ကျွန်တော်ရဲ့ ကိုယ်ပိုင်ဖန်တီးချက်မဟုတ်ေ

ပမယ့် တက္ကသိုလ်ဝင်တန်းတပည့်ကျော်တွေထဲက တစ်ယောက်ရဲ့ ဖန်တီးမှုပေါ့။သူပြောမှ ကိုယ်တိုင်သတိသွားရတယ် အော် တစ်နှစ်ပတ်လုံးသူ အိပ်ငိုက်သွားတာ ကိုယ်တောင်မသိလိုက်ဘူးပေါ့။သူက ဥာဏ်ထိုင်းလို့ စာမလိုက်နိုင်ဘူး ထင်လို့ အခါခါရှင်းပြ၊ထပ်ခါထပ်ခါ တွက်ပြ၊တွက်ခိုင်းပေါ့။ဒါပေမယ့် သူသိပ်မပြောင်းလဲလာပါဘူး။ခုတော့ သူရေးတဲ့စာလေးက ကျွန်တော့်ကိုပြန်သတိပေးသလိုဖြစ်နေပီ။စာသင်မယ့်၊ညွှန်ပြပေးမယ့် လမ်းညွန်သူတစ်ယောက် အနေဖြင့် အိပ်ငိုက်ချင်စိတ်ပျောက်၊စာထဲစိတ်ဝင်စား အောင် ကြိုးစားရင်း ………….

““ကမောက်ကမ ဖြစ်ရပ်များထဲက ကျုပ် သို့မဟုတ် ကျွန်ုပ်ဘ၀ ထဲက ကမောက်ကမ ဖြစ်ရပ်များ””
ကျွန်ုပ်သည်ကား စာအတော်ကြီးများထည်းတွင်လည်းမပါ စာအညံ့ကြီးများ ထည်းတွင်လည်းမပါ သို့ပေမဲ့ တစ်ခါတစ်ရံ ကျွန်ုပ်၏ ဦးနှောင့် သည်ကား စာညံ့သူများထက်ပင် ထုံထိုင်းသွားတတ်သည်။ ဘ၀ ကိုကမောက်ကမ နဲ့ ဘယ်အရာမှတည့်တည့်ကျအောင် ဖြစ်မြောက်အောင်မြင်အောင် လုပ်နိုင်စွမ်း မရှိသူတို့ထည်းတွင်ကား ကျွန်ုပ်သည် နံပတ် တစ် ဖြစ်၏။ ဆယ်တန်းကို ညဏ်နဲ့မအောင် ကံနဲ့အောင်လာသူများထည်းတွင်ကား ကျွန်ုပ် ပါကောင်းပါနိုင်သည်။ ဆယ်တန်း တစ်နှစ်လုံးတွင် ကောင်းကောင်း မွန်မွန် စာကျက်ခဲ့သည့်ရက် ကို လက်ချိုးရေတွက်လိုက ရေတွက်လို့တောင်ရနိုင်သည်။ တစ်နှစ်မှာ ၃၆၅-ရက် ရှိသည့်အနက် ရက်ပေါင်း ၄၀ သာ ကျွုန်ုပ် စာကောင်းကောင်း ကျက် ဖြစ်မည် ကျန် ၃၂၅- ရက်သည်ကား အိပ်ငိုက်ရင်းနှင့်ပင် ကုန်လွန်စေခဲ့သည်။

တစ်ရက်ဗျာ ဘယ်လောက်ထိ ကမောက်ကမ ဖြစ်ရလည်းဆိုရင် အမေ က ဘုန်းကြီးကျောင်းကို ဆွမ်းသွားပို့ခိုင်းတယ် ကျွန်ုပ်သည်ကား အမေစကားကို တသွေမတိမ်း လိုက်နာထောင်သည့် သားလိမ္မာမဟုတ်ပေမဲ့ ဆွမ်းပို့မဲ့ ကိစ္စကိုတော့ အလွယ်တကူလက်ခံလိုက်ပါတယ်
ဒီလိုနဲ့ ဘုန်းကြီးကျောင်းရောက် ဆွမ်းဂျိုင့်ကို တာဝန်ကျ ကိုရင်လက်ထည်းတည့် ဘုန်းဘုန်းကို ရှိခိုးပြီး ပြန်ထလာခဲ့တယ်လေ ကျောင်းအောက်ရောက်တော့ စိတ်ထည်း တစ်ခုလိုနေသလိုခံစားရတာနဲ့ စဉ်းစားလိုက်တော့ ဟော ဆွမ်းဂျိုင့် !
ဟုတ်ပါ့ ဆွမ်းဂျိုင့်မေ့ကျန်ခဲ့တာလေ ကျောင်းက တောင်ပေါ်မှာဆောက်ထားတာ ဆိုတော့ လှေခါး ထစ်တွေက အနည်းဆုံးရှိလှ အထစ် ၈၀ ပေါ့ဗျာ အဲ့ဒီအထစ် ၈၀ ကိုပြန်တက် ရတယ်လေ ကျောင်းပေါ်ရောက်ခါနီး ၅ ထစ်အလို လက်ထည်းပြန်ကြည့်တော့ လားလား သကောက်သား ဆွမ်းဂျိုင့်က ဆွဲမိရက်သားဗျ !
ဖြစ်ပုံ…ဖြစ်ပုံကိုပြောပါတယ် ! ထုံတာအတာကတော့ဗျာ ကျွုန်ုပ်လောက် အတဲ့ကောင်ရှိလိမ့်မည်မထင် !

ဒီလိုနဲ့ ဆယ်တန်းအောင်တော့ ရန်ကုန်ရောက် ကျောင်းတက်ပေါ့ဗျာ တောသားမြို့ရောက် ကထောက်ကမြောက် ဆိုသလိုပေါ့ ဟိုဟာဆိုလဲမလုပ်ရဲ ဒီဟာဆိုလဲ မကိုင်ရဲနဲ့ပေါ့ဗျာ ….
အဲ….ဒီလိုနဲ့ ဆိုင်ကော်လို့ ခြုံပေါ်ရောက်ဆိုသလို ကျွုန်ုပ်အဖြစ်က နည်းနည်းတော့ ထူးသဗျ ကမောက်ကမဘ၀ ကြားထည်းကပင် ကံကြမ္မာ အကြိုးပေး ဘ၀ရဲ့ မျက်လှည့်ပြကွက်လေးတစ်ခုမှာ ကျွုန်ပ် ကိုဆိုင်ကော်တော့တာပဲဗျို့….
အရပ်ဂတိုးရေ………..တော်သေးတယ်ဗျ ကျတဲ့ခြုံက ကြီးပေလို့လေ
ဖြစ်ပုံက ဒီလိုဗျ ဒီလို….
နိုင်ငံခြား ရောက်နေတဲ့ ကျွန်ုပ် အဒေါ်က ကျွန်ုပ်ကို ခေါ်မယ်တဲ့လေ ပူပူနွေးနွေး ဆယ်တန်းလေးအောင်ထားတော့ အပြင်သင်တန်းတက်ပေါ့ဗျာ နိုင်ငံခြားကျောင်းတက်ဖို့ ၀င်ခွင့်သင်တန်း တက်ပေါ့ ၀င်ခွင်စာမေးပွဲဖြေပေါ့ဗျာ…………..
အယ် ၀င်ခွင့်မှာ သင်္ချာနဲ့ English နှစ်ဘာသာဖြေရသဗျ နောက်တစ်ခုကံဆိုးတာက လူတွေ့စစ်ဆေးမယ်ဆိုပဲ သွားကရော ကျွန်ုပ်မှာ ငယ်ငယ်ကတည်းက ရောဂါရှိတယ် အဲ့ဒါကဘာလဲ ဆိုတော့ လူကြောက်တယ်ဗျ ကျွူန်ပ်က တစ်ယောက်ထည်း တစ်ကောင်ကြွက်သမား
အိမ်က မိသားစု သူငယ်ချင်း  မိတ်ဆွေ တွေကိုပဲပြောရဲ ဆိုရဲရှိတာလေ တစ်ချားသူစိမ်းတွေ ဆိုရင် ကျုပ် ကလန့်တတ်တယ်ဗျ
အယ် ဒီလိုနဲ့ သင်္ချာ နဲ့ English ဖြေပြီးလို့ oral test ဖြေရတော့မယ်ပေါ့ဗျာ လက်တွေခြေတွေ အေးနေပြီပေါ့ လက်တွေဆို အအေးခန်းထည်း ကလူသေလက်လားအောင့်မေ့ရသဗျ ကြောက်လို့အေးတာတစ်မျိုး လေအေးပေးစက်တွေ ဖွင့်ထားလို့အေးတာတစ်မျိုးနဲ့ ကျုပ်ဗျာ အခုပြန်တွေးရင်တောင် ရူးရုးပေါက်ချင်တယ် (ကန်တော့)………

ဒီလိုနဲ့ ကျုပ်အလှည့်ရောက်ရောပေါ့ဗျာ Oral စစ် တဲ့အခန်းထည်းလည်း ကျုပ်ဝင်လိုက်ရော သကောက်သားက ပြုံးပြုံးကြီး ထိုင်စောင့်နေသဗျ သူ့ရှေ့ကခုံ ကိုလက်ညွှန်ပြပြီး ထိုင်ပါတဲ့ …….
ကျုပ်လည်းဝတ်ကျေတန်းကျေ ပြန်ပြုံးပြလိုက်တယ်ပေါ့ဗျာ အဲ့ဒီမှာပဲ ဒင်းက ကျုပ်ကို ဘယ်လိုများထင်သွားလည်းမသိဘူး သူမေးချင်တာတွေ အားမနာပါးမနားမေးတော့တာပဲဗျို့……..
ကျုပ်လည်း သိသလောက်တော့ ပြန်ဖြေရတာပေါ့ မသိရင်တော့ I don’t know ကိုစစ်ကူခေါ်ရသဗျ……. သူတို့နိုင်ငံက ဘယ်လောက်ကောင်းတဲ့အကြောင်း ဘယ်လိုပျော်ဖိုကောင်းကြောင်း
ပျော်စရာတွေဘယ်လိုရှိကြောင်း ဘယ်လောက်ထိသာယာကြောင်းတွေပေါ့ဗျာ ပြောလည်းပြောပြီးရော……
နောက်ဆုံး ဒင်းက မေးခွန်းတစ်ခုမေးသဗျ ……
သူတို့နိုင်ငံအကြောင်း ဘယ်လောက်သိလည်း? တဲ့
ကျုပ်ရိုးသားစွာနဲ့ အမှန်တိုင်ဖြေခဲ့ပါတယ်ဗျာ..
ဘာမှမသိဘူး I don’t know လို့လေ
ဒင်းက အဲ့မှာသဘောကျသွားသဗျ ပြုံးဖြီးဖြီးကြီးနဲ့ ဆက်မေးတယ် ဘာမှမသိတဲ့နိုင်ငံကို ဘာလို့ကျောင်းတက်ဖို့သွားချင်တာလည်း တဲ့
ကျုပ်တစ်ခွန်းထည်းပဲပြန်ဖြေခဲ့ပါတယ်

ကျုပ်ရဲ့အဒေါ်ရှိလို့ ! လို့ သကောင်သား သဘောကျပြီး ထရီပါရောဗျာ ………….

ဒါကတော့ ပြည်ပ ကျောင်းတက်ခွင်ဖြေတဲ့ ကျွန်ုပ်ရဲ့ ကမောက်ကမ ဖြစ်ရပ်လေးတစ်ခုပါဗျာ
ဒီလိုနဲ့မေ့မေ့ပြောက်ပြောက်နေရင်းက အောင်စရင်းထွက်တော့ ကျုပ် နာမည်ပါလာတော့တာပဲဗျို့……………
အရပ်ကတိုးရေ ဘာကိုမှရေရေရာရာ မသိ နူတူတူ အတတ ငကြောင်ကောင် ကျုပ် ဆိုတဲ့” နေထူးအိမ်” ကို ဘယ်လိုဆိုင်မျိုးကတာ ကော်ချလိုက်တယ်မသိဘူးဗျ ခြုံပေါ်ရောက်လို့ ညိမ့်နေလေရဲ့……………

လေးစားစွာဖြင့် (နေထူးအိမ်) (15.10.2011)

 

About အတိသဉ္ဖာ နာဂရချစ်သူ/ သန်းထွဋ်ဦး

အတိသဉ္ဖာ နာဂရချစ်သူ/ သန်းထွဋ်ဦး has written 139 post in this Website..

ကြောက်တတ် ရင် နှစ်ခါ သေတယ်။