပေးသွားပါတယ်။

12 comments

  • avatar

    October 22, 2011 at 9:59 am

    လာပြန်ပြီ ကိုရွှေတီလုတ်.
    ဒီမြစ်ဆုံ ကိစ္စ မပြီးပြတ် နိုင်သေးဘူးလား .
    အပျက်ပျက်နဲ့ နှခေါင်းသွေးထွက်မှာစိုးရသဗျာ..

  • oakermg

    October 22, 2011 at 12:25 pm

    ဒီသဟာဖြင့် မလွယ်သေးဘူးနဲ့ တူတယ်
    ဘာတွေ ဆက်ဖြစ် ဦးမလဲ
    ဪ စီလုတ်..စီလုတ်.. စီလုတ်ကြောင့်…
    ဒီ..လုပ်ဆိုရင် ခက်တော့မှာ…။

  • Ko Ko Aung

    October 22, 2011 at 2:12 pm

    မြစ်ဆုံကိစ္စ ပြီးသွားပြီလို့ ဘယ်လိုမှ မပြောနိုင်ပါဘူး
    ဦးသိန်းစိန်ပြောတာက အခုအစိုးရလက်ထက်မှာ ဆိုင်းငံ့ထားမယ်လို့ပြောတာပါ
    အဓိပ္ပါယ်က နောက်လေးနှစ်အကြာ နောက်အစိုးရလက်ထက်မှာဖြစ်ဖြစ်
    တကယ်လို့အဲဒီအထိမစောင့်နိုင်ရင-်
    ဦးသိန်းစိန်ကိုဆင်းခိုင်းပြီး ကြားဖြတ်အစိုးရတခု လက်ထက်မှာဖြစ်ဖြစ် ဆက်လုပ်မှာပါ။
    ဘာကိုစားဘိ်ု့ ဘာကိုထိုးကျွေးထားမှန်း သိသာပါတယ်။

  • GreeNSheeP

    October 22, 2011 at 2:25 pm

    အရင် စစ်အစိုးရ လုပ်တာ ကို
    အခု သမ္မတ က ကြိုက်သလို ဆုံးဖြတ်ပိုင်ခွင့် ရှိတယ် လို ့
    အဲဒီ ဝမ်ကြားပေါင် ကို သိစေချင်လိုက်တာ

  • Diamond Key

    October 22, 2011 at 2:28 pm

    ကိုရင်မောင်ရေ၊
    လန့်လာလို့ တိုက်တွန်းတာနေမှာ။
    သူတို့ တွေ ရဲ့ ရင်းနှီးထားတာတွေ အတွက်လေ။
    ရခိုင်တစ်ကြောမှာ အများကြီးှဗျ။
    ဒီမိုကရေစီ အစိုးရစစ်စစ် ဖြစ်သွားရင် ပိုဆိုး (သူတို့ အခွင့်အရေးတွေ လျှော့သွားမှာ) သိနေတယ်။
    မြန်မာက ပူစရာမလိုပါဘူး။
    သူတို့ကလည်း အတင်းမလုပ်ပါဘူး။
    ကျောက်ဖြူက ကျောက်ဖြူကူမင်းကားလမ်း၊ ကျောက်ဖြူကူမင်းရထားလမ်း၊ ကျောက်ဖြူကူမင်း gas ပိုက်နဲ့ ကျောက်ဖြူကူမင်း ရေနံပိုက်က သူတို့ အနာဂတ် စီးပွားရေး အတွက် အသက်တမျှပဲဗျ။
    စီးပွားတက်ချင် လမ်းဖေါက်ဆိုတဲ့ သူတို့ရဲ့ ရိုးရာ စကားပုံ အရ သူတို့ရဲ့ အနာဂတ် စီးပွားရေး အတွက် လုပ်ထားတာတွေ။
    အဲဒါတွေကို တစ်နိုင်ငံရဲ့ ထောက်ပံ့မှုနဲ့ ပြန်လျှော်မှာ တောင် ကြောက်လာပြီနေမှာ။

  • koyinmaung

    October 22, 2011 at 2:44 pm

    ဟုတ်မှာပါ မြန်မာနိုင်ငံကလဲခုတလော ဦးသိန်းစိန်ကလဲ
    ဒေါ်အောင်ဆန်းစုကြည်ကိုလိုက်လျှောနေတာတွေ
    သူ့နိုင်ငံမှာတောင်ပိတ်ပင်ထားတဲ့ youtube တို့facebook တို့ဖွင့်လိုက်တာတွေ
    နိုင်ငံရေးအကျဉ်းသားတချို့လွှတ်ပေးတာတွေ
    တရုတ်ကြီး သဘောတွေ့မှာမဟုတ်ပါဘူး
    ကိုစိန်သော့ပြောသလို့နဲ့နဲ့လန့်နေပုံရတယ်……

  • naywoonni

    October 22, 2011 at 5:17 pm

    လန့်ကန် ကန်မယ်နော် သတိထား

    • windtalker

      October 22, 2011 at 8:15 pm

      ဘိုနီရာ မပူစမ်းပါနဲ ့
      ကျုပ်တို ့ဆီမှာ လည်း
      ခေတ်မှီလက်နက်တွေ တိုးတက်နေပြီလို ့ဖတ်ရပါတယ်

  • J.me

    October 22, 2011 at 8:23 pm

    အမလေး – – – * စစ်မှုထမ်းရမဲ့ဘက်ကို နီးလာနေပါပေါ့လား *
    လွတ်ခပဲဗျာ.. သတ်မှတ်အသက် ကြားထဲ မှာရှိနေလို့ ..အခက်သားကလား…။
    လန့်ကန်လာရင် မထူးပါဘူး ပြန်ဆော်ထည့် မှာပေါ့…။

  • naywoonni

    October 22, 2011 at 9:51 pm

    J.me ရေ…..လိုအပ်ရင်ပြော အသက်ကျော်နေလည်းလာထားပဲ…..။ ဆော်ချင်နေတာ မဆော်လိုက်ရပဲ ထွက်လာရလို့စိတ်နာနေတာ…။

  • Mg Ni Tut

    October 23, 2011 at 3:14 am

    ဒါကိုဗွီဒီယိုဖိုင်တစ်ခုနဲ့နှိုင်းရရင် pause လုပ်ထားတာပေါ့ play လုပ်ရင်လဲလုပ်နိုင်သေးတယ်လေ။
    မဖြစ်မနေလုပ်မယ်ဆိုလဲ ဘာမှမဟုတ်တဲ့ ကိုယ့်အဖို့ အကောင်းဘက်ကပဲ ကြည့်ပေးရမှာပေါ့။
    အကောင်းဘက်တွေးကြည့်မယ်ဆိုရင်အများကြီးတွေးလို့ရပါသေးတယ်။
    ဥပမာတစ်ခုအနေနဲ့ပြောရရင် – မြစ်ထဲမှာ ငါးဖမ်းပြီး အကုသိုလ်အလုပ်နဲ့ အသက်မွေးတဲ့လူတွေ ငါးဖမ်းလို့အဆင်မပြေဖြစ်သွားရင် တခြားအသက်မွေးဝမ်းကျောင်းပြောင်းရင် ငါးဖမ်းရင်းအကုသိုလ်ယူစရာမလိုတော့ဘူးပေါ့။ (အကောင်းမြင်တတ်ရုံ ငါရယ်ပါ)

  • laaminnthar

    October 23, 2011 at 10:51 am

    တရုတ်ကတော့ လုပ်ချလိုက်ပြန်ပြီ သူတို့နိုင်ငံမှာ
    ယန်စီမြစ်တောင် တိမ်ကောသွားပြီ နောက်ထပ်ဆည်ဆောက်ဖို့
    ဘယ်သူမှလက်မခံဘူး မြန်မာနိုင်ငံ ကိုအနိုင်လာကျင့်တယ်
    ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ကောင်တွေ
    သန်းရွှေကလည်း တစ်နိုင်ငံလုံးတောင် လက်ညှိုးထိုးရာင်း
    လို့ရရင် ရောင်းစားမယ့်သူ ပြောလိုက်ရင် သူမကယ်ရင်ဘဲ
    ဗမာတွေ ကျွန်ဖြစ်တော့မယ့် ပုံစံမျိုး ပြီတော့ သူပဲ ရောင်းစားတာ
    သန်းရွှကို ချရမလား တရုတ်ကိုချရမလား

Leave a Reply