” အသံ လှူ နိုင်သည် “

black chawOctober 22, 20112min20915

မနေ့က အစိုးရ အစီအစဉ်နဲ့ ဖွင့်ထားတဲ့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်း အကြောင်းလေး တင်ပြခဲ့ပါတယ်။ ငွေကြေးတတ်နိုင်မှ

အလှူအတန်းလုပ်နိုင်တာမဟုတ်ပဲ မိမိပိုင်ဆိုင်သော အသံဖြင့် မျက်စိမမြင်ရှာသူများအတွက် ကူညီပေးနိုင်သည် ဆိုသော အချက်ကို

သိစေလိုခြင်းဖြစ်ပါသည်။ မနေ့ကမန်းကြသူတွေ အတွက် ဒီနေ့ ကျွန်တော် ခဝဲခြံ မျက်မမြင်ကျောင်းကို ထပ်သွားဖြစ်ခဲ့ပါသည်။

(ကိုသစ်မင်းရေ၊ ခင်ဗျားရဲ့ သည်အလှူ ပို့စ် က ရိုက်ချက်တကယ်ပျင်းတယ်ဗျ။ ဟားဟား)

ခဝဲခြံမျက်မမြင်ကျောင်းမှာ ဗဟိုလမ်းပေါ်တွင်ရှိပါသည်။ လိပ်စာအတိအကျမှာ

(မ-၁၆၅၊ ဗဟိုလမ်း (၂) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၆၆၁၆၈၉၊ ၆၆၂၀၃၄ ။ ) ဖြစ်ပါသည်။

ကျွန်တော် ဒီနေ့ ကျောင်းကိုရောက်သွားတော့ ပညာရည်ချွန်ထူးချွန်ဆုပေးပွဲနှင့် တိုက်ဆိုင်နေပါသည်။

ပွဲကို ခဏ ဝင်ပြီး ဓါတ်ပုံ အချို့ရိုက်ဖြစ်ပါသည်။ ပြီးမှ အသံလှူသည့် ကိစ္စ ကို မေးမြန်းဖြစ်ပါသည်။

အသံဖမ်းဆရာ ကိုသက်လွင် က သိချင်တာများကို အသေးစိတ် ပြော ပြပေးသည့်အတွက် အဆင်ပြေသွားပါသည်။

(ကျေးဇူးပါကိုသက်လွင်ခင်ဗျား)။

အသံလှူခြင်းကို မည်သူမဆိုလုပ်နိုင်ပါသည်။  မလှူခင် အသံစစ်ရပါမည်။

မည်သည့်အသံသည် မည်သည့်စာအုပ်အမျိုးအစားနှင့် ကိုက်ညီမည် ဆိုသည်ကို အသံဖမ်းဆရာက ဆုံးဖြတ်ပါသည်။

ရသစာအုပ်၊ သုတစာအုပ်၊ ဘာသာပြန် အကုန်ဖတ်ပြပြီး လှူလို့ရပါသည်။

မနေ့က အင်ဇာဂီမေးထားသလို အသံသွင်းပြီး ပို့ပေးလို့လည်း ရပါသည်။

သို့သော် အသံအရည်အသွေး ကိုတော့ ကောင်းအောင်လုပ်မှ အဆင်ပြေပါမည်။

အသေးစိတ်ကို သိလိုပါက အထက်ပါ ဖုန်းနံပတ်များ သို့ တိုက်ရိုက်မေးမြန်း လှူဒါန်းနိုင်ပါသည်ခင်ဗျား။

ဒီပို့စ်ကို ခေါင်းစဉ်ပေးဘို့ စဉ်းစားတော့ မနေ့က MaMa အကြံပေးပါသော ” အသံ လှူနိုင်သည် ”

ဟုပေးဖြစ်ပါသည်ခင်ဗျား။ ရိုက်ခဲ့သော ဓါတ်ပုံလေးများကို ပူးတွဲတင်ပြလိုက်ပါသည်။

ဒီနေရာမှာ စာအုပ်ကို ဖတ်ပြရတာပါ။

 

ဒီနေရာကနေ အသံဖမ်းပေးပါတယ်။

 

ဒီဆရာ ကိုသက်လွင် က အသံဖမ်းပေးပါတယ်။

 

ထူးချွန်ဆုပေးပွဲမှာ သီချင်းတွေလည်းဆိုကြတယ်။

 

သီချင်းကို ခံစားနေကြသူများ။

 

 

 

 

 

 

 

 

 

 

15 comments

  • thit min

    October 22, 2011 at 12:50 pm

    “(ကိုသစ်မင်းရေ၊ ခင်ဗျားရဲ့ သည်အလှူ ပို့စ် က ရိုက်ချက်တကယ်ပျင်းတယ်ဗျ။ ဟားဟား)”
    Dear Ko Blackchaw
    ဒါက အလိုရှိလို့ အွန်လိုင်းတက်
    အပျိုရှိလို့ ဖွန်လိုင်းဆက်
    နဂိုရှိလို့ နဂိုင်းထွက် တာပါ။
    ကိုဘလက်က စိတ်ရင်းသဘောကောင်းတဲ့ စကော်ပီရံ(ကိုးကား ။မဝေဝေရဲ့ ကော်မန့်)
    မဟုတ်လားဗျာ။
    ဝမ်းသာကြည်နူးသာဓုခေါ်ရပါကြောင်း။
    (^^)

  • babyrat

    October 22, 2011 at 12:51 pm

    အသံကုသိုလ် ခေါ်နိုင်ပါသလား ၊ ဟုတ်မှာပါနော် ၊
    လှုနည်း အမျိုးမျိုးအထွေထွေ ထဲ မှ တစ်ခု ပေါ့နော် ။

  • windtalker

    October 22, 2011 at 1:22 pm

    “ မရှိလို ့မလှူ ” ဆိုတာ မျိုး မဖြစ်နိုင်တော့ဘူး
    ကိုယ့်ရဲ ့ကိုယ်ပိုင် အသံ ကိုတောင် လှူလို ့ရနေပြီ လို ့
    ကိုဘလက် ရဲ ့ပို ့စ်က လမ်းညွှန်ပြသနေပါတယ်
    နိဗ္ဗာန်ဆော် ကိုဘလက်ကြီး ပို ့စ်အတွက်
    သာဓု သုံးကြိမ် ဝမ်းမြောက်ဝမ်းသာ ခေါ်သွားပါတယ်ဗျို ့

  • ပေါက်ဖော်

    October 22, 2011 at 4:32 pm

    အိုး.ဝိုး..ဝိုး..
    လူအမျိုးမျိုး..ဘဝမျိုးမျိုးပါပဲ
    ဒီလိုဘဝတွေ ဘသူမှ လိုချင်ကြမှာမဟုတ်ဘူးနော့်
    ခုလို..တတ်နိုင်တဲ့ဘက်က ကူညီနေကြတာပဲ ကျေးဇူးတင်ရမယ်

  • padonmar

    October 22, 2011 at 6:21 pm

    {အသံလှူခြင်းကို မည်သူမဆိုလုပ်နိုင်ပါသည်။ မလှူခင် အသံစစ်ရပါမည်။
    မည်သည့်အသံသည် မည်သည့်စာအုပ်အမျိုးအစားနှင့် ကိုက်ညီမည် ဆိုသည်ကို အသံဖမ်းဆရာက ဆုံးဖြတ်ပါသည်။}
    အသံလည်းလှူချင်ပါတယ် ၊ကိုယ့်အသံ ဘယ်စာအုပ်မျိုးနဲ့ ကိုက်မယ်ဆိုတာလည်း စိတ်ဝင်စားသား။
    စာရင်းကြိုပေးရလား။

    • okersoe

      October 22, 2011 at 10:33 pm

      Padonmar မေးသောမေးခွန်းမှာမေးသင့်သောမေးခွန်းဖြစ်သလို
      ဖြေကြားပေးဖို.လည်းလိုအပ်ပါတယ်ဒါမှအသံလှုလိုသူများကလှုလို.လွယ်မှာပါ။

  • GreeNSheeP

    October 22, 2011 at 6:46 pm

    အဲဒီကို ရောက်ရင် ဝင်လှူဖို ့အသံဝင်စစ်ပါမည် ။
    ယခုပို ့စ်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း

  • blackchaw

    October 22, 2011 at 6:47 pm

    padonmar ရေ။
    ဖုန်းနံပတ်ပါ ထည့်ပေးထားပါတယ်။
    ကိုသက်လွင် နဲ့ ပြောချင်ပါတယ် ဆိုရင် ရပါပြီ။
    တိုက်ရိုက်ဆက်သွယ်ပြီး ကြိုတင်စီစဉ်လို့ရပါတယ်။
    ကျွန်တော် တခြား အကြောင်းအရာတွေကိုပါ
    မေးမြန်းလာခဲ့ပါတယ်။ ဒါပေမယ့်
    စိတ်ဝင်စားသူ နည်းမယ်ထင်လို့ မရေးပေးတော့တာပါ။
    အသံကတော့ ကြာကြာဖတ်လို့ ရမယ့် အသံမျိုးတို့၊
    ခတ်ဝဲဝဲ အသံမျိုးတို့၊ တချို့အသံရှင်က ကဗျာလောက်ပဲ
    ဖတ်လို့သင့်တော်တာမျိုးတွေပါဗျာ။ ဒီနေ့ ရိုက်လာတဲ့
    ဓါတ်ပုံတွေထဲမှာ မျက်မမြင် ကလေးငယ် နှစ်ယောက်
    ရန်ကုန်သားနဲ့ မန်းလေးသူ သီချင်းကို တေးသရုပ်ဖေါ်
    ကကြတာလေးလည်းပါတယ်ဗျ။ စိတ်မဝင်စားလောက်ဘူးဆိုပြီး မတင်လိုက်တာပါ။
    ကျောင်းဝန်းထဲမှာလည်း မျက်မှန်လေးတွေတတ်ပြီး
    ဒုတ်တစ်ချောင်းနဲ့ ဘေးအကူမပါပဲ လမ်းလျှောက်နေတဲ့
    မျက်မမြင်တွေ တွေ့တော့ အံ့ဩရပါတယ်။
    သူတို့တွေလည်း ကျွန်တော်တို့လိုပဲ စာဖတ်ချင်ကြမှာပါဗျာ။
    တတ်နိုင်လို့ အချိန်အားလေးများရှိရင် လှူစေချင်ပါတယ်။ ကျေးဇူးပါ။

  • MaMa

    October 22, 2011 at 7:12 pm

    blackchaw ရေ-
    ခေါင်းစဉ်ကို ကိုယ်ပေးလိုက်တဲ့ အကြံလေးကို သုံးထားတယ်ဆိုလို့ ဝမ်းသာသွားတယ်။
    အသံလှူတာကိုလည်း စိတ်ဝင်စားတယ်။ ပြောရမယ်ဆိုရင် ဒါလည်း အသွေးအသားကိုလှူတဲ့ ကုသိုလ်လိုမျိုး ပါရမီမြောက်တဲ့ကုသိုလ် ဖြစ်လောက်တယ်။

  • padonmar

    October 22, 2011 at 7:12 pm

    ကျေးဇူးပါ။
    တစ်ခေါက်ငွေသွားလှူတော့ နှစ်ပတ်လည်မို့ သူတို ့ဥပုသ်စောင့်တာမျိုး လုပ်နေတာဆိုတော့ function စုံအောင်မတွေ့ခဲ့ရဘူး၊
    မျက်မမြင်တွေ သူတို့ဘဝအားမငယ်ဘဲ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိနေကြတာတွေ့ရတာ သိပ်သဘောကျပါတယ်။

  • okersoe

    October 22, 2011 at 10:30 pm

    မိမိရဲ.အသံဖြင့်မျက်မမြင်တွေကိုလိုအပ်သော
    ဗဟုသုတတိုးပွားစေဖို.စာဖတ်ပြခြင်းစသောအသံလှုခြင်းဖြစ်လို.
    လူတိုင်းကလှုသင့်သောအလှုပါပဲဗျာ။
    သို.ပေမဲ့အသံလှုသူကအသံမှာစိတ်ဝင်စားဖွယ်ရာပြောဆိုနိုင်သော
    အသံပါရမီရှိဖို.တော့လိုအပ်မှာဖြစ်လို.
    အသံဖမ်းဆရာကိုသက်လွင်ကအသံဖမ်းယူပေးတာကအဓိကကျနေကြောင်းတွေ.ရှိရပါတယ်။

  • amatmin

    October 23, 2011 at 1:05 am

    ကို ဘလက်ရေ..
    သွားလှူဖို့.တကယ်စိတ်ကူးမိပေမဲ့..အသံဘယ်လိုစစ်မှန်းမသိတော့.စနိုးစနှောင့်တော့ဖြစ်သား..
    ဒီပိုစ့် မှာ.ထပ်ရှင်းပြမှ.ပိုနားလည်သွားသလို..အောက်ဆုံးကပုံလေးမှာ..ကိုယ်တွေအတွက်.
    သာမန်လုပ်ဆောင်မှုဆိုတဲ့ အသံက.သူတို့အတွက်.အသက်တမျှအာရုံဆိုတာလေးကိုကြည့်ပြီး..
    တကယ်လေးလေးနက်နက်.ခံစားလိုက်ရပါကြောင်းပါ…

  • Mg Ni Tut

    October 23, 2011 at 2:39 am

    အသံမကောင်းရင် မပီရင် စကားဝဲနေတဲ့ တိုင်းရင်းသားတစ်ယောက်ဆိုရင် လှူချင်ပေမယ့် လှူလို့မရဘူးပေါ့နော်..

  • ကြောင်လတ်

    October 23, 2011 at 9:59 am

    ကာရာအိုကေ ဆိုပြပြီးအသံလှူရင်ကော ရပါသလား၊ သီချင်းဆိုပြရရင်တော့
    စိတ်ဝင်စားတယ်။

  • blackchaw

    October 23, 2011 at 10:16 am

    ကြောင်လတ်ရေ။
    သီချင်းကတော့ ခင်ဗျားတို့ ကျွန်တော်တို့ အကူအညီမလိုဘူးဗျ။
    သူတို့ နားကောင်းကြတယ်လေ။ ပြီးတော့ ခရစ်ယာန် ကျောင်းဆိုတော့
    သီချင်းဆိုတာ ကျွန်တော်တို့ထက် အများကြီးသာကြပါတယ်ဗျာ။
    အလည်းမအကြဘူးလေ။
    မနေ့ကများဆိုနေကြတာ အဆိုတော် အစစ်ကြီးတွေ အလားပါပဲဗျာ။
    သူတို့ မစွမ်းတာ မျက်စိအမြင်ပါပဲဗျာ။

Leave a Reply