မြန်မာတော့မြန်မာစာဘဲ …

fattyOctober 22, 20111min26121

အောက်ပါသတင်းလေးတပုဒ်ဟာ မြန်မာလိုရေးထားတဲ့ ယနေ့နာမည်ကြီးဂျာနယ် တစ်စောင်က
သတင်လေးတပုဒ်ပါ။ ပထမဆုံး စဖတ်ဖတ်ခြင်း အတော်လေး အူ သွားတယ်
နောက်တခါထပ်ဖတ်ပြန်တော့ လည် နေပြန်ရော …။
မကြေနပ်သေးလို့ထပ်ထပ်ဖတ်ကာမှ ချာလပါတ် လည် သွားတော့ သဗျို့ …….။

ကဲ …. ကိုယ့်ဆရာတို့လဲဖတ်ကြည့်ပြီးရောပေါ့ … ဘယ်လိုများခံစားရပါသလဲ။ သတင်းရေးတယ်ဆိုတာ
တိုတို လွယ်လွယ် ထိထိမိမိ ရေးမှကောင်းပါမယ် ….။

21 comments

  • blackchaw

    October 22, 2011 at 11:41 am

    ကျွန်တော်လည်း ရေးတေးတေးပဲ။

  • Diamond Key

    October 22, 2011 at 11:51 am

    အခုနောက်ပိုင်းမှာ ပြောပြောနေကြတဲ့ ဂျာနယ်ရေးနည်းများလား။
    ရှင်းတာကို နဲနဲရှူတ်အောင်ရေးလိုက်တော့ ဖတ်ရသူတွေ များများတွေးပေါ့။
    း) း)

  • siamonone

    October 22, 2011 at 11:55 am

    အမှုအကြောင်းရေးတာ မဖြစ်နိုင်ဘူး ..
    ပဲ .. ကုန်သည်တွေ ပွပေါက်တိုးနေတယ်ဆို တာဘဲ ဖြစ်နိုင်တယ် .. ဟီး ..

  • oakermg

    October 22, 2011 at 12:12 pm

    အတွေးကခက်… ပင်လယ်ထက် နက်သဗျာ…

  • “ဘီလူးကြီး”ogre

    October 22, 2011 at 12:18 pm

    ဦးဖက်နဲ့ ကျွန်တော်နဲ့တူတယ်ဗျ
    The Voice ကိုအခုလေးတင်ဖတ်နေတာ
    ဖတ်ရတာတစ်မျိုးကြီးပဲဗျ ဒီသတင်းကြီးက
    သေချာသဘောမပေါက်ဖူး ဖြစ်နေတယ်

  • ကြောင်ကြီး

    October 22, 2011 at 12:18 pm

    ကြောင်ကြီးနှင့် ဦးသိန်းစိန်တို့၏ ကြီးနှစ်ကြီး ဒူးတိုက်ဆွေးနွေးပွဲကို ယနေ့နံနက် ရနာရီအချိန်က ဇေယျာသီရိဗိမ္မာန် ဧည့်ဂေဟာခန်းမတွင် ကျင်းပရာ အစည်းအဝေးအောင်မြင်စွာ ပြီးစီးကြောင်း သတင်းထုတ်ပြန် လိုက်ခြင်းကို အများပြည်သူ သိရှိနိုင်စေရန် ဂေဇက်သတင်းဌာနမှ သတင်းထောက်များ၏ ပေးပို့ချက်ကို အတည်ပြု မှတ်ချက်ပေးရန် တစုံတရာ မပြောလိုကြောင်းဖြင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တဦးမှ ပြောကြားချက်ကို ကိုးကား၍ တွေ့ဆုံပွဲ ရလဒ်မထုတ်ပြန်ခင် သတင်းဦးအဖြစ် ဆောလျင်စွာ ဖော်ပြလိုက်သည်တွင် ရှင်းလင်းမှု အားနည်းနေပါက မပြည့်မစုံ ဖြစ်ရသည့်အပေါ်တွင် တင်ကြိုတောင်းပန်အပ်ပါကြောင်းနှင့် စာဖတ်သူများ၏ နားလည်စာနာမှုများကို ဝမ်းသာပီတိ သောမနသ ဖြစ်ရင်း နောင်အခါများတွင် ပိုမိုတိုးတက် သာလွန်ကောင်းမွန်အောင် စီမံချက်များ ချမှတ်ပြုပြင်သွားပါမည်။
    ပုံ

    သီရိပျံချီ ငှက်ပျံ ဝက်ပျံ ရှုးပျံ မူးပြန် ဦးခိုင်
    [တရားဝင်ရာထူး…
    ဂေဇက်ရွာသဂျီး
    ဂေဇက်အယ်ဒီတာချုပ်
    တာဝန်ခံအယ်ဒီတာ
    သတ်ပုံအယ်ဒီတာ
    မော်ဒရေတာမှူးချုပ်
    ပွိုင့်ပေးရေးမှူးချုပ်
    ပေါ်လစီညှိနှိုင်းရေးမှူးချုပ်
    မန်းဂေဇက် ဒါရိုက်တာ
    မန်းဂေဇက် တွဲဖက်ပိုင်ရှင်]
    [တရားမဝင်ရာထူး…..
    စီအိုင်အေသတင်းပေး
    နအဖလက်ပါးစေ
    တရုတ်သူလျှို
    မိုးပြာဂိုဏ်းဝါဒဖြန့်ချီရေးချုပ်]

  • thit min

    October 22, 2011 at 12:22 pm

    အဲဒါက အရင်သတင်းရဲ့ အဆက်မလို့ပါအန်ကယ်ဖက်ရေ
    ၂၀၀၈ ခုနှစ်ကတော်တော်ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တဲ့ ဇာတ်လမ်းတပုဒ်ပါ။
    အဲဒီ ကုန်သည်က ကြိုတင်ပဲဘိုးတွေ ယူထားပြီးမှ ရာသီဥတုအပါအဝင် အကြောင်းအမျိုးမျိုးနဲ့
    အချိန်တန်တော့ ပဲ က ကောက်လို့ မရတော့ပါဘူး။
    ငွေတွေကလည်း လက်လွန်အောင်သုံးထားပြီးဖြစ်နေပါပြီ၊ ပြောရရင် နောက်ထပ်တယောက်က အဲဒီငွေယူထားတဲ့
    ကုန်သည်ကိုထပ်လိမ်သွားတာလဲပါ၊ ပါတယ်။
    ဘယ်သူတွေကဘယ်လိုလိမ်ခဲ့ကြတယ်ဆိုတာ၊ အဲဒီတုန်းကသတင်းတွေမှာပါခဲ့ပါတယ်။
    ကျနော့သူငယ်ချင်းတယောက်ရဲ့ အဖေဆို သိန်း၆၀၀ဝ ပါသွားတယ်လို့ ပြောပါတယ်။
    အဲဒီ သတင်းကို အသေးစိတ်ပြန်လည်မဖော်ပြဘဲ ခုလိုရေးလိုက်လို့ ကြားကဖြတ်ကြည့်သလိုဖြစ်ပြီး လည်သွားတာပါ။
    အဲဒီ အမှူ ကို ကုန်သယ်တယောက်ချင်းစီက တရားစွဲနေတာမလို့၊ ခုလို လေးတွေသတင်းမှာ ပါ နေတာပါ။

  • kai

    October 22, 2011 at 12:36 pm

    အမြတ်ခွန်ဌာနက.. ကြားထဲကနေပြီး နိုင်ငံတော်အတွက်.. မျိုးမျိုးမြက်မြက်ကလေး.. ရှာပေးဖို့.. တောင်းဆိုချင်ပါတယ်..။
    ရတဲ့ငွေကို.. ပဲစိုက်တဲ့တောင်သူတွေအတွက်.. အတိုးအလွန်နည်းတဲ့.. ချေးငွေအဖြစ်..ချထားပေးစေလိုပါတယ်..။

    ပုံ..
    ကြောင်ကြီးပြောတဲ့သူ.. မဟုတ်တဟုတ်သူ..။ 😆

    • windtalker

      October 22, 2011 at 1:25 pm

      “ ပုံ..
      ကြောင်ကြီးပြောတဲ့သူ.. မဟုတ်တဟုတ်သူ..။ ” ဆိုတော့
      စီအိုင်အေသတင်းပေး ဆိုရင်
      သဂျီး က ဘောစိ ပဲ
      အစိမ်းတွေ ထားစရာ နေရာတောင် ရှိမယ့်ဟန်မတူဘူး
      သို ့ပေသည့်
      ဂေဇက်မှာ ပြန်လည် သုံးစွဲပေးနေပါသဖြင့်
      သာဓုပါဗျာ

  • ဆူး

    October 22, 2011 at 12:51 pm

    အရှုပ်ထဲမှ ရှင်းအောင်နေ
    ပဲတုန်းကတော့ ထိတဲ့ လူတွေ တော်တော် ထိကြတာ တရားစွဲ တာကတော့ နောက်ပိုင်းပေါ့ ခံလိုက်ရလို့ ပြုတ်သွားတဲ့ သူတွေကတော့ တော်တော် ဆိုးတယ်။

    • TTNU

      October 23, 2011 at 11:47 pm

      ဆူးရေ
      Post နဲ့မဆိုင်ပါဘူး။ ဆူးရဲ ့ Profile ကလေးလေးက ပြုံးလိုက်တည်လိုက်ချစ်စရာလေးမို့
      ဝင်ရေးတာပါ။တီချာ သူ့ကို အကြာကြီးစိုက်ကြည့်နေတာ၊ အသက်တကယ်ဝင်တယ်နော်။
      ဆူးကလုပ်တတ်လိုက်တာ။

      • ကြောင်ကြီး

        October 24, 2011 at 10:59 am

        ရက်စက်ပါပေ့ တီချယ်ကြီးရယ်။ ရှိုးစမိုးနဲ့ပြင်ဆင်ပြီး ပန်းပန်လာတာ လူကိုချောတယ် မချီးကြူးပဲ ပန်းကလေးက လှလိုက်တာကွယ်လို့ ပြောသလို ဖြစ်နေပြီ။ ဆရာမဂျီးကို အန်တီဆူးက တသက်စာ မုန်းသွားလိမ့်မယ်……………………….။

    • ဆူး

      October 25, 2011 at 5:42 pm

      ကလေးရုပ်ကလေး လှလို့ အင်တာနက်က ယူသုံးထားတာပါ။
      မျက်နှာပေးကိုက အမြင်ကတ်စရာ မချိုမချဉ် ရုပ်မို့ တင်လိုက်တာပါ ဆရာမရေ။

  • koyinmaung

    October 22, 2011 at 3:28 pm

    ပဲ လောက ကလဲအတော်ရှုတ်တဲ့လောကပါ
    ပဲ မရှိဘဲအရောင်းအဝယ်လုပ်လို့လဲရကြတာကို
    ပဲ ပလာတာ ရိုက်တယ်လို့သူတို့လောကမှာခေါ်ပါတယ်
    ပဲ ကိုဈေ းနှုန်းတခုသတ်ပြီး၄လပိုင်း ၅လပိုင်အပ် ဆိုပြီးကာလတခုသတ်မှတ်ကြပါတယ်
    အဲဒီအချိန်ပေါက်ဈေ းနဲ့ငွေပြန်အမ်း အလောင်းအစားသဘေားမျိုး
    လုပ်တတ်ကြပါတယ်..
    ပဲအိပ်ကိုသိန်းသောင်းချီပြီးအရောင်းအဝယ်လုပ်ကြတာပါ
    ပဲဈေ းအဆမတန်တက်တာနဲ့ကြုံတဲ့နှစ်ဆိုအလျှောအစားမလုပ်နိုင်ကြတော့ဘဲ
    ပြေးကုန်ကြ တရားစွဲကြ ဆုံးတဲ့သူကဆုံးကြ စိတ်ပျက်ဘို့ကောင်းတဲ့လောကပါ….

  • naywoonni

    October 22, 2011 at 3:50 pm

    ကျန်တာတော့ မပြောလိုပါဘူး အဲဒိ သိန်းဘယ်လောက်ဘယ်၍ ရစရာပေးစရာရှိတဲ့သူတွေက နိုင်ငံတော်ကို အခွန်ဘယ်လောက်ဆောင်ပြီးပြီလဲ အဲဒါလေးတော့ စိတ်ဝင်စားတယ်…။

  • fatty

    October 23, 2011 at 8:38 pm

    အဲဒီနှစ်ပိုင်းက လူတယောက် ဆိုပါတော့ပဲကုန်သည်တယောက် ကျနော်နဲ့အတူ ဘီယာလာသောက်
    တယ် စစ်ကိုင်တိုင်း အရာတော်တို့ မကျည်းစောက် ဇရစ် ရွာနာမည်တွေပါ …. အဲဒီဘက်ကပါ …။
    နောက်နေ့ကြတော့သူ့ကို သိန်း ၆၀၀ဝ လောက် လိမ်လည်မှုနဲ့ ဝရမ်းထုတ်ခံ့ရတယ် ..။
    ထားပါလေ ….။
    အခုအရေးအသားက ပထမ တရားလိုကနေစတုတ္ထအပိုဒ်မှာတရားခံပြန်ဖြစ်နေတယ် ဖြစ်ခဲ့ရင်လဲ ဖြစ်ခဲ့ဘူးသူလို့ရေးရမှာမဟုတ်လား ……။

  • padonmar

    October 23, 2011 at 10:35 pm

    ဦးဖက်ပြောချင်တာ အမှုအကြောင်းမဟုတ်ဘူး၊မြန်မာစာအရေးအသား မရှင်းတာကိုပြောချင်တာမလား။
    ဟုတ်တယ်၊ဝါကျက ရှုပ်လိမ်နေတယ်။
    ဂျာနယ်တွေက သဒ္ဒါအမှား သတ်ပုံအမှားတွေ သိပ်များပါတယ်။ခွန်အားမရှိသောစာတွေဖြစ်နေပါတယ်။
    ထုတ်ပြီးဂျာနယ်မှာ သတ်ပုံမှားတာတွေ့ရင် ဂျာနယ်တိုက်ကို ဒဏ်ရိုက်တဲ့ စနစ်လုပ်ထားဖို့ကောင်းတယ်။
    ဖတ်မိတဲ့ကလေးတွေ သဒ္ဒါအမှား သတ်ပုံအမှားတွေ မှတ်ထားမိတော့မယ်။

  • ရွှေဘိုသား

    October 24, 2011 at 1:05 pm

    မနေ့ကတောင် ဆိုဒ်တစ်ခုထဲမှာ ဖတ်လိုက်ရသေးတယ် သိပ်မရှင်းဘူး အခုတော့ မေးခွန်းနဲ့တိုးနေတယ် မရှင်းဘူးဗျို့

  • fatty

    October 25, 2011 at 1:13 pm

    ပထမအပိုဒ် ရှင်းပါတယ် …….။ ဒုတိယအပိုဒ် ရှင်းပါတယ် ………….။ တတိယအပိုဒ် ရှင်းပါတယ် …………။
    စတ္ထုအပိုဒ်ကျတော့မရှင်းတော့ဘူး ….. အခုတရားစွဲတဲ့သူက တရားခံဖြစ်သွားတယ် …..။
    ဆိုလိုချင်တာက တရားခံဖြစ်ဖူးတာကိုဆိုလိုချင်တာလားမသိဘူး ………။
    နောက်ဆို ဂျာနယ်သမားတွေကို ဝန်ကြီးတွေကတောင်ကြောက်ရတဲ့ခေတ်ရောက်အုံးမှာပါ ..။
    ကိုယ့်ဘက်က အစစပီပြင်အောင်ပြင်ဆင်ထားမှတော်ကာကြမယ် ….။

  • Foreign Resident

    October 25, 2011 at 1:42 pm

    ” စတ္ထုအပိုဒ်ကျတော့မရှင်းတော့ဘူး ….. အခုတရားစွဲတဲ့သူက တရားခံဖြစ်သွားတယ် …..။
    ဆိုလိုချင်တာက တရားခံဖြစ်ဖူးတာကိုဆိုလိုချင်တာလားမသိဘူး ………။ ”

    ဦးဖက်
    ဟုတ်ပါတယ် ။

    သုံးဆယ် ဦးခင်မြင့် မှာ
    ငွေရရန် လဲရှိတယ်
    ငွေပေးရန် လဲရှိတယ် ။

    ပထမ သုံးဆယ် ဦးခင်မြင့် ကို ငွေရရန်ရှိသူတွေက တရားစွဲတယ် ။
    သုံးဆယ် ဦးခင်မြင့် က သူ့ အိမ် ခြံ မြေ ကား အသိမ်းခံ ပြီး ဆပ်ပြီးသွားပြီ ။

    အခု သုံးဆယ် ဦးခင်မြင့် က သူ့ကို ငွေပေးရန် ရှိသူတွေကို ပြန်တရားစွဲ တာပဲ ။

  • char too lan

    October 25, 2011 at 5:01 pm

    @_@ ဇာတ်ထုပ်က ပတ်ရှုတ်နေတယ် ဆိုတာ ဒါမျိုးပေါ့……. ??

Leave a Reply