Soccer Tips 4 All (III)

မောင် ပေOctober 22, 20111min1247

မင်္ဂလာပါ ခင်ဗျာ ။

၂၂.၁၀.၂၀၁၁ စနေ နေ ့ည ဘောလုံးတွေ အကြောင်းပါ ။

အချိန်တွေ နဲ ့ပွဲစဉ်တွေ ကတော့

၆:၁၅ ဝုဗ် – ဆွမ်ဆီး

၈:၃ဝ အက်စတွန်ဗီလာ – ဝက်စဘရွန်း

။      ဘော်တန် – ဆန်းဒါးလန်း

။      နယူးကာဆယ် – ဝီဂန်

၁၁:၀၀  လီဗာပူး – နော့ဝစ်

၁၀:၃ဝ ဖီအိုရင်တီးနား – ကာတားနီးယား

၁:၁၅   ဂျူဗင်တပ် – ဂျီနိုအာ

၁၀:၃ဝ ဂီဂျွန် – ဂရာနာဒါ

။         ရေဆင်း – အက်စ်ပန်ညို

၀၀:၃၀  မာလာဂါ – ရီးရဲမက်ဒရစ်

၂:၃၀     ဘာစီလိုနာ – ဆီဗီလာ

———— xxx ————

အထက်ပါ ပွဲစဉ်များထဲမှ အကြိုက်တွေ ့မိတဲ့ ၃ ပွဲ ကတော့

ဖီအိုရင်တီးနား(၁၀)  –  ကာတားနီးယား(၈)        ( ကွင်းအတွင်းရှိ နံပါတ်မှာ အဆင့်ရပ်တည်မှု ကို ဖော်ပြသည် )

ဖီအိုရင်တီးနား အသင်းဟာ ၆ ပွဲကန်အပြီးမှာ ၂ ပွဲနိုင် ၊ ၂ ပွဲသရေ ၊ ၂ ပွဲရှုံး နဲ ့၈မှတ်ပါ ။

ကာတားနီးယား အသင်း ကတော့ ၆ ပွဲကန်အပြီးမှာ ၂ ပွဲနိုင် ၊ ၃ ပွဲသရေ ၊ ၁ ပွဲ ရှုံးနဲ  ့၉မှတ် ရထားပါတယ် ။

ပြီးခဲ့တဲ့ ရှေ  ့သုံးရာသီ ၊ ဖီအိုရင်တီးနား ကွင်းမှာ တွေ  ့ဆုံခဲ့မှု မှတ်တမ်းများ ကို ကြည့်မယ် ဆိုရင် ဖီအိုရင်တီးနား အသင်းက ၃-ဝ ၊ ၃-၁ ၊ ၂-၁ ဖြင့် အနိုင်ရခဲ့တာကို တွေ  ့ရပါတယ် ။

ပြီးခဲ့တဲ့ ပွဲစဉ် မှာ ဖီအိုရင်တီးနား အသင်းဟာ စီဆီနာ အသင်းရဲ  ့ကွင်း မှာ သရေရလဒ် ရရှိထားပါတယ် ။

ကာတားနီးယားအသင်းကတော့ သူ ့ကွင်း မှာ အင်တာမီလန် လို အသင်းမျိုးကို ၂-၁ နဲ ့အနိုင်ကန်ထားပါတယ် ။

ဒါပေမယ့် အခု ဖီအိုရင်တီးနား ကွင်းမှာတော့ ကာတားနီးယားအနေ နဲ ့သရေရဖို ့တောင် မလွယ်လောက်ပါဘူး ။

ဒီပွဲပြီး ကြားရက်မှာ ဖီအိုရင်တီးနား အသင်းဟာ ဂျူဗင်တပ် အသင်းရဲ  ့အိမ်ကွင်းမှာ သွားကန်ရမှာ ဖြစ်လို ့၊ အခုပွဲကို သေချာပေါက် အနိုင်ကစားမှာပါ ။

မြန်မာနိုင်ငံ ဈေးအနေအထားအရလည်း ၁လုံးသွင်းရင် အပေါင်းပြနေပြီ ဖြစ်လို ့၊ “ ဖီအိုရင်တီးနား” အသင်းကို ပဲ အားပေးပါမယ် ။

———— xxx ————

ရေဆင်း (၁၉)  –  အက်စ်ပန်ညို (၁၀)

ရေဆင်း အသင်းဟာ ရ ပွဲ ကန်အပြီး ၄ ပွဲရှုံး ၊ ၃ ပွဲ သရေ ၊ နိုင်ပွဲ မရှိသေးပါ ။

အက်စ်ပန်ညို အသင်းဟာ ရ ပွဲ ကန်အပြီး ၃ပွဲနိုင် ၊ ၄ ပွဲ ရှုံး ပါ ။

ပြီးခဲ့တဲ့ ပွဲစဉ်မှာ ရေဆင်း အသင်းဟာ ဘာစီလိုနာ ကွင်းမှာ သွားကစားတာ ၃-ဝ နဲ ့ရှုံးထားပါတယ် ။

အက်စ်ပန်ညို အသင်းကတော့ ဗယ်လကာနို ကွင်းမှာ သွားကစားတာ ၁-ဝ နဲ ့အနိုင်ရထားပါတယ် ။

အခု ပွဲ ပြီးရင် ကြားရက်ပွဲစဉ် အဖြစ် ရေဆင်း အသင်း ဟာ ဆီဗီလာ ကွင်း မှာ သွားကန်ရမှာပါ ။ အက်စ်ပန်ညို အသင်းကတော့ ဘက်တစ်အသင်းကို အိမ်ကွင်းမှာ ကစားရမှာပါ ။

ပြီးခဲ့တဲ့ ရာသီ ရေဆင်းကွင်းမှာ တွေ ့ဆုံမှု မှတ်တမ်းများကို ကြည့်ရင် အက်စ်ပန်ညို ဟာ အသာစီးရထားတာ မရှိပါဘူး ။

နိုင်ပွဲ ရလို စိတ် မြင့်တက်မှု ဟာ ရေဆင်းအသင်းက ပိုအားသန်ပါတယ် ။

ဈေးအနေအထား အရလည်း ရေဆင်းအသင်းဟာ သရေ ဆိုရင် ခပ်ပါးပါး ပဲ ရှုံးတဲ့ အနေအထား မို ့ “ ရေဆင်း ” အသင်းကို ပဲ အားပေးပါမယ် ။

———— xxx ————

လီဗာပူး (၅)  –  နော့ဝစ် (၉)

လီဗာပူး အသင်းဟာ ၈ ပွဲ အပြီးမှာ ၄ပွဲနိုင် ၊ ၂ ပွဲသရေ ၊ ၂ ပွဲရှုံး နဲ ့ရမှတ် ၁၄ မှတ်ပါ ။

နော့ဝစ်အသင်းဟာ ၈ ပွဲ ကန်အပြီး ၃ ပွဲနိုင် ၊ ၂ ပွဲသရေ ၊ ၃ ပွဲရှုံး နဲ ့ ရမှတ် ၁၁ မှတ်ပါ ။

ပြိုင်ပွဲအရပ်ရပ် တွေ ့ဆုံမှု အရ လီဗာပူးကွင်း မှာ ၊ နော့ဝစ် အသင်းဟာ ၁ ပွဲ နိုင် ပြီး ၅ ပွဲ ရှုံးထားပါတယ် ။

လီဗာပူး အသင်းမှာ ဂျာရတ်ပြန်ပါလာပြီး ကစားအားရော ၊ စိတ်ဓါတ်ပါ တက်နေတာကို ပြီးခဲ့တဲ့ မန်ယူနဲ ့ကစားတဲ့ ပွဲ မှာ တွေ ့နိုင်ပါတယ် ။

နော့ဝစ်အသင်းက လဲ နောက်ဆုံး၃ ပွဲဆက် ရှုံးပွဲ မရှိခဲ့ပါဘူး ။

ဒါပေမယ့် တန်းတက် နော့ဝစ်အသင်းအနေနဲ ့အခု ပွဲ မှာတော့ လူအင်အား ၊ စိတ်ဓါတ် ဘယ်လို မှ ယှဉ်နိုင်စရာအ ကြောင်း မရှိပါဘူး ။

ဈေးအနေအထားအရ လီဗာပူး အသင်းဟာ ၂ ဂိုးသွင်းဖို ့လိုအပ်နေပေမယ့် ဂျာရတ် တို ့လူသိုက်ကို ယုံကြည်ပြီး လီဗာပူး အသင်းကို အားပေးပါမယ် ။

xxxxxxxxxxxxxxxxxxxxxxxxxx

ညနေခင်းမှာ ထပ်မံတွေ ့ရှိသမျှ ကို ကွန်မင့် အနေ နဲ ့ရေးတင်ပါဦးမယ် ။

———– ဘောလုံးပွဲ ချစ်သူတိုင်း ကံကောင်းအောင်မြင်ကြပါစေ ———–

 

7 comments

  • blackchaw

    October 22, 2011 at 1:43 pm

    ကိုပေ့လုပ်မှ ဘောလုံးကွင်းထဲ ပြန်ဆင်းချင်စိတ်ပေါက်လာပြီဗျာ။

    • windtalker

      October 22, 2011 at 2:04 pm

      ဆင်းမယ် လို ့ဆန္ဒရှိခဲ့ရင်
      ကျွန်တော့် ရဲ ့စာတွေကို ဖိနပ်လုပ်ကန်ဗျို ့
      ဟားဟား

  • “ဘီလူးကြီး”ogre

    October 22, 2011 at 2:20 pm

    ကိုပေ ရာ ကျုပ်က ငယ်ငယ်ထဲက လောလုံးမကန်တတ်
    ခြင်းမခတ်တတ် အားကစားဆို ဘာမှန်မသိတဲ့ကောင်ဗျ
    အခုညည လူတွေအိပ်ရေးပျက်ခံကြည့်ေ နကြတဲ့ ဘောလုံပွဲဆို
    ပိုဆိုးသေးတယ် ဝါသနာမပါဘူးပြောရမယ်
    အဲဒီက လူတွေပြောပြောနေတဲ့ “မောင်းကျိုးတယ်” “မောင်းအောင်တယ်”
    “အပေါ်က ထိုင်တယ်” အဲဒါတွေကိုခုထိနားမလည်ဘူးဗျို့ စာရွက်အပိုင်းလေနဲ့ ဘာမှန်းကိုမသိတာ
    တစ်ဆယ်ရှုံး/ငါးမူးရှုံး ဆိုတာကလဲရှိသေးတယ်ဗျိူ့။။။

  • ပေါက်ဖော်

    October 22, 2011 at 3:41 pm

    မစ်စတာပေရေ့..
    အားကစားဂျာထုတ်ရင် မောင်ပေ့ကို စာမူခေါ်ဦးမယ်နော့
    ဆက်ကြိုးစားထား

  • Mg Ni Tut

    October 23, 2011 at 2:35 am

    လစ်ဗာပူး သရေကျတယ် အသုံးမကျဘူး။

  • comegyi

    October 23, 2011 at 1:01 pm

    လီဗာပူး ပြုတ်သွားတယ် ရဲဘော်ရေ့ ဒီည မန်ယူ၊ မန်စီးတီးကိုလက်ရှောင်လောင်ချက်တယ်ဗျာ.

  • windtalker

    October 24, 2011 at 7:04 pm

    ၃ ပွဲလုံး မှားခဲ့တယ် ဗျာ ။
    သို ့ပေသည့် တနင်္ဂနွေ ပွဲစဉ်များ က ဖြေဆေး ပြန်ဖြစ်ခဲ့မယ် လို ့ မျှော်လင့်မိပါတယ် ။

Leave a Reply