ပြည်ခိုင်ဖြိုးပါတီအား တိုင်ကြားထား

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား-နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က) နှင့် ငြိစွန်းနေကြောင်းဒီမိုကရစီနှင့်ငြိမ်းချမ်းရေးပါတီမှ
အောက်တိုဘာလ ၁၄ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို.ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီအတွင်းရေးမှု.ဦးမျိုးညွန်.မှ
တိုင်ကြားထားသည်ဟုမဇ္ဈိမသတင်းမှာတွေ.ရသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က) တွင် “နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက် အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို
တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်း ဖြစ်ကြောင်းတွေ့ရှိခြင်း” ပါက ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိဟု ပြဋ္ဌာန်းထားသည်။

သီတင်းတင်ထားသူမှာ-ညီသစ် | သောကြာနေ့၊ အောက်တိုဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၃၄ မိနစ်။

ထိုသတင်းနှင့်ပတ်သက်ပြီးပြောလိုသည်မှာ-ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးအသင်းသည်အသင်းဝင်များစွာနှင့်ဖွဲ.စည်းထားပါသည်။
အသင်းအားလူမူရေးလုပ်ငန်းများလုပ်ဆောင်စဉ်ကလှုဒါန်းသောအလှုရှင်များစွာလည်းရှိခဲ့ပါသဖြင့်အသင်းပိုင်ငွေများရှိခဲ့ပါသည်။
အသင်း၏လုပ်ငန်းများဖြစ်သောမြိုနယ်၊ခရိုင်အဆင့်များဖြင့်ခရီးသည်ပို.ဆောင်ရေးလုပ်ငန်းများစွာလည်းရှိသည်ကိုကျနော်တွေ.မြင်သိခဲ့ရပါသည်။
သို.ပါသဖြင့်အသင်းပိုင်ဝင်ငွေများစွာရှိပါသည်။အလှုရှင်များစွာလှုဒါန်းငွေမြောက်များစွာရှိခဲ့သဖြင့်အသင်းကြီး၏စောက်ရှောက်မှု.လုပ်ငန်းလည်းများစွာရှိခဲ့ပါသည်။

အသင်း၏အသေးစားငွေချေးလုပ်ငန်းဖြင့်လက်လုပ်လက်စားများကိုကူညီထောက်ပံခဲ့သည်ကိုလည်းတွေ.မြင်ခဲ့ရပါသည်…

အသင်းသည်နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက် အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်း ဖြစ်ကြောင်းသက်သေခိုင်လုံစွာအထောက်ထားမပါအခြေအမြစ်မရှိပဲသတင်းဖြစ်ရင်ပီးရောဆိုထုတ်ပြန်တဲ.သတင်းဌာနကိုလည်းအံဩမိပါတယ်။

ဒီလိုပြောလို.ကျနော်ကပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးအသင်းဝင်လည်းမဟုတ်ပါ။ပါတီဝင်လည်းမဟုတ်သာမာန်ပြည်သူပဲဖြစ်ပါတယ်။

ကျနော်အမြင်ကိုလွတ်လပ်စွာဝေဘန်နိုင်ပါတယ်…..ဝေဘန်မှု.များကိုကြိုဆိုလျှက်ပါ။

33 comments

  • အာရက္ခ မြေသား

    October 22, 2011 at 11:32 pm

    မိတ်ဆွေတို ့ရော၊ကိုယ့်ညီကိုတို ့ရော သိပြီးဖြစ်တဲ့တိုင်း ကြံ့ခိုင်ရေးပါတီက လူမှုရေးဘဲလုပ်မှာပါ၊နိုင်ငံရေး ဘယ်တော့မှမလုပ်ပါဘူး
    လို ့သူတို ့ဘဲပြောခဲ့တာလေဗျာ။တရားမဝင်ပါတီကတော့ ပြောနေစရာကိုမလိုပါဘူး ကိုယ့်ညီကိုရာ။တို ့သံတွဲတင်ဘယ်ကမလဲ တနိုင်ငံလုံးအဲ့ ပါတီရဲ ့ပါတီဝင်တွေထဲမှာ သူခိုး၊ကျပိုး၊ဖာကောင်း ပေါင်းစုံပါနေတာအားလုံးအသိပါဘဲ။မြို ့ရဲ ့ပျက်လိုုပျက်စီး ပြုမဟုတ်တမ်းတရားတွေတက်ရေး၊သတင်းလွှင့်နေသူ
    များဟာလဲ ကြံ့ခိုင်ရေးက သူတွေပါဘဲဗျာ။

    • okersoe

      October 23, 2011 at 12:34 am

      လူမူရေးပြောတာနဲ.နိုင်ငံအရေးကိုမလုပ်ရဘူးလို.သတ်မှတ်ချက်မရှိပါ
      နိုင်ငံရေးလုပ်သူတွေကနိုင်ငံအရေးကိုကျရာနေရာမှာထမ်းဆောင်ကျလို.သူတို.လည်း
      တနည်းအားဖြင့်လူမူ.ရေးကိုလုပ်တာပါ။တရားဝင်တည်ထောင်ထားတဲ့ပါတီတစ်ခုကို
      တရားမဝင်ပါဘူးပြောနေတာကတော့တဖက်သတ်ပြောနေသလိုပါ။
      ကျနော်သည်မည်သည်.ပါတီဝင်မှမဟုတ်ပါ…ပျက်စီးရာကိုရေးသူဆိုတာ
      အထောက်ထားခိုင်လုံရင်တရားဥပဒေကြောင်းအရတရားးစွဲဆိုလို.ရပါတယ်
      အွန်လိုင်းပေါ်မှာရေးတယ်ဆိုပီးရေးချင်တာရေးမရပါမြန်မာနိုင်ငံရဲ.ထုတ်ပြန်ထားသော
      အက်ဥပဒေကိုလေ့လာပါဦးလို.ပြောချင်ပါတယ်….မိမိသည်အဖွဲ.အစည်းလူပုဂ္ဂိုလ်တစ်ဦး
      အားအွန်လိုင်းပေါ်မှပုတ်ခတ်ရေးသားပါကအထောက်ထားမခိုင်လုံပါကဥပဒေမှ
      အပြစ်ပေးခြင်းကိုှပြေးမလွတ်ပါဒါကြောင်အွန်လိုင်းစာရေးလျှင်
      အထောက်ထားခိုင်လုံသေချာမှသာပုတ်ခတ်ရေးသားပါလို.အကြံပြုချင်ပါတယ်…..
      လူတိုင်းကိုခင်မင်တတ်ပါတယ်ဝေဘန်မှု.များကိုကြိုဆိုလျှက်ပါ

      • myintsoelatt

        October 23, 2011 at 9:00 pm

        လူမှုရေးပြောတာနဲ့ နိုင်ငံ့အရေးကို မလုပ်ရဘူးလို့ သတ်မှတ်ချက်မရှိပါ။ သို့သော် “လူမှုရေးဘဲ လုပ်မှာပါ။ နိုင်ငံရေးမလုပ်ပါဘူး” လို့ပြောခဲ့တာတော့ အမှန်ပါဘဲ။ နိုင်ငံ့အရေးဆိုသည်မှာ အမျိုးသား နိုင်ငံရေး ဟုထင်ပါသည်။ နိုင်ငံရေးဆိုသည်မှာ အာဏာနိုင်ငံရေးဟု ယူဆပါသည်။ ကြံ့ခိုင်ရေးအသင်းတွင် ကျောင်းသားများ၊ ဝန်ထမ်းများ၊ ပြည်သူများ ပါဝင်ခဲ့ပါသည်။ ပါတီ အဖြစ် အသွင်ပြောင်းသည့်အခါ အသင်းဝင်များထံမှ ဆန္ဒ တောင်းခံသည်ဟု မကြားမိပါ။ အသင်းဝင်များ မှလှူ ဒါန်းခဲ့သော ငွေသည် ပါတီအတွက်မဟုတ်ပါ။

    • ကြောင်ကြီး

      October 23, 2011 at 11:18 am

      “သူခိုး၊ကျပိုး၊ဖာကောင်း ပေါင်းစုံပါနေတာအားလုံးအသိပါဘဲ”
      ဖါခေါင်းပါဗျ။ ဖါကောင်းမှတော့ ကြံ့ဖွတ်အသင်းထဲ ဝင်ပါ့မလား…။ 🙁

  • lwinmg

    October 23, 2011 at 12:06 am

    ရိုင်းပြတဲ့အပြုအမူ အားသန်တဲ့သူတစ်ယောက်မှန်းသိသါနေတယ်
    အဆင့်အတန်းက ဒီလောက်ဘဲ ရှိတော့တာလား
    လွတ်လပ်စွာဝေဖန်တယ်ဆိုပေမဲ့ ယဉ်ကျေးမှုရှိပါ

    • okersoe

      October 23, 2011 at 12:40 am

      မိမိရေးတဲ့စာသည်မိမိကိုယ်စားဖြစ်တာကိုသတိချတ်ဖို.ရန်လိုပါတယ်
      မိမိယဉ်ကျေးတယ်မယဉ်ကျေးတာကတော့လူမှု.အသိုင်းဝန်းကဆုံးဖြတ်တာပါ
      လူကတော့အမျိုးရှိပါတယ်မိမိရဲ.သန်ရာကိုပြောတာပေါ့လေ
      ကျနော်ကတော့ဘယ်ဘက်မှဘက်မလိုက်ပါ
      သက်သေအထောက်ထားမခိုင်လုံပဲတွေ.ရာပြောတတ်သူလည်းရှိမှာပါ
      ဝေဘန်ခံနိုင်ရည်ရှိလို.ဒီသတင်းကိုထောက်ပြရေးတင်တာပါ

  • babyrat

    October 23, 2011 at 12:41 am

    အာရက္ခမြေသားက ကြံ့ခိုင်ရေး မုန်းတီးရေးဝါဒ သမားပေါ့နော် ၊
    နိုင်ငံရေး သေချာမသိပဲ သပုတ်လေလွင့် ရမ်းပြောတာ ဘယ်သူ့တွက်မှ အဆင်မပြေဘူးနော် ၊
    ဘယ့်အတွက်ကြောင့် ဘာကြောင့် စာဖတ်သူတွေ သိရှိနားလည်အောင် ရှင်းမပြန်ိုင်ပဲ
    မုန်းတီးမှုနဲ့ ရမ်းတုတ်နေခြင်းက မိမ်ိရဲ့ အဆင့်အတန်းကို သတ်မှတ်သလို ဖြစ်နေတယ် ၊
    ကြံ့ခိုင်ရေးပါတီးကို ကြိုက်တဲ့သူ ရွာသူရွာသားထဲမှာ မရှိသလောက်နည်းနေမှာပါ၊
    ဒါပေမဲ့ နိုင်ငံရေးကို သေချာလေ့လာပါအုံး ၊ တိကျသေချာ စွာနဲ့ လွတ်လွတ်လပ်လပ်
    ဝေဖန်မှုမျိုးကို ဖတ်ချင် ပါတယ် ။ ရိုင်းစိုင်းကြမ်းတမ်းတဲ့ စာသားတွေကို မည်သူတစ်ဦး
    တစ်ယောက်မျှ လိုလားမည်ဟု မထင်ပါ ၊ ထို့ကြောင့်……………..

    • okersoe

      October 23, 2011 at 1:06 am

      လူတိုင်းမှာကိုယ်ပိုင်လွတ်လပ်ခွင့်ရှိပါသော်လည်း
      မိမိလွတ်လပ်ခွင့်သည်အများသူငှာကိုမထိခိုက်သော လွတ်လပ်ခွင့်သာဖြစ်ရပါမယ်
      ရေးချင်တိုင်းရေးပီးပုတ်ခတ်ခြင်တိုင်းပုတ်ခတ်လို.မရပါ
      ကျနော်တို.နိုင်ငံလွတ်လပ်ရေးကိုဦးစီးကြိုးစားခဲ့သူ
      ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့မိန်.ခွန်းတစ်ခုမှာ လွတ်လပ်ပြီဆိုပီးအများပိုင်လမ်းပေါ်
      ဆေးရိုးတတ်လှမ်းလို.မရပါလို.ပါရှိပါတယ်….
      မိမိပြောဆိုသောကော်မန်.ကမိမိကိုယ်စားပြုလို.ရေးသားဝေဘန်ရာမှာ
      သေချာစွာစီစစ်ရေးသားပါလို.သာကျနော်ကပြောလိုပါတယ်
      ဝေဘန်စာတွေကိုကျနော်တွေ..ရလို.ကျေးဇူးတင်ပါတယ်

  • J.me

    October 23, 2011 at 12:59 am

    ဖြည်းဖြည်းနော် ကိုယ့်ဆရာတို့ . ဘာအက္ခရာလဲ မသိနိုင်သေးလို့ ခဏစောင့်
    အရာရာတိုင်း ကောင်းလာသလား ဆိုးလာသလား လေ့လာဆန်းစစ်ကြည့်ကြပါစို့ ။

    • okersoe

      October 23, 2011 at 1:08 am

      ကျနော်ကသာမာန်ပြည်သူပါ
      သို.သော်နိုင်ငံရေးလုပ်သောသူများကိုစောင့်ကြည့် သူပါ
      မည်သူကကောင်းတယ်ဆိုးတယ်ဆိုတာတော့လေ့လာဆန်းစစ်ရမှာပေါ့ဗျာ

      • Mg Ni Tut

        October 25, 2011 at 9:31 pm

        ဒါပေါ့။ နိုင်ငံရေးလုပ်တဲ့သူတွေက တစ်ယောက်နဲ့ တစ်ယောက် အပြစ်မြင်ပုတ်ခတ်ပြီး ပုဂ္ဂိုလ်စွဲနဲ့ ဝါဒကွဲနေတာမျိုးမဖြစ်စေချင်ဘူး။ တစ်ဘက်တည်းမကြည့်ပဲ ဟိုဘက်ဒီဘက် အပြန်အလှန် သုံးသပ်သင့်ပါတယ်။

  • J.me

    October 23, 2011 at 1:01 am

    ကောင်းသည် ဆိုးသည် ဤ နှစ်လီ
    မကြာမီ
    တွေ့ရပါတော့မည်
    စောင့်ကြပါစို့ အတည် ။

    • okersoe

      October 23, 2011 at 1:13 am

      ဟုတ်တယ်ဗျ။
      ကျနော်ကတော့နိုင်ငံရေးလုပ်သူများရဲ.လုပ်ရပ်လေးတွေကို
      ိုလေ့လာစောင့်ကြည်နေပါတယ်။
      လူတစ်ယောက်၏လုပ်ရပ်သည်ယင်းလူ၏သဘာဝမှန်ဖြစ်သည်။

  • oakermg

    October 23, 2011 at 1:44 am

    ကိုုယ်တိုင်သတင်းရေးသူက သတင်းကိုတာဝန်ယူဖြေရှင်းနို်င်တာ ကောင်းပါ၏ ..။
    ဝေဖန်ရရင်တော့ စောင့်ကြည့်နေသူအားလုံး မှ ကျနော်လဲအပါအဝင် ဖြစ်ပါ၏…။
    ကောင်းလျှင် ထောက်ခံရန် ဝန်မလေးပါ ..။

    • okersoe

      October 23, 2011 at 5:50 am

      ကျနော်ကတတ်လာသောသတင်းကိုစောင့်ကြည်ဝေဘန်လိုက်တာပါ။
      မူရင်းသတင်းရေးသူနဲ.သတင်းဖေါ်ပြတဲ့ဌာနလည်းပါရှိပါတယ်။
      ကျနော်ကိုယ်တိုင်လည်းလေ့လာဆန်းစစ်စောင့်ကြည်.နေတဲ့ပြည်သူတစ်ဦးပါ။

      • Mg Mg Fight

        October 25, 2011 at 4:15 pm

        တက်လာသော သတင်းလို့ လုပ်ပါ မတတ်ပါနဲ့

  • ပြောရရင် ဘယ်သူကမှ ဝင်ပြီးသေချာမန့်နေတာမဟုတ်ဘဲ ဘေးထိုင်ဘုပြောတဲ့သူနဲ့၊ သူလျှိုဒလံတွေရေးနေတဲ့ မန့်စာတွေပဲတွေ့ရတယ်.. ခေါင်းစဉ်ဖတ်ကြည့်တော့ ဟုတ်မလိုလိုနဲ့ သတင်းစာဆောင်းပါးရေးတဲ့သူလိုဖြစ်နေတယ်..

    ဆိုတော့ကာ ဝေဖန်ခံချင်လို့ရေးတယ်ထင်တဲ့အတွက် ရိုးရိုးသားသား ဝေဖန်ပြမယ်၊ စာရေးသူကို
    ကျုပ်က ဘာကောင်မှတော့မဟုတ်ဘူးပေါ့၊ ဒါပေမယ့် အမြင်မတော်ရင် ဝင်ပြီးဟောင်ဖွာဟောင်ဖွာလုပ်တတ်တယ်..စစချင်း အပေါ်မှာရေးထားတဲ့စာသားတွေကို သဘောမကျဘူး၊ လေသံက ဝန်ထမ်းလေ ပေါက်နေတယ် (ကျုပ်ကိုယ်တိုင်လဲ လုပ်ဖူးလို့သိတယ်ပြောတာ)၊ နောက်တစ်ချက်..အာရက္ခမြေသားဆိုတာ အရင်ကတည်းက အဲလိုစိတ်မျိုးနဲ့ အဲလိုစာတွေရေးနေကျ၊ မသိဘူးထင်လို့ ပြန်ပြောတာမှန်တယ်၊ ဒါပေမယ့် ဥပဒေဆိုတဲ့ စကားလုံးနဲ့ ကိုင်မပေါက်ပါနဲ့၊ လူယဉ်ကျေးအပြုအမူမဟုတ်ဘူး၊ အာဏာရှင်လေသံနဲ့မပြောနဲ့၊ ဒီမှာ ကိုယ်ကြိုက်တာ ကိုယ်မန့်မှာပဲ၊ မမန့်စေချင်ရင် မရေးနဲ့၊ ရှင်းရှင်းနဲ့ ဘွင်းဘွင်းပြောတာ

    ပြီးတော့ပြောမယ်ဆို အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ပြော၊ ကြံ့ဖွံ့အသင်းက အစိုးရကျောထောက်နောက်ခံပြု ပါတီမဟုတ်လို့ဘာလဲ? နိုင်ငံတော်ပိုင်ပစ္စည်းတွေ မသုံးခဲ့ပါဘူးလို့ ပြန်ချေပစရာ အချက်အလက် ခိုင်ခိုင်လုံလုံရှိလားပြော? နိုင်ငံတော် ကောင်းကျိုးအတွက် လုပ်နေပါတယ်ဆိုသူတွေ ဘယ်မှာ ပြည်သူတွေက လှိုက်လှိုက်လဲလဲနဲ့ ကြံ့ဖွံ့ဆိုပြီး ကြိုဆိုလဲပြ၊ ပြောရရင် ငါ့စကားနွားရမပြောပါနဲ့၊ မြန်မာပြည်ထဲမှာနေတဲ့သူတွေက နီးရာဓါးကို ကြောက်နေရတဲ့အချိန်မို့ စာရေးသူခြိမ်းခြောက်တဲ့ “ဥပဒေ” ဆိုတဲ့ စကားလုံးကြီးကို ဘာမှန်း၊ညာမှန်းမသိ ကြောက်မှာပေါ့၊

    စာရေးရင် ဝန်ထမ်းလေကင်းကင်းရေးပါမောင်၊ ခြိမ်းခြောက်တဲ့စကားလုံးတွေ မပါပါစေနဲ့၊ အမေးရှိလာရင် အဖြေရှိဖို့ ကိုယ့်ဖက်က အချက်အလက် ခိုင်လုံနေပါစေ၊ မညှာမတာဝေဖန်ရင်လဲ လက်ခံနိုင်ပါစေဟု အားရပါးရ ဝေဖန်ပေးလိုက်ပါကြောင်း…

    • okersoe

      October 23, 2011 at 5:43 am

      *စာရေးသူခြိမ်းခြောက်တဲ့ “ဥပဒေ” ဆိုတဲ့ စကားလုံးကြီးကို ဘာမှန်း၊ညာမှန်းမသိ ကြောက်မှာပေါ့၊
      စာရေးရင် ဝန်ထမ်းလေကင်းကင်းရေးပါမောင်၊ ခြိမ်းခြောက်တဲ့စကားလုံးတွေ မပါပါစေနဲ့၊ အမေးရှိလာရင် အဖြေရှိဖို့ ကိုယ့်ဖက်က အချက်အလက် ခိုင်လုံနေပါစေ၊ မညှာမတာဝေဖန်ရင်လဲ လက်ခံနိုင်ပါစေဟု အားရပါးရ ဝေဖန်ပေးလိုက်ပါကြောင်း…*

      ကျနော်လည်းမြန်မာပြည်တွင်းနေသူတစ်ယောက်ပါ။
      ကျနော်ကနဂိုထည်းကဝန်ထမ်းလည်းမဟုတ်ပါ။နိုင်ငံရေးလည်းမလုပ်ပါလေ့လာဆန်းစစ်
      စောင့်ကြည်သူတစ်ဦးပါ။ကျနော်ရေးတာမှာခြိမ်းခြောက်တာမပါခဲ့ပါ။
      မည်သူကိုမဆိုပြောဆိုမယ်ဆိုပါကသက်သေအထောက်အထားခိုင်လုံအောင်ပြဖို.လိုပါတယ်။
      အထောက်ထားသက်သေမပါရင်ဘာမှလုပ်မရပါ*ဥပဒေ*ဆိုတာ
      သက်သေနဲ.တကွတင်ပြရပါတယ်။

      • Mg Ni Tut

        October 25, 2011 at 9:39 pm

        ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီအတွင်းရေးမှု.ဦးမျိုးညွန်.မှတိုင်ကြားထားသည်ဆိုရင် သူတိုင်တဲ့အထဲမှာ သက်သေအချို့တော့ ပါမှာပဲ။ သက်သေခိုင်လုံမှုရှိမရှိစီစစ်လို့ ရလာတဲ့ အဖြေတစ်ခုကိုပဲ စောင့်ကြည့်ရမှာပါ။

  • koyinmaung

    October 23, 2011 at 5:31 am

    ရွာထဲ ငါးမင်းဆွေအမျိုးတွေလာလည်သကွဲ့
    ကြိုဆိုလိုက်ကြပါအုံး…..ရွာသားအပေါင်းတို့
    ဒူ ဝေ ဝေ ဝေ ………….

    • GreeNSheeP

      October 23, 2011 at 2:24 pm

      ဒီပို ့စ်တစ်ခုလုံးမှာ koyinmaung ကွန်မင့် အမှန်ဆုံး

    • Mg Mg Fight

      October 25, 2011 at 4:18 pm

      မှန်လိုက်လေ ဟရို့
      နောင် ဝေါင်ဝေါင်…………

  • okersoe

    October 23, 2011 at 5:54 am

    သတင်းတစ်ခုမှာထူးခြားလို.ထောက်ပြရေးသားလိုက်တာပါ။

    • Mg Ni Tut

      October 25, 2011 at 9:41 pm

      နောက်ထပ်လဲတွေ့ရင်ထပ်ရေးပါဦး 🙂
      များများရေးနိုင်ပါစေဗျာ။

  • nigimi77

    October 23, 2011 at 9:53 am

    ဒီမယ် အထက်က ပုဂိ္ဂုလ်တို ့။

    ဥပဒေ ဆိုတာ သက်သေနဲ ့တင်ပြရတယ် ဟုတ်လား ။

    ဘယ်လို သက်သေမျိုးလိုချင်လဲ ???

    အသေးစားချေးငွေ ၃ သိန်း ထုတ်ပြရမလား။ တရက် ၁ သောင်းနဲ ့ ၁ လ ပြန်ဆပ်ပြရမလား။

    ဒါမှ မဟုတ် နားလည်မှုနဲ ့ ရက်ကို လျှော်ပြရမလား။ အသင်းပိုင်ငွေကို ၅ သိန်း ထုတ်ပြီး တက္ကဆီ

    စပေါ်တင်ပြရမလား။ အသင်းပိုင်ငွေနဲ ့ နေ ့ပြန်တို းချေးပြရမလား လပြန်တို းချေးပြရမလား။

    မှတ်ပုံတင် အစားထိုးလို ့ သမုတ်ကြတဲ့ အသင်းဝင် ယာယီ ကဒ် လုပ်ပြရမလား။

    ဘယ် မြို ့နယ် မှာ လုပ်ပြရမလဲ။ လမ်းမတော်မှာ အဲဒီဟာတွေ အားလုံး လိုချင်လား။

    သက်သေ အထောက်အထား လိုချင်ရင်ပြောနော်။ အေး…အလကားတော့ မရဘူး။

    • windtalker

      October 25, 2011 at 9:38 pm

      မှန်လိုက်လေ တပ်မ77 ရယ်
      ဘယ်သူက ထမင်းအလကားလာကျွေးမှာမို ့တုန်း….နော

  • အာရက္ခ မြေသား

    October 23, 2011 at 12:16 pm

    ကိုယ့်ညီကိုတို ့ရေ။ကျွန်တော်က ပြောစရာရှိရင် ရှင်းရှင်းနဲ ့ထဲ့ဒိုးပြောတတ်တော့ ကတောက်ကဆဖြစ်သွားရင်တောင်းပန်ရမယ်ဆိုတာသိပါတယ်ဗျာ။အားလုံးသိပြီးတဲ့အတိုင်း ကြံ့ခိုင်ရေးပါတီဟာ အာဏာရှင်တွေရဲ ့မဲလိမ်၊မဲခိုး၊ငါ့ဥပဒေငါရေး၊သူ ့ရွေးကောက်ပွဲသူလုပ်၊သူလူသူ အာဏာအပ်ကြီးစိုးလာတာအားလုံးအသိပါ။အများပြည်သူက ရွေးကောက်တင်မြှောက်ထားပါတယ် ဆိုရင် သမ္မတ လုပ်သူအသာထား ဘာမဟုတ်တဲ့ ပြည်နယ်ဝန်ကြီးတွေတောင် အစောင့်အရှောက်မပါဘဲ လူထုကြားသွားရဲပါသလားမေးကြည့်ပါ အုံးကိုယ့်ညီကိုတို ့ရေ။
    ကြံ့ဖွံ ့ပါတီဝင် တွေထဲမှာ အများယုံကြည်ရသူဘယ်နှယောက်များပါသလဲ။အားလုံးသူ ပြန်စဉ်းစားကြည့်ကြပါအုံး။

  • naywoonni

    October 23, 2011 at 10:00 pm

    nigimi77 ရေ…….. လုပ်လိုက်ကွ……။ ဝမ်းစမိုးးးးးးးးး 😛 🙂

  • small cat

    October 24, 2011 at 6:00 am

    “”ကြံ့ခိုင်ရေးအသင်းတွင် ကျောင်းသားများ၊ ဝန်ထမ်းများ၊ ပြည်သူများ ပါဝင်ခဲ့ပါသည်။ “”

    ဒီပို့စ် ကိုတော့ဘာမှမမန့် ရဲပါဘူး။
    အပေါ်ကစာသားလေးေွ့တော့ သတိရလို့ပါ၊ ဝင်ထမ်းဟာပါတီနိုင်ငံရေးကင်းရှင်းရမယ်ဆိုတဲ့
    ဥပဒေ ဆိုတဲ့ဟာအရ ဆိုရင် အသင်းဝင်ထားတဲ့ကျွန်တော်တို့ဝန်ထမ်းတွေ အားလုံးဟာ ကြံ့ခိုင်ရေးအသင်းက ပါတီပြောင်းလိုက်တဲ့အချိန်ကစပြီး ပါတီဝင်အဖြစ်ကထုတ်ပယ်ခံလိုက်ရတာလား၊ အလိုလိုထုတ်ပယ်ပြီးဖြစ်သွားတာလား၊ အခုထိပါတီဝင်အဖြစ်ရှိနေသေးသလား ကျွန်တော်သိပ်မရှင်းဘူးဖြစ်နေတယ်။

  • koyinmaung

    October 24, 2011 at 8:41 am

    ဟ… ကြောင်လေးရ ကြံဖွတ်အသင်းဆိုတာ
    အာဏာရှိတဲ့အပေါ်ကလူတွေအာဏာရူးလို့ရအောင်
    ဖန်တီးထားတဲ့အသင်းပါ…
    အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေဝင်ကြရပေမဲ့
    တိုင်းပြည်ကောင်းစားစေချင်တဲ့လူတွေအများကြီးရှိပါတယ်
    ဒါပေမဲ့ လုပ်ကိုင်ခွင့်မရကြပါဘူး…
    အပေါ်ကလူတွေကအောက်ခြေကလူတွေကိုစိတ်ဝင်စားကြတာ
    မှမဟုတ်တာ အသင်းဝင်ဟုတ်မဟုတ်ဘယ်အကြောင်းကြားပါ့မလဲ
    သူတို့လိုချင်တဲ့အသင်းဝင်အရေအတွက်ဘဲလိုချင်တာလေ…
    ကြံဖွတ်အသင်းကမြန်မာလူဦရေရဲ့ဘယ်နှစ်ရာခိုင်နှုန်းရှိတယ်ဆိုတာဘဲ
    ကြွားချင်တာကို……

  • captainamerica

    October 25, 2011 at 9:16 pm

    အဖွဲ.ဝင်၂၂သန်းရှိတယ်ဆို 😀 ကမ္ဘာပေါ်မှာအဖွဲ.ဝင်ဦးရေအများဆုံးဆိုတဲ့တရုပ်ကွန်မြူနစ်ပါတီ
    ထက်တောင်အပုံကြီးများနေပါလားဟ ဟာသပဲနော်..နိုင်ငံရေးလုပ်တဲ့လူတွေကို
    စောင့်ကြည့်နေတယ်ဆိုတဲ့ပုဂိုလ်ကြီးခင်ဗျား။ကျွန်တော်တို.လိုသာမန်လူတွေနားမလည်လို.
    နည်းနည်းလောက်ရှင်းပြပါဦးခင်ဗျား

  • kai

    October 26, 2011 at 3:26 am

    The CPC(Communist Party of China) is the world’s largest political party, claiming over 80 million members at the end of 2010 which constitutes about 6.0% of the total population of mainland China.

    ပြည်ခိုင်ဖြိုးက.. လောလောဆယ်တော့ အာဏာရပါတီပဲ..။
    အစိုးရလည်း တပါတီထဲနဲ့ဖွဲ့နိုင်တယ်..။ လွှတ်တော်ထဲ.. ခုံ(အမတ်နေရာ) အများစုလည်းရထားတယ်..။
    တပ်မတော် ကျောထောက်နောက်ခံလည်း ရှိတယ်..။
    တော်ယုံတော့…တိုင်တာတောတာ..ထိတာတို့တာ လုပ်လို့ရမယ်မထင်…။

    ဆိုတော့.. လုပ်လို့ရနိုင်တာက..အတိုက်အခံပါတီကပဲ..။
    ဒါပေမဲ့..
    မေးချင်တာက.. အတိုက်အခံ. NLD ဘာလည်း.. ဘယ်လည်း…။

    မြန်မာပြည်နိုင်ငံရေး..အကောင်းဆုံးဖြစ်ချင်ရင်.. ၂ပါတီစံနစ်နဲ့သွားဖို့ လိုတယ်ထင်မိတယ်..။
    အမေရိကနိုင်ငံလိုပေါ့..။ ရီပါ့ဗလစ်ကန်င်နဲ့.. ဒီမိုကရက်ပါတီလိုပေါ့…။
    အဲဒါဆို.. မြန်မာပြည်အင်မတန်တိုးတက်သွားမယ်.. ထင်မိတယ်..။

    ၁ယောက်ထဲ.. ၃မျိုးကွဲပြဲနေတဲ့.. မြန်မာတွေစိတ်နဲ့တော့.. တော်တော့ကို.. မလွယ်ရေးချ…မလွယ်..။
    တည်ငြိမ်တဲ့ နိုင်ငံရေးရဖို့.. ဆယ်စုနှစ် ၂ခုမက စောင့်ရဦးမှာ..။ 🙁

  • amatmin

    October 26, 2011 at 11:36 am

    လွတ်လပ်စွာ သဘောကွဲလွဲခွင့် ရှိတဲ့..အချုပ်အနှောင်.မပါတဲ့.ပါတီ စုံစနစ်.
    ဖြစ်လာမယ်ဆိုစောင့်ပါမယ်ဗျာ..
    ငတ်လို့ဖြစ်တဲ့ ကြံ့ဖွတ် နောက်လိုက်တွေကတော့. အရပ်ထဲမှာတောင် ခေါင်းမဖော်ရဲ..
    အဲ ပိုက်ပိုက် ရမှန်းသိလို့ ဝင်ဝါးတဲ့ လူတွေကျတော့ ကိုယ့်လိပ်ပြာ ကိုယ်မလုံ..
    ဒီတော့ ပြောကြသည် ကြံ့ဖွတ် ကောင်းပါသည်ပေါ့ဗျာ…

    koyinmaung ကြီးပြောတဲ့ ငါးမင်းဆွေကြီး တော့ ကိုယ်ဆွေ.ကိုယ်မျိုးတွေ အတွက်
    ဂုဏ်ယူနေမှာပဲနော်..နော်.

Leave a Reply