ပြင်ဦးလွင်က ပွဲကောက် ရေတံခွန် နဲ့ ကန်တော်ကြီးဥယျာဉ် အလှ

Diamond KeyOctober 22, 20113min28436

ပြင်ဦးလွင် ရောက်ခဲ့တုန်းက ရိုက်ခဲ့တဲ့ ပုံလေးတွေပါ။
စိမ်းစိုလှပ အေးချမ်းတဲ့ မြင်ကွင်းလေးတွေမို့ နှစ်သက်သူတွေ အတွက်၊ မရောက်တာ ကြာနေသူတွေ အတွက် လက်ဆော့ထားတာလေးတွေ ရွာထဲမှာ ကြည့်စရာ အဖြစ် တင်လိုက်ပါတယ်။
ပွဲကောက် ရေတံခွန် နဲ့ ကန်တော်ကြီးဥယျာဉ် ကရှုခင်းလေးတွေပါ။

ပွဲကောက် ရေတံခွန်

ပြင်ဦးလွင်က ကန်တော်ကြီး


ကန်တော်ကြီးက ပန်းတွေရဲ့ အလှ



ကန်တော်ကြီးနဲ့ နန်းမြင့်မျှော်စင်






ကန်တော်ကြီးထဲက ငန်းနက် မိသားစုလေး


36 comments

  • avatar

    October 22, 2011 at 10:23 am

    ရှုခင်းတွေက ကျက်သရေ ရှိလိုက်တာဗျာ
    တစ်ခေါက်တော့ရောက်အောင်သွားရတော့မယ်
    မနေနိုင်တော့ဘူး ကိုယ့်ဆရာရေ
    သွားကြည့်လိုက်စမ်းပါ လို့ ကိုယ့်ဆရာက နမိတ်ပြနေသလို….။

  • “ဘီလူးကြီး”ogre

    October 22, 2011 at 10:36 am

    ပွဲကောက်ရေတံခွန်ကတော်တော် လှလာတာပဲဗျ
    ကျုပ်ရောက်တုန်းကအဲဒီတံတားတွေ မရှိဘူးလားလို့
    ဘီယာဆိုင်မှာထိုင်မူးနေလို့ သေချာမသိတာလဲနေမှာပေါ့လေ.။။

    • Diamond Key

      October 22, 2011 at 11:58 am

      ရှေ့တစ်ခေါက် ကျွန်တော် ရောက်တုန်းက မရှိသေးဘူး ဘီလူးကြီးရေ၊
      ကျွန်တော်လည်း ဒီတစ်ခေါက်မှ တွေ့တာ။

  • koyinmaung

    October 22, 2011 at 10:41 am

    ဆရာကိုစိန်သော့ရဲ့လက်ရာကတော့အံမခန်းပါဘဲ
    ဓါတ်ပုံအားလုံးကြိုက်တယ်ဗျို့……

  • manawphyulay

    October 22, 2011 at 10:43 am

    မရောက်ဖူးသေးပေမယ့် ၂ ခါရှိပြီး ရောက်သွားသလိုခံစားရတယ်။ ပထမတစ်ခါက လေးပေါက် ပို့ပေးတာ။ ခုတစ်ခါကတော့ ဦးဦးစိန်သော့ ပို့ပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်မိပါတယ်။ ကုန်ကျစရိတ်မရှိပဲ နေရာစုံရောက်သွားတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။

  • စုံ စုံ

    October 22, 2011 at 11:01 am

    သွားချင်တယ်အရမ်းဘဲ
    ရွာသားတွေကြောင့်ခရီးသွားချင်တဲ့ရောဂါတွေတနေ့တခြားတိုးတိုးလာပြီ 😛
    အခုတော့ပုံတွေကြည့်ပြီးဘဲခံစားတော့မယ် 😀

  • Moe Z

    October 22, 2011 at 11:04 am

    ဓာတ်ပုံတွေမှာ နာမည်ရေးထားတာ မိုက်တယ။် ကူးမယ့်သူတွေလက်တွန့်သွားမယ်ထင်တယ် 🙂

    • Diamond Key

      October 22, 2011 at 12:01 pm

      တစ်ချိန်ပြန်တွေ့ရင် စိန်သော့လေး သတိရနေအောင်လေ Moe Z ၊ 😛

      • windtalker

        October 22, 2011 at 1:29 pm

        အမှန်ကန်ဆုံး လုပ်ရပ် ပဲ ကိုစိန်သော့ရေ
        နောက်ကြရင် ဂေဇက်ထဲက အကြောင်းတွေ
        ပိုသိလာရမယ် ဗျို ့
        ဟားဟား

  • ပေါက်ဖော်

    October 22, 2011 at 11:14 am

    ဆရာကျတဲ့ ရိုက်ချက်တွေပဲ ဗျာ
    ကိုစိန်သော့ရဲ့ရိုုက်ချက်တွေ..ကြည့်ပြီး ဓာတ်ပုံဆရာတောင် ဖြစ်ချင်လာဘီ
    ပိုးစိုးပက်စက် လှတယ်ဗျာ..
    ဦးပေါက်တို ့.ဦးချောတို ့ဓာတ်ပုံဆရာအဖွဲ ့လဲ..ဦးစိန်သော့တို ့.ဦးဇာဂီတို ့လို..ဓာတ်ပုံမှာ
    နာမည်လေးတွေတပ်ထားသင့်တယ်နော့်

  • Tiger mg

    October 22, 2011 at 11:20 am

    ကိုစိန်သော့ကြီးကို ရဲ့ လက်ဆော့ထားတာတွေက တကယ့် professional တစ်ယောက်လားလို့တောင်ထင်ရတယ်။ တစ်ကယ်ကို ကောင်းတဲ့ ရိုက်ချက်လေးတွေပါ။ ကျေးကျေးပါဗျာ.
    ယခုလိုမျှဝေခံစားခွင့်ရအောင် တင်ပေးတဲ့အတွက်ပေါ့။ အားပေးလျှက်….

  • ကိုပေါက်ကသာ လက်ဆော့ တာ
    ကိုစိန်သော့က အတည်ရိုက်တာနော်။
    အခုပုံလေးထဲ့ ပန်းလေးတွေက ကျနော်သွားတုံးကထက် ပိုပြီးအရောင်စုံတယ်ဗျာ။
    အောက်ဆုံးကပုံဆိုရင် ကျနော်မစဉ်းစားမိတဲ့မြင်ကွင်းလေး မိုက်မှမိုက်။

    • Diamond Key

      October 22, 2011 at 12:03 pm

      ကိုပေါက်ရေ၊ ကျေးဇူးဗျ။

  • oakermg

    October 22, 2011 at 11:37 am

    ကမ ္ဘာမှာ ဒါ မြန်မာ လို့ ကြွေးကျော် လို့ရနိုင်လောက်တဲ့ ရှုခင်းလို့ မြင်မိပါတယ်..၊
    ပြင်ဦးလွင် လို့သာ အမည်မတပ်ပေးခဲ့ရင် ကျနော်လဲ ဒီဥယျာဉ်ကြီးက ဘယ်နိုင်ငံက
    ပါလိမ့် … လို့ ထင်နေမိမှာ သေချာပါတယ်ဗျာ..။

  • blackchaw

    October 22, 2011 at 11:51 am

    လွှတ်လှတော့တာပါပဲ ကိုစိန်သော့ရေ။

  • နွယ်ပင်

    October 22, 2011 at 12:10 pm

    ပုံလေးတွေက အရမ်းလှတာပဲ အပေါ်ဆုံးက ပွဲကောက် ရေတံခွန်ပုံလေးကို အကြိုက်ဆုံးပဲ

  • we R one

    October 22, 2011 at 12:11 pm

    အားပေးသွားတယ်ဗျို့.. 5 လပိုင်းက ရောက်သေးတယ်.. ဒီဓါတ်ပုံတွေ ကြည့်ပြီး နောက်တစ်ခါတောင် ပြန်သွားချင်းလာပြီး.. ဒါနဲ ဓါတ်တော်ဂျိုင့် ကို မရောက်ခဲ့ဘူးလာ ရှင့်..။ အဲဒီ ရေတံခွန်က ရေလည်း မိုက်တာနော်..

    • Diamond Key

      October 22, 2011 at 12:49 pm

      WeR1ရေ၊
      မကြာမှီ လာမည်၊ မျှော် …………နော်။
      သွားအုံးမယ်လို့တော့ လုပ်ထားတယ်။ ရာသီဥတုလေး စောင့်နေတာ။

  • kocho

    October 22, 2011 at 2:17 pm

    ပုံတွေကပီပြင်တယ်ဗျိုး ကျေးဇူးပါဆရာကိုစိန်သော့ရေ

  • MaMa

    October 22, 2011 at 6:35 pm

    ဓာတ်ပုံလေးတွေ ကြည့်ပြီး ဒါမြန်မာပြည်မှ ဟုတ်ရဲ့လားလို့တောင် ထင်မိတယ်။
    ဟိုးးးးး ရက်တွေတုန်းက ကိုချို တင်တဲ့ နိုင်ငံခြားက ပုံတွေကို ကြည့်ပြီး ကိုယ့်တိုင်းပြည်အတွက် စိတ်ဓာတ်ကျနေရာက စိန်သော့ ရဲ့ရိုက်ချက်နဲ့တွေ့မှပဲ စိတ်ချမ်းသာသွားတော့တယ်။
    ကျေးဇူးအထူးတင်ပါတယ် ရှင်။

  • padonmar

    October 22, 2011 at 6:54 pm

    ကိုစိန်သော့ရေ၊ desktop တင်ခွင့်ပေးပါနော်။
    ပွဲကောက်ကို အပေါ်စီးကရိုက်တာ ဘယ်မှာမှ မမြင်ဖူးသေးဘူး၊
    ကိုစိန်သော့ကတော့ တကယ့် Pro ပါဘဲ။
    စကားမစပ် ကြိုးကြာနက်ပေါက်စက အဖြူလေးပါလား။ကြီးလာတော့မှ အကျည်းတန်သော ဘဲကလေးဖြစ်သွားတာလား။

    • Diamond Key

      October 24, 2011 at 9:15 am

      ကြိုက်တာလုပ်ပါဗျာ။
      ဝမ်းသာစွနဲ့ ခွင့်ပြုပါတယ်။
      သူက ငယ်တုန်းက ဖြူတယ်ဆိုပဲ padonmar ရေ။

  • blackchaw

    October 22, 2011 at 7:21 pm

    ကိုစိန်သော့ကြီးရေ။
    မကျေနပ်လို့ တစ်ခါထပ် မန်းပါတယ်။
    အရမ်းကြီးကိုမိုက်ပါတယ်။
    ဒါတွေက တိုက်ဆိုင်လို့ ကောင်းသွားတဲ့ ပုံမျိုးတွေ မဟုတ်ပါဘူးဗျာ။
    အပေါ်မှာ လက်မလေးလည်း တစ်ချောင်း ထောင်ပစ်ခဲ့ပါတယ်။

    • Diamond Key

      October 24, 2011 at 9:16 am

      ကျေး a lot, ကျေး a lot ။

  • ice

    October 22, 2011 at 8:16 pm

    နောက်တစ်ခေါက် ပြန်ရောက်ချင်တယ် ……….

  • J.me

    October 22, 2011 at 8:28 pm

    မဖြစ်မနေ ရောက်အောင် သွားမယ်ဗျာ
    ပိုးက ထနေ ရွနေပြီ မရတော့ဘူး..
    ရှုခင်းတွေက ကြည့်မဝ နိုင်ဖြစ်နေရပြီ..။

  • နီလေး

    October 24, 2011 at 9:53 am

    မရောက်တာကြာပြီ အားပါးတရရှုစားသွားပါတယ်နော် နောက်တစ်ခေါက်ပြန်လာခဲ့ပါလို့ ခေါ်နေသလိုပဲ ကျေး ကျေးနော်

  • nozomi

    October 24, 2011 at 12:04 pm

    ကိုစိန်သော့ ကြီးပုံတွေ ကြည့်ရပြီး သဘောကျလို့ ချီးကျူးချင်ပေမဲ့ ကိုယ့်အဆင့်က အပျော်တမ်း မကျ / တကျ မို့ ပရို တစ်ယောက်ကို ချီးကျူးရတာ မြင်ထိန်းငတာလို ဖြစ်မှာလဲ စိုးမိတယ်

    အရမ်း အရမ်းကို သဘောကျမိတယ်ဗျာ
    ကိုစိန်သော့ကြီး ပုံတွေ ကြည့်ပြီး ဓါတ်ပုံကောင်းကောင်း ရိုက်တတ်ချင်လာတယ် တစ်ခုလောက် လေးလေးနက်နက် တောင်းဆိုချင်ပါတယ် ဓါတ်ပုံပညာကို ဘာမှ မရိုက်တတ်တဲ့သူတစ်ဦးအတွက် ဓါတ်ပုံပညာကို အခြေခံကနေစပြီး ပို့စ် (တစ်ခုနှစ်ခုလောက် မဟုတ်ပဲ) တွေနဲ့ တဆင့်ချင်း ပုံမှန် ရှင်းပြပေးပါလား အင်တာနက်မှာ ရှာရင် ရှိကောင်း ရှိနိုင်ပေမဲ့ ဘာသာပြန်ရတာတမျိုး ပညာရပ်ပိုင်းဆိုင်ရာနားလည်အောင် ကြိုးစားရတာက တမျိုးနဲ့ မို့ပါ

    နောက် အပျော်မက ပရိုမကျ ဈေးသက်သက်သာသာ နဲ့ ကိုင်လို့ကောင်းမဲ့ ကင်မရာရှိရင်လဲ ညွှန်းပေးပါဦး

    • Diamond Key

      October 24, 2011 at 1:40 pm

      nozomi ရေ၊
      ကြိုးစားပြီး မကြာတဲ့ တစ်ချိန်ကျရင် ဖြစ်အောင်တင်ပါ့မယ်။

      • MaMa

        October 24, 2011 at 2:31 pm

        ကြိုးစားပြီး မကြာတဲ့ တစ်ချိန်ကျရင် ဖြစ်အောင်တင်ပါ့မယ် ဆိုလို့ ဓာတ်ပုံဝါသနာအိုးတစ်ယောက်လည်း စောင့်ဖတ်နေပါကြောင်း ဝိုင်းဝန်း အားဖြည့်လိုက်ပါတယ်။

  • iris21

    October 24, 2011 at 12:35 pm

    အရမ်းကောင်းတဲ.ပုံတွေပဲ ..တကယ်

  • Foreign Resident

    October 24, 2011 at 12:41 pm

    ကို Diamond Key ရေ
    ပုံတွေ တကယ်လှပါတယ် ။

    ရွာထဲမှာတော့
    ကို Diamond Key နှင့်
    ကို Inz@ghi နှစ်ယောက်က
    Pro Camera တွေ
    သုံးနေတယ်လို့ ထင်ပါတယ် ။

    တခြား ကျွန်တော်ကျန်ခဲ့တဲ့ ရွာသားရှိရင်လည်း
    ပြောကြပါအုံး ။

    ကျွန်တော် နောက်ဝယ်မယ့် Camera ဟာ
    Pro Camera ဖြစ်ရမယ်လို့ ဆုံးဖြတ်ထား ပါတယ် ။

    အခုနေတော့ ဘာပညာမှမသိသေးတော့
    မဝယ်ရဲသေးပါဘူး ။

    တော်ကြာ မျောက်အုန်းသီးရသလိုလို့
    အပြောခံနေရအုံးမယ် ။

    ကို Diamond Key နှင့်
    ကို Inz@ghi နှစ်ယောက်ဆီက
    အရင် လေ့လာလိုက်ဦးမယ် ။

    အဘကို ပစ်မထားနှင့်နော် ။

  • Diamond Key

    October 24, 2011 at 2:37 pm

    ွှThanks Foreign Resident,
    ကျွန်တော် ကိုင်နေတာလေးက Nikon 3100 လေးပါ။
    ဈေးအမြင့်လည်းမတတ်နိုင်လို့ အဆင်ပြေတာလေး ဝယ်ထားတာပါ။
    Pro camera ကို်င်ဖို့ဆိုရင် အားပေးနေပါတယ်။
    ဘာပညာမှမသိသေးရင်လည်း Auto camera လိုသုံးလို့ရပါတယ်။
    Pro camera ကတော့ စိတ်ရှိသလောက်၊ အခွင့်အရေးပေးသလောက်၊ ပညာရှိသလောက် လုပ်လို့ရတော့ ပိုပြီးကောင်းပါတယ်။
    ကို Inz@ghi ပုံတွေသာ ကြည့်တော့ဗျာ။ Good ရှယ်တွေ။

  • chitlay

    October 24, 2011 at 3:41 pm

    အခုရွာထဲမှာ ဟိုလူခရီးသွားတုန်းရိုက်ခဲ့တဲ့ပုံလေးကြည့်လိုက် ဒီလူခရီးထွက်တုန်းကရိုက်ခဲ့တဲ့ ပုံလေးကြည့်လိုက်နဲ့ ကိုယ်တောင်ခရီးထွက်ချင်တာ တစ်ပိုင်းကိုသေနေပြီ ..။ ဦးစိန်သော့ကြီးရဲ့ ပုံတွေကိုကြည့်ပြီး ခရီးသွားချင်တဲ့ ရောဂါက ပိုဆိုးလာပြီ .. 😛 ပြင်ဦးလွင်ကို တစ်ခါမှ မရောက်ဖူးပေမယ့် အခုပုံလေးတွေကို ကြည့်လိုက်ရတော့ ကိုယ်ကိုယ်တိုင်ရောက်သွားသလို ခံစားမိပါတယ် .. ကျေးဇူးပါ ဦးစိန်သော့ရေ … ပွင့်လင်းရာသီလဲ ရောက်တော့မှာဆိုတော့ ဘယ်ကိုခရီးထွက်ရင် ကောင်းမလဲ စဉ်းစားရင်း ….

    • Diamond Key

      October 24, 2011 at 4:09 pm

      Chitlay ရေ၊ ကြိုနေမယ်လေ ပြင်ဦးလွင်က။

      • chitlay

        October 24, 2011 at 4:22 pm

        ဟုတ်ကဲ့ရှင့် ကျွန်မကလဲ လာနိုင်အောင် ကြိုးစားပါ့မယ် …. ကျေးဇူးပါ ဦးစိန်သော့ .. 😀

Leave a Reply