ဓါတ်တော်ဂျိုင့် ရေတံခွန်

we R oneOctober 22, 20112min24128

ရွာထဲမှာ ဓါတ်ပုံဆရာတွေလည်း တော်တော်များသားနော်.. ။ အဲလို တော်တဲ့ ဓါတ်ပုံဆြာတွေနဲ တစ်ရွာထဲ မှာ တူတူ တွေ့ရတာ တကယ်ဝမ်းသာပါတယ်.. ။ အခုလည်း ကိုစိန်သော့ ရဲ့  ပြင်ဦးလွင်က ပွဲကောက် ရေတံခွန် နဲ့ ကန်တော်ကြီးဥယျာဉ် အလှ  ပို့စ် ကို အားကျပြီး. ၅ လပိုင်း ပန်းမြို့တော် ကိုရောက်တုန်း က ရိုက်ထားတဲ့ ဓါတ်ပုံ တစ်ချို့ ကို တင်ပြ ပေးလိုက်ပါတယ်။  သည်းခံ ပြီတော့ အားပေးကြပါအုံးလို့နော်…

ဓါတ်တော်ဂျိုင် သွား လမ်းတစ်နေရာ
ဓါတ်တော်ဂျိုင် သွား လမ်းတစ်နေရာမှ
ဓါတ်တော်ဂျိုင် သွား လမ်းတစ်နေရာမှ
ကျွန်မ ၏ လမ်းပြ ကလေး..
ကျွန်မ ၏ လမ်းပြ ကလေး..
ရောက်ပါပြီး.. ဒါက ဓါတ်တော်ဂျိုင် ရေတံခွန်ပါ.. အမြင့်ပေ ၁၅ဝ ဆိုလား ၂၅ဝ ဆိုလား သေချာ မမှတ်မိတော့ပါ..။
ရောက်ပါပြီး.. ဒါက ဓါတ်တော်ဂျိုင် ရေတံခွန်ပါ..
အမြင့်ပေ ၁၅ဝ ဆိုလား ၂၅ဝ ဆိုလား သေချာ မမှတ်မိတော့ပါ..။
ဘေးနာ က ရေတံခွန် သေးသေးလေး..
ဘေးနာ က ရေတံခွန် သေးသေးလေး..
ရေတံခွန် ရဲ့ အောက်ခြေ
ရေတံခွန် ရဲ့ အောက်ခြေ

 

မန္တလေး ဘက်ကို ဆင်းတဲ့ လမ်း အတို်င်း သွားရပါတယ်.. ။  ဓါတ်တော်ဂျိုင့် ရေတံခွန် သို့ ဆို ပြီး ဆိုင်းဘုတ် ရှိပါတယ်။
 အဲဒီ ကနေ နည်းနည်း လေး ဝင် ရင် ရေတံခွန် သို့ ဆင်းတဲ့ ဂိတ်လေး ရှိပါတယ်။ ဆိုင်လေးတွေပေါ့..
ကားတွေ ဆိုင်ကယ်တွေ က တော့ အဲဒီမှာ ထားခဲ့ရတယ်။ အဲဒီနေရာ ကနေ လှမ်းကြည့် ရင်
ထူးကုမ္ပဏီက ဆောက်ထားတဲ့ ဓါတ်တော်ဂျိုင့် Resort ကို လှမ်းမြင်ရပါတယ်။
ရေတံခွန် ကိုဆင်ပြီးဆိုတာနဲ လမ်းစစ ဆင်းချင်းမှာလမ်းပြ ပုံစံမျိုး မုန့်တို့ အအေးဗူးတွေ ရောင်းတဲ့ ကလေး တွေက
လူအရေအတွက် ၂ ယောက်ကို ကလေး တစ်ယောက်နူန်း လိုက်ပြီးလမ်းပြပေးပါတယ်။
ကျွန်မ တို့ က ၅ယောက်ဆိုတော့ ကလေး က ၃ ယောက်ပါ။ အဲဒီ လမ်းပြ ကလေး တွေက ရေတံခွန် ကိုရောက်တာနဲ
သူတို့ရဲ့ အအေး ၊ မုန့်တွေ ကို ဝယ်ခိုင်းပါတယ်။ ရေတံခွန် နားမှာလည်း အကြော် တို့ အအေးတို့ရောင်းတဲ့ ဆိုင်ရှိပါတယ်။
ရေတံခွန် ကိုရောက်တာနဲ လမ်းတစ်လျှောက်ဆင်းလာ လို့ မောလာတဲ့ အမော တွေ  ပြေသွားပါတယ်.. ။
 ရေတံခွန် ကနေ လွင့်လာတဲ့ ရေမှုန် ရေမွှားလေး တွေက အေးစိန့်နေတာပဲ.. မျက်နှာကို လာရိုက်ခတ် တာ တော်တော် မိုက်တယ်။ ပျော်စရာကြီး။
  ရေတံခွန်က လည်းတော်တော် မိုက်တယ်.။ ပေ ၁၅ဝ လား ၂၅ဝ လား မြင့်တယ်တဲ့ သေချာ မမှတ်မိတော့ပါ။
 ရေမကူးရန် သတိပေး ဆိုင်းဘုတ်လေး တွေလည်း တွေ့ရတယ်။
ဒွေနဲ ကျော်ရဲအောင်တို့ Senoda ကော်ဖီမစ် ကြော်ငြာတဲ့ ကြိုးတံတားလေးလို့ ထင်ရတဲ့ ကြိုးတံတားလေး လည်းအဲဒီမှာ ရှိပါတယ်။.
လူူသွားလို့တော့မရတော့ပါဘူး။ ဆွေးနေလို့ပါ။
ရေတံခွန် အောက် ခြေမှာ တော်တော် ပျော်ရွင်စရာကောင်းသလောက် ၊ ပြန် အတက်မှာတော့..
ကျွန်မ နဲအတူပါတဲ့ သူငယ်ချင်း ကောင်းလေး ကပြောတယ် သူ့ချစ်သူ ကို
" ချစ်.. မောင့်ကိုချစ်ရင် နောက်တစ်ခါ ဓါတ်တော်ဂျိုင့် ကို လိုက်မပို့ခိုင်းပါနဲ" တဲ့...  :D:D:D
ကျေးဇူးတင်ပါတယ်...
we R one

28 comments

  • ပေါက်ဖော်

    October 22, 2011 at 6:03 pm

    လှလိုက်တာ
    တောင်တန်းတွေကော ရေတံခွန်ကော..
    အပေါ်ကနေ ခုန်ချချင်တဲ့ စိတ်မပေါက်ဘူးလား ဟင် 😯

    • we R one

      October 22, 2011 at 9:22 pm

      မလုပ်ပါနဲ အောက်က မောကြည့်ရင် တောင် အသည်းတယားယား ဖြစ်နေတာ အပေါ်က နေခုန်ချမယ် ဆိုရင် တော့ အဖန် 500 ငါး ကမာ္ဘ မကြောက်လို့ပဲ..:D

  • နီးရက်နဲ့ဝေး မဆုံနိုင်လို့ဝေး ဆိုတာကတော့ ကျနော်နဲ့ ဓါတ်တော်ချိုင့်ရေတံခွန်ပါဘဲ.
    ခုထိ ရောက်ခွင့် မကြုံသေးဘူးဗျာ။

  • kocho

    October 22, 2011 at 6:06 pm

    လှတယ်ဗျိုး

  • MaMa

    October 22, 2011 at 6:38 pm

    အားပါးပါးးးးး (ခရုမှာလည်း အဆံနဲ့) we R one မှာလည်း အတောင်ပံနဲ့ပါလား။ ဓာတ်ပုံတွေက ရှယ်ပဲ။ သဂျီးကို ရွာထဲမှာ photo gallery တစ်ခု ဖွင့်ဖို့ အကြံပေးရမယ်။

    • we R one

      October 22, 2011 at 9:23 pm

      ကျေးဇူးတင်ပါတယ် မမရယ်..။ အဲဒီ အကြံမဆိုးဘူး..:)

  • padonmar

    October 22, 2011 at 7:04 pm

    ရွာထဲက ဓာတ်ပုံဆရာတွေ အားလုံးတော်ကြပါပေတယ်။
    ကြည့်ရတာ အမောပြေသွားတယ်၊
    သွားရမှာတော့ ပြောတာနဲ့တင် ကြောက်သွားပြီ။

  • “ဘီလူးကြီး”ogre

    October 22, 2011 at 7:05 pm

    ရေတွေက ဘယ်ထဲရောက်သွားတာလဲဗျ
    ရေစီးသွားတဲ့ ချောင်းလိုဖြစ်နေတာမရှိဘူးလားဗျ
    ရောက်ဖူးချင်ပါတယ်
    ထီပေါက်ရင်ဖြစ်ဖြစ် ကောက်ရရင်ဖြစ်ဖြစ်
    ရောက်အောင်ကိုသွားဖြစ်မှာပါ..။။
    ပုံတွေကြည့်ခွင့်ရတဲ့အတွက်ကျေးဇူးဗျာ..။

    • we R one

      October 22, 2011 at 9:26 pm

      စီးသွားတဲ့ ချောင်းလေးတော့ ရှိတယ်.. ဓါတ်ပုံထဲမှာ သေချာ မပါတာပါ။ Connection ကောင်းရင်တော့ Video File တင်ပေးပါ့မယ်။

  • koyinmaung

    October 22, 2011 at 7:07 pm

    မရောက် ရောက်အောင် ဖိတ်ခေါ်နေပါပေါ့လား
    ရောက်အောင်လာခဲ့မယ်ဗျို့…….

    • we R one

      October 22, 2011 at 9:29 pm

      ရောက်အောင်သာသွားလိုက် ကိုရင်မောင်.. ရေလည်လန်းတယ်…

  • blackchaw

    October 22, 2011 at 7:13 pm

    we R one ရေ။
    မရောက်ဖူးသေးတဲ့ နေရာလေးကို ရိုက်ပြထားတာရော
    ပုံလေးတွေကလှတာရော
    ” ချစ်.. မောင့်ကိုချစ်ရင် နောက်တစ်ခါ ဓါတ်တော်ဂျိုင့် ကို လိုက်မပို့ခိုင်းပါနဲ” တဲ့…
    ဆိုပြီး သတိကြိုပေးတာရော ကျေးဇူးပါဗျာ။

  • windtalker

    October 22, 2011 at 7:15 pm

    အောင်မငီး
    ဆရာလေး ကံကောင်းလို ့
    ဟိုဟာတွေ မမြင်ခဲ့ရတယ်
    ချစ်ရည်လူးနေတဲ့ အတွဲတွေ ပေါ့
    အဲဒီမှာ ခဏခဏ တွေ ့ရတယ် ဆိုကလား
    ကံကောင်းတဲ့ ဆရာလေး ပဲ

    • we R one

      October 22, 2011 at 9:31 pm

      နောက်တစ်ခေါက်တောင် မရောက်ရောက်အောင် သွားရမလို ဖြစ်နေပြီ windtalker ရေ.. အဲဒီ အတွဲ တွေကို ချောင်းရိုက်ဖို့.. 😀

  • inz@ghi

    October 22, 2011 at 7:31 pm

    မိုက်တယ်ဆြာ ….
    လိုကေးရှင်းရော …အယူအဆ နဲ့ ခရော့်ပ်ပင်း ပါ မိုက်တယ်…
    ဒါနဲ့ ND filter မသုံးဘူးလားဆြာ
    အဲ့ဒါသုံးပြီး ..shutter speed နည်းနည်းလျော့ရိုက်ရင် silky mood ရမလားလို့ဗျာ ..
    ကြုံလို့ ဝင်လျှာရှည်ကြည့်တာပါ …ဟီး…

    ဗမာပြည်က အလှအပတွေကို ရှာဖွေ ရိုက်ပေးနိုင်တဲ့ ဆြာတို့ ကိုပေါက်တို့ ကို ဂုဏ်ယူပါတယ်ဗျား ….

    ခင်တဲ့ Guy Inz@ghi

    • we R one

      October 22, 2011 at 9:37 pm

      အားပေးတာ ရော အကြံပေးတာ တွေအတွက် ကျေးဇူးတင်တယ် ဆြာinz@ghi..
      အမှန် အတိုင်းပြောရရင် ကျွန်မ က ကင်မရာ အကြောင်း ၊ ဓါတ်ပုံအကြောင်းဘာမှ မသိတဲ့သူတစ်ယောက်ပါ။ ဝါသနာ ပါလို့သာလျှောက်ရိုက်နေတာ.. 😀

  • weiwei

    October 22, 2011 at 8:06 pm

    ၂၀၀၄ တုန်းက တစ်ခါရောက်ဖူးတယ် … အရမ်းလှတယ် … အရမ်းလဲအေးတယ် … အရမ်းလဲ ပင်ပန်းတယ် … နောက်တစ်ခေါက်ထပ်သွားရမှာတော့ ကြောက်တယ် …

  • J.me

    October 22, 2011 at 8:10 pm

    ပညာရှင် အဆင့်တွေ ကြားထဲမှာ ခုမှ ကင်မရာ လေးဝယ်ထားမိတဲ့
    အနော့်မှာ….
    ပါးစပ် အဟောင်းသားနဲ့ ငေးမော အားကျနေရုံလေးပါ…။
    ဆြာများ၏ ဓါတ်ပုံများကို အမြဲ လေ့လာပါတော့မည်…။

  • mandalarthu

    October 22, 2011 at 10:38 pm

    we R oneေ၇
    ဟိုတနေ ့က သူငယ်ချင်းတယောက် ဓါတ်တော်ဂျိုင့် ရေတံခွန်ကိုသွားခဲ့တာ သူ ့ဆီကဓာတ်ပုံလေးတွေ
    ကူးယူထားမိသေးတယ်။ အခုပုံတွေလောက်တော ့မကြည်ဘူးပေါ ့။
    အခု တော ့ပုံတွေက ထင်ထင်ရှားရှားနဲ့မို ့တဝကြီး ကြည် ့ရတာကျေနပ်စရာဘဲ။
    တောင်ဆင်းလမ်းလေးကို သဘောကျမိတယ်။ သွားချင်စရာလေးနော်။
    အကြိ ုက်ဆုံးကတော ့ပုံ(၄)ရေတံခွန်ပုံဘဲ။
    သွားရတာ သိပ်ပင်ပန်းတယ်လို ့ လူတိုင်းဆီက ကြားရပေမယ် ့တခေါက်လောက်တော ့ရောက်ဖူးချင်မိသေး။
    မြင်ချင်နေတဲ့ ဓာတ်ပုံလေးတွေ မျှဝေပေးလို ့ အထူးကျေးဇူးပါနော်။
    နောက်ထပ် ပုံများများ ကြည် ့ရရင် ကောင်းမှာဘဲနော်။

    • we R one

      October 24, 2011 at 12:14 pm

      ရောက်အောင် သွားလိုက်ပါ မန္ဘလာသူ ရေ… ကျိုက်ထီးရိုး ရေတံခွန် ကို တက်ရ ၊ ဆင်းရ တာလောက် မဆိုးပါဘူး..

  • ကြောင်လတ်

    October 23, 2011 at 10:13 am

    “ကျွန်မ နဲ့အတူပါတဲ့ သူငယ်ချင်း ကောင်းလေး ကပြောတယ် သူ့ချစ်သူ ကို”
    သူ့ချစ်သူက we R one ပဲမဟုတ်လား? မညာနဲ့နော်… ငှီးငှီးငှီး

    • we R one

      October 23, 2011 at 9:22 pm

      အထင်ကြီးရန် ကော ကြောင်လတ်ရယ်… 😀

  • ဆူး

    October 23, 2011 at 12:55 pm

    ပြင်ဦးလွင်တော့ ခဏခဏ ရောက်တယ် တခါမှ ဓါတ်တော်ချိုင့်ကို မရောက်ဖူးသေးဘူး သွားဖို့ စိတ်ကူးရှိပေမဲ့ တခါမှ မရောက်ဖူးသေးဘူး။ သွားဖြစ်အောင် သွားမဲ့ နေရာထဲမှာ ပါတယ်။

  • alinsett

    October 23, 2011 at 4:46 pm

    စ်မ်းမြ လင်းစိုတဲ ့ ပုံလေးတွေကြောင့်….
    ကိုယ်
    စိတ်တွေ..ကြည်လင် အေးမြ သွားပါတယ် ။
    ကြိုယ် သိပ်ကျေးဇူးတင်ပါတယ် ။သူငယ်ချင်းလေးရေ..

    နောက်လည်း ဒီလို ပုံလေးတွေ ထပ်တင်ပါဦးနော်။

  • alinsett

    October 23, 2011 at 4:46 pm

    စ်ိမ်းမြ လင်းစိုတဲ ့ ပုံလေးတွေကြောင့်….
    ကိုယ်
    စိတ်တွေ..ကြည်လင် အေးမြ သွားပါတယ် ။
    ကြိုယ် သိပ်ကျေးဇူးတင်ပါတယ် ။သူငယ်ချင်းလေးရေ..

    နောက်လည်း ဒီလို ပုံလေးတွေ ထပ်တင်ပါဦးနော်။

  • nozomi

    October 24, 2011 at 1:02 pm

    ရွာထဲက ဓါတ်ပုံ ပညာရှင်တွေကတော့ –

    အရည်အချင်း..
    ခေသူမဟုတ် ဆိုတာတွေ ချည်းဘဲ ဗျို့

    မေမြို့ ရောက်ဘူးပေမဲ့ ဓါတ်တော်ချိုင့်တော့ မရောက်ဘူးသေးဘူး
    ပုံလေးတွေကို သဘောလဲကျမိ ကျေးဇူးလဲ တင်တယ်နော

    inz@ghi ကိုလဲ ထပ်မေတ္တာရပ်ခံ ရဦးမယ် မနက်ကတော့ ကိုစိန်သော့ကြီးကို မေတ္တာရပ်ခံ ပြီးသွားပြီ
    ကျွန်တော်တို့လို အပျော်တမ်းလေးတွေအတွက် အခြေခံကနေစပြီး ဓါတ်ပုံပညာပို့စ်လေးတွေ ရှင်းပြပေးပါလာ

  • Rose Minn

    October 24, 2011 at 1:20 pm

    ဓါတ်ပုံတွေ တင်ပေးတာ ကျေးဇူးပါ။ လွန်ခဲ့တဲ့ 5 နှစ်က အမှတ်တရ တွေကိုသွားပြီးသတိရစေတယ်။ rose တို့သွားခဲ့တုန်းက တစ်ချို့နေရာတွေ တွယ်တက်ခဲ့ရတယ်။ လမ်း အရမ်းမကောင်းသေးဘူး။ ရေတံခွန်နားကို သွားရင် အဲကွန်းဖွင့်ထားသလိုပဲ ရေမှုန်လေးတွေဖြန်းတာလေ။ ရေတံခွန်အောက်က ကျောက်တုံးမှာ ထိုင်ပြီး ရေသူမပုံ လုပ်ခဲ့သေးတယ်။သူငယ်ချင်းတွေ ကတော့ နယ်ခံဆိုတော့ ရေထဲဆင်းကူးတယ်။ ပြန်အတက် မှာတော့ ပင်ပန်းလိုက်တာ။ရေ 5ဗူးလောက်ကုန်သွားတယ်။ အောက်မှာ စိုခဲ့တဲ့ရေ တောင် အပေါ်ရောက်တော့ ခြောက်သွားတယ်ဗျို့။ ပထမ အဆင့်ကိုသွားချင်ရင်တော့ လေထီးခုန်နဲနဲ ကျွမ်းကျင်မှရမယ်။ ချောက်ကမ်းပါး ဘက်ကပ်သွားရတာမို့။ ကျရင်တော့ free fall ပဲ မိန်းကလေးတွေ ကြီးပဲ သွားတာ ယောင်္ကျားလေးက တော့ တစ်ယောက်ထဲရယ်။ မိန်းကလေး သူငယ်ချင်းတွေကို စိတ်မချလို့ လိုက်လာတာ။ နယ်ခံဆိုတော့ ပထမဆင့်သွားဖို့ သူကတားခဲ့သေးတာ။ ရောက်ပြီးမှတော့ သွားမယ်သွားမယ်နဲ့ ဖြစ်တာလေ။ ရေတံခွန် အပေါ်ရောက်မှ တော်တော်နောင်တ ရနေတာ။ ဘယ်လိုဆင်းရမှန်းမသိလို့။ ဆင်းတာကတော့ တာဇံ နွယ်ပင်ခိုသလိုဆင်းခဲ့တယ်။ ဒါပေမယ့် တားတဲ့သူကို မပြောခဲ့ပါဘူး နောင်တရကြောင်း။ သူတောင် အရှုံးပေးသွားရတယ်။ ကဲတာကဲတာ။ ဟီးဟီး။

  • စုံ စုံ

    October 24, 2011 at 4:46 pm

    ပုံတွေအရမ်းလှတယ်နော် အောက်ဆုံးကပုံလေးကိုတော်တော်သဘောကျတယ်
    ဓါတ်တော်ဂျိုင့်တော့မရောက်ဖူးဘူး ကျိုက်ထီးရိုးရေတံခွန်ဘဲရောက်ဖူးတယ်
    ကျိုက်ထီးရိုးရေတံခွန်လဲ တသက်မှာတခါဘဲမှတ်သွားတယ်
    အသွားတော့ပျော်ဖို့ကောင်းပါရဲ့ အပြန်မှာတော့တောင်ခြေမှာဘဲဘဝတခုတည်ဆောက်လိုက်ချင်
    စိတ်ဖြစ်မိလို့ အခုလဲဓါတ်တော်ဂျိုင့်ကိုသွားချင်ပါရဲ့ ပြန်မတက်နိုင်ရင်ခက်ရချည်ရဲ့

Leave a Reply