သိပ်ချစ်တာပဲ

chitkayMay 20, 20101min1125

ရွာတစ်ရွာမှာ ကွမ်းတောင်ကိုင်ကောင်မလေး ဝါဝါဆိုတာရှိတယ်။ဝါဝါက ချောလည်းချော၊ ဥစာလည်းပေါတော့ ရွာက ကာလသားတိုင်းက သူ့ကို စိတ်ဝင်စားကြတာပေါ့။ ဝါဝါ့ရြဲ့ အချစ်သာရမယ်ဆိုရင် မီးပင်လယ် ကိုပဲ လက်ပစ်ကုးရမလား။ ဓါးတောင်ကိုပဲ ကျော်ရမလား အဲဒီလို ကောင်တွေက အများသား။ အဲဒီထဲကမှ ဝါဝါကစိုးမိုးရဲ့ အချစ်ကို လက်ခံထားတာ။ ဒါကြောင့် ဒီကောင်စိုးမိုး မြောက်ကြွမြောက်ကြွဖြစ်နေတာပေါ့။

စိုးမိုးကလည်း ဝါဝါမကို အရမ်းချစ်တာပါပဲ။ တာနောယက်ခဘီလူးလို ငုံထားမတတ်ချူစ်တာ။ ဝါဝါမ သေးပေါက်ချရင်တောင် မြိုချဦးမှာတဲ့။ အဲဒီလောက်ကို ချစ်တာ။

တစ်နေ့ သူတို့ရွာကို မြို့ကဧည့်သည်တစ်ယောက် ရောက်လာတယ်။ သူ့နာမည်က ဆက်ပိုင် တဲ့။ ဆက်ပိုင်က ဝါဝါမကို တွေ့ရော မြင်မြင်ချင်းချစ်မိသွားတာပေါ့။ ဒါကြောင့် သူက ဝါဝါမ အချစ်ကို ရဖို့ ကြိုးစားတော့ တာပေါ့။

********************************************************

-ဝါဝါ…နင်…ဆက်ပိုင်ကို မချစ်ရဘူးနော်-

-အိုး…. ကိုရင်စိုးမိုးကလည်း ကျုပ်ရင်ထဲမှာ တော်တစ်ယောက်တည်းရှိတာပါအေ…-

ပြောမယ့်သာပြောတာ ဝါဝါမကလည်း မြို့ကြီးသား ဆက်ပိုင်ကို ကြိတ်ခိုက်နေတာ ရွာကအပျို တွေ အားလုံးသိသည်။ ကာလသားတွေတော့ မသိဘူးပေါ့။

တကယ့် တကယ်တမ်းယှဉ်ပြီး ရွေးချယ်ကြစတမ်းဆိုရင် မြို့ကြီးသားဆက်ပိုင်ကိုပဲ ရွေးမှာပေါ့။ ဒီမှာဆို ကောက်စိုက်၊ ရေခပ်ဆင်း ဒါနဲ့ပဲ တနေကုန်နေတာ… မြီု့မှာဆို အင်တာနက်ဆိုင်ထိုင် တွေ့ရာလူနဲ့ကြူ… Connection ပြတ်စိတ်ညစ်.. ကာရာအိုကေသွား နိုက်ကလပ်တက်…အိုး..ပျော်စရာတွေပဲဟာ…

ဒီလိုနဲ့ မြို့ကြီးသား ဆက်ပိုင်ရဲ့ အချစ်ကို လက်ခံလိုက်တယ်ဆိုရင်ပဲ ကိုရင်စိုးမိုးတစ်ယောက် ရည်းစားလူလု ဥနုကျွဲခတ်…အဲလေ.. အူနုကျွဲခတ်ခံရတော့တာပဲ…။

******************************************************

-ဝါဝါ..ဝါဝါ..နင်ငါ့ကို ရက်စက်တယ်-

အဲဒီလိုအော်လိုက် ထန်းရည်တွေသောက်လိုက်နဲ့ အသည်းကို ကုစားနေတုန်း တစ်ရွာတည်း သား ချမ်းချမ်းဆိုတဲ့ ပေါကြောင်ကြောင်အကောင်မြှောက်ထိုးပင့်ကော်လုပ်လို့ သူဆုံးဖြတ်ချက်တစ်ခုကို ချလိုက် တယ်။

-ဟုတ်တယ်၊ ငါ….ဝါဝါအချစ်ကို မရမှတော့ သူ့ကို…….-

**********************************************************

သွေးစက်တို့ ကိုရင်စိုးမိုးမျက်နှာကို ဖြန်းခနဲ စင်သွားတော့မှ သူအသိတို့ ပြန်ဝင်လာသည်။ ဒါပေမယ့် ဝါဝါမကတော့ သွေးအိုင်ထဲမှာ လဲလို့။

သွားပြီ။ ငါဝါဝါ့ကို သတ်မိပြီ။ ဝါဝါ…နင့်ကိုငါ…အဲဒီလောက်မရည်ရွယ်ပါဘူး။ ဟိုကောင် မြိုင် မဟာ ချမ်းချမ်းမြှောက်ပေးလို့သာပေါ့။ ငါဘာလုပ်ရမှာလဲ…. ငါ့ကို ရဲတွေ ဖမ်းကြတော့မယ်။ ငါပြေးမှပဲ။

စိုးမိုးတယောက် ဓါးကိုချကာ ထွက်ပြေးလေတော့သည်။ ပြေးရင်းကလည်း မောလာ ရေအိုင်နားကလည်းရောက် မျက်နှာသစ်၊ ရေသောက်ဖို့ ခေါင်းငုံ့လိုက်တော့ ရေအိုင်ထဲမှာ ဝါဝါမ မျက်နှာပေါ်လာ တော့ ရေတောင်မသောက်တော့ပဲ ထွက်ပြေးပါလေရော….

လမ်းမှာရေအိုင်တွေတွေ့ရင်တောင် ရေတောင်မသောက်ရဲတော့ဘူး။ ရေအိုင်တွေ့လိုက် ထပ်ပြေးလိုက်နဲ့ပဲ ကိုရင်စိုးမိုးတစ်ယောက် တော်တော်လေးမောလာတယ်။ နောက်ဆုံးတော့ သူရေကလည်း အရမ်းဆာ မောကလည်း အတော်ကို မောနေပြီဆိုတော့ ဘာပဲဖြစ်ဖြစ်ရေဆင်းသောက်မယ်လို့ ဆုံးဖြတ်လိုက်တယ်။                               ပြေးရင်းနဲ့ပဲ ရေအိုးစင်တစ်ခုကို တွေ့တော့ မျက်လုံးကို စုံမှိတ် ရေခပ်သောက်လိုက်တယ်။ အဆင်ပြေသွားတော့ နောက်တစ်ခွက်ထပ်သောက်တယ်။ ဟူး…..အခုမှပဲ အမောပြေသွားတော့တယ်။

အမောပြေသွားတော့ သူဘယ်ကို ဆက်ပြေးရမလဲ စဉ်းစားတာပေါ့။ ဒီပုံအတိုင်း ဆက်ပြေးနေလို့ကလည်း လွတ်မှာမဟုတ်ဘူး။ ပြီးတော့ သူ့အကျိ်င်္မှာလည်း ဝါဝါမရဲ့ သွေးတွေက ပေနေတယ်။ အဲဒါကို ဆေးဖို့ ရေအိုးထဲက ရေကို ခပ်လိုက်တော့ ရေက သူသောက်ထားလို့ ကုန်နေပြီ။ ဟား…ဒီသွေးတွေကို ဘယ်လိုရှင်းရမလဲ….. သူခေါင်းစားသွားတယ်။

ဘေးဘိဝဲယာကို ကြည့်တော့ အနီးမှာ တဲအိမ်တစ်လုံးကို တွေ့တယ်။ အဲဒီတဲအိမ်က ရေနဲ့ ပဲ ရှင်းရမယ်ဆိုတာကိုတော့ သူသဘောပေါက်တယ်။ ဒါကြောင့် တဲအိမ်ကို တိတ်တိ်တ်ကလေး ချည်းကပ်သွားတာ ပေါ့။ ကံကောင်းစွာနဲ့ပဲ ရာဝင်အိုးတစ်လုံးကို တွေ့တယ်။

ဟား…ဟား…ဟား… အင်္ကျီပေါ်က သွေးတွေကို ရှင်းလို့ရတော့မယ်။ အင်္ကျီကို ချွတ်လိုက်ပြီး လျှော်ဖို့ မြေမှာပုံလိုက်တယ်။ ပြီးတော့ ရေအိုးအဖုံးကို ဖွင့်လိုက်ပြီး ရေခပ်ဖို့ ငုံ့လိုက်တော့ ဝါဝါမ မျက် နှာကြီးပေါ်လာတယ်။ သူမျက်လုံးကို အတင်းစွတ်မှိတ်လိုက်တယ်။ သူရေကို ဆက်မခပ်ရဲတော့ဘူး။ ဒါပေမယ့် ရေမ ခပ်လို့ကလည်း မရဘူး။ သွေးတွေကို ဆေးမှဖြစ်မှာ။

သူ..ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။ ရအောင်ကို ခပ်မယ်ပေါ့။ ဒါနဲ့ပဲ ရေကို ငုံ့ခပ်ဖို့လုပ် တော့ ဝါဝါမ မျက်နှာကြီးပေါ်လာတယ်။ သူလည်း..ရဲတင်းစွာ ပြန်ကြည့်လိုက်တယ်။ ဝါဝါမက သူ့ကို တစ်ခုခုပြောဖို့ ပါးစပ်ကို ပြင်လိုက်တာကို တွေ့လိုက်ရတယ်။

-ဝါဝါမရယ်…နင်နဲ့ငါက တချိန်က ချစ်သူတွေပါဟာ…ငါ့ကို အဲဒီလို မခြောက်ပါနဲ့နော်…. ငါကြောက်လို့ပါ။-

ပြောရင်း သူရေခပ်ဖို့ပြင်လိုက်တယ်။ အဲဒီမှာ ဝါဝါမက ဘာပြန်ပြောတယ်ထင်လဲ….

*အဲဒါတွေက fuji နဲ့ လျှော်မျ ပြောင်မှာတဲ့*

www.mysuboo.com မှာ တင်ထားဖူးတဲ့ စာကလေးပါ။

5 comments

  • naychanyan

    May 20, 2010 at 4:45 am

    ဘာလဲ ဝါဝါ မကို Fuji က စပွန်ဆာ ပေးထားလို့လား…. ဝါဝါ မ ကလဲ နော် သေချာနီးတောင် ကြေညာသွားသေးတယ်

  • banban

    May 20, 2010 at 6:31 am

    အဲ့ဒါပေါ့..ဖတ်ကောင်းပီ…ကြည့်ကောင်းပီဆို…ကြော်ငြာကဝင်ဝင်လာတာ… 😀

  • Shwemannmay

    May 20, 2010 at 7:20 am

    fuji နဲ ့ Eco နဲ ့တူတူပဲလေ ။ ဝါဝါမ ကလည်း အီကိုမသုံးဖူးဘူးလားမသိဘူး 😀

  • moethiha

    May 31, 2010 at 4:36 am

    အတည်လားလို့ဗျာ။လူလေးကတယ်နောက်သကိုးဗျ။

  • thameecahw

    July 24, 2010 at 11:58 am

    ခုခေတ်က ဖူဂျီခေတ်မဟုတ်တော့ဘူးလေ။ အိုကီခေတ်ဖြစ်နေပြီ ကိုရင်စိုးမိုးရဲ့။ 🙂

Leave a Reply