Voice Journal ရဲ့ ရှယ်ဖွချက် နှင့် အတွေးများ ( ၁ ) ( မြန်မာ ဆရာဝန်ကြီးများ ဘဝ )

Foreign ResidentOctober 23, 20112min32069

ထုံးစံအတိုင်း ပါပဲ

အစ ကတော့ ဆရာ “ဘဘ” ရဲ့

” Voice Journal “Post မှာ

မထိတထိ လေး ဝင် Comment ပေးတာ 

ပြောရင်း ပြောရင်း နှင့် Post ကြီးဖြစ်ရပြန်ပေါ့ ။

 

အဲဒီတော့ကာ အဲဒီ ” Voice Journal ” Post နှင့်

တွဲဖတ်မှ ဇတ်ရည်လည်မဗျ ။

ဟီဟိ ။ ရွာသူား တွေကတော့ သတ်ချင်တော့ မှာပဲ ။

ရွာသူားများလည်း ဝဋ်ပါလာတယ် သဘောထားပြီးသည်းခံဖတ်ပေါ့ဗျာ ။

အင်း အဘတို့မှာတော့ ရွှေနိုင်ငံကြီးနှင့်ဝေးပြီး တကျွန်းရောက်နေရတဲ့ ဘဝဆိုတော့ ၊

The Voice Weekly Journal Vol.7 / No.45 ကို မဖတ်ရသေး ပါဘူး ။

ဒါပေမယ့် The Voice Weekly Journal Vol.7 / No.44 မှာ

ရေးထားတာတော့ ခွဲစိတ် ဆရာဝန်ကြီး ခမြာ မပြေးသော်လည်း ကန်ရာရှိ ဆိုသလို ဖြစ်နေပေါ့ ။

ခွဲစိတ် ဆရာဝန်ကြီးကို မှားတယ် ပေါ့ဆတယ်လို့ မဆိုလိုရက်ပါဘူး ။ မတော်တဆ ဖြစ်ရပ် တစ်ခုလို့ပဲ ဆိုခြင်မိပါတယ် ။

 

 

 

အဲဒီ ခွဲစိတ် ဆရာဝန်ကြီး စိတ်ကောင်း ရှိတာကိုလည်းသိနေတာကိုး ။  စိတ်ကောင်း ရှိတဲ့ ခွဲစိတ် ဆရာဝန်ကြီး မို့လို့လည်း ” ပထမအကြိမ် ခွဲစိတ်စဉ်က အူအတက်မှာ အူမကြီးနောက်တွင် ကပ်နေသဖြင့် အနည်းငယ် ခွာခဲ့ရကြောင်း အဆိုပါ အူမကြီး ၏ အမြှေးပါး အနည်းငယ် ထိခိုက်မိပြီး သည်းခြေရည် အချို့ထွက်ကာ ပိုးဝင်သွားခြင်း ဖြစ်၍ ထပ်မံ ခွဲစိတ်ရခြင်း ဖြစ်ကြောင်း “

 အဲဒီလို သူ့ကို ဒုက္ခပေးနိုင်တဲ့ အချက်ကို တန်း ဝန်ခံတာပေါ့ဗျာ ။ နို့မို့ သူလည်းပညာတတ်ပဲဗျာ Medical Terminology တွေသုံးပြီး ကိုယ်လွတ်ရုံး စကားတွေ ပြောမှာပေါ့ ။ စိတ်ရင်းကောင်း ရိုးသားမှုအတွက်လေးစား အသိအမှတ်ပြုပါတယ် ခွဲစိတ် ဆရာဝန်ကြီး Dr. မျိုးမြတ်သူ ခင်ဗျား ။

ကဲ အခုပြောမှာကတော့ ခွဲစိတ် ဆရာဝန်ကြီး Dr. မျိုးမြတ်သူ နှင့် ဘာမှ မဆိုင်တော့ပါ ခင်ဗျာ ။” ခွဲစိတ်ရင် ပိုက်ဆံရမယ် ဆိုတော့ အတင်းကိုခွဲတာ “အဘရဲ့ ညီအရင်း ကလည်း ခွဲစိတ် ဆရာဝန် Surgeon ပါဗျာ ။ အထူး ကုလား မကုဘူးလား ကတော့ သူနှင့် မခွဲဘူးတော့ မသိပါဗျာ ။

Yangon မှာကိုပဲ M.Sc ( Surgeon ) ရခဲ့တာပါ ။ အခုတော့လဲ မြန်မာနိုင်ငံမှာ မလုပ်တော့ပါဘူး ။ အဘ ရဲ့ အမေ ညီ ဇနီး အားလုံးက ဆရာဝန် ဆိုတော့ ကိုယ်တိုင်သာ ဆရာဝန် မလုပ်ရတယ် ဆရာဝန်တွေ အကြောင်းများ သိပါ့ ။” ပိုက်ဆံရမယ် ဆိုတော့ အတင်းကိုခွဲတာ ” ဒါမျိုးတွေများ ရှိပါ့ ။ ( ပုထုဇါဉ် ဆိုတာ မေ့မနေကြနှင့် အုံးဗျို့ ) အခုကတော့ စိတ်ကောင်း ရှိတဲ့ဆရာဝန်ကြီး Dr. မျိုးမြတ်သူ ကိစ္စ မို့လို့အကျယ်မချဲ့ချင်လို့ မရေးသေးပါဘူး ။

နံမည်နှင့် တကွသာဘယ် Case မှာ ဘယ်လိုတွေ ဖြစ်ခဲ့ကြတာ ဆိုပြီးရေးပစ်လိုက် ရရင် ဝက်ဝက်ကို ကွဲသွားအုံးမှာ ။ ” ညိမ်းသူ ” ကမှတော်သေးတယ် ဖြစ်သွားမယ် ။

” အထူးကုဆရာဝန်ဆိုတိုင်း ချင့်ချိန်ယုံကြပါလို့”

မှန်လိုက်တဲ့ စကားဗျာ ။ မြန်မာပြည်က FRCP, FRCS တွေကအစ အတော်များများဟာ Updated မဖြစ်ကြတော့ပါ ခင်ဗျား ။ ( ရိုးရိုး ဆရာဝန်လေးတွေကိုတော့ ဘာမှကို မပြောလိုပါ ) မိန်းမ မြန်မာပြည်ပြန်လည်တော့ သူ့ သူငယ်ချင်း FRCP, FRCS တွေနှင့် Discuss လုပ်ကြည်တော့ တန်းတွေ့ရတာပေါ့ဗျာ ။

မြန်မာနိုင်ငံထဲမှာ နေပြီး နိုင်ငံတကာ အဆင့်မှီ ပိုက်ဆံရဖို့ အတွက်က အချိန်တွေ အများကြီး ပေးလိုက်ရတော့ Continuous Learning အတွက် အချိန်ထပ်မပေးနိုင် ဖြစ်ရတာပေါ့ ။ထားပါ ဒါက Personal ဆန်လွန်းပါတယ် ။

ကျွန်တော် ရေးထားတဲ့ ” ပင်လယ်ကမ်းခြေသွား Conference ခရီးစဉ် နှင့် ဆင်ခြင်တွေးတော ပုံလေးတွေ အပိုင်း ( ၁ ) ” မှာ သူများတွေ နိုင်ငံမှာ ဆရာဝန်တွေ ဘယ်လို Updated ဖြစ်မှ ဆေးကုခွင့် ရှိတယ်ဆိုတဲ့ အကြောင်း ။ ဆရာဝန်တွေ ဘယ်လို Updated လုပ်ကြရတယ် ဆိုတဲ့ အကြောင်း ပါပါတယ်ဗျာ ဖတ်ကြည့်ကြပါအုန်း ။ အဲဒီလို By Law နှင့် Updated မလုပ်နိုင်ပဲနဲ့တော့ Updated ဖြစ်ဖို့ မမျှော်လင့် ကြနှင့်ဗျ ။

အမိန့်( Command ) နှင့် သဘောတူညီချက် ( Consent ) မှား ရေးတဲ့ကိစ္စကတော့ သိပ်သေးလွန်းလို့ ဘာမှ မပြောတော့ဘူး ။  နိုင်ငံတကာ အယူအဆလေး တစ်ခုကိုလည်း Remind လုပ်ချင်ပါတယ် ။

 Doctors are not “ဆရာကြီး” They are barely expert in their profession.

They give a professional service to patients & in return, they take money. Patients are their customers & Don’t forget, Customer is god. In addition, the subject they serviced is Human Being & So, be transparent & be responsible.

ဆရာဝန်တွေဟာ အကန်တော့ခံ ဆရာကြီးတွေ မဟုတ်ပါ ။ ပိုက်ဆံယူပြီး သူ့အလုပ် သူလုပ်နေတဲ့ လုပ်ငန်း ကျွမ်းကျင်သူများသာ ဖြစ်ပါတယ် ။ လူနာတွေဟာ ဆရာဝန်ရဲ့ ဝန်ဆောင်မှုကို ဝယ်ယူ သုံးစွဲသူတွေ ( Customer ) ဖြစ်ပြီး Customer တွေကို အလေးထားရမှာဖြစ်တယ် ။

အထူးသဖြင့် ဆရာဝန်က ဝန်ဆောင်မှုပေးတဲ့ Subject ဟာ လူသား ဖြစ်တဲ့ အတွက် အထူးတန်ဖိုး မဖြတ်နိုင်တဲ့ အတွက် Transparency  ပွင့်လင်းမှု နှင့် Responsibility တာဝန်ယူမှု ကို အပြည့်ပေးရပါမယ် ။

နောက်ဆုံး အနေနဲ့

Post တင်တဲ့ “ဘဘ” လည်း ဆရာဝန် တစ်ဦးလို့ ထင်မိပါတယ် ။ ဆရာတို့ မှာလည်း ပစ္စည်း ကိရိယာက မစုံမလင် အခြေအနေကလည်း အခွင့်မပေး ပိုက်ဆံ ကလည်း မသုံးနိုင်နှင့် ဒီကြားထဲ ဆောက်ဆဲက ခံရသေး ဆိုတဲ့ အခြေအနေကို နားလည်ပါတယ် ။ ကိုယ်ချင်းလည်းစာပါ့ဗျာ ။

“ဘဘ” ရဲ့ Post ကို တစ်ခုချင်း ပြန်ချေရေးနေတာလဲ မဟုတ်ရပေါင် ဗျာ ။

ဒီလို ဟိုဘက် ဒီဘက် ( ဆရာဝန် နှင့် Media ) စကားနာ ထိုးနေတာတွေ ကိုရပ်ပြီး ။ ကိုယ့်ရဲ့ အားနည်းချက် အားသာချက် တွေကို မှန်မှန်ကန်ကန် သုံးသပ်ပြီး အခုလို နိုင်ငံရေး စံနစ် စပြောင်းနေတဲ့ အချိန်အခါကောင်းကို အခွင့်ကောင်းယူပြီး ။

နိုင်ငံ နှင့်လည်း သင့်တော် နိုင်ငံတကာ နှင့်လည်း မျက်ခြေမပြတ်တဲ့ ပွင့်လင်း တိုးတက်တဲ့ ဆေးဖက်ဆိုင်ရာ System ကြီးကို တစုတစည်းတည်း တောင်းဆို ထူထောင်ရမယ့် အချိန်ကို ရောက်နေပါပြီ ။

Primary Medical Care System, Health Insurance System, Continuous Professional Development System စသဖြင့်ပေါ့ဗျာ ။ ကြိုးစားကြည့်ပါဗျာ ။ ဖြစ်ပါတယ် ။ ဆရာတို့က နဂိုတော်ပြီးသားတွေပါ ။ ညီညွတ်ဖို့ပဲ လိုတာပါ ။

ဆရာဝန်တွေ Comment ဝိုင်းပေးကြပါအုံးဗျ ။ သားသားကို ဝိုင်းထုထောင်း သွန်သင်ကြပါအုန်း ။ တကယ်ကို နားထောင်ကြည့်ချင်ပါတယ် ။

ဟီဟိ ။ ဆရာဝန်တွေ ဝိုင်းချရင် အဘတော့ မလွယ်ဘူး ။ သူတို့က နဂိုကတည်းက ဉာဏ်က ခပ်ကောင်းကောင်းရယ် ။ အဘကို ကယ်ကြပါအုံးရွာသူား တို့ရေ ။

မြို့မေတ္တာ ခံယူအုံးမယ့်

 အဘ ။

( Foreign Resident )

69 comments

  • koyinmaung

    October 23, 2011 at 8:34 am

    မမှားသောရှေ့နေ မသေသေားဆေးသမာ မရှိ
    ဆိုတဲ့စကားပုံတော့ရှိတာပါဘဲ….

  • ပေစုတ်စုတ်

    October 23, 2011 at 10:49 am

    မမှားသောရှေ့နေမသေသောဆေးသမှား မရှိ ဆိုတာမြန်မာစကားပုံပါပဲ… မြန်မာအများစုလက်ခံကြမယ်ထင်ပါတယ်…
    ဆရာဝန်တွေဟာလဲလူတွေမို ့အမှားမကင်းနိုင်ပါဘူး မှားကြပါမယ်…
    ဒါပေမဲ့ တွေးစရာက လူနာအသက်နဲ ့လဲလှယ်ရမဲ့ကိစ္စတွေဖြစ်တဲ့ ဒီလိုနေရာတွေမှာမှားသင့်လား.. လုံးဝမမှားသင့်ပါဘူး… အဲဒိလိုမမှားဖို့ အတွက် ဆရာဝန်တွေကိုကြပ်ကြမယ်ဆိုပါတော့… ထစ်ခနဲရှိ တရားစွဲပစ်မယ် ဆိုပြီး အနောက်နိုင်ငံတွေလိုလုပ်မလား..???
    လူပဲလေမှားတတ်ပါတယ်ဆိုပြီး မြန်မာတွေပီပီ ခွင့်လွှတ်နေကြမလား???

    ၁. လူဆိုတာမှားတတ်တယ် (အားလုံးလက်ခံပြီးသားပါ)
    ၂. ဆရာဝန်လဲလူပဲ (လူဖြစ်နေတော့ မှားကိုမှားမှာသေချာနေသလိုပါပဲ)
    ၃. လုံးဝအမှားမခံ (လူနာရှင်တွေအနေနဲ ့ကလဲ ရောဂါကြောင့်သေရင်သာလက်ခံမယ် ဆရာဝန့်အမှားကြောင့်တော့ လုံးဝအမှားခံမည်မဟုတ်)

    ဒီတော့ကာ.. ဒီပြသနာကိုဘယ်လိုရှင်းကြမလဲ…
    ဥပဒေနဲ ့တင်းတင်းကျပ်ကျပ် လုပ်ပြီး တစ်ခုခုဆို ဆရာဝန်တွေကိုတရားစွဲမလား… (အခု လူအများစုအဲလိုဖြစ်စေချင်နေကြတယ်ထင်ပါတယ်… အနောက်နိုင်ငံတွေလိုပေါ့)
    ကျွန်တော့်အမြင်ကတော့ ဒီစနစ်ကကောင်းတယ်တော့ထင်ပါတယ်.. သို ့သော် မြန်မာနိုင်ငံက ဆရာဝန်တွေအတွက်တော့ အခုအချိန်မှာ မတရားလှသေးဘူးထင်ပါတယ်…
    ဆေးပညာကို update ဖြစ်အောင် မလုပ်တဲ့ အတွက်လဲ ဆရာဝန်တွေမှာ အပြစ်ရှိတယ်လို ့မမြင်မိပါဘူး…
    ဆရာဝန်ဖြစ်လာပေမဲ့ ငွေးကြေးကိုဂရုမစိုက်ပညာနောက်ကိုပဲလိုက်ပြီး ကိုယ့်ကိုယ်ကို update ဖြစ်အောင်လုပ်နိုင်မယ့်ဆရာရာဝန်ဆိုတာ မြန်မာနိုင်ငံမှာ အနဲစုလေးပဲရှိနိုင်မယ်ထင်ပါတယ်… ပညာကိုအမြဲ Updated ဖြစ်စေချင်ရင်တော့ ဦးကြီး FR ပြေခဲ့ဖူးသလိုပဲ ဩစတေးလျမှာလို စနစ်ရှိမှဖြစ်နိုင်မှာပါ…
    ဒီလိုစနစ်ကောင်းတွေမရှိ ပစ္စည်းကိရိယာ အစုံအလင်မရှိနဲ ့ဆရာဝန်ဖြစ်လာရတဲ့လူတွေကို တစ်ခုခုဖြစ်ပြီဆိုမှ တရားစွဲမယ်… တစ်သက်လုံးခေါင်းမဖော်နိုင်အောင်ဝိုင်းဆော်လိုက်ကြမယ်ဆိုရင် မတရားဘူးလို ့မြင်ပါတယ်…

    ဆရာဝန်တွေဘက်ကနေပြောမလို ့သာပြောနေရတယ်… အားတော့ခပ်ငယ်ငယ်ပါ…
    ဘာလို ့ဆို ဒီဘက်နှစ်ပိုင်းတွေမှာ ဆရာဝန်ဆိုတာကလဲ ပြည်သူ ့ချဉ်ဖတ်ဘက်တဖြည်းဖြည်းကပ်လာသလား ထင်မိလို ့ပါ… (အပြောလွန်သွားခွင့်လွှတ်ပါ)
    ဆေးရုံတစ်ရုံရောက်သွားရင် ဆရာဝန်ကြောင့် စိတ်အမောပြေရတဲ့ လူနာဆိုတာ ရှိမှရှိပါလေစ တွေးမိပါတယ်… ဆေးရုံထဲမှာ နိစ္စဓူဝမြင်နေရတာကတော့ ဆေးလောကက လူတွေဆိုတာ (သူနာပြုတွေအပါ) လူလူချင်းလေးစားမှုမရှိဆုံး… နိုင့်ထက်ကလူ အော်ငေါတ်တတ်ဆုံးလူတွေအဖြစ်ပဲမြင်နေရပါတယ်…ပညာတတ်လူတန်းစားမှဟုတ်ပါလေစလို ့တွေးမိတာ ခဏခဏပါ.. (အားလုံးတော့မဟုတ်ပါ အများစုပါ). ယဉ်ကျေးပြီး ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ဆရာဝန်တွေလဲ ရှိတော့ရှိပါသေးတယ်…
    ဆရာဝန်တွေဆိုတာကလဲ (ဆရာဝန်ပေါက်စတွေပိုဆိုး) လမ်းလျှောက်တာကစလို ့ အမြင်ကပ်စရာကောင်းအောင်လျှေက်တတ်ပါလား လို ့တွေးမိလောက်အောင်ကို အမြင်ကပ်စရာကောင်းနေပါတယ်… ဦးကြီးဖောပြောတဲ ့ customer is god ဆိုတာကြီးတော့ အင်တာနက်ထဲပဲပြော ..ဆေးရုံထဲလာမပြောနဲ ့ ဆိုပြီး ပြန်ပြောကြမယ်ထင်ပါတယ်…

    ကြုံလို ့ပြောတော့မယ်ဗျာ ဦးကြီးဖောလို ပိုစ်အသစ်တော့မတင်တော့ဘူး…
    ဆေးလောကဆိုတာလဲ နာမည်အရသာ ဂုဏ်သိက္ခာရှိတော့တယ်ထင်ပါတယ်… အတွင်ပိုင်းကတော့ ဆိုးဆိုးရွားရွားပျက်စီးနေပြီထင်တာပါပဲ…
    ဆေးတိုက်ထောင်ထားတဲ့ ဆေးတိုက်ပိုင်တွေ ဆရာဝန်ကြီးတွေဆိုတာလဲ ကျွန်တော့် အမြင်တော့ မာဆတ်ပိုင်ရှင်တွေ စင်တင်ဘီယာဆိုင်ပိုင်ရှင်တွေ နဲ့ သိပ်မခြားတော့ပါဘူး…(ကျွန်တော့်အမြင်ပါ…)
    သူတို ့ခရီးတစ်ခါထွက်ရင် သူတို ့ပိုင်တဲ့ ဆေးတိုက် ဆေးခန်းတွေကနေ နာစ်မလေးတွေ ဟိုတစ်ယောက်.. ဟိုတစ်ယောက် ခေါ်ခေါ်သွားဆိုပဲ (အပုတ်ချတယ်တော့မထင်ပါနဲ ့ဗျာ တိတိကျကျရေးကောင်းတဲ့နေရာမဟုတ်လို ့ပါ.. သေချာပါတယ်)… မန်းလေးမှာလဲ နှာဗူးဆရာဝန်တွေဆိုတော်တော်ပေါတာ ဆေးကျောင်းသူတွေ နာစ်မလေးတွေ သိကြပါတယ်… ဓါတ်လှေခါးထဲ MO နဲ နှစ်ယောက်ထဲကြုံတုန်းဖက်နမ်းတဲ့ ဆရာဝန်ရယ် နာစ်မလေးကို ဖက်နမ်းတဲ့ဆရာဝန်ရယ်.. တစ်ခါမက ကြားရပါတယ်… အဲဒိဆရာဝန်ကြီးတွေလဲ ကိုရီးယားကားတော်တော်ကြည့်တယ်ထင်ပါတယ်… ဒါကပေါ်တင်လုပ်တဲ့ကိစ္စမျိုးတွေပါ…
    ဆေးရုံကြီးတွေ ဆေးတိုက်ကြီးတွေမှာ အလုပ်ခန့်တဲ့ကိစ္စမျိုး ဆိုပါတော့ … သမာန်ရွက်ကြမ်းရေကြိုနဲ ့ရုပ်ရည်ပုံမလာတဲ့ မိန်းကလေးမျိုးဆို အလုပ်ရဖို ့မလွယ်ပါဘူး…(အားလုံးသောဆေးတိုက် ဆေးရုံတွေတော့ မသိဘူးခင်ဗျာ ကြုံဖူးတဲ့တစ်ခုတော့ သေချာတယ်) အစမ်းခန် ့နဲ့တင်ပြီးသွားပါတယ်…
    ဆရာဝန်ကြီးတွေ ကလဲ ပေါ်တင်စပွန်ဆာပေးကြပါတယ်… နာစ်မလေးတွေကို… နာစ်မလေးတွေကလဲ စပွန်ဆာရှာကြပါတယ်… စပွန်ဆာယဉ်ကျေးမှုက ဆေးလောကမှာလဲမလွတ်ပါဘူး…

    ပြောရင်းဘယ်ရောက်ကုန်လဲတော့မသိပါဘူး… နိဂုံးချုပ်ရရင်တော့
    လူနာတွေကလဲ ဆရာဝန်တွေကိုအားကိုးပြီး မှားခဲ့ရင်ခွင့်လွှတ်ဖို ့ကြိုတင်အားမွေးထားပြီ…
    ဆရာဝန်ဆိုတဲ့လူတွေကလဲ …ငါတကောကောမာန်မတက်ပဲ “စေတနာ” ဆိုတဲ့အရာကြီးကို.. မေ့ပျောက်မထားပဲ လူနာတွေကို ကြပ်ကြပ်မတ်မတ်ဂရုစိုက်ပြီး မှ ထိုက်သင့်တဲ့ အခကြေးငွေယူလျှှင် အကောင်းဆုံးပါပဲ…
    ပြောမှားဆိုမှားရှိခွင့်လွှတ်ပါ… ငြင်းခုန်စရာတွေတော့ပါသွားပြီထင်ပါတယ်….

    • Foreign Resident

      October 23, 2011 at 11:50 am

      ညီလေး ပေစုတ်စုတ် ရေ

      ညီလေးက အဘမရေးရဲတာတွေကိုပါ ရေးလိုက်တော့ အံ့ဩမိသကွာ ။
      ဒါတောင်မှ မပြရင် Operation မလုပ်တဲ့ ဆရာကြီး အကြောင်းတို့
      ဆေးခန်း ကုတင်ပေါ် အထိတက်တဲ့ ဆေး Promoter မလေးတွေ အကြောင်းတို့
      အများကြီး ကျန်ခဲ့သေး ။ 🙂

      အော် ပုထုဇါဉ် တွေပဲလေ ။ အပြစ်မတင်ပါဘူး ။
      အဘ ကိုယ်တိုင်ကလဲ သူတော်စင်မှ မဟုတ်တာ ။
      သူတို့နီးပါး လောက်ကတော့ ဆိုးပါ့ ။ မသာရင်သာ နေမယ် ။
      ( အဲ အခုတော့ဟုတ်ဘူး လိမ္မာသွားပြီ ဟီဟိ ) 😛

      လိုရင်းကတော့ စနစ်ပါကွယ် စနစ် စနစ် စနစ် ။

    • ကြောင်ကြီး

      October 23, 2011 at 12:13 pm

      ဆရာဝန်တွေ အမြဲအပ်ဒိတ် ဖြစ်နေရမယ်လို့ စာထဲပါတယ်လေ။ ဆေးပညာ တခုထဲကို ကွက်ကွက်လေး ပြောတယ်ထင်နေလား။ ဆေးသိပ္ပံသုတေသန၊ ခေတ်မှီစက်ကိရိယာအပြင် ကိုယ်ပိုင်စက်ကိုလည်း နောက်တက်လေးတွေနဲ့ သနေဖို့လိုတယ်။ မက်ကင်းနစ်အိုကြီးတွေနဲ့ အမြဲသွားလို့ ဖြစ်နိုင်ပါ့မလား..။ 😡

      • ပေစုတ်စုတ်

        October 23, 2011 at 6:31 pm

        ကျွန်တော်လဲ နဲနဲပါးပါးအသံကောင်းဟစ်ကြည့်တာပါခင်ဗျာ.. ကျွန်တော်အသက်ကြီးတဲ့အခါလဲ သူတို ့နဲ့သိပ်ခြားလှမယ်မထင်ပါဘူး… ဘာပဲပြောပြော ဆရာဝန်ကြီးတွေလဲ ပုထုဇဉ် ပုရိသတွေဆိုတော့ ခွင့်လွှတ်ရမှာပါပဲ… 😀

  • ဘဘ

    October 23, 2011 at 10:55 am

    ကိုFR သုံးသပ် ပြထားတာတွေကောင်းပါတယ်။ သို့သော် မြန်မာပြည်က ဆရာဝန်တွေ Update မဖြစ်ဘူးဆိုတာလေးတော့ မဟုတ်ကြောင်းပါဗျာ။ ဘယ် ပညာ မဆိုပြီးဆုံးသွားတယ်( တဖက်ကမ်းခတ်တတ်တယ်) ဆိုတာမရှိသလို)ဆရာဝန်ကြီးများလဲ အမြဲတမ်း သင်ယူနေရပါတယ်။ မြန်မာပြည် ကဆရာဝန် တွေမညံ့ကြ ( အနည်းဆုံးတော့ အရှေ့တောင်အာရှ) အဆင့်ရှိကြပါတယ်။ ကျနော့ Postမှာရေထားသလို( မြန်မာကဆရာဝန် တွေကညံ့တယ် ယိုးဒယား ကမှတော် တာ) ဆိုတာ က ကို့လူမျိုးကိုအထင်သေး သလိုများဖြစ်နေမလား။ မြန်မာပြည် ဖွားဆရာဝန်များ ထဲမှာ ခွဲစိတ်၊ သမားတော်၊ ကလေးအထူးကု၊ သားဖွားမီးယပ်အထူးကု လေးမျိုးလုံး ကို လူတစ် ယောက် ထဲက ရယူနိုင်တာတွေရှိပါတယ်။

    သို့သော် အကြောင်းအမျိုးမျိုး ကြောင့် မြန်မာပြည် မှာအချေမချပဲ နိုင်ငံရပ်ခြား ရောက်နေကြသူများလဲရှိပါတယ်။

    ကိုFR ပြောသလို ”နိုင်ငံ နှင့်လည်း သင့်တော်

    နိုင်ငံတကာ နှင့်လည်း မျက်ခြေမပြတ်တဲ့

    ပွင့်လင်း တိုးတက်တဲ့

    ဆေးဖက်ဆိုင်ရာ System ကြီး
    တစုတစည်းတည်း တောင်းဆို ထူထောင်ရမယ့်

    အချိန်ကို ရောက်နေပါပြီ ။” …….ဆိုတာ တော့ အလွန်ကိုဖြစ်သင့် တာပါ။ ဆရာဝန် ၊ကျန်းမာရေးဆိုင်ရာ ဝန်ထမ်းများ ၏လစာ ခံစားခွင့်များ၊ အခြား ဆေးရုံ အသုံးစရိတ် ဆေးကိရိယာများ ၊ ဆေးဝါး များ ကို လိုအပ်သလို နိုင်ငံတော်က ထောက်ပံ့ပေးမယ် ဆိုရင် တော့ ……….

    ဒါနဲ့ ဒီနှစ် ကျန်းမားရေး ကဏ္ဌ နိုင်ငံတော်အသုံးစရိတ် ခွင့်ပြုချက် က ၁ရာခိုင်နှုန်း အောက်ပဲရှိတာဆို။ (အဲဒီကိတ်စ ကိုလဲ ဆွေးနွေးပေးပါဦး)

    • Foreign Resident

      October 23, 2011 at 11:32 am

      ” ဘဘ ” ရယ်
      ကျွန်တော်လည်း မြန်မာဆရာဝန်တိုင်းကို ညံ့တယ် မပြောရပါဘူး ဗျာ ။
      ပြောမိရင် တခြားကိစ္စကနောက် အရင်ဆုံး မိန်းမနှင့် နပန်းလုံး နေရမယ် ။
      ဒါတော့ သားသား ကြောက်ကြောက် ။

      သူတို့ တော်ရှာကြပါတယ် ။
      ခေတ်စံနစ်ကြီး မှားနေလို့သာ Update လုပ်စရာလဲ အတင်းအကြပ် မလို ။
      အဲဒီတော့ Update လုပ်ဖို့ အချိန်မပေးဖြစ်တွေ ဖြစ်ကုန်တာပါ ။

      Update မဖြစ်ပဲ ကျန်ခဲ့တာတော့ အမှန်နော် ။
      ဆရာဝန် ဘယ်နှစ်ယောက် ကများ နှစ်စဉ်
      နိုင်ငံတကာ အဆင့်မှီ Conference တွေ သင်တန်းတွေ
      ဘယ်နှစ်ခါများ တက်ကြလို့ တုန်း ။

      Australia မှာ နိုင်ငံခြား USA UK အထိသွားတက်ကြတယ်နော် ။
      အစိုးရက အဲဒီစရိတ်ကို Tax deductible လုပ်ပေးထားတော့
      မိသားစုပါခေါ်ပြီး Conference Tour သွားကြတာ ။
      အရမ်း တန်တယ် ။ 😛

      တော်သေးဘီ ။ ဆက်ရေးရင် နောက် တစ် Post ဖြစ်တော့မယ် ။ :p

    • Foreign Resident

      October 23, 2011 at 11:54 am

      ” မြန်မာပြည် ဖွားဆရာဝန်များ ထဲမှာ
      ခွဲစိတ်၊ သမားတော်၊ ကလေးအထူးကု၊ သားဖွားမီးယပ်အထူးကု လေးမျိုးလုံး ကို
      လူတစ် ယောက် ထဲက ရယူနိုင်တာတွေရှိပါတယ် ”

      Long Long ago က ၊ ရွှေခေတ်တုန်းကပေါ့ “ဘဘ” ရယ်။
      အခုများတော့ မပြောချင်ပေါင် ။

      • ဘဘ

        October 24, 2011 at 1:10 am

        ခုလဲထိုကဲ့သို့ ထူးချွန်သူများ ရှိနေဆဲပါ ကျနော်သိတဲ့ တစ်ယောက် ကိုပဲပြောပါမယ်။ အရင် ဆေးတကသိုလ် (၂) ကာကွယ်ရေးနှင့် လူမှုဆေးပညာ ဌာန ဌာနမှူး ( ခု အငြိမ်းစား) ပါမောက္ခ ဒေါ်စန်းစန်းမြင့်အောင်ပါ။
        ဆရာမကြီး ကို ၄- ၅- ၆ လ တခါလောက် ထိုင်း၊ စင်ကာပူ အစရှိတဲ့ နိုင်ငံများမှာပြု လုပ်သော Conference များတွင် ဟောပြောပေးပါရန် ဖိတ်ကြားခြင်းခံရပါတယ်။ (ဟောပြောပေးဖို့နော ၊ ရိုးရိုး စင်အောက်ကသွားနား ထောင်ယုံမဟုတ်ဘူး) ။ ဆရာမကြီးက အင်းစိန်မြို့နယ် မှာနေထိုင်ပြီး ခုထိလဲ အဆိုပါနိုင်ငံများသို့ သွားရောက် ဟောပြောနေစဲပါ။

        ကြည့်ရတာ ကို FRကဆရာဝန် ညံ့ညံ့တွေနဲ့ပဲ တွေ့ဘူးလို့လား၊ ဒါမှမဟုတ် ကို FRကပဲသူတို့ကိုညံ့တယ်ထင်နေတာလား။

        MRCP / FRCF ဆိုတာကလဲ ဗြိတိသျှနိုင်ငံ တော်ဝင်ဆေးတကသိုလ်ကြီး ၃ခုက အသိအမှတ်ပြု တဲ့ဘွဲ့ထူး(ဂုဏ်ထူး လို့ပဲဆိုရမလား) ပါ။ ပါတီပါချက်လေးရထားတာတော့မဟုတ်ပါဘူး။ အဲဒီ နိုင်ငံကြီးကလဲ ပါတီပါချက်တွေကို ဒီလို ဘွဲ့မျိုးပေးမယ်မထင်ပါဘူး။

        • ဘဘ

          October 24, 2011 at 1:38 am

          FRCS *

  • ဘဘ

    October 23, 2011 at 11:07 am

    ပေစုတ်စုတ် ပြောတာ တွေလဲ မှန်ပါတယ်ဗျာ၊၊ ခုနောက်ပိုင်း အချို့သော အထူးကုဆေးရုံကြီးတွေမှာ သူနာပြု လက်မှတ်ရမဟုတ်ကြ သော သူနာပြုများခန့်ထားတာတွေရှိပါတယ်။ ( သူတို့က အစိုးရဆေးရုံမှာ အလုပ်ဆင်း စရာမလိုတော့ အထူးကုဆေးရုံမှာ တနေကုန် အချိန်ပေးနိုင်တာ ကြောင့်လို့ထင်ပါတယ်) ။ ဆရာဝန်တော့ အတု မခန့်ပါဘူး။ သူနာပြုတွေ က ဆေးရုံတွေမှာ ဟိန်းလား ဟောက်လားနဲ့ ရိုင်းနေကြတာလဲမှန်ပါတယ်။ (အားလုံးတော့မဟုတ်ပါ) ဒါကတော့ မြန်မာပြည် စတိုင် ပဲခေါ် မလား။ ဌာန တိုင်းမှာ ဟိုလူ့ကိုဟောက် ဒီလူ့ကိုဟောက် လူ တွေရှိကြပါတယ်။ ( မြန်မာ စတိုင် ပဲဆိုပါဆို့)

  • ပေါက်ဖော်

    October 23, 2011 at 11:10 am

    အသက်တစ်ချောင်းက ကျန်တစ်ချောင်းလို..စိုက်ချင်တိုင်း စိုက်လို ့မရတော့..
    အထူးပဲကုကု မထူးပဲကုကု….လူ ့အသက်တစ်ချောင်းကိုတော့ အထူးဂရုစိုက်သင့်တယ်

    ဘာဖြစ်ဖြစ်ကုမယ်..ကောင်းသွားမှာပါ..ရအောင်ကုမယ် ဆိုပြီးမှ ချစ်ရတဲ့ဆွေမျိုး
    အသက်ပျောက်သွားရင်တော့ ဘသူမဆိုပေါက်ကွဲမှာပဲဗျ

    ရပါတယ်..ကောင်းသွားမှာပါ ကနေ ဘဝဆုံးခံလိုက်ရတဲ့အဖြစ် ခံရဘယ်လောက်ခက်သလဲဆိုတာ
    ကိုယ့်အမျိုးတွေဖြစ်မှ ကိုယ်ချင်းစာတတ် မပေါ့ဗျာ

    ဒါကြောင့်
    လူနာရှင်အနေနဲ ့..ယူကျုံးမရ ဖြစ်တာ မဆန်ဘူးဗျ

    ကျနော်ကတော့
    အူအတက်ဖြစ်တာကို အထူးကုဆေးခန်း တစ်ခုအနေနဲ ့ ကုသမယ်ဆိုလျင် အသက်ပျောက်စရာမရှိဘူးလို ့
    ထင်တယ်ဗျာ

  • windtalker

    October 23, 2011 at 1:08 pm

    အဘ စာနဲ ့အောက်က ကွန်မင့်တွေ ဖတ်ပြီး ဘာမန် ့လို ့မန် ့ရမှန်းမသိအောင်ကို ဖီးလ် ဖြစ်တယ် ဗျာ

  • htoosan

    October 23, 2011 at 2:52 pm

    အနာဂါတ် အတွက် ကြိုတင်လုပ်ဆောင်မှု့များ ရှိရမည်ဖြစ်သော်လည်း လက်ရှိ တည့်တည့် ကြည့်ရလျှင် သေသူ အပေါ် မစာနာ ရ်ျ မဟုတ်သော်ငြားလည်း ဆရာဝန်ကြီးများ၏ ကုသမှုကြောင့် ကောင်း သွား သှု ဘယ်နှစ်ဦး နှင့် ဆုံးသွားသှု ဘယ်နှစ်ဦးဆိုသည် ကို ချင့်ချိန်ရန်လည်းလိုမည် ဟု ယူဆမိပါသည်။

    ကျွန်တော့် အတွက်တော့ နိင်ငံကို စွန့်မသွားဘဲ ယခုလို ဆရာဝန်ကြီးများ နိုင်ငံအတွင်း ဆင်းရဲအပင်ပန်းခံ ရှိနေခြင်း ကုသပေးနေခြင်းကပင် လျှင် ကျေးဇူးတင်စရာဖြစ်ရ်ျနေပေသည်။
    တစ်နေ့ တစ်နေ့ အိပ်ကောင်းခြင်း မအိပ်ရ ၊ အစားအသောက် အေးအေးဆေးဆေး မစားရရှာ ကြဘဲ လူနာပေါင်းများစွာ အား ကုသပေးနေရရှာသော၊ မိမိကိုယ်တိုင် နေမကောင်းပါလျက် နေမကောင်းသူ လူနာများ အတွက် ဆေးခန်းထိုင်ပေးရသော မြန်မာနိင်ငံအတွင်းမှ ဆရာဝန်များ၊ ငွေတစ်ခု ထဲမကြည့်တာတော့သေချာပါသည်။
    တစ်နေ့လုံးနေမှ လူ အစိတ်လောက် အလွန်ဆုံးကြည့်ပေးရသော နိင်ငံခြားမှဆရာဝန်များနှင့် မနက်စောစော ပုဂ္ဂလိက ဆေးရုံမှလူနာတွေ လှည့်ကြည့်၊ ပြီး အစိုးရဆေးရုံပြေး ၊ ပြီးဆေးခန်းတွေ ဆက်ထိုင်ကြရသော လူနာ ရာချီကြည့်ရသော ဆရာဝန်များ စိတ်ရှည်နိင်မှု တူညီနိုင်ပါ့မလား .. .တွေးစရာပါ။

    • Foreign Resident

      October 23, 2011 at 5:51 pm

      ကို htoo san ရေ

      ” ဆရာဝန်ကြီးများ၏ ကုသမှုကြောင့် ကောင်း သွား သှု ဘယ်နှစ်ဦး နှင့်
      ဆုံးသွားသှု ဘယ်နှစ်ဦးဆိုသည် ကို ချင့်ချိန်ရန်လည်းလိုမည် ဟု ယူဆမိပါသည် ”

      လူတစ်ယောက်ရဲ့ ပြုမူမှုဟာ
      တမင်တကာ သော်လည်းကောင်း ၊ ပေါ့ဆ၍ သော်လည်းကောင်း ၊ မတော်တဆ သော်လည်းကောင်း ၊
      နောက်လူတစ်ယောက်ကို နစ်နာစေခဲ့ရင် ။

      အဲဒီနစ်နာမှုအတွက်
      တရားဥပဒေ အရပြစ်ဒါဏ် ကျခံခြင်း ဖြင့် သော်၎င်း
      နောက်လူ (သို့) မိသားစုကိုကျေနပ်အောင် ပေးလျော်ခြင်းဖြင့် ၎င်း
      တနည်းနည်း (သို့) နှစ်နည်းလုံး ဖြင့်သော်၎င်း ပေးဆပ်ရပါမယ် ။

      အဲဒါ တရား မျှတမှု (သို့) တရား ဥပဒေ ရဲ့အခြေခံပါ ။
      အဲဒီလို ပြစ်ဒါဏ်မကျခံခြင်ရင်တော့
      Constitution မှာ 1st Amendment ( Medical Exception Clause )
      ဆိုပြီး ထည့်ပေးမှပဲ ရမှာပါ ။

      သူအရင်က ဘယ်လောက်ကယ်ခဲ့တယ်ဆိုတာက
      ပြစ်ဒါဏ် ပမာဏကို လျှော့စေရာမှာ ထည့်သွင်းစဉ်းစားမှာ ဖြစ်ပေမယ့်
      ပြစ်ဒါဏ် ကြီးတစ်ခုလုံး ဖျောက်ပစ်ဖို့တော့ မလုံလောက်ပါဘူး ။

      ဥပမာ အားဖြင့် ( ကန်တော့ပါရဲ့နော် )
      အမေစု ဟာ တိုင်းပြည် အကျိုးကို အထူးစွမ်းစွမ်းတမံ လုပ်ခဲ့သော်ငြားလည်း
      မတော်တစ်ဆ လူသေမှုဖြစ်သွားရင် ပြစ်ဒါဏ်ကျခံရမှာပဲ ဖြစ်ပါတယ် ။

      ” တစ်နေ့ တစ်နေ့ အိပ်ကောင်းခြင်း မအိပ်ရ ၊
      အစားအသောက် အေးအေးဆေးဆေး မစားရရှာ ကြဘဲ
      လူနာပေါင်းများစွာ အား ကုသပေးနေရရှာသော ”

      ” မနက်စောစော ပုဂ္ဂလိက ဆေးရုံမှလူနာတွေ လှည့်ကြည့်၊
      ပြီး အစိုးရဆေးရုံပြေး ၊ ပြီးဆေးခန်းတွေ ဆက်ထိုင်ကြရသော
      လူနာ ရာချီကြည့်ရသော ”

      စေတနာဖြင့် အလကား ကုပေးနေလျှင်တော့ အထူးကို လေးစားပါမည် ။
      ပိုက်ဆံယူပြီး လစာယူပြီး ကုတာဆိုလျှင်တော့
      သူ့လောဘနှင့်သူ ဟုသာပြောလိုပါသည် ။
      Sorry ပါ ။

    • Oo Oo

      October 23, 2011 at 7:18 pm

      “ဆရာဝန်ကြီးများ၏ ကုသမှုကြောင့် ကောင်း သွား သှု ဘယ်နှစ်ဦး နှင့် ဆုံးသွားသှု ဘယ်နှစ်ဦးဆိုသည် ကို ချင့်ချိန်ရန်လည်းလိုမည် ဟု ယူဆမိပါသည်။”
      ကိုထူးဆန်းရဲ့..အဲ့ဒီအယူအဆက.. လူတွေကိုကုန်ပစ္စည်းတွေလိုသဘောထားနေသလိုပဲဗျ..
      ဥပမာ… တီဗီပြုပြင်စားသူတစ်ဦးက.. သူပြုပြင်ခဲ့ပြီးသောတီဗီအလုံးတစ်ရာမှာ အလုံးငါးဆယ်ကျော်ပြန်ကောင်းသွား
      ပြီးကျန်အလုံးလေးဆယ်ကျော်ပျက်စီးသွားခြင်းသည်..တီဗီပိုင်ရှင်များအတွက်ငွေကြေးအရသာဆုံးရှုံးမှုဖြစ်စေနိုင်ပါသည်
      အခုဟာက..လူလေဗျာ.. .ဆေးလောကသားတွေရဲ့..တာဝန်မဲ့မှု. .မကျွမ်းကျင်မှု..ပေါ့လျော့မှုတွေကြောင့်
      လူတစ်ယောက်လောက်ပဲမသေသင့်ပဲသေဦးတော့… ကာယကာရှင်ကောမိသားစုဝင်အတွက်ကော…ဘာနဲ့အစားထိုးပြီးဘယ်လိုဖြေ
      လို့ရမှာလဲ…ကိုယ်ချင်းစာကြည့်ပါဦးနော်
      “ကျွန်တော့် အတွက်တော့ နိင်ငံကို စွန့်မသွားဘဲ ယခုလို ဆရာဝန်ကြီးများ နိုင်ငံအတွင်း ဆင်းရဲအပင်ပန်းခံ ရှိနေခြင်း ကုသပေးနေခြင်းကပင် လျှင် ကျေးဇူးတင်စရာဖြစ်ရ်ျနေပေသည်။”
      ဒီအယူအဆကိုနဲနဲဝေဖန်ကြည့်ကြရအောင်…ဆရာဝန်ကြီးတွေနိုင်ငံကိုစွန်ခွါမသွားဘူးဆိုတဲ့နေရာမှာ…
      သွားလို့ရရင်..သွားချင်နေတဲ့သူတွေလဲအများကြီးရှိနေပါတယ်.. သွားလို့ရလျှက်နဲ့စွန့်ခွါမသွားသေးတဲ့ဆရာဝန်ကြီးတွေ
      ထဲမှာအချို့အတွက်ကမြန်မာပြည်မှာပိုပြီးဝင်ငွေကောင်းပြီး.. အနေချောင်တဲ့အတွက်လည်းပါပါတယ်.. အားလုံးသောဆရာဝန်များကိုမဆိုလိုပါ… တကယ်လေးစားထိုက်တဲ့ ဆရာဝန်များ လည်းမြန်မာပြည်ဆေးလောကမှာ ရှိနေပါသေးတယ်
      ” မိမိကိုယ်တိုင် နေမကောင်းပါလျက် နေမကောင်းသူ လူနာများ အတွက် ဆေးခန်းထိုင်ပေးရသော မြန်မာနိင်ငံအတွင်းမှ ဆရာဝန်များ၊ ငွေတစ်ခု ထဲမကြည့်တာတော့သေချာပါသည်။”
      နိုင်ငံခြားမှဆရာဝန်များလည်း..မိမိကိုယ်တိုင်နေမကောင်းပေမယ့်ဂျူတီဝင်ရတာရှိပါတယ်. .ဒါဟာမိမိနဲ့သက်ဆိုင်တဲ့တာဝန်အပေါ်တာဝန်ယူမှုတခုဖြစ်ပါတယ်
      ( “တစ်နေ့လုံးနေမှ လူ အစိတ်လောက် အလွန်ဆုံးကြည့်ပေးရသော နိင်ငံခြားမှဆရာဝန်များနှင့် မနက်စောစော ပုဂ္ဂလိက ဆေးရုံမှလူနာတွေ လှည့်ကြည့်၊ ပြီး အစိုးရဆေးရုံပြေး ၊ ပြီးဆေးခန်းတွေ ဆက်ထိုင်ကြရသော လူနာ ရာချီကြည့်ရသော ဆရာဝန်များ စိတ်ရှည်နိင်မှု တူညီနိုင်ပါ့မလား .. .တွေးစရာပါ။” )
      နိုင်ငံခြားမှဆရာဝန်များက တနေ့လုံးနေမှအလွန်ဆုံးလူနာအစိတ်လောက်ပဲကြည့်ပေးရတယ်လို့ထင်ပါ
      သလား…မြန်မာပြည်ကဆရာဝန်တွေကိုဘယ်သူကအမိန့်ပေးပြီး..မနက်စောစော ပုဂ္ဂလိက ဆေးရုံမှလူနာတွေ လှည့်ကြည့်၊ ခိုင်းပါသလဲ..ဘယ်သူတွေကအမိန့်ပေးပြီး.. .ဆေးခန်းတွေလှည့်ပြီးထိုင်ခိုင်နေပါသလဲ… တကယ်တော့ဒါတွေဟာ… သူတို့ကိုယ်ကျိုးအတွက်..လောဘတက်နေတာလို့ပြောရင်လွန်ပါ့မလား..
      (ဆရာဝန်များကိုမုန်းလို့ဆော်ကားလိုစိတ်ဖြင့်ရေးခြင်းမဟုတ်ပါ…မိမိအမြင်ကိုသာအမှန်အတိုင်းတင်ပြခြင်ဖြစ်ပါသည်
      ကျွန်တော့အစ်မများလည်းဆရာဝန်ကြီးတွေပါပဲ..တစ်ဖက်သတ်ရေးထားတာကိုဝေဖန်ကြည့်ခြင်းသာဖြစ်ပါကြောင်း)

      • ဘဘ

        October 24, 2011 at 1:30 am

        ”””’နိုင်ငံခြားမှဆရာဝန်များကတနေ့လုံးနေမှအလွန်ဆုံး လူနာအစိတ်လောက်ပဲကြည့်ပေးရတယ်လို့ထင်ပါ
        သလား…မြန်မာပြည်ကဆရာဝန်တွေကိုဘယ်သူကအမိန့်ပေးပြီး.. မနက်စောစော ပုဂ္ဂလိက ဆေးရုံမှလူနာတွေ လှည့်ကြည့်၊ ခိုင်းပါသလဲ.. ဘယ်သူတွေကအမိန့်ပေးပြီး …ဆေးခန်းတွေလှည့်ပြီးထိုင်ခိုင်နေပါသလဲ… တကယ်တော့ဒါတွေဟာ… သူတို့ကိုယ်ကျိုးအတွက်. .လောဘတက်နေတာလို့ပြောရင်လွန်ပါ့မလား;;;””’
        Oo Oo
        သို့သော် ဆရာဝန် တိုင်းက ပိုက်ဆံ တမျက်နာပဲကြည့်နေတာတော့မဟုတ်ပါဘူး။

        ((ကျနော် လဲ တခြားနိုင်ငံတွေမှာ အလုပ်သွားမလုပ်ဖူးတော့သေချာတော့ မသိပါဘူး။ ))

        ကြားဖူးတာက နိုင်ငံခြား တိုင်းပြည်မှာ ဆရာဝန် တွေက အစိုးရဆေးရုံ(သို့ အပြင် ဆေးရုံ တွေမှာ လုပ်ရုံနဲ့) အရမ်းမချမ်းသာ ရင်တောင် လူရိုသေရှင်ရိုသေ နေနိုင်ပါတယ်။ ဒီမှာသာ အစိုးရဆေးရုံ ကပေးအပ်ချီးမြင့်တဲ့ လခ လေးနဲ့ သာ ကျေနပ်နေပြီး အပြင်မှာ ဆေးခန်းထိုင်ခြင်း၊ အခြားနည်းနှင့်ငွေရှာခြင်း မလုပ်ပါက နောင်တချိန် တွင် ဆရာဝန် ဆိုတာ အကျီ်ဆိုလဲ အဟောင်း ၊ အသုံးအဆောင် ပစ္စည်းဆိုလဲ အပေါဆုံး တရုတ်ကလာတာမျိုး၊ ကားစီးဖို့ဝေလာဝေး ဆိုက်ကားပင်မှန်အောင် မစီးနိုင်သူ၊ သားသမီး များကို လဲ ရိုးရိုး ကျောင်းမှလွဲ၍ ကျူရှင်ပင် မထားနိုင်သူများ ဟုလူအများကသိရှိလာပေမည်။

        နောင်အခါ ဆရာဝန်၊သူနာပြူအလုပ်သည် ပင်ပန်းဆင်းရဲရုံမက၊ လူမွေးလူတောင်မပြောင်စေခြင်းကတမျိုး ၊ တရားမကြာခဏအစွဲခံရခြင်းကတဖုံ တို့ကြောင့် မည်သူမှ မလုပ်တော့ပဲရှိလာမည်။ ဆေးကျောင်းကြီးများလဲ အသုံးပြုသူမရှိသဖြင့် ပျက်စီးသွားမည်။ ဆေးကုသမည့် သူများလဲ နိုင်ငံရပ်ခြားသို့သွားကာကုသခံမည်။ ထိုအခါ နိုင်ငံတော်မှ စေတနာ ကြီးစွာဖြင့်ချပေးထားသော မှာလဲ ပိုလျှန်သွားတို့မည်။
        နောက်ပိုင်းတွင် အစိုးရမှ ( ဆရာဝန်၊သူနာပြု လုပ်မည့်သူမရှိ၍) မိသားစုတခု လျှင် တဦး မဖြစ်မနေ ဆေးမှုထမ်း ( စစ်မှုမဟုတ်ပါ) ရမည်ဟုအမိန့်ထုပ်လိမ့်မည်။

        ((လျှောက်ပြီး ပေါက်တတ်ကရ ရေးကြည့်တာပါ))

        • Oo Oo

          October 24, 2011 at 9:40 pm

          ဘဘ ရေ…sorry ပါ
          ကျနော်ကဆရာဝန်တိုင်းပိုက်ဆံမျက်နှာပဲကြည့်တယ်လို့မဆိုလိုပါဘူး.. ဆရာဝန်တွေအနေနဲ့..ပြင်ပဆေးခန်းတွေမှာ
          ထိုင်တာကိုလည်းအပြစ်ပြောနေတာမဟုတ်ပါဘူး..ကိုယ်တိုင်ကြိုးစားပြီး..အရင်းအနှီးပေါင်းများစွာနဲ့သင်ယူခဲ့ရတဲ့ဆေး
          ပညာနဲ့ဆေးကုစားတာအပြစ်မှမဟုတ်တာ….အထက်မှာကိုထူးဆန်းရေးထားတဲ့..
          (တစ်နေ့လုံးနေမှ လူ အစိတ်လောက် အလွန်ဆုံးကြည့်ပေးရသော နိင်ငံခြားမှဆရာဝန်များနှင့် မနက်စောစော ပုဂ္ဂလိက ဆေးရုံမှလူနာတွေ လှည့်ကြည့်၊ ပြီး အစိုးရဆေးရုံပြေး ၊ ပြီးဆေးခန်းတွေ ဆက်ထိုင်ကြရသော လူနာ ရာချီကြည့်ရသော ဆရာဝန်များ စိတ်ရှည်နိင်မှု တူညီနိုင်ပါ့မလား .. .တွေးစရာပါ။)
          စာပိုဒ်လေးကိုဖတ်ပြီး..ကျနော်နားလည်လိုက်တာက. .ဆေးရုံနဲ့ဆေးခန်းတွေလှည့်ပြီး..နေ့စဉ်လူနာအရေအတွက်ရာနဲ့ချီ
          ပြီးကြည့်နေရလို့..ဆရာဝန်တွေစိတ်မရှည်ကြတာလို့.. သဘောပေါက်နာလည်လိုက်လို့..အဲ့ဒီအကြောင်းကိုပြန်ပြီးဖြေ
          ရှင်းရေးလိုက်မိတာပါ….အစိုးရဆေးရုံကရတဲ့လခကသုံးမလောက်တာကိုလည်း ကျနော်နားလည်ပါတယ်..ကျနော်ဆို
          လိုချင်တာက.. .ပြင်ပဆေးခန်းထိုင်တယ်ဆိုတာကလည်း.. ထိုက်သင့်တဲ့ကာလတန်ကြေးစမ်းသပ်ခယူပြီးကြည့်ပေးရတာ
          ဖြစ်လို့..လူနာများများကြည့်နိုင်ရင်ပိုကိုက်လို့…များများကြည့်ပေးတာမဟုတ်ပါလား… အဲ့လိုလူနာတွေအများကြီးကြည့်ရလို့ဆိုပြီး.. ကုသမှုအပိုင်းမှာစိတ်မရှည်တာ…ပေါ့ပေါ့လျော့လျော့ကုသတာတွေဟာတကယ်တော့မဖြစ်သင့်တဲ့ကိစ္စတွေ
          ပါ…အဲ့လိုဆရာဝန်တွေကိုလူနာတွေဘက်ကိုတစ်ချက်လောက်ငှဲ့ကြည့်စေချင်ပါတယ်…လူနာဆိုတာကျမ္မာရေးပြသနာ
          ကြုံတွေ့နေရတဲ့သက်ရှိလူတစ်ယောက်ပါ…ထိုက်သင့်တဲ့အခကြေးငွေနဲ ့ဆေးကုသစရိတ်အကုန်ခံပြီးရောဂါပျောက်ချင်လို့
          လာပြီးဆေးကုသမှုခံယူသူပါ…လူနာတစ်ယောက်ကိုဆေးကုသဖို့တာဝန်ယူ လက်ခံလိုက်တဲ့ဆရာဝန်တစ်ယောက်အနေနဲ့..စေတနာမပါရင်တောင်.. တာဝန်တော့ကျေသင့်တယ်မဟုတ်ပါလားခင်ဗျာ
          ဘဘပြောသလို…
          (နောင်အခါ ဆရာဝန်၊သူနာပြူအလုပ်သည် ပင်ပန်းဆင်းရဲရုံမက၊ လူမွေးလူတောင်မပြောင်စေခြင်းကတမျိုး ၊ တရားမကြာခဏအစွဲခံရခြင်းကတဖုံ တို့ကြောင့် မည်သူမှ မလုပ်တော့ပဲရှိလာမည်။ ဆေးကျောင်းကြီးများလဲ အသုံးပြုသူမရှိသဖြင့် ပျက်စီးသွားမည်။ ဆေးကုသမည့် သူများလဲ နိုင်ငံရပ်ခြားသို့သွားကာကုသခံမည်။ ထိုအခါ နိုင်ငံတော်မှ စေတနာ ကြီးစွာဖြင့်ချပေးထားသော မှာလဲ ပိုလျှန်သွားတို့မည်။
          နောက်ပိုင်းတွင် အစိုးရမှ ( ဆရာဝန်၊သူနာပြု လုပ်မည့်သူမရှိ၍) မိသားစုတခု လျှင် တဦး မဖြစ်မနေ ဆေးမှုထမ်း ( စစ်မှုမဟုတ်ပါ) ရမည်ဟုအမိန့်ထုပ်လိမ့်မည်။

          ((လျှောက်ပြီး ပေါက်တတ်ကရ ရေးကြည့်တာပါ))

          မပူပါနဲ့ဘဘရေ..
          လူတန်းစားတရပ်ထဲမှာပေါ့ဗျာ…ဆရာဝန်လုပ်ရင်အကျိုးမရှိဘူးထင်လို့မလုပ်ကြရင်.. လုပ်နိုင်မယ့်သူတွေပေါ်လာပါလိမ့်မယ်ဆိုတာကျနော်ယုံကြည်ပါတယ်.. .ဘာကြောင့်လည်းဆိုတော့. .မြန်မာပြည်ရဲ့မျိုးဆက်သစ်တွေထဲမှာ..ပရဟိတစိတ်
          ဓါတ်ရှိနေတဲ့လူငယ်တွေအများကြီးကိုတွေ့နေရလို့ပါ
          ကျေးဇူးတင်ပါတယ်

  • htoosan

    October 23, 2011 at 3:18 pm

    http://www.yatanarpon.com.mm/lifestyle/article-39479
    မှာ တွေ့မိလို့ ဆရာဝန်တစ်ယောက်ရဲ့ ခံစားမှု့ အနေနဲ့ ကူးတင်ပေးလိုက်ပါတယ်။

    ဆရာဝန် လောင်းလျာလေးရဲ့ ဝေဒနာ (သို့မဟုတ်) ပန်းတိုင်သို့ လက်တစ်ကမ်း အလို
    Written by Myanmar News Weeks
    Monday, 17 Oct 2011 11:03 Photo

    တစ်နေ့တုန်းက ( . . .) ဂျာနယ် တစ်စောင်ဖတ်ရင်း တွေးမိတာလေးတွေကို မျှဝေ ပေးချင်ပါတယ်။ တကယ်တမ်း ပြောရရင် လူငယ်ဆိုတာ တက်ကြွ ရွှင်လန်းပြီး အစစအရာရာ လုပ်ချင်၊ ကိုင်ချင်၊ သိချင်၊ တတ်ချင် ဖြစ်နေသင့်ပါတယ်။ ကျွန်မတို့ Part II တုန်းကဆိုရင် မကြာခင် ဆရာဝန် ဖြစ်တော့မယ်ဆိုပြီး ရွှင်လန်းတက်ကြွ နေခဲ့ကြတာပါ။ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ အမှတ် အကောင်းဆုံး လူ (၅၀၀) လောက်ဘဲ ဆရာဝန်ဖြစ်ခွင့် ရကြတာ။ Top choice ပေါ့လေ။ အဲဒီ အတော်ဆုံးလူ (၅၀၀)ဟာ သူတို့ရဲ့ ပျော်စရာကောင်းတဲ့ လူငယ်ဘဝမှာ သူများတွေလို တက္ကသိုလ်က ပျော်စရာတွေကို မမွေ့လျော်နိုင်ရှာတဲ့ စာအုပ် အထူကြီးတွေ၊ လူသေအလောင်းတွေ၊ နာကျင်ကိုက်ခဲနေတဲ့ ဝေဒနာ ခံစားနေရတဲ့ လူနာတွေကြားမှာ “ငါတို့ တစ်တွေ လူနာတွေရဲ့ရောဂါတွေကို ဖော်ထုတ်တတ်အောင်၊ ဖော်ထုတ်ပြီးတဲ့ ရောဂါအလိုက် လူနာတွေ ခံစားရတဲ့ ဝေဒနာတွေ သက်သာမှု ရှိအောင်၊ ရောဂါတွေ ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ ဆရာဝန်ကောင်းတွေ ဖြစ်အောင် ဆေးပညာတွေကို တကယ် တတ်ကျွမ်းအောင် သင်မယ်” ဆိုတဲ့ စိတ်ဓါတ်နဲ့ စာကို ကြိုးစားသင်ယူခဲ့ကြရတာပါ။ Main လို့ ခေါ်တဲ့ ဝိဇ္ဇာ/ သိပံ္ပ တက္ကသိုလ်က သူငယ်ချင်းတွေကတော့ တက္ကသိုလ်ကျောင်းသား ကျောင်းသူဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းခဲ့ကြတာပေါ့။ ကံ့ကော်နံ့ မသင်းတဲ့ လူသေ အလောင်းတွေဟာ မသဒီ စရာပါ။ ခန္ဓာဗေဒ ဘာသာမှာ ဆိုရင်တောင် လူအရိုးတွေ အကြောင်း သင်ရတဲ့အခါ အရိုးတွေကို ကိုင်ပြီး အိပ်ပျော်သွားတာမျိုးလည်း ရှိခဲ့ပါတယ်။ သူများတွေ ချစ်သူမျက်နှာလေးကို မြင်ယောင်ပြီး နေ့လည်က ချစ်သူနဲ့(ရုပ်ရှင်တွေထဲကလို) လျှောက်လည်တာတွေ စားမြုံ့ပြန်ရင်း အိပ်မက်ကမ႓ာထဲ ရောက်နေတဲ့ချိန်မျိုးမှာ ကျွန်မတို့က အရိုးကြီးကိုင်ပြီး အိပ်ပျော်ရတဲ့ဘဝ . .။ အဲဒီလို ကွာခြားပါတယ်။ လူနာဆောင်တွေမှာ Posting ကျတော့လည်း ဒီလူနာ က Heart sound ကောင်းတယ်။

    ဒီလူနာက အသည်းကြီး နေတယ်။ ဘေလုံး (Spleen) ကြီး နေတယ်။ အဲဒီလို ကျွန်မတို့ အချင်းချင်း သတင်းပေးရပါတယ်။ အဲဒီတုန်းက ကြိုးစား လေ့လာခဲ့လို့ လူနာတွေကို အများကြီး ကုသပေးနိုင်တာပါ။ ကျွန်မတို့ကို စမ်းသပ်ခွင့်ပေးခဲ့တဲ့ လူနာတွေကိုလည်း ကျေးဇူးတင်ရပါတယ်။ အဲဒီလို ကြိုးစားပြီး.နောက်ဆုံးနှစ် အပိုင်း (ခ)ကို ရောက်ခဲ့ပါတယ်။ အဲဒီနှစ်ကတော့ M.B,B.S သင်တန်းအတွက် အခက်ခဲဆုံး ပါတဲ့။ STRESS ကလည်း တအား များပါတယ်။ ပန်းတိုင်ရောက်ခါနီးဆိုတော့ အခက်အခဲတွေ၊ စိတ်ပင်ပန်း၊ လူပင်ပန်းမှုတွေ များလာပါတယ်။ စာမေးပွဲဆိုတာကလည်း အောင်မြင်မှုရဖို့ ဘက်ပေါင်းစုံ အဆင်ပြေရတာလေ။ တချို့ဆိုရင် စာမေးပွဲနီးမှ နေမကောင်းတာမျိုး၊ Accident ဖြစ်တာမျိုး၊ တချို့ကအိပ်ရေး ပျက်ပြီးခေါင်းမကြည်လို့ ကောင်းကောင်း မဖြေနိုင်တာမျိုးစတဲ့စတဲ့ အနှောင့်အယှက်တွေက တစ်ပုံကြီးပါ။ အဲဒါတွေကို ကျော်လွှားနိုင်တဲ့ အရည်အချင်းတွေကိုပါ ဆေးကျောင်းတွေက ပေးလိုက်တာပါ။ ဆေးပညာ တစ်ခုတည်း မကပါဘူး။ ဒါကြောင့်လည်း ဆရာဝန်တွေဟာ ခေါင်းဆောင်နေရာကို ရတတ်ကြပါတယ်။ အလုပ်ထဲရောက်ရင် ဘာ အဖွဲ့ခေါင်းဆောင်၊ ညာအဖွဲ့ခေါင်းဆောင် စတာတွေ လုပ်ရတယ်လေ။ ဒီလို အခက်အခဲပေါင်းစုံကိုကြုံတွေ့ ရပြီး STRESS တအားများခဲ့ပေမယ့် လှမ်းမြင်နေရတဲ့ ဆရာဝန် ဘဝက ကောင်းခြင်းအဖြာဖြာနဲ့ ပြည့်စုံနေလေတော့ ကြိုးစားရကျိုး နပ်ပါတယ်။

    အဲဒီအချိန်က ဆရာဝန်ဆိုတာဟာ လူနာတွေရဲ့ ဝေဒနာတွေကို သက်သာစေတဲ့ သူတွေ၊ အသက်အရာယ်နဲ့ တွေ့ကြုံနေရတဲ့ သူတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်တဲ့ သူတွေဆိုပြီး ပြည်သူလူထုက လေးစားခဲ့ပါတယ်။ ကျေးဇူးလည်း သိပ်ပြီးတင်ကြပါတယ်။ ကျွန်မတို့ လူမျိုးက ခွင့်လွှတ်တတ်တဲ့ စိတ်ရင်း ရှိကြပါတယ်။ လူနာ တိမ်းပါးသွားရင်တောင် ဆရာကတော့ လုပ်ပေးရှာတာ။ သူ့ကံက ဒီလောက်ပဲလို့ခံယူခဲ့ကြတာပါ။ ဆရာဝန်တွေ ဘက်ကလည်း “လူထုကို ကိုယ်နဲ့ ထပ်တူ ချစ်ခင်ရင်ဝယ်သား” ဆိုတဲ့ စာသားထဲကလို ပြုစုကုသ ပေးကြပါတယ်။ အဲဒီအချိန်က ဆရာဝန်လူနာ၊ လူနာရှင် ဆက်ဆံရေးက သိပ်ကိုကောင်းခဲ့တာပါ။ ဒီနေ့ ကာလမှာတော့ အများကြီး ပြောင်းလဲသွားပါပြီ။ ကိုယ့်လူနာတွေကို ကုသပေးတဲ့ ဆရာဝန်တွေကို မှားရဲမှားကြည့်ဆိုပြီး ရန်သူကြီးတွေလို သဘောထားတဲ့ သူတွေ ရှိလာပါပြီ။ အရင်ကလို သဘောထားတဲ့ သူတွေလည်း ရှိပါသေးတယ်။ ဆရာဝန်တွေ ကုသပေးတာခံယူပြီး ကျေးဇူးတင်တဲ့ သူ (၉၉) ယောက်က ဘာမှ မသိသာပေမယ့် (၁) ယောက်က ရန်သူလို တိုက်ခိုက်လာတာကတော့ သိသာပါတယ်။ ဆေးကုသရာမှာ ပြဿနာတစ်ခုခုဖြစ်ရင် ကိုယ့်ဘက်က လိုအပ်ချက်မဖြစ်အောင် လုပ်ရတာများလေလေ လူနာဘက်က ကုန်ကျစရိတ် တက်လေလေ ဖြစ်မှာပါ။ Defensive ဖြစ်နေရတာက တကယ်တော့ မကောင်းပါဘူး။

    ဆရာဝန်တွေ ဘက်ကလည်း ဒီလူနာကို (ဘယ်လို ဈေးသက်သက်သာသာနဲ့) ရောဂါသက်သာ ပျောက်ကင်းအောင် ကုသပေးရမလဲလို့ စဉ်းစားရမယ့်အချိန်မှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားရတဲ့ ဘဝက တကယ်တော့ ရင်နာစရာ ကောင်းလှပါတယ်။ အရင်ကလို ဆက်ဆံရေး ပြန်ကောင်းလာပြီး လူနာရောဂါကို ကုသဖို့ နည်းလမ်းတစ်ခုတည်း အားစိုက်ရတဲ့ အချိန်မျိုး ပြန်လိုချင်လိုက်တာ။ စကားပြန်ကောက်ရရင် လက်ရှိအချိန်မှာ နောက်ဆုံးနှစ် ကျောင်းသားတစ်ယောက်က ကျွန်မတို့ အဲဒီအချိန်ကနဲ့ ကွာခြားခဲ့တဲ့ ခံစားချက်ကို ပြောပြပါတယ်။ ဆရာဝန် ဖြစ်တော့မယ်။ (နှစ်ပေါင်းများစွာ ကြိုးစားပြီးတဲ့နောက်)။ ဆရာဝန်ဖြစ်ရင် ဘာလုပ်ရမလဲ။ အလုပ်ကလည်း လွယ်လွယ်နဲ့ မရ။ ရရင်လည်း ဘယ်ရောက်မယ် မသိ။ ဆေးကုရင်လည်း အဆင်မပြေရင် “တီး” ထည့်လိုက်မှာတွေက ဝိုင်းလို့။ ဆရာဝန်ဖြစ်ရမှာကိုက ကြောက်စရာကောင်းတဲ့ ဘဝ။ လူငယ်ပီပီ တက်ကြွ ရွှင်လန်းစွာ ပြည်သူလူထုရဲ့ ကျန်းမာရေးကို စောင့်ရှောက်ရမယ့် ဆရာဝန် လောင်းလျာလေးတွေရဲ့ ဝေဒနာကို မျှဝေ ပေးလိုက်ပါတယ်။ ခံစား ကြည့်နိုင်ကြပါစေ။

    ဒေါက်တာ ဒေါ်ခင်လှလှ(နား၊ နှာခေါင်း၊ လည်ချောင်း)

  • Foreign Resident

    October 23, 2011 at 4:50 pm

    ကို htoo san ရေ

    ” ဆရာဝန် လောင်းလျာလေးရဲ့ ဝေဒနာ ” နှင့်ပါတ်သက်လို့ ။

    ဆရာဝန်တွေဟာ အကန်တော့ခံ သူတော်စင်ကြီးတွေ မဟုတ်ပါ ။
    ပိုက်ဆံယူပြီး သူ့အလုပ် သူလုပ်နေတဲ့ ( သူ့အလုပ် သူလုပ်နေတဲ့ )
    လုပ်ငန်း ကျွမ်းကျင်သူများသာ ဖြစ်ပါတယ် ။

    ဆရာဝန်မှ မဟုတ်ပါ ဘယ် Profession မှာမဆို မှားရင်
    ပြစ်ဒါဏ်ခံရမှာ ဖြစ်ပါတယ် ။

    ဥပမာ
    သင်္ဘော ကပ္ပတိန် သင်္ဘော တိုက်ရင်
    ပြစ်ဒါဏ်ခံရမှာ ဖြစ်ပါတယ် ။
    ဘတ်စ်ကား ဒရိုင်ဘာ ဘတ်စ်ကား တိုက်ရင်
    ပြစ်ဒါဏ်ခံရမှာ ဖြစ်ပါတယ် ။

    ပြစ်ဒါဏ်ခံရမှာ ကြောက်ရင် တနည်း တာဝန်ယူလိုစိတ် မရှိရင် ၊
    မ လုပ်ပါ နှင့် ။

    အတင်းကြီး ဒါးမိုးပြီး
    ဆရာဝန် ၊ သင်္ဘော ကပ္ပတိန် ၊ ဘတ်စ်ကား ဒရိုင်ဘာ ၊
    မလုပ်ရင် ခုတ်မယ် လုပ်ခိုင်းနေတာမှ မဟုတ်တာ ။

    ငြင်းခွင့် ရှိပါတယ် ။
    တာဝန် မယူနိုင်ရင် ဆရာဝန် မလုပ်ပါနှင့် ။
    လုပ်မယ့်လူတွေ အများကြီး တန်းစီနေပါတယ် ။

    အဲဒီလို တာဝန်ယူလိုစိတ် မရှိတဲ့လူမျိုးကို
    ဆရာဝန် Profession မှမဟုတ်ဘူး
    ဆိုက်ကားမေါင်းတဲ့ Profession ကတောင်
    လှိုက်လှဲစွာ ကြိုဆိုမှာ မဟုတ်ပါဘူး ။

    အထူးသဖြင့် လူ့အသက်တွေနှင့် တိုက်ရိုက်ဆက်စပ်နေတဲ့
    ဆရာဝန် Profession ကိုမလုပ်ပါနှင့် ။
    တန်ဘိုးမဖြတ်နိုင်တဲ့ လူ့အသက်တွေဟာ
    လောင်းကြေးထပ်စရာ မဟုတ်ပါဘူး ။

    ကြုံလို့ပြောရအုံးမယ်
    ဆေးကျောင်းဟာ အမှတ်အများဆုံး အတော်ဆုံး ၅၀ဝ ဆိုတဲ့ ခေတ်က
    အဝေးကြီးမှာ ကျန်ခဲ့ပါပြီ ။ Day Dream ပါ ။

    အခု ဆေးကျောင်း အထက်မှာ အနဲဆုံး UFL ( Englsh ) နှင့်
    Maritime University ( သင်္ဘောသား ) ရှိနေပါပြီ ။

    Australia လိုနိုင်ငံမှာတောင် ဥပဒေက ဆေးကျောင်း ထက် မြင့်ပါတယ် ။
    ရှင်းရှင်းလေးပါပဲ ဝင်ငွေလည်း ပိုကောင်းပါတယ် ။

    လီကွမ်ယု ကတောင် သူ့တိုင်းပြည်ရဲ့ အတော်ဆုံးတွေကို
    တိုင်းပြည်အတွက် ပိုအရေးပါတဲ့ Physics, Chemistry ယူကြဖို့
    တိုက်တွန်းနေတာပါ ။

    အတွေးအမြင်တွေ နိုင်ငံတကာအဆင့်ထိ ပွင့်လင်းကြစေလိုပါတယ် ။

    အထူးသဖြင့်ပေါ့ဗျာ
    အခမဲ့ကုသပေးနေတဲ့ ကုသိုလ်ဖြစ် ဆေးခန်း / ဆေးရုံက
    ( ဥပမာ ; သံဃာ့ ဆေးရုံ )
    ဆရာဝန်တွေ မှားတာကို လျှော့ပေါ့စဉ်းစားပေးလို့ ရပေမယ့် ။

    သုခကမာ္ဘ လို တန်ရာတန်ကြေး ကြိုက်ဈေး ယူထားတဲ့
    နေရာတွေမှာ ဖြစ်တာကို လက်မခံနိုင်ပါဘူး ။

    လူနာဟာ ကျွန်တော့် ဆွေမျိုးဖြစ်ရင်
    ကျွန်တော်လည်း ကျေနပ်မှာ မဟုတ်ပါ ။

    ကျေးဇူးတင်ပါတယ် ။

  • Foreign Resident

    October 23, 2011 at 5:15 pm

    တခု ကျန်ခဲ့လို့ ၊
    ကျွန်တော့်ရဲ့ အမေ ညီ ဇနီး အားလုံးက ဆရာဝန် တွေပါ ။
    ဒါပေမယ့် ကျွန်တော့ကို ဆရာဝန်တွေ ဆေးကုသပေးလို့ဆိုပြီး
    ဆရာဝန် တွေကို ကျေးဇူးတင်နေတဲ့ သူ မဟုတ်ပါဘူး ။
    လူမှုရေးအရသာ ပါးပါလေး ” Thank You ” လောက်ပြောမှာ ။

    ခပ်ရှင်းရှင်းပြောရရင် ကန်တော့ပါရဲ့
    ပိုက်ဆံပေးပြီး ဆေးကုခိုင်းတာပါ ။
    Massage Parlour မှာ သမီးလေးတွေ နှိပ်ခိုင်းသလိုပါပဲ ။
    ဆရာဝန် profession ကနဲနဲပို Decent ဖြစ်တာပဲကွာတယ် ။

    ဟိုတနေ့ကတောင် မိန်းမကပြောနေသေးတယ် ( ဒါကတော့ Joke ပါ )
    သင်္ဘောသား အလုပ်က 3 D ဆိုရင်တဲ့
    ဆရာဝန် အလုပ်လဲ 3 D ပဲတဲ့

    Difficult = ခက်ခက်ခဲခဲ သင်ယူရတယ် ( Mentally suffered )
    Dirty = လူနာ ချေး သေး ကိုင်ရတယ် ( Pap Smear )
    Dangerous = ရောဂါဆိုးတွေ ကူးဘို့ Chance များတယ် ( Needle Injury )

  • padonmar

    October 23, 2011 at 10:56 pm

    ရှေ့က မန့်တာတွေကကောင်းလွန်းနေကြတော့ ပြောစရာတော့သိပ်မရှိပါ၊
    ဒီကိစ္စက FR ရေးသလို
    “နိုင်ငံ နှင့်လည်း သင့်တော်
    နိုင်ငံတကာ နှင့်လည်း မျက်ခြေမပြတ်တဲ့
    ပွင့်လင်း တိုးတက်တဲ့
    ဆေးဖက်ဆိုင်ရာ System ကြီးကို
    တစုတစည်းတည်း တောင်းဆို ထူထောင်ရမယ့်
    အချိန်ကို ရောက်နေပါပြီ ။”
    ဒါပေမယ့်ထူးဆန်းတာလေးတစ်ခုတော့ သတိထားမိပါတယ်။
    အခုလို အဖွခံရ (သူ့စာအတိုင်း အဖွခံရတယ်လို့ဘဲစကားသုံးပါရစေ)တဲ့ ဆရာဝန်တွေဟာ ဒီprofession ထဲက colleagues တွေရဲ့ လေးစားမှုခံရတဲ့သူတွေ ဖြစ်နေတတ်ကြတာပါဘဲ။
    တကယ် ငွေမက်လို့ colleagues တွေရှောင်တဲ့သူတွေကတော့ စင်ပေါ်ကလူတွေဖြစ်နေကြပါလား။

    • ဘဘ

      October 24, 2011 at 12:44 am

      ”” အခုလို အဖွခံရ (သူ့စာအတိုင်း အဖွခံရတယ်လို့ဘဲစကားသုံးပါရစေ)တဲ့ ဆရာဝန်တွေဟာ ဒီprofession ထဲက colleagues တွေရဲ့ လေးစားမှုခံရတဲ့သူတွေ ဖြစ်နေတတ်ကြတာပါဘဲ။
      တကယ် ငွေမက်လို့ colleagues တွေရှောင်တဲ့သူတွေကတော့ စင်ပေါ်ကလူတွေဖြစ်နေကြပါလား။ ””

      ဟုတ်ပါတယ်။ တချို့ ဆရာဝန် ကျင့်ဝတ်နဲ့မညီ တဲ့ သူတွေများ လူလေးစား သူလေးစား ခံရ၊ ရာထူး အကြီးကြီးတွေရကြနဲ့( ရာထူး အကြီးကြီး ရထားတာ ၂ ယောက်ရှိတယ်နော်။ ရာထူး အကြီးကြီး ။ တယောက် ကသူအထက်မှာ တယောက်ပဲရှိတယ်၊ နောက် ၁ယောက် က သူ့အထက်မှာ ၃ ယောက်ပဲရှိတယ်)

      အဲဒီ လူတွေကသူတို့ကို direct မထိမခြင်း မသသ ိယောင်ပါ။ ခု သူတို့ ရဲ့ နိုင်ငံပိုင် ဆေးရုံ ကြီးပါ ပါလာပြီ။ ဒါလဲ သူတို့ နဲ့ direct ပတ်သတ်တာလိုက်လို့။ ဒီတိုင်းကြည့်နေအုန်းမှာပါ။ ၁ရာခိုင်နှုန်းမပြည့်တဲ့ Health Care Budget ကိတ်စ ကလဲသူတို့ရမဲ့ပိုက်ဆံမဟုတ်လို့ သူတို့ကမဆိုင်သ လိုပင်နေခဲ့ပြီး လာမည့်နှစ် များတွင်လည်း ထို့ အတူပင် နေဦးမည်ဖြစ်ပါကြောင်း။

      ( ” စရိတ်မျှပေး ကျန်းမာရေး” ဆိုတာတော့ ဆိုင်းဘုတ်ပေါ်မှာပဲရှိတော့မှာပါ၊ ကြာရင် အဲဒီဆိုင်းဘုတ် ဖိုးတောင်မရှိ လို့ နောက် ဆို အဲဒီဆိုင်းဘုတ်တွေတောင် မြင်ရတော့မှာမဟုတ်ပါ။ )

  • htoosan

    October 23, 2011 at 11:00 pm

    ဦးFR နှင့် Oo Oo ခင်ဗျား ..“ဆရာဝန်ကြီးများ၏ ကုသမှုကြောင့် ကောင်း သွား သှု ဘယ်နှစ်ဦး နှင့် ဆုံးသွားသှု ဘယ်နှစ်ဦးဆိုသည် ကို ချင့်ချိန်ရန်လည်းလိုမည် ဟု ယူဆမိပါသည်။”……
    ဟု ဆို်ခြင်းမှာ ဦးFR ၏ update မဖြစ်ကြတော့ ဆိုသည်ကို ….. ဆရာဝန်ကြီး သည် မည်မျှကျွမ်းကျင်သည် ။ မည်မျှ ပေါ့လျော့သည့်ဆရာဝန် ဖြစ်သည်။ ဦးFR ပြောသလို update မဖြစ်တော့တဲ့ သူလား စသည်များကို ချိန်ဆ နိင်ရန် အတွက်ရည်ညွှန်းခြင်းဖြစ်သည်။
    ကောင်းသူများရ်ျ အပြစ်မပေးသင့်ဟုု မဆိုခဲ့ပါ။ ပြစ်ဒါဏ် မပေးရဟု မပြောခဲ့ပါ။
    တာဝန်ခံမှုသည် မည့်သည့်နေရာတွင် မဆို ရှိရမည်သာဖြစ်သည်။
    သူ မှား ခဲ့လား၊မှန် ခဲ့လား ဆို သည်များကို ဆိုင်ရာ ပညာသည်များမှ ဆုံးဖြတ်ပါလိမ့်မည်။
    ကျေးဇူးတင်ထိုက် သည် မတင်ထိုက်သည်မှာ လူတစ်ဦးချင်းစီ၏ ခံယူမူပင်ဖြစ်သည်။

  • nigimi77

    October 23, 2011 at 11:09 pm

    တော်တော် သနားစရာ ကောင်းတဲ့ ပုဂ္ဂိုလ်တွေပဲနော် ။ 🙂

    ” တစ်နေ့ တစ်နေ့ အိပ်ကောင်းခြင်း မအိပ်ရ ၊
    အစားအသောက် အေးအေးဆေးဆေး မစားရရှာ ကြဘဲ
    လူနာပေါင်းများစွာ အား ကုသပေးနေရရှာသော ”

    ” မနက်စောစော ပုဂ္ဂလိက ဆေးရုံမှလူနာတွေ လှည့်ကြည့်၊
    ပြီး အစိုးရဆေးရုံပြေး ၊ ပြီးဆေးခန်းတွေ ဆက်ထိုင်ကြရသော
    လူနာ ရာချီကြည့်ရသော ”………..

    ဇာတ်နာကြီး ဖန်တီးထားသလိုပဲ။

    မန်းလေးမှာ ဆိုင်ကယ် ကယ်ရီ ငှားစီးတော့ လမ်း ၃ဝ ကနေ ၁၅ လမ်းကို ကယ်ရီသမားက

    …” ဘောဇိ ရယ်….. ၃၀၀ဝ ပဲ ပေးပါဗျာတဲ့…..” အရမ်းကို အနစ်နာခံလိုက်တဲ့ လေသံမျိုးနဲ ့။

    ကိုယ်တွေ ့ တခုလောက် ဝင်ပြောမယ်။

    ကျွန်တော်တို ့မျိုးရိုးက ဆရာဝန်မျိုးရိုးလို ့ပြောလို ့ရမယ်။ (အားယား အမှတ်ကောင်းတိုင်း ဆေးကျောင်း တက်လို ့) ။ ကျွန်တော်ကလွဲရင်ပေါ့။

    သူတို ့တွေ ကျောင်းပြီးတော့ ဆရာဝန် မလုပ်ကြဘူး။ (အခြားသော အလုပ် အစုံအလင်ပေါ့)

    အကျိုးမရှိပဲ တိုင်းပြည်ရဲ ့အချိန်တွေ လုပ်အားတွေ ဆုံးရှုံးခဲ့တယ်။ ထားတော့။ ဒါက တပိုင်း။

    ကျွန်တော့် ညီ အငယ်ဆုံး (အရင်း) ၈၉ ခုနှစ်မှာ မွေးတယ်။ ၉ဝ ခုနှစ်မှာ အဖွားက ကလေး

    ထိမ်းရင်း အမှတ်မထင် ကလေးရဲ ့ အာခေါင်မှာ ခဲရောင် ဖျော့ဖျော့ အကွက် တကွက်တွေ ့

    လိုက်တော့ ကလေးဆေးရုံပြတယ်။ အဲဒီက ဆရာ့ဆရာကြီးက အာခေါင်ပါးတဲ့ ရောဂါပါတဲ့။

    လနဲ ့ချီပြီး ဆေးရုံကို သွားရတယ်။ ဆေးပေါင်းများစွာလည်း ကလေးကို တိုက်ခဲ့ရတယ်။

    ဒါပေမဲ့ သူ ့အာခေါင်က အကွက်က လျော့မသွားဘူး။ အမေက ဆေးပြင်းတွေ သောက်နေရတဲ့

    ကလေး အတွက် စိတ်မကောင်းလွန်းတော့ တနေ ့တနေ ့ အဲဒီ အာခေါင်က အကွက်ကိုပဲ ကြည့်

    ကြည့်နေခဲ့တယ်။ တရက် ကျတော့ အကွက်ရဲ ့ဒေါင့်မှာ အဖတ်လေး လန်နေတာတွေ ့တော့

    လက်သည်းထိပ်နဲ ့ဖြည်းဖြည်းချင်း လှန်လိုက်တာ ……နောက်ဆုံးကျတော့ အဲဒီ အကွက်က

    ဘာလဲ သိလား……????????

    ကုကိ္ကု ရွက် တရွက်ပါ ။

    စဉ်းစားကြည့်ပါ ဘယ်လောက် ခံစားရမလဲ ဆိုတာ။ တရားစွဲဖို ့တချို ့ကပြောကြတယ်။

    တချို ့ကလဲ ကလေး က ဘာမှ မှ မဖြစ်တာပဲ ဆိုပြီး တားကြတယ်။ အဲဒီ ဆရာကြီးက

    ကလေးကို အလွန် ဂရုစိုက်ခဲ့တယ် ဆိုတဲ့ အမြင်က အမေ့ကို တွေဝေစေခဲ့တယ်။

    ဒီလို နဲ ့ပဲ ပြီးသွားခဲ့တယ်။ မပြီးတာက ကလေးပဲ။ အနာသိမှ ဆေးရှိမယ် ဆိုပေမဲ့

    ဘာ အနာမှန်း မသိပဲ လွှတ်တိုက်လိုက်တဲ့ ဆေးတွေကြောင့် အဲဒီ ကျွန်တော့် ညီလေးက

    သူ ့ဘဝ တလျှောက်လုံး အတွက် ဒဏ်ဖြစ်သွားတယ်။ ဆေးတွေတိုက်တာ ရပ်လိုက်ပြီး

    သိပ်မကြာခင်မှာပဲ ဒူးခေါင်း အထက် ပေါင် အတွင်းဖက်မှာ သမင်ဖြူထက် ဖြူမည့် အဖြူ

    အကွက်တွေ စ ပေါက်လာတယ်။ တဖြည်းဖြည်း များလာလိုက်တာ ပေါင်တပြင်လုံး ဖြစ်လာ

    တယ်။ အရေပြားနဲ ့ပါတ်သပ်တဲ့ ဆရာကြီး တစ်ယောက်ဆီ ထပ်သွားတယ်။ ဘာရောဂါလည်း

    ဆိုတာ အဖြေရှာလို ့မရဘူးလို ့ပဲ သိခဲ့တယ်။ History နဲ ့ချိန်ကြည့်တော့ ဟို ဆရာကြီး ဆေး

    တွေကြောင့် Side Effect တွေလို ့ မှတ်ချက်ကို တိုးတိုးတိတ်တိတ်ချတယ်။

    သူပေးတဲ့ အလွန် အနံ ့ပြင်းတဲ့ ဆေးရည်ကြည်တွေကို လိမ်းပေးလိုက်ရင် ကလေးဟာ

    ပူလွန်းလို ့ထင်တယ်။ အသားအရေက နီရဲ နေပြီး အရမ်းငိုုတယ်။ ပြီးတော့ ရက်ကြာရင်

    အရေပြားကွာကြတယ်။ အနာနဲ ့ဆေးတည့်မတည့်တော့ မသိဘူး အဖြူကွက်တွေဟာ

    သူ ့ရဲ ့ ငယ်ပါ တစ်ချောင်းလုံး နဲ ့ ပတ်ပတ်လည်မှာပါ သမင်ဖြူလို အကွက်တွေ ဖြစ်လာတယ်။

    အဲဒီ အပြင် ကလေးဟာ အဆုတ်လည်း အရမ်း အားနည်းသွားတယ်။ အားနည်းတယ် ဆိုတာ

    က ကျွန်တော် နားလည်တဲ့ စကားနဲ ့ရေးတာပါ။

    အခု သူ အရွယ်ရောက်ပြီ။ ရှေ ့အပတ်ဆို ဘွဲ ့ရပြီ။ သူ ့ဘဝတစ်လျှောက်လုံး မိန်းကလေး

    သူငယ်ချင်း မထားခဲ့ဘူး။ သူ သိပ်ရှက်တယ်လေ။ သူ ့ရဲ ့ အတွင်းမှာ ဒီလို ပုံဆိုးပန်းဆိုး

    အကွက်တွေကို တစ်ခြားလူ မြင်မှာကို ရှက်တယ်။ သူ ့ကို ဖျောင်းဖြလို ့ မရဘူး။ ဒီလိုပဲ သွား

    တော့မှာပဲ။ ဒါဟာ လုပ်ကြံဇာတ်လမ်း မဟုတ်ဘူး။ လက်တွေ ့ကြည့်ချင်ရင် ဆက်သွယ်ပါ။

    မှတ်တမ်း အပြည့်အစုံရှိတယ်။

    ဒါနဲ ့ပါတ်သပ်လို ့ ခင်ဗျားတို ့ ဘာပြောချင်လဲ။

    ကျွန်တော်ကတော့ဗျာ………………………။

  • unclelay

    October 24, 2011 at 12:30 am

    ဆိုးလိုုက်တဲ့ အဖြစ်ဗျာ..
    စိတ်ရောဂါ တစ်မျိုးခံစားနေရ ရှာပြီပေါ့..
    ဂရုစိုက်လွန်ကဲတာလား.
    အသပြာ လိုချင်ဇောနဲ့လား..
    ခံရတဲ့ သူကတော့ ဘဝမှာ အစွန်းအထင်းဖြစ်နေရပြီ…

  • ko lwin

    October 24, 2011 at 12:54 am

    ဆရာဝန်ကြောင့် ရောဂါ ကောင်းသွားသူလဲရှိပါတယ်
    ဆရာဝန်ကြောင့် သေဆုံးသွားရသူလဲ ရှိနိုင်ပါတယ်
    ဘယ်နေရာမဆို အကောင်း၊ အဆိုး ဒွန်တွဲနေမှာဖြစ်ပါတယ်
    ဆရာဝန်မကောင်းဘူး..ထားပါတော့
    ခင်ဗျားတို့ကော. ကောင်းနိုင်ပါမယ်လား
    ကျနော်ရော……………..?
    (လွတ်လပ်စွာ ထင်မြင်ကြည့်တာပါ)

  • Foreign Resident

    October 24, 2011 at 2:51 am

    “ဘဘ” ရေ

    ” ကြည့်ရတာ ကို FR ကဆရာဝန် ညံ့ညံ့တွေနဲ့ပဲ တွေ့ဘူးလို့လား ”

    အင်းးးးး “ဘဘ” ရေးတာ
    ဒီစာကြောင်းကတော့
    သိပ် Personal ဆန်သွားပြီထင်ပါတယ် ။

    ဒါကြောင့် ဒီစာကြောင်းကိုတော့
    ပြန်ဖြေရှင်း တော့မှာမဟုတ်ပါဘူး ။

    For Your Information ပါ ။

    ကျွန်တော့်မိန်းမက Australian Fellowship ဆရာဝန်ပါ ။
    အမေ နှင့် ညီ ( Surgeon ) ကလည်း ဆရာဝန် ပါပဲ ။
    ကျွန်တော်က သင်္ဘော Captain ပါ ။
    ကျွန်တော့် သူငယ်ချင်း Captain တွေရဲ့ မိန်းမတွေ
    50 % လောက်ကလည်း ဆရာဝန်မတွေပါ ။
    တချို့ ရိုးရိုး ၊ တချို့ MSc ၊ တချို့ Fellow ပါ ။

    ” ဒါမှမဟုတ် ကို FR ကပဲသူတို့ကိုညံ့တယ်ထင်နေတာလား ”

    Whole of Burma Roll Number One ဆိုတဲ့ကောင်လေး ကလည်း
    ကိုယ်တွေရှေ့မှာပဲ / အိမ်မှာပဲ စာကျက်သွားတာပါ ။
    ဆေးကျောင်းစာများ သူကသိပ်ကျက် လိုက်ရတယ် မရှိပါဘူး ။
    သူငယ်ချင်းတွေဖတ်တာ ၂ခေါက် ၃ခေါက် လောက် နားထောင်လိုက်ရင်ကိုပဲ
    သူကအလွတ်ရသွားတာကို မျက်မြင်တွေ့ခဲ့ဘူးပါတယ် ။
    သူ့ရဲ့ မှတ်ဉာဏ်ကိုတော့ အံဩ မိတာ အမှန်ပါ ။

    အဲဒီတောကာ ။
    သူတို့ကို ညံ့တယ်လို့ မထင်ရပါဗျာ ။
    Generally ကိုယ်တွေထက် မညံ့ဘူးလို့ ယူဆထားပါတယ်ဗျာ ။

    ကိုယ်တွေထက် တော်မတော်ကတော့
    ဘာစံကို အခြေခံပြီး ဆုံးဖြတ်သလဲ ပေါ်မှာမူတည်တဲ့ အတွက်
    မသေချာပါ ခင်ဗျာ ။
    ( For Example ; မှတ်ဉာဏ် ၊ အတွေးအခေါ် ၊ စာရိတ္တ )

    နီးလွန်လွန်းလို့ မှုန် / ကွယ်သွားတာလဲ
    ဖြစ်နိုင်ပါတယ် ။

    ” MRCP / FRCF ဆိုတာကလဲ
    ဗြိတိသျှနိုင်ငံ တော်ဝင်ဆေးတက္ကသိုလ်ကြီး ၃ခုက
    အသိအမှတ်ပြု တဲ့ဘွဲ့ထူးပါ ”

    သူတို့ MRCP / MRCS ရခဲ့ချိန်မှာ
    ကြိုးစားခဲ့ တော်ခဲ့ကြတာ သေချာတာပေါ့ဗျာ ။
    Shiny Bright New Broom တွေပေါ့ဗျာ ။

    အဲ FRCP / FRCS ယူတဲ့အချိန်မှာ
    တော်မတော်ကတော့
    သူတို့ဘယ်လောက်ဆက်ပြီး Update လုပ်နေသေးသလဲ
    ပေါ်မှာ စပြီး မူတည်လာပြီ ။

    FRCP / FRCS ယူပြီးနောက် ဆယ်နှစ် အကြာမှာတော့
    တော်မတော်ကတော့
    သူတို့ဘယ်လောက်ဆက်ပြီး Update လုပ်နေခဲ့သလဲ
    ဆိုတဲ့အပေါ်မှာ လုံးဝ မူတည်သွားပြီ ။

    အမှန်တော့ Profession တိုင်းမှာ
    ညံ့တဲ့သူ ၊ တော်တဲ့သူ ။
    Update ဖြစ်တဲ့သူ ၊ Update မဖြစ်တဲ့သူ ။
    သေချာတဲ့သူ ၊ ပေါ့ဆတဲ့သူ ။
    ကံ ကောင်းတဲ့သူ ၊ ကံ မကောင်းတဲ့သူ ။
    ဆိုတာ ရှိနေကြမှာ ပါပဲ ။

    ဒါပေမယ့် ။
    ဆရာဝန် အလုပ်ကတော့
    တခြား Profession တွေနှင့် မတူပဲ
    လူတွေရဲ့ အသက်နှင့် တိုက်ရိုက် ပါတ်သက်နေလို့သာ
    လူတွေက ဝိုင်းပြီး ဆတ်ဆတ်ထိ မခံ ဝိုင်းဝေဖန်ကြတာပါ ။

    ကျွန်တော့်ရဲ့ Personal အမြင်ကို ပြောရရင်လည်း
    တန်ဖိုး အလွန်ကြီးတဲ့ လူ့အသက်တွေ နှင့် ဆက်ဆိုင်နေတဲ့အတွက်
    ဝိုင်းဝေဖန်တာ သင့်တော်တယ်လို့ ယူဆပါတယ် ။

    ဆရာဝန်တွေ တိုးတက်ဖို့ စနစ်ကျဖို့ ဖြစ်လာတယ် လို့သာ
    အကောင်းဖက်က ဖြေတွေးကြပေါ့ဗျာ ။

    နောက်ဆုံး တစ်ခုအနေနှင့် ဘဘ ရဲ့ Comment
    ” ဒါနဲ့ ဒီနှစ် ကျန်းမားရေး ကဏ္ဌ နိုင်ငံတော်အသုံးစရိတ် ခွင့်ပြုချက် က
    ၁ရာခိုင်နှုန်း အောက်ပဲရှိတာဆို ”

    အဲဒီ Comment နှင့် ပါတ်သက်ပြီး
    ကျွန်တော့် သဘောထား ကိုတိုတို နှင့် လိုရင်း ပြောရရင်တော့
    ” ယုတ်မာပက်စက် စကောလောက်မှ ဇောက်မနက် ”
    လို့ပဲပြောစရာရှိပါတော့တယ် ။

    တော်လောက်ပါပြီဗျာ ။
    အခုအချိန်မှာ ကျွန်တော် အထူးစိတ်ဝင်စား နေတာက
    အပေါ်က Dr. Padonmar ရဲ့ Comment လေးဗျ ။

    ” ဒါပေမယ့်ထူးဆန်းတာလေးတစ်ခုတော့ သတိထားမိပါတယ်။
    အခုလို အဖွခံရတဲ့ ဆရာဝန်တွေဟာ
    ဒီprofession ထဲက colleagues တွေရဲ့
    လေးစားမှုခံရတဲ့သူတွေ ဖြစ်နေတတ်ကြတာပါဘဲ။

    တကယ် ငွေမက်လို့ colleagues တွေရှောင်တဲ့သူတွေကတော့
    စင်ပေါ်ကလူတွေဖြစ်နေကြပါလား ”

    ဆက်တွေးကြည့်ချင်စရာလေးပေါ့ ။
    ဟုတ်တော့ ဟုတ်နေပုံပဲဗျ ။

    ထောက်ပြတဲ့အတွက် ကျေးဇူးပါပဲ မ Padonmar ။

    မြို့မေတ္တာ ခံယူလျှက် ။

    • ဘဘ

      October 24, 2011 at 2:59 am

      ကျနော် ဘက်က Personal ဆန်စွာရေးမိ တဲ့အတွက်ကို FR ကို sorry လို့ပြောပါရစေ။

      ””’ နောက်ဆုံး တစ်ခုအနေနှင့် ဘဘ ရဲ့ Comment
      ” ဒါနဲ့ ဒီနှစ် ကျန်းမားရေး ကဏ္ဌ နိုင်ငံတော်အသုံးစရိတ် ခွင့်ပြုချက် က
      ၁ရာခိုင်နှုန်း အောက်ပဲရှိတာဆို ”

      အဲဒီ Comment နှင့် ပါတ်သက်ပြီး
      ကျွန်တော့် သဘောထား ကိုတိုတို နှင့် လိုရင်း ပြောရရင်တော့
      ” ယုတ်မာပက်စက် စကောလောက်မှ ဇောက်မနက် ”
      လို့ပဲပြောစရာရှိပါတော့တယ် ။”” ဒါကိုတော့အားလုံး အမြင်တူကြမယ်ထင်ပါတယ်။

      ကြုံတုံးပြောရရင် မြန်မာနိုင်ငံ ကျန်းမာရေး ကဏ္ဌ(Health Care Budget) မှာ ၁ ရာခိုင်နှုန်းပင်မပြည့်ဘူးလို့ဆိုပါတယ်။ အရမ်းများ များနေမလား။

      အဲဒီတော့ ”စရိတ်မျှပေး ကျန်းမာရေး ”ဆိုတာတော့ မဖြစ်နိုင်တော့ပါဘူး။ အဲဒီ က ”စရိတ်မျှပေး ကျန်းမာရေး ”ဆိုင်းဘုတ် ဖိုးတောင်အနိုင်နိုင်ရယ်လား။

      ဒါကတော့ အမေရိကန် မှာ ကျန်းမာရေးကဏ္ဌအတွက် (US health care budget)ပါ။ 23% သုံးပါတယ်။ ကာကွယ်ရေးအတွက် 25 % ပါ။
      http://www.usgovernmentspending.com/health_care_budget_2012_1.html

      မြန်မာမှာလဲ ကာကွယ်ရေးအတွက် Budget 23.6 %လောက်ရှိတယ်လို့သိရပါတယ်။

      • Foreign Resident

        October 24, 2011 at 4:37 am

        ” ကျနော် ဘက်က Personal ဆန်စွာရေးမိ တဲ့အတွက်
        ကို FR ကို sorry လို့ပြောပါရစေ ”

        ကျေးဇူး အထူးတင်ပြီး
        အထူးကို လေးစားပါတယ် “ဘဘ” ခင်ဗျား ။

        ကျွန်တော် သာမာန်အား ဖြင့်
        သာမာန် လူတွေထံက
        ဒီလို Reply မျိုး
        မမျှော်လင့်ရဲပါဘူး ။

        ဒါပေမယ့် ဒီ Post မှာတော့
        ပညာတတ်တွေနှင့်
        ငြင်းခုံတာဖြစ်လို့
        အမှန်တကယ်ကို
        မျှော်လင့်ခဲ့မိပါတယ် ။

        မျှော်လင့်ခဲ့တဲ့အတိုင်း
        ဖြစ်လာခဲ့တဲ့ အတွက်
        အထူး ဝမ်းသာရပါတယ် ။

        မှန်တာပြောရရင်
        ဆရာ့ရဲ့ Admittance
        စကားလေး တစ်လုံးဟာ
        ကျွန်တော့်ရဲ့
        မြန်မာ လူမျိုးအပေါ်မြင်တဲ့
        အမြင်ကြီး ကိုပါ
        အထိုက်အလျှောက်
        ပြောင်းလဲစေခဲ့ပါတယ် ။

        ထပ်ပြောပါရစေ ။
        ကျေးဇူး အထူးတင်ပါတယ် ။
        အထူးကို လေးစားပါတယ် ။
        “ဘဘ” ခင်ဗျား ။

    • ဘဘ

      October 24, 2011 at 3:05 am

      Dr. Padonmar ရဲ့ Comment

      ” ဒါပေမယ့်ထူးဆန်းတာလေးတစ်ခုတော့ သတိထားမိပါတယ်။
      အခုလို အဖွခံရတဲ့ ဆရာဝန်တွေဟာ
      ဒီprofession ထဲက colleagues တွေရဲ့
      လေးစားမှုခံရတဲ့သူတွေ ဖြစ်နေတတ်ကြတာပါဘဲ။

      တကယ် ငွေမက်လို့ colleagues တွေရှောင်တဲ့သူတွေကတော့
      စင်ပေါ်ကလူတွေဖြစ်နေကြပါလား ”

      ဆက်တွေးကြည့်ချင်စရာလေးပေါ့ ။
      ဟုတ်တော့ ဟုတ်နေပုံပဲဗျ ။

      ဟုတ်နေပါတယ်

      တချို့ ဆရာဝန် ကျင့်ဝတ်နဲ့မညီ တဲ့ သူတွေများ လူလေးစား သူလေးစား ခံရ၊ ရာထူး အကြီးကြီးတွေရကြနဲ့( ရာထူး အကြီးကြီး ရထားတာ ၂ ယောက်ရှိပါတယ်။ ရာထူး အကြီးကြီး ။ တယောက် ကသူအထက်မှာ တယောက်ပဲရှိတယ်၊ နောက် ၁ယောက် က သူ့အထက်မှာ ၃ ယောက်ပဲရှိတယ်)
      သူတို့ကသူတို့နဲ့တိုက်ရိုက် မပတ်သတ်သ၍ လက်ရှောင်တယ်ပဲပြောရမလား (ယုန်နှာစေး တယ်ပဲပြောရမလား)။ အဲလိုနေတတ်လို့လဲ ခုလို ရာထူး နေရာထူးရတယ်ပဲတွေးမိပါတယ်။

      • ကြောင်ကြီး

        October 24, 2011 at 10:22 am

        ခင်ဗျားတို့ပြောနေတာတွေက ဗိန္နောဆေးပညာအကြောင်းထက်မပိုတော့ ဝင်ဆွေးနွေးဖို့ မတတ်ဘူးဗျာ။ ဒါပေသိ ဘဘပေးတဲ့ ပဟေဠိကိုတော့ ဖြေကြည့်ချင်တယ်။ ( ရာထူး အကြီးကြီး ရထားတာ ၂ ယောက်ရှိပါတယ်။ ရာထူး အကြီးကြီး ။ တယောက် ကသူအထက်မှာ တယောက်ပဲရှိတယ်၊ နောက် ၁ယောက် က သူ့အထက်မှာ ၃ ယောက်ပဲရှိတယ်)
        ပထမလူက သူ့အထက်မှာ တယောက်ပဲရှိတယ်ဆိုတာ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ဖြစ်ရမယ်။ သူ့မိန်းမကလည်း ဆရာဝန်မ…
        ဒုတိယလူအထက်မှာ သုံးယောက်တောင်ရှိသေးတယ်ဆိုတော့ အင်း…ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေး၊ သမဒဂျီးဦးသိန်းစိန်။ ဒုသမဒဂျီးဦးရှစ်လုံး ဒါမှမဟုတ် ရှမ်လူမျိုး ဆရာဝန် ဒုသမတဂျီး (နာမည်မေ့နေတယ်) တဦးဦး ဖြစ်ရမယ်။
        အဖြေမှန်မမှန် ပြန်ပြောပါအုံးဗျို့……….။ 🙄

  • ရွှေဘိုသား

    October 24, 2011 at 1:33 pm

    ကိုပေပြောသလိုပဲ တော်တော် စုံနေပြီပဲ ဘာပြောရမှန်းတောင် မသိတော့ဘူး
    ကိုပေစုတ်စုတ် ပြောသလို ဆရာဝန်တွေကခဗျာလည်း အမြဲ Update ဖြစ်အောင် လုပ်ဖို့ဆိုတာ ပိုက်ပိုက် ကလိုသေးတာကိုးဗျ သူတို့မှာလည်း ကုန်ထားတာတွေ ဘယ်တော့လောက် ပြန်ကျေအောင် လုပ်ရမလဲပဲ တွေးနေတာက များသားဗျ စေတနာနဲ့ ဆရာဝန်က ခပ်နည်းနည်းရယ်

  • Foreign Resident

    October 24, 2011 at 2:30 pm

    ညနေပိုင်း ထမင်းစား ခွေးတွေနှင့် လမ်းလျှောက်ပြီး ပြန်လာတော့ ၊
    ကိုယ့် Post ပျောက်သွားလို့ လိုက်ရှာတာ Page-2 ပါကုန်သွားတယ် ။
    နောက်မှ သူကြီးက Sticky Post အနေနှင့် ထိပ်ဆုံးတင်ထား တာတွေ့ရတယ် ။
    ကျေးဇူးတင်ပါတယ် သူကြီးရယ် ။

    စကားမစပ် ။
    ရွာသားတွေကလည်း အားမကိုးရဘူး သိပ်ရက်စက်တာပဲ ။
    အဘ မှာ ဒီ Post လောက် အားငယ်တာ မရှိဘူး ။
    စကတည်းက သူတို့ပြောနေတဲ့ The Voice, Vol.7 / No.45 ကို
    မဖတ်ရသေး လို့ မှန်းပြောနေရလို့
    ကိုယ့်ဖက်ကမပိုင်နိုင်လို့ အားငယ်နေတာ ။

    ဒီကြားထဲ ကိုယ်တွေ Criticized လုပ်မိတာက
    တကဲ့ဉာဏ်ကြီးရှင် ဆရာဝန်တွေ ။

    တခုခုများ ယောင်ပြီး မှားပြောမိလိုက်လို့ကတော့
    အရှက်ကို ဗြန်းဗြန်းကွဲသွားမှာ ။

    အဲဒါတွေ ကြိုမြင်လို့
    “အဘကို ကယ်ကြပါအုံး ရွာသူား တို့ရေ” ဆိုပြီး
    ဒီတစ် Post လေးပဲ အကူအညီ ကြိုတောင်းမိပါတယ်
    အားလုံးက တိတ်ပြီး တုတ်တုတ်ကို မလှုပ်ကြဘူး ။

    အော် တင်တုန်းက Sunday ဆိုတော့
    ရုံးမဖွင့်လို မလာကြတာ ဖြစ်မှာပါလို့ ဖေါ့တွေးပေးပါတယ် ။

    Monday လည်းအခု Hit သာ179 ရောက်သွားတယ်
    Comment ကထပ်ကိုတက်မလာတော့ဘူး ။

    အဘ သိတာပေါ့ Hit 179 လောက်ဆိုရင်
    အားလုံးလောက်နီးနီးက ဖတ်ကြည့် ပြီးသွားပြီ ဆိုတာ ။

    အားကိုမကိုးရဘူး ။
    အဘမှာ ရှိသမျှ အားလုံးကို
    တစ်ယောက်ထဲ ဒိုင်ခံ ဖြေရှင်းပေးနေရတာ
    မျက်လုံးတွေကိုပြာလို့ ။

    ဒီလိုပဲ အဘကို ပြစ်ထားတော့မှာလား
    ရွာသူား တို့ရဲ့ ။
    နဲနဲမှ အားမကိုးရဘူး ။
    စိတ်နာတယ် ။
    ဒါဗျဲ ။ 😛

    • ဘဘ

      October 25, 2011 at 4:40 am

      ကို FR က Criticized လုပ် တယ်လို့ မမြင်ပါဘူး။ အပြုဘောဆွေးနွေးမှု တေ ွတွေ့နေရတာပဲ။ ဒီလိုဆွေးနွေး မှလဲ(တဖက်သတ်ရေးနေတာထက်) အကြောင်းအရာတခုကို စေ့စေ့ငှငှ အမြင်စုံ လင်သိရမှာပါ။ ပြီးတော့ လူမှုရေး အကြောင်းအရာ၊ နိုင်ငံရေးအကြောင်းအရာ စတာ တွေ အပေါ်ခုလိုဆွေးနွေးမှုမျိုးMG မှာများများရှိနေရင်ပိုကောင်းမယ်ထင်ပါတယ်။

  • pooch

    October 24, 2011 at 2:58 pm

    အဘဖောရေ လိုင်းမကောင်းဘူးဗျို့ ဝင်လို့ကို မရ ဘူး…..
    အလုပ်နဲ့ သုံးတဲ့ တခုတည်းသော မေးလ်က disable ဖြစ်သွားလို့ အကုန်ပါသွားတယ်.. ..
    recover ပြန်လုပ်ဖို့ … အကောင့်လုပ်ပေးတဲ့သူငယ်ချင်းကို ဖုန်းဆက်မယ် လုပ်တော့ ဖုန်းဟန်းဆက်ကပါ ထပ်ပျက်သွားတယ် (ညီမလေး မှားနှိပ်လိုက်တာ) ….

    contact အားလုံးပါ ပြောင်သလင်းခါသွားတယ်…
    ဦးလေး လုပ်တဲ့သူက တရုတ်ပြည် ကွမ်းကျိုး ကုန်စည်ပြပွဲကို လိပ်စာထဲ အဲ့ဒီမေးလ် လိပ်စာထည့်ပေးလိုက်မိပြီး အဆက်အသွယ်လည်း မရ နဲ့ ကိုယ့်ပြသာနာနဲ့ ကိုယ် လုံးချာရိုက်နေတယ်…ဟိုဘက်က အဆက်အသွယ်လည်း ပြတ်…

    ဒီနေ့ မှ ပြသာနာ တခုပြေလည် ကာစပဲ ရှိသေးတယ်
    ဒါတွေ အဘဖော ကိုယ်ချင်းမစာတတ်ပါဘူး.. 🙁

    အဲ့ဒါထက် ပိုဆိုးတာက နောက်ဆုံးလက်ကျန် မျှော်လင့်ချက် ရေစက်ကလေးလည်း အဲ့ဒီ ပျက်သွားတဲ့ အရာတွေ အားလုံးထဲမှာ ကြံကြံဖန်ဖန် ရောပါသွားလို့ … … လောကကြီးကို စိတ်ကုန်နေတယ်…အဘဖောရယ် …

    ဒီနေ့ အဘဖော စာကို ဖတ်တော့လည်း သူတို့လေ သူတို့တောင် တိုးမပေါက်တာကို ဘာပြောရအုန်းမှာတုန်း…သူတို့ ဟာ နဲ့ သူတို့ ဟုတ်နေတာကို ….ဘာမှကို ပြောစရာမရှိတော့ဘူး..

    အပြစ်တင်တဲ့
    အဘဖောကိုလည်း
    စိတ်နာတယ်
    ဒါဗျဲ… 🙁

    • Foreign Resident

      October 24, 2011 at 3:25 pm

      သမီး Pooch ရေ

      ” မှားနှိပ်လိုက်တာ ဖုန်းဟန်းဆက်ကပါ ထပ်ပျက်သွားတယ် ”
      သမီး ဖုန်းဟန်းဆက်ကလဲ ပျက်လွယ် လိုက်တာကွယ် ။ 😛

      ” ဦးလေး လုပ်တဲ့သူက တရုတ်ပြည် ကွမ်းကျိုး ကုန်စည်ပြပွဲ ”
      ဟယ် ဒါဆို ဒုသမ္မတ ဘဘ တင်အောင်မြင့်ဦး နှင့် တူတူသွားတာပေါ့ ၊
      အားကျလိုက်တာကွယ် ။ 😛

      ” နောက်ဆုံးလက်ကျန် မျှော်လင့်ချက် ရေစက်ကလေးလည်း ”
      ရေစက်ဆုံမယ့် ရေစက်ကလေး ကိုပြောတာလားကွယ် ။ 😛

      နောက်တာနော် ။ 😛

      • pooch

        October 24, 2011 at 3:59 pm

        ဘာတွေ လျှောက်ထင်နေတာလည်း အဘဖောရယ် ..တလိုင်းစီ ဘာမှ မဆိုင်ဘူး…
        ကိုယ့်စရိတ်နဲ့ ကိုယ့်လူနဲ့ ကိုယ်သွားတာ ….

        ဟိုဘက်က လူကို အဲ့ဒီ ပျက်သွားတဲ့မေးလ် ပေးမိလိုက်မှာစိုးလို့ …
        ခါတိုင်း ကိုယ်နဲ့ ဆက်သွယ်နေကြဆိုတော့… ဖုန်းလည်း မလာနဲ့…. သေချင်စော်တောင် နံနေတာ…

        ဟုတ်ကဲ့ ဟန်းဆက် အပေါစားကိုပဲ သုံးနိုင်တဲ့ ဘဝဆိုတော့လည်း ……..ဒီလို အဖြစ်ဆိုးကို ကြုံရပါတယ် .. 🙁

        နောက်နိုင်သေးတဲ့ အဘဖောကိုု ထင်ဆင့်စိတ်နာတယ်…ဒါဗျဲ.. 🙁

  • blackchaw

    October 24, 2011 at 3:17 pm

    Foreign Resident ကြီးရေ။
    ပို့စ် တက်လာထဲက ကျွန်တော် ဖတ်ထားပြီးသားပါ။
    ကိုယ်နားမလည်တာကို ဝင်မရှုပ်ချင်တာနဲ့ ပွဲကြည့်သူလုပ်နေတာပါ။
    တချို့ဟာတွေက နားမလည်ပဲ ဝင်ရှုပ်ရင် လူသောက်မြင်ကတ်မှာ စိုးပါတယ်။
    FR ကြီးပို့စ်က ဖတ်ကြည့်လိုက်တာနဲ့ ဘေးပြောတာမျိုးမဟုတ်ပဲ
    စေတနာကောင်းကောင်းရဲ့ အနံ့လေးကို ရနေပါတယ်။
    ဆက်လုပ်ပါ။ အားပေးပါတယ်။

    • Foreign Resident

      October 24, 2011 at 3:39 pm

      ကို Black Chaw ရယ်

      မောင်ရင်လည်း အဘ အကြောင်း တော်တော်သိလောက်ပါပြီ ။
      ပက်ပက်စက်စက်ကြီး တော့ မမှားလောက်ပါဘူး ရယ် ။
      မသေချာမယ့်တူတူ ၊ ဖိတ်ခြင်းဖိတ် ကိုယ့် အိတ်ထဲ ပိုပိုသာသာဖိတ်သွားအောင် ၊
      အဘ ကိုထောက်ခံပါတယ် ဝင်လုပ်လိုက်တာ မဟုတ်ဘူး ။

      ဟီဟိ ၊ ဒီတစ်ခေါက် မြန်မာပြည်ပြန်ရင် ၊
      ကြားဖြတ် လွှတ်တော် ကိုယ်စားလှယ် ဝင်အရွေးခံဖို့ ကျင့်နေတာ ။ 😛
      စိတ်ဆိုးနှင့်နော် ။

      • windtalker

        October 24, 2011 at 7:23 pm

        ကိုဘလက်ကြီး ပြောသလို ပါပဲ
        အန်ကယ်ဖောကြီး စာကို ဝင်မန် ့ဖို ့
        ကျွန်တော့်မှာ စကားလုံး မကြွယ်ဝလို ့
        ဘာမှ ကို ဝင်မပြောတာရယ်ပါ
        တစ်မျိုးမထင်ပါနဲ ့နော်
        အန်ကယ်ဖော ကို အားပေးပါ၏ ဆိုတာပဲ
        ပြောပါရစေ
        “ ထောက်ခံ ” တယ်လို ့ဆိုရင် မိုက်ကယ်ပု ဝင်လာမှာကို ကြောက်ပါသဖြင့်
        🙂

  • nozomi

    October 24, 2011 at 4:00 pm

    ကိုယ့်လူရဲ့ လက်စ လက်န သိနေလို့ လွှတ်ထားတာ နေမှာပါ ဦးဖောရှော အဲ ဦးဖောရင်းရယ်
    သူတို့အားလုံး လည်သွားအောင် ကျွန်တော်တို့ ဦးဖောရင်းတစ်ယောက်ထဲ ရှင်းနိုင်ပါတယ်
    စစ်ကူလိုတော့ မှ ဝင်လာမှာပေါ့

    အိုင်ကျူမြင့်တဲ့သူတွေကြားထဲ ဝင်ဆွေးနွေးစရာတော့ များများ မရှိပါဘူး

    ထင်ရာ မြင်ရာ ပြောကြည့်ရရင်တော့ – ဒီကိစ္စက တကယ်ဖြစ်ခဲ့တယ် (ဘယ်သူ မှားတယ် မှန်တယ် ဆိုတာ တပိုင်းပေါ့) ဂျာနယ် မှာ ဘယ်ဘက်က ဆေးရုံက တာဝန်ရှိတဲ့သူတွေကိုမေးထားတယ် ညာဘက်က လူနာရှင်ဘက်ကိုမေးထားတယ် တစ်ဖက်သက် မဟုတ်ဘူး ။ ဒီလိုကိစ္စတွေ အရင်ကတဲကရှိခဲ့မယ် ဘယ်သူမှ လူမသိဘူး ၊ အခု ဂျာနယ်တွေကြောင့် လူသိလာတယ် မဟုတ်တာ မလုပ်ကျနဲ့ဟေ့ ဂျာနယ်ထဲ ပါမယ်ဆိုတဲ့ အသိရှိ လာတယ် အဲဒီမှာတော့ ကောင်းကျိုး ဆိုးကျိုး ရှိတာပေါ့ ၊နောက် ဆရာဝန်ကြီးများကလဲ ကျင့်ဝတ်အရ ဖြစ်စေ တစ်ဖက်ကငွေပေးလာတဲ့ ကာစတန်မာလို့ပဲ မြင်လို့ဖြစ်စေ လူနာတွေကို နွေးနွေးထွေးထွေး ကြင်ကြင်နာနာ ဆက်ဆံစေချင်ပါတယ် ကျွန်တော်ကိုယ်တိုင် ကြုံဖူးတာပါ နေမကောင်းဖြစ်တယ် အခုဆေးတိုက်တစ်ခုပိုင်ရှင် အထူးကုကြီး တစ်ဦးဆီမှာ သွားပြတယ် ည ၈ နာရီ လောက်က စောင့်တာ မနက် ၁ နာရီလောက်မှ အလှည့်ရောက်တယ် ၃ မိနစ် မပြည့်တဲ့ စမ်းသပ်မှုမှာ ကိုယ်ပြောတာ လုံဝ နားမထောင်ပါဘူး သူမေးတဲ့ တစ်ခွန်း နှစ်ခွန်း ဖြေပြီး ပြန်ထွက်လာရတယ် နောက် ဆေးပုလင်းက အညွှန်းမှာ တစ်လုံးပဲ ထိုးခိုင်းတဲ့ ဆေးကို ပိုများတော့ ပိုကောင်းတာပေါ့ ဆိုပြီး တစ်လုံးခွဲ ထိုုးပေးတယ် ၅ ရက်လောက် အဲဒီအညွှန်းအတိုင်း ထိုးပြီးတဲ့အချိန် အစာလုံးဝ မစားနိုင်တော့ဘူး ပြန်ပြောရင်
    ကောင်းသွားမှာပါပဲပြောတယ် ကြာလေ ချုံးချုံးကျ လေ ဖြစ်ပြီး ဘယ်လိုမှ မခံနိုင်လို့ သူ့ဆီမှာ ရပ်လိုက်တယ် တခြားတစ်ယောက် ဆီ ပြောင်းပြမှ ထူထူထောင်ထောင် ဖြစ်လာခဲ့တာပါ မြန်မာတွေရဲ့ စိတ်ထဲ ဆရာဝန် ဆိုတာကို ရိုသေ လေးစားပြီးသားပါ နောက်ပိုင်းမှ ငွေတစ်ခုပဲ ကြည့်တဲ့ ဆရာ့ဆရာကြီးတွေကြောင့် တစ်ဦးကစေတနာ တစ်ဦးက မေတ္တာမထားနိုင်ကျတော့တာပါ မကောင်းတဲ့သူ ရှိသလို ကောင်းတဲ့သူတွေလဲ ရှိပါတယ် မကောင်းတဲ့သူတွေ များလာလို့များ ဒီလို ဖြစ်လာတာလား လို့တော့ စဉ်းစားစရာပါ

    ဂျာနယ်တွေ ဘက်ကလဲ ( voice တစ်ခုထဲ ဆိုလိုတာ မဟုတ်ပါ) မှန်ဘို့လိုတာပေါ့ ၊ ဗျူးတဲ့သူတွေ ကလဲ မေးတဲ့/ရေးတဲ့ အကြောင်းအရာနဲ့ ပတ်သက်တဲ့ ပညာအခံတော့ နဲနဲဖြစ်ဖြစ် ရှိထားသင့်တယ် (ဒီမှာ ဆို လူနာရှင်က ကွန်မန်းပေးတယ် ဆိုတာမျိုး အလဲဗင်း မှာ လေယာဉ်ပြေးလမ်းကို one way လို့ သုံးတာမျိုး လုံးဝ မဖြစ်သင့်ပါဘူး)၊ နောက် ငါ့မှာ ကလောင်သွားရှိတယ် တီးထည့်လိုက်ရမလား ဆိုတာမျိုး မတွေးစေချင်ဘူး တစ်ခါထဲ ဆက်စပ်လို့ သူများအကြောင်း ထောက်ပြတဲ့ ဂျာနယ်တွေဘက်ကလဲ စာလုံးပေါင်းလို အကြောင်းအရာ ရှင်းလင်းအောင် ရေးတာမျိုးလို ကိုယ့်တာကိုယ်တော့ လုံစေချင်တယ် အခုချိန်ထိ ကျွန်တော်တို့ ဂျာနယ်မှာ စာပါအကြောင်းအရာလွဲချော်ခြင်း လုံးဝ မရှိပါ၊ စာလုံးပေါင်း လုံးဝ မမှားပါ လို့ ပြောရဲတဲ့ ဂျာနယ် တစ်စောင်မှ မရှိသေးဘူး

    အဲ ဦးဖောရှော ဖတ်ချင်ရင်တော့ အဲဒီ သတင်းနှစ်ပုဒ်လုံး တနည်းနည်းနဲ့ အမြန်ဆုံး ပို့ပေးမယ်
    ပို့စ် တစ်ခုမှာ ဦးဖော မန်းထားတာ ပီအမ် နဲ့ ပို့မယ်တဲ့ ၊ ရွာထဲ ရောက်ကာစကတော့ ပီအမ် ပို့လို့ရတာလေး တွေ့ဘူးတယ် ပို့လဲ ပို့ဘူးတယ် ၊ အခု မတွေ့မိတော့လို့ ဘယ်လို ပို့ရလဲ ဆိုတာ ပြောပြပါဦး

    • htoosan

      October 24, 2011 at 10:11 pm

      ကိုnozomi ရေ၊
      PM ပို့်ချင်ရင် Forum ကို ဝင်ပါ။ Forum မှာ logout ၊ members ၊ profile ရဲ့ အောက်မှာ
      စာအိတ်လေးပုံ ပေါ်နေမယ်။ အဲ့ဒါ click လုပ်ပြီး ဝင်ရင် inbox ထဲရောက်ပြီး ညာဘက်ထောင့်မှာ compose mail ရှိတယ် ။ အဲ့ဒီထဲဝင်ပြီး select from member ကနေ ကိုယ် ပို့ခြင်တဲ့ လူ ရွေးပို့ပေါ့။

  • ပေါက်ဖော်

    October 24, 2011 at 4:31 pm

    သတင်းရေးသူက သူထင်ရာမြင်ရာကို ရမ်းသန်း ရေးတာဟုတ်ဘူး
    အဘက်ဘက်က စဉ်းစားလို ့ရအောင် အဘက်ဘက်ကလူတွေကို လှည့်မေးပေးထာတာပဲ ရှိတယ်
    အဲတော့..သဗွိုက်စ် ကို ဖွ တယ်လို ့ အတင်းမဆို ချင်ပါ..ဘဘ ရေ
    ကျနော်ကလူနာရှင်လဲ မဟုတ်..ဆာဝန်လဲမဟုတ်..The voice ကလဲ မဟုတ်ပါဘူး..ဗျာ

    မြန်မာနိုင်ငံရှိ ဆရာဝန်များသည် လူနာရှင်များကို အချိန်ယူရှင်းပြနိုင်မှုများ အားနည်းကြောင်း၊ထို ့ကြောင့်
    ယခုကဲ့သို ့ကိစ္စရပ်များဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သေဆုံးသူ ဦးသန်းထွေး၏ ဖြစ်စဉ်နှင့်ပတ်သတ် ရွေ ့ အသည်း
    အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်းက The Voice Weekly သို ့သုံးသပ်ပြောကြားသည်

    သတင်းအဆုံးမှာ ပါမောက်ခ ရဲ့ သုံးသပ်ချက်ပါ..
    🙄

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 24, 2011 at 6:23 pm

    ရိုးရိုးလေးဘဲ တွေးကြည့်တာပါ ဆန်းဆန်းမှ မတွေးတတ်တာ
    တစ်ခုရှိတာက ဆရာဝန်ဆိုတာက လူနာတစ်ယောက်ကို
    အရေးပေါ်ဖြစ်လာလို့ဆေးဝါးလက်နက်မစုံဘဲ မှားယွင်းသွားရင်တစ်မျိုးပေါ့
    ခုဟာက သူကငွေယူပြီးလုပ်တဲ့အလုပ်ဆိုတာကိုတော့ စံထားရမှာဘဲ
    စေတနာဆရာဝန်လည်းမဟုတ်ဘူးဆိုတော့ကာ ဆိုတော့ကာ
    အမုန်းတရားနဲ့ဟုတ်ဘူးနော်
    စံ
    စံ

  • MaMa

    October 24, 2011 at 7:08 pm

    ဖတ်ဖူးတဲ့ ဟာသ ဇာတ်လမ်းလေး တစ်ခု ကြုံတုန်း ပြောပြချင်တယ်။
    တခါက သားသေလို့ ပူဆွေးသောကဖြစ်နေတဲ့ ဒကာမကြီးတစ်ယောက်ကို ကျောင်းထိုင်ဆရာတော်က မမြဲသော အနိစ္စတရားကို ရှင်းပြပြီး လူဆိုတာ သေမျိုးချည်းပဲလို့ တရားပြလိုက်တော့ အဲဒီ ဒကာမကြီးခင်မျာ ပူဆွေးသောကများမှ စိတ်သက်သာရာရသွားရှာတယ်။
    တနေ့တော့ အဲဒီ ဒကာမကြီး ဘုန်းကြီးကျောင်းကို လာတဲ့အခါ ဘုန်းကြီးမှာ ဝမ်နည်းပက်လက်နဲ့ ဣန္ဒြေမဆည်နိုင်အောင် မျက်ရည်တွေကျနေလို့ မေးမြန်းကြည့်တဲ့အခါ ဘုန်းကြီးတူမ သေသွားလို့ဆိုတာ သိလိုက်ရတယ်။ အဲဒီတော့ ဘုန်းကြီးကို ပြန်ပြီး သူ့တုန်းက ဟောခဲ့တဲ့ တရားတွေ ပြန်ပြောပြတဲ့အခါ ဘုန်းကြီးက “ဒါက ကျုပ်တူမ အရင်းကြီး ကိုး ဗျ” တဲ့လေ။ ဟာသလေးပါ။
    ကိုယ့်မိဘမောင်နှမမှာ ဖြစ်လာတဲ့အခါကျရင် ဖော့တွေးလေး တွေးပေးနိုင်ပါ့မလား????????????????

  • km

    October 24, 2011 at 8:12 pm

    ဆရာကြီးDRမျိုုုုုုးမြတ်သူကတော့သေမဲ့နေ ့မှစစ်ထဲလိုက်မိသလိုဖြစ်နေပြီထင်ပါတယ်။
    regarding the comment by nigimi77, the white patch may be vitiligo which is very rare due to drugs. the topical prescribed by the ? dermatologist might be malanocyl which is useful for vitiligo. but the correct instruction is needed to get good response. it usually get re-pigmentation but doesn’t treat the underlying disease process.

  • padonmar

    October 24, 2011 at 9:05 pm

    km comment ဘာသာပြန်ပေးကြည့်မယ်နော်။
    vitiligo =ခရုသင်း၊သမင်ဖြူ
    တပ်မ၇ရ ရဲ့ ညီလေးရောဂါကို ခရုသင်းတစ်မျိုးလို့ထင်ပါတယ်တဲ့၊ဟုတ်ခဲ့ရင်တော့ ဆေးကြောင့် ဖြစ်တာရှားပါတယ်တဲ့။
    အရေပြားဆရာပေးတဲ့ဆေးက အရောင်ခြယ်ပစ္စည်းတွေ ပြန်ဖြစ်လာအောင်လုပ်ပေးတဲ့ဆေးဖြစ်ပါလိမ့်မယ်တဲ့။
    ရလာဒ်ကောင်းလေးထွက်အောင် လိမ်းနည်းလေးမှန်အောင်ညွှန်ဘို့လိုပါတယ်တဲ့။
    ဒီဆေးက အသားရောင်အတိုင်းပြန်ဖြစ်တတ်ပေမယ့် မူလရောဂါရင်းကိုတော့ မပျောက်စေနိုင်ပါတဲ့။

    FR,
    ကျွန်မ voice No:45 scan လုပ်ပေးထားတယ်။
    ဘယ်လိုပို့ရမလဲ။

    • nigimi77

      October 25, 2011 at 6:44 pm

      ပဒုံမာ ။

      ဘာသာပြန် အတွက် ကျေးဇူးပါ။

      ဆရာကြီး ဦးမျိုးမြတ်သူ ကတော့ သေမည့်နေ ့မှ စစ်ထဲ လိုက်မိ သလို ဖြစ်……

      ဆိုတဲ့ စကားကတော့ အလွန်ကို ဝိနည်း ရှောင်တဲ့ စကားလုံးမျိုးလို ့ထင်ပါတယ်။

      သဘောကတော့ သူ ့ဘာသာ သူ သမင်ဖြူ (သို ့) ခရုသင်း ဖြစ်အံ့ ဆဲဆဲ ကာလ မှာ

      ဆေးကု ပေးလိုက်တဲ့ အတွက် ဓါးခုတ်ရာ လက်ဝင် ရှိုတယ် ဆိုတဲ ့စကားနဲ ့ တိုက်ရိုက်

      အချိုးကျနေတာပဲ။ ထားပါတော့။ ဆေးပညာရဲ ့ အကြောင်းကို ကျွန်တော်က နားမလည်

      ပါဘူး။ ခရုသင်း ဒါမှ မဟုတ် သမင်ဖြူဆိုတဲ့ ရောဂါမျိုးက ဆေးကြောင့် ဖြစ်တာမျိုး ရှား

      တယ်လို ့ပဲ ပညာရှင် စကားလုံးနဲ ့သုံးတာကို လက်ခံပါတယ်။

      ဒါကိုတော့ ပညာရှင် စကားလုံးနဲ ့ ဘယ်လို ရှင်းပြမလဲ ဆိုတာကို သိချင်ပါတယ်။

      “……ကျွန်တော့် ညီ အငယ်ဆုံး (အရင်း) ၈၉ ခုနှစ်မှာ မွေးတယ်။

      ၉ဝ ခုနှစ်မှာ အဖွားက ကလေး

      ထိမ်းရင်း အမှတ်မထင် ကလေးရဲ ့ အာခေါင်မှာ ခဲရောင် ဖျော့ဖျော့ အကွက် တကွက်တွေ ့

      လိုက်တော့ ကလေးဆေးရုံပြတယ်။ အဲဒီက ဆရာ့ဆရာကြီးက အာခေါင်ပါးတဲ့ ရောဂါပါတဲ့။

      လနဲ ့ချီပြီး ဆေးရုံကို သွားရတယ်။ ဆေးပေါင်းများစွာလည်း ကလေးကို တိုက်ခဲ့ရတယ်။

      ဒါပေမဲ့ သူ ့အာခေါင်က အကွက်က လျော့မသွားဘူး။ အမေက ဆေးပြင်းတွေ သောက်နေရတဲ့

      ကလေး အတွက် စိတ်မကောင်းလွန်းတော့ တနေ ့တနေ ့ အဲဒီ အာခေါင်က အကွက်ကိုပဲ ကြည့်

      ကြည့်နေခဲ့တယ်။ တရက် ကျတော့ အကွက်ရဲ ့ဒေါင့်မှာ အဖတ်လေး လန်နေတာတွေ ့တော့

      လက်သည်းထိပ်နဲ ့ဖြည်းဖြည်းချင်း လှန်လိုက်တာ ……နောက်ဆုံးကျတော့ အဲဒီ အကွက်က

      ဘာလဲ သိလား……????????

      ကုကိ္ကု ရွက် တရွက်ပါ ။……….”

      ဆင်ဝှေ ့ရန်ရှောင်တို ့ ပညာရှိ သတိဖြစ်ခဲ တို ့ မမှားသော ရှေ ့နေ မသေသော ဆေးသမား

      ဆိုတဲ့ စကားတွေက အဲဒီလို လူတွေ အတွက် ထားခဲ့တာထင်ပါရဲ ့။

      တကယ်လို ့ ကုက္ကိုရွက် မဟုတ်ခဲ့ပဲ သူပြော သလို အာခေါင်ပါးတဲ့ ရောဂါ ဆိုရင်တော့

      ပရော်ဖက်ရှင်နယ်လ် တစ်ယောက်လို ့သတ်မှတ်ရမှာပဲ။ ခုဟာက ကုကိ္ကု ရွက်လေ။

      နောက် စကားပုံ တစ်ခု ထပ်ပြောပါမယ်။ ဆင်သေကို ဆိတ်ရေနဲ ့ ဖုံးဖို ့ မကြိုးစားပါနဲ ့။

      အဲဒီ ဆရာကြီး ကို ကျွန်တော့မှာ အမုန်းမရှိပါဘူး။ အရေပြား ဆရာကြီးရဲ ့ ဆေးမှတ်တမ်းမှာ

      လည်း သမင်ဖြူ သို ့မဟုတ် ခရုသင်းဆိုတဲ ့ တိကျတဲ့ မှတ်ချက် မရှိခဲ့ပါဘူး။

      အပေါ်က KM ပြောသလို “…ရလာဒ်ကောင်းလေးထွက်အောင် လိမ်းနည်းလေးမှန်အောင်ညွှန်ဘို့လိုပါတယ်တဲ့။
      ဒီဆေးက အသားရောင်အတိုင်းပြန်ဖြစ်တတ်ပေမယ့် မူလရောဂါရင်းကိုတော့ မပျောက်စေနိုင်ပါတဲ့။…..”

      အလွန်ကို ကျေးဇူးတင်ပါတယ်။ နောက်ထပ် အသက်ဘယ်လောက် အထိ လိ်မ်းရမလဲ ဆိုတာ

      ပါ အကြံဉာဏ် ပေးကြည့်ပါ။ အကြံဉာဏ် အတွက် လိုအပ်တဲ့ အချက်လေးတွေ ပြောပြချင်

      ပါတယ်။

      အာာဂေါင်ကု ဆရာကြီးရဲ ့ဆေးတွေကို ရပ်လိုက်ပြီး ၃ ပါတ် အကြာမှာ အရေပြား အကွက်

      တွေ စပေါ်ပါတယ်။ တပြင်လုံး မဟုတ်ပါ ။ ဟိုနား ဒီနား မြေပုံလို ပေါ်လာတာ။

      အရေပြား ဆရာကြီး ပေးတဲ့ ဆေးတွေကို သူညွှန်းတဲ့ အတိုင်း စဉ်ဆက်မပြတ်လိမ်းခဲ့တယ်။

      ပြောပြရင်ဗျာ။ ကလေး အတွက် ပိုက်ဆံ တတ်နိုင်လို ့ အကောင်းဆုံး လူ အကောင်းဆုံး

      ဆေးတွေပဲ သုံးခဲ့တယ်။ နားလည် မလား မသိဘူး။

      မြေပုံကွက်တွေဟာ တလ ကျော် အတွင်းမှာ အလွန် လျင်မြန်စွာ တိုးလာတယ်။

      ၂ လ နီးပါးရောက်တော့ အကွက်တွေ ပေါ်တာ ရပ်သွားတာ နောက်ထပ် နှမ်းစေ့ တစ်စေ့စာ

      တောင် ထပ် မပွားလာတော့တာ အခု သူ ့အသက် ၂၂ နှစ် အထိပါ။

      “…ဒီဆေးက အသားရောင်အတိုင်းပြန်ဖြစ်တတ်ပေမယ့် မူလရောဂါရင်းကိုတော့ မပျောက်စေနိုင်ပါတဲ့။….”

      အသား အရောင် အတိုင်းလဲ ပြန်မဖြစ်လာပါဘူး။ မူလရောဂါရင်း ဆိုတာလဲ မရှိခဲ့သလို

      ထပ်ဖြစ်ပေါ်ခြင်းလဲ မရှိပါဘူး။ မပျောက်စေနိုင်ပါ ဆိုတာကို တော့ ဘယ်လို နားလည်ရမလဲ

      ဆိုတာ မသိတော့ပါ။

      ကျွန်တော် ပညာတတ်ဆန်ဆန် ဆိုတဲ ့စကားမျိုး မပြောတတ်ပါဘူး။

      ဒါကြောင့် ရိုးရှင်းစွာနဲ ့ပဲ ပြောပါရစေ။

      “……..ဝန်ခံခြင်းဟာ ရိုးသားမှုပါ။……..”

      နာကျင်မှု အတွက် ပြန်လည် ရယူချင်တာ ဒီ တစ်ခုပါပဲ။

      င်္F.R ရဲ ့ ပို ့စ်နဲ ့ မသက်ဆိုင်ခဲ့ရင် ခွင့်လွတ်ပါ။

      မည်သူ ့ကိုမှ နစ်နာစေရန် မဟုတ်ပါ။

  • captainamerica

    October 24, 2011 at 9:24 pm

    အပေါ်ကလူကြီးမင်းများပြောကြသလိုပါဘဲ။ဆရာဝန်ဆိုတာလည်းကိုယ့်
    ဖာကိုယ်ရွေးချယ်လိုက်ာတဲ့ဉာဏလုပ်သားတစ်မျိုးပါဘဲ။
    လူသားအားလုံးရဲ့ကျေးဇူးရှင်ကြီးတွေလို.တော့မခံယူကြပါနဲ.
    လူတွေအားလုံးရဲ့အလုပ်အကိုင်ဟာသူဟာနဲ.သူတော့
    အကုန်အရေးကြီးကြတာပဲ။အခုလိုမီဒီယာတိုးတက်လာတဲ့ခေတ်ကြမှလူတော်တော်
    များများကသူတို.အကြောင်းနည်းနည်းပါးပါးလေးသိလာကြတာ။ဆရာဝန်ဆိုတာ
    ပညာတတ်တွေကြားထဲမှာတောင်ခေါင်းတစ်လုံးပိုမြင့်တယ်ဆိုပီးနေခဲ့တဲ့သူတွေမလား
    ကိုယ်မှားတယ်ဆိုရင်ဆိုရင်ကိုယ့်တာဝန်ကိုယ့်တာဝန်ကိုယ်ယူရမှာပဲလေ။
    ဆရာဝန်ဆိုရင်အနန္တောအနန္တငါးပါးဝင်လောက်ကိုသာမန်လူပိန်းတွေကရိုသေ
    ရတာပဲလေ။မှားမှားမှန်မှန်လက်ခံရတာပဲလေ။ခင်ဗျားတို.ဘာနားလည်လို.လဲလို.
    ပြောလိုက်ရင်ကိုဘာမှပြန်မပြောရဲတော့တာကို။မှားတာမှန်တာကတော့သူတို.ပို
    နားလည်ကြမှာပါ။ခိုင်ရွှန်းလဲ့ရည်ကိစ္စမှာမှလူတွေကပြောရဲဆိုရဲနည်းနည်းရှိ
    လာကြတာ။လူများနိုင်ငံတွေမှာသာဒီလိုကိစ္စမျိုးတွေဖြစ်လိုက်ရင်အဲဒီဆရာဝန်
    တစ်သက်လုံးလူမွှေးလူတောင်ပြောင်တော့မှာမဟုတ်ဖူး။လျော်ကြေးပေးရလို.။
    ဒီမှာဘယ်လောက်များတာဝန်ယူရလို.တုန်း???????????????????????

  • ရာဇဝင်လူဆိုး

    October 24, 2011 at 9:41 pm

    ကိုကြီးဖော… ပညာပိုင်းဆိုင်ရာတွေ မပြောချင်ပေမယ်..ပို့စ်ကတော ထိရောက်တယ်…။ဒီနေ့ MRTV-4 က SUNDAY Talk ဆိုတဲ့ အစီအစဉ်မှာ ဒီအကြောင်းတွေ ဆွေးနွေးသွားတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို(ဒီကောင်တွေ သတိပြုမိတာ ကောင်းတယ်) ဝေဖန် ထောက်ပြနိုင်တာ …။
    ွGreat ! အားပေးနေတယ်ဗျာ ..ဆက်သာလုပ်။

  • three colors

    October 24, 2011 at 11:35 pm

    FRကြီးကနိုင်ငံတကာ အယူအဆ တွေနဲ့ထောက်ပြ သွားတာ အရမ်း ကောင်းတယ်။
    ကျွန်တော့မှာ ဒီဂျာနယ် ရှိတယ်၊အပေါ ်မှာလဲ post ထားတာပဲ။
    ဟိုဘက်ဒီဘက်ရေးထားတာပဲ ။တဘက်ထဲကပဲ နားထောင်ပြီးမရေးသင့်ဘူးလို့
    MRTV4 sunday talk မှာ ဆရာဝန် တယောက်က ဆွေးနွေးတာ အခုတင ်ကြား
    လိုက်ရတယ်၊ ကျန်တယောက်ကလဲ မဖတ်ရသေးလို့ထင်ရဲ့၊ ဘာမှမပြော။
    ဆရာဝန်က ၁၉၈ဝ လောက်ကသူ့အတွေ့အကြံ ု-နံရိုးကိုဆောင့်မိလို့ ဆေးရုံ ရောက်
    လာတဲ့လူနာတယောက် ဓါတ်မှန် ရိုက်ကြည့်တော့ နံရိုးမကျိုးလို့ pain killer ဆေးတွေပေးပြီး
    under observation အနေနဲ့ဆေးရုံတက်ခိုင်းထားတာ တိုင်သတဲ့ဗျာ လို့ဆိုပြန်တယ်။
    လူနာကို “ခင်ဗျားနံရိုး ဘာမှ မကျိုးဘူး၊အနာ သက်သာဘို့ဒီဆေး တွေသောက်ထား၊
    စောင့်ကြည့်နေမယ်၊ပြီးရင် ထပ်ဓါတ်မှန် ရိုက်ဦးမယ်လို့ ရှင်းပြရဲ့နဲ့ မှ တိုင်ရင် သူ့အလွန်ပေါ့။
    ရှင်းပြရတာပဲ မတန်သလိုလို၊ ဆရာကြီးလိုလိုနေရင်တော့ လူနာက သူ့ ပစ်ထားတယ် လို့အထင်လွဲ
    မှာပေါ့။
    media တပိုင်းလဲဆိုသေး media ဘက်ပဲ ဖိပြောသွားတယ်၊ဒီဆရာဝန်မျိုးကို ဆေးကောင်စီထဲ ထည့်
    အမှုူစစ်ခိုင်းရင် ဒီစူဠလိပ် အပြစ်ရှိတယ်၊ရေထဲလွှတ်စေဆိုတဲ့အပြစ်ဒဏ်ပဲချပေးလိမ့်မယ်။
    (ဒီမှာဆေးကုခွင့်မရှိ၊ နိင်ငံခြား သွားအလုပ်လုပ်စေပေါ့)
    FRကြိီးပြောသလို ဆရာဝန်ဆိုတာကအနံတောအနံတ(စာလုံးထပ်မရိုက်တတ်)ဂိုဏ်းဝင်ဆရာတွေမဟုတ်။
    နိုင်ငံတကာအယူအဆအရ-ဆေးကုပေးဘို့ငှားထားတဲ့ service ပေးသူပဲ၊စာသင်ပေးတဲ့သူ၊ိတခုခု သင်ကြာုးပေးသူတွေမဟုတ်။ ်ူိ
    အင်္ဂလိပ်လိုတော့ ဒေါက်တာ ပေါ့။
    field ချင်းတူတဲ့နပ်စ်မတွေအတွက်တော့ ဆရာ ပေါ့။သူတို့ခေါ ်တာသံယောင်လိုက်ခေါ် ်ရင်းနဲ့ဂိုဏ်းဝင်ဖြစ်
    သွားပုံရတယ်။ကျွန်တော်လဲငယ်ရွယ်တုံးက ဆရာ ခေါ ်ခံရတဲ့အခါ အောက်ခြေလွတ်ဘူးပါတယ်၊
    အဲဒီလိုခေါ ်တဲ့သူဆို ကိုယ်နဲ့တန်းတူတယ်လို့ကိုမထင်တော့ဘူး၊
    service ပေးတဲ့သူကို ဆရာ ခေါ ်တာနိုင်ငံခြားမှာ မကြားခဲ့ဘူးပါ၊(ဥပမာ-အငှားယာဉ်မောင်း၊ဘတ်စ်ဒရိုင်ဘာ)
    ဆိုလိုချင်တာက-လူမမာရှင်ဟာcustomer ဖြစ်လို့ ဆရာဝန်ကို ရှင်းပြဘို့တောင်းပိုင်ခွင့်ရှိတယ်၊ကုသမှူကိုငြင်း
    ပိုင်ခွင့်ရှိတယ်၊ဆရာဝန်က ိုလ ဲပေးဘို့ ဆေးရုံကိုတောင်းဆိုခွင့်ရှိတယ်။
    အခုcase မှာ အူအတက်ရောင်တာပါ၊ စိုးရိမ်စရာ မရှိဘူးလို့အထူးကုကြီးက ပြောပြီး ပိုးဝင်လို့ဆုံးသွားတာ
    ဆရာဝန် နဲ့ ဆေးရုံက တာဝန်မခံလို့ ဘယ်သူ့ကိုချချင်သနည်း။
    ဒီရောဂါ က အဖိတ်အစင်ရှိသင့်တဲ့ရောဂါမျိုးမဟုတ်၊ ခက်တာကိုလွှဲမချပါနှင့်၊ ခက်ရင် ပိုဂရုစိုက်ရမှာမဟုတ်လား??။
    တခြားတလွဲတွေ အပုံကြီးရှိသေးတယ်၊ ဆရာဝန်ရဲ့လက်ရေးကို ဆေးပေးတဲ့နေရာကနပ်စ် က သူ့အဖေါ ်တွေနဲ့ စကားတဟားဟားနဲ့ဖတ်ပြီးတော့ တလွဲပေး။
    အင်္ဂလိပ်စာမဖတ်တတ်တဲ. လူနာက ယူသွား၊
    ဆရာဝန် ပေးတဲ့ဆေး ကတခြား၊နပ်စ် က ဆေး promoter ပေးတဲ့မျိုုးတူ ဆေး ပြောင်းပေး(ဒါက နဲနဲ တော်သေး)၊
    အများကြီး၊အများကြီး၊ မသေသင့်ပဲ ဆေးတလွဲ အနာတလွဲ ဆရာဝန်ကို ယုံမိ လို့၊ပေါ့ဆမှုူတွေ၊
    အခုမှ စတုတွှ မဏိုင်ကြောင့် လူတွေသိ ကုန်မှ ဝူးဝူးဝါးဝါး ထဖြစ်တာ၊
    ဒါတောင်ကျန်သေးတယ်။

  • parlayar46

    October 25, 2011 at 12:32 am

    အမှန်ပြောရရင်တော့ ကိုဖေါရင်းကြီးပိုစ့်မျိုး ဝင်မန်းချင်လွန်းလို့ လက်ကိုယားနေတာ။
    ဒါပေမယ့် ကျုပ်ဝင်ရေးမိရင် ပုဂ္ဂိုလ်ရေးခံစားချက်တွေပါပါကုန်မှာစိုးလို့
    ဒီပိုစ့်လေးက အပြုသဘောဆောင်တဲ့ပိုစ့်လေးပါ
    ကျုပ်ဝင်ပြောရင် ဆဲသံထွက်လာမှာစိုးလို့

    ဆရာဝန်+ဆေးဘက်ဝန်ထမ်းများ+ဆေးရုံဆေးခန်း တွေရဲ့
    မှားယွင်း၊ ချွတ်ချော်၊ ပေါ့ဆ၊ တာဝန်မဲ့မှု့တွေကြောင့်-
    ကျုပ်ကိုယ်တိုင်ရော
    ကျုပ်ရဲ့သွေးသားရင်းတွေရော
    ကျုပ်ရဲ့ မိတ်ဆွေရင်းတွေရော
    ကျုပ်ရဲ့ ကျေးဇူးရှင်တွေရော
    ကျုပ်ရဲ့ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်တွေရော
    ထိခိုက်ခံစားခဲ့ရဘူးတဲ့ အတွေ့အကြုံတွေ ရှိတယ်။

    ကောင်းတဲ့ဆရာဝန်တွေလဲရှိပါတယ်
    ပေါ့ဆတဲ့၊မှားယွင်းကုသတဲ့၊ တာဝန်မဲ့တဲ့ ဆရာဝန်တွေလဲနဲနဲတော့ ရှိတယ်
    အရည်အချင်းမလုံလောက်တဲ့ ဆရာဝန်တွေကတော့ မနည်းမနောရှိတယ်။

  • kai

    October 25, 2011 at 3:22 am

    အမှတ်မမှားဘူးဆိုရင်.. ယူအက်စ်မှာ လုပ်သက်ရှိတဲ့.. ဆရာဝန်တိုင်း..(ဆရာဝန်တိုင်း).. အမှုကြီးငယ်နဲ့ရင်ဆိုင်ရ.. ရင်ဆိုင်ဖူးတာချည်းပဲ..။
    ဆိုတော့..
    ဆရာဝန်တွေကို.. လူနာကပြဿနာရှာတာ.. တရားစွဲတာ.. “ပုံမှန်”လို့ထင်ပါကြောင်း…

    ဒီလိုတွေဖြစ်တာ လျှော့နည်းသက်သာဖို့.. မြန်မာပြည်မှာ.. ဆရာဝန်တွေ.. အာမခံဝယ်ထားဝယ်နိုင်တဲ့ Professional liability insurance, Malpractice Insurance လို စံနစ်တခုသေသေချာချာ လုပ်ဖို့လိုနေတယ် ထင်ပါကြောင်း…။
    ( ဒါမျိုး.. လူနာတွေဖက်က.. တရားစွဲတာ..ကလိမ်းဘလိမ်းတက်တာ.. တိုင်တာတောတာတွေအဖြစ်များလာရင်.. မြန်မာပြည်က ရှေ့နေတွေ..အုပ်စုဖွဲ့ပြီး မြန်မြန်လေး ဥပဒေကြောင်းအရ.. ဝင်သင့်.. လုပ်ပေးသင့်နေပြီလို့ထင်ပါတယ်..။ ဆရာဝန်တွေဝင်ငွေကို.. ဝင်ရှယ်ယူတော့ပေါ့..။ အလုပ်က.. တောင်းဆိုနေမင့်ဟာနော..) 😆
    ( ဘယ်သူမှမလုပ်.. ကျုပ်ကထလုပ်မှာနော… စိတ်ဝင်စားသူတွေ ဆက်သွယ်ပါ.. 😆 )

    Average Cost States

    Pennsylvania malpractice insurance falls in the middle with respect to average cost. Rates differ between the major insurers due to demographic and claims differences. In 2009, base rates for general surgery could be as low as $28,000 annually or as high as $50,000. Internal medicine malpractice insurance costs varied between around $6,000 to $11,000. Obstetricians/gynecologists could find themselves paying up to $64,000 or more for coverage.

    High Cost States
    In 2009, one of the highest rates of insurance in Nevada is for OB/GYNs, who may pay between $85,000 for malpractice liability
    insurance per year up to $142,000 per year for a premium plan by a prominent insurance company. Although the average annual salary for such doctors was around $180,000 in 2009, malpractice insurance can still be a huge financial burden.

    Read more: The Average Cost for Medical Malpractice Insurance | eHow.com http://www.ehow.com/about_5514154_average-cost-medical-malpractice-insurance.html#ixzz1bjegrAkl

    • Foreign Resident

      October 25, 2011 at 6:06 am

      ပြောရအုံးမယ် သူကြီး ရေ ။

      Australia မှာ အဲဒီလို အလျော်အစား ကိုကြောက်လို့
      OG Specialized ယူနေရင်းကနေကို
      GP Specialized ပြောင်းယူတဲ့
      ဆရာဝန်ကြီးတွေလည်း ရှိပါ့ ။

      သူတို့ ဥပဒေ အရ
      OG ကလျှော် စရာရှိရင် အမေကော ခလေးပါ
      နှစ်ယောက်လုံး အတွက် လျှော်ရတာကိုး ။

      ( အဘ ကတော့ အမေကော သမီးပါ ဆိုတဲ့
      စကားလုံး အသုံး အနှုန်းကို ပိုကြိုက်တယ် ) :p

      GP ကတော့ ဦးနှောက်စားမယ့် Case လာရင်
      Specialist ဆီ ပုတ်ထုတ် ( Refer ) လိုက်တာပဲ ။
      လွယ်တယ် ။ ဟီဟိ ။

      တချို့နာမည်ကြီး GP ( Fellow ) များ
      Specialist ထက်တောင် ပိုက်ဆံ ပိုရသေး ။

  • Foreign Resident

    October 25, 2011 at 5:39 am

    အဲလို လုပ်ကြစမ်းပါ ရွာသူား တို့ရယ် ။
    အခုမှပဲ လူစုံတက်စုံ တွေ့ရတော့တယ် ။
    ဒါတောင် Dr. E Tone မတွေ့ရသေးဘူး ။
    တွေ့ရင်ပြောလိုက်ကြပါအုံး အဘ သတိရနေတယ်လို့ ။

    ပထမဆုံး အဘ ပြောချင်တာက
    အဘ The Voice, Vol.7 / No.45 ကို ရသွားပါပြီ ။
    The Voice ရဲ့ Face Book ကနေ Down Load ဆွဲလိုက်တာ ။
    PM နှင့်ပို့ပေးမယ်လို့ တခုတ်တရ ပြောရှာတဲ့ ရွာသူား များကို
    အထူး ရှဲရှဲ ပါလို့ ။

    ဖတ်ကြည့်လိုက်တော့လည်း
    ပြောစရာတွေက ထပ်ထွက်လာသေး ။
    ဒါပေမယ့် တော်ပါပြီလေ နဲနဲပါးပါး မုန်း တော်ရောပေါ့ ။ 😛

    ကို Black Chaw နှင့် ကို Wind Talker ရေ

    ” ကိုယ်နားမလည်တာကို ဝင်မရှုပ်ချင်တာနဲ့ ”
    ဆိုတဲ့ စကားနှင့် ပါတ်သက်ပြီး

    Medical Profession ဟာ
    လူတွေရဲ့ ( သူသူ ငါငါ ရဲ့ ) သေရေး ရှင်ရေး နှင့်
    တိုက်ရိုက် ပါတ်သက်နေတဲ့ အတွက်

    Technically နားမလည်တဲ့ လူတွေတောင်
    ဝင်ရောက်ပြောဆိုခွင့် ရှိပါတယ် ။
    ဝင်လည်း ပြောသင့် တယ်လို့ထင်ပါတယ် ။

    ကို Nozomi ရေ

    ” ၃ မိနစ် မပြည့်တဲ့ စမ်းသပ်မှုမှာ
    ကိုယ်ပြောတာ လုံဝ နားမထောင်ပါဘူး
    သူမေးတဲ့ တစ်ခွန်း နှစ်ခွန်း ဖြေပြီး
    ပြန်ထွက်လာရတယ် ”

    အဲဒါ ကျွန်တော် ပြောခဲ့တဲ့
    အကန်တော့ခံ သူတော်စင်ကြီးတွေရဲ့
    မြန်မာနိုင်ငံထဲမှာ နေပြီး
    နိုင်ငံတကာ အဆင့်မှီ ပိုက်ဆံရှာဖို့ အတွက်က
    အချိန်တွေ မလောက်နိုင်တဲ့
    အဖြစ် အပျက် လေးတွေပေါ့ဗျာ ။

    ” နောက်ပိုင်းမှာ ငွေတစ်ခုပဲ ကြည့်တဲ့
    ဆရာ့ဆရာကြီး တွေကြောင့်
    တစ်ဦးက စေတနာ တစ်ဦးက မေတ္တာ
    မထားနိုင်ကျတော့တာပါ ”

    မှန်လိုက်တာဗျာ ။
    ” ဘယ်သူမပြု မိမိမှု ” ဆိုတဲ့ စကားပုံကို
    ထင်းထင်း လင်းလင်း ပြလိုက်သလိုပါပဲ ။

    • etone

      October 25, 2011 at 10:59 am

      ဘကြီးတော် FR ရေ … ကျွန်မဝင်မရေးပေမယ့် အမြဲလိုလိုတော့ ဝင်ဖတ်ဖြစ်ပါတယ် … ဝင်မရေးဖြစ်ဘူးဆိုတာကလည်း… သူများတွေ ဆွေးနွေးတဲ့ အကြောင်းရာက ဖတ်လို့ကောင်းနေတာကြောင့်ပါ … ။

      တခြားနိုင်ငံတွေမှာတော့ … မခွဲစိတ်ခင် လက်မှတ်ထိုးရလား မထိုးရလား မသိပေမယ့် … ။ ဒီနိုင်ငံမှာတော့ … မိုင်နာပဲ ဖြစ်ဖြစ် မေဂျာပဲဖြစ်ဖြစ် အော်ပရေးရှင်းခန်းမဝင်ခင် ကြိုလက်မှတ်ထိုးခိုင်းထားတယ်လေ … ။ အတိမ်းအစောင်းအတွက်ကို ခြေတလှမ်းအားယူနေသလိုတော့ ခံစားမိပါရဲ့ …. ။ 🙂

      • htoosan

        October 25, 2011 at 10:44 pm

        နိုင်ငံပေါင်းစုံတော့ မသိပေမဲ့ ထိုင်း ၊ စင်္ကာပူ ၊ နိုင်ငံတွေမှာ လည်း အော်ပရေးရှင်းခန်း မသွင်းမီ လူနာရှင်က လက်မှတ်ထိုးယုံတင်မက ခန့်မှန်း ခွဲစိတ် ခ အရင်ပေးချေပြီးမှ အော်ပရေးရှင်းခန်း သွင်းတာပါ။

  • Foreign Resident

    October 25, 2011 at 5:40 am

    Captain America ရေ

    ” လူတွေအားလုံးရဲ့အလုပ်အကိုင်ဟာ
    သူ့ဟာနဲ့သူတော့ အကုန်အရေးကြီးကြတာပဲ ”

    အထူး ထောက်ခံပါတယ်ဗျာ ။

    ” သူများ နိုင်ငံတွေမှာသာ ဒီလိုကိစ္စမျိုးတွေ ဖြစ်လိုက်ရင်
    အဲဒီဆရာဝန် တစ်သက်လုံး လူမွှေးလူတောင်ပြောင်တော့မှာမဟုတ်ဖူး။
    လျော်ကြေးပေးရလို.။ ဒီမှာ ဘယ်လောက်များ တာဝန်ယူရလို.တုန်း ”

    အင်းးးးး ဘာမှမရတဲ့ ဆရာဝန်လေးတွေကိုတော့
    မလျှော်ခိုင်း ရက်ပေမယ့် ။
    အထူး ယူထားတဲ့ ဆရာဝန်ကြီးတွေကတော့
    အထူး ပြန်ပေး သင့်တယ်ထင်တာပဲ ။

    ကမာ္ဘ့ အမွဲဆုံး ၊ ဖွံ့ဖြိုးမှု အနဲဆုံး Top Ten စာရင်းဝင်
    ဆင်းရဲသား နိုင်ငံတော်ကြီး ထဲမှာ နေနေပေမယ့်
    ငါတို့ကတော့ နိုင်ငံတကာ အဆင့်မှီ ပညာတတ်ကြီး မို့လို့
    နိုင်ငံတကာ အဆင့်မှီ ဝင်ငွေတွေ လိုချင်တာကို
    ဘာမှ မပြောလိုပေမယ့် ။

    ( တချို့ မြန်မာနိုင်ငံက ဆရာဝန်ကြီး လင်မယား စုံတွဲတွေဆို
    တစ်လ ဝင်ငွေ သိန်း တစ်ထောင် Target ထားပြီး ရှာနေ / ရနေ တာပါ )

    ကိုယ်တွေမှားသွားတဲ့ အချိန်ကျတော့မှ လူနာရှင်ကို
    ” လူဆိုတာ သူ့ကံနှင့် သူလာတာပဲ ၊ လူနာ ကံဆိုး ရှာတယ် ”
    ဆိုပြီး ကျောသပ်လွှတ်လို့ မသင့်တော် ပါဘူး ။

    အဲဒီ အခါကြရင်လည်း
    နိုင်ငံတကာ အဆင့်မှီ ဝင်ငွေရနေ ခဲ့ရင်
    နိုင်ငံတကာ အဆင့်မှီ ပေးလျှော်ဖို့
    စဉ်းစားရတော့ မှာဖြစ်ပါတယ် ။

    မြန်မာနိုင်ငံက ဆရာဝန်ကြီးတွေ
    Medical Compensation Insurance ထားဖို့ စ စဉ်းစား သင့်ပါပြီ ။

    ရာဇဝင်လူဆိုး ရေ

    MRTV-4 က SUNDAY Talk ထဲမှာ
    MG အကြောင်းကော မပြောဘူးလား ဗျ ။

    ကို three colors ရေ

    ” ရှင်းပြရတာပဲ မတန်သလိုလို၊ ဆရာကြီးလိုလိုနေရင်တော့
    လူနာက သူ့ ပစ်ထားတယ် လို့အထင်လွဲ မှာပေါ့ ”

    မှန်ပါတယ်ဗျာ ။

    ” field ချင်းတူတဲ့နပ်စ်မတွေအတွက်တော့ ဆရာ ပေါ့ ”

    Australia မှာ Nurses တွေကတောင် ဆရာဝန် ကို ပုံမှန်ပဲ ဆက်ဆံပါတယ် ။
    Nurses တွေကလည်း သက်ဆိုင်ရာ အထူးပြု သင်တန်း တွေကို
    တက်ထားကြတော့ တချို့ သူတို့ Specialized Field တွေမှာ
    ဆရာဝန်ထက်ပိုကျွမ်းကျင် ပိုသိပါတယ် ( ဥပမာ ဆီးချို Specialized Nurse ) ။

    ဆရာ ခေါ်တဲ့ကိစ္စကတော့ဗျာ ဆိုက်ကားသမားတောင်
    ဆရာတပ်ခေါ်နေသေးတာပဲဗျာ ထူးပြီးခံစားစရာ မရှိပါဘူး ။

    ဆိုက်ကားမေါင်းသော Profession ကိုစော်ကားခြင်း မဟုတ်ရပါ ။
    သမာအာဇီဝဖြင့် ရိုးသားစွာ ဝမ်းစာရှာဖွေ နေခြင်းဖြစ်ပါသည် ။
    နိုင်ငံ့ဝန်ကို တနည်းတဖုံ ထမ်းဆောင် နေခြင်းလည်း ဖြစ်ပါသည် ။
    ထိုကြောင့် လေးစား ပါသည် ။

    parlayar46 ခင်ဗျား

    ” ကျုပ်ဝင်ရေးမိရင် ပုဂ္ဂိုလ်ရေးခံစားချက်တွေ ပါပါကုန်မှာစိုးလို့
    ဒီပိုစ့်လေးက အပြုသဘောဆောင်တဲ့ ပိုစ့်လေးပါ
    ကျုပ်ဝင်ပြောရင် ဆဲသံထွက်လာမှာစိုးလို့ ”

    parlayar46 ရဲ့
    ကျွန်တော့ Post အပေါ်ထားသော စေတနာကို မြင်မိပါသည် ။
    ကျေးဇူး အထူးတင်ရပါသည် ။

  • Foreign Resident

    October 25, 2011 at 5:40 am

    ကဲ နိဂုံးချုပ် အနေနှင့်
    ညီအကို မောင်နှမ ဆရာဝန် အပေါင်း တို့ရေ ။

    ပြန်ကြည့်မိတော့ အဘ Post က
    ဆရာဝန်တွေကို အတင်းချသလို ဖြစ်နေပါပေါ့လားကွယ် ။

    အဘကို အဘ အမေက ဆေးကျောင်းတက်ရင်း ( 3rd MB ) မှာ မွေးခဲ့တာပါကွယ် ။
    အဘ အမေ ဆရာဝန် ဖြစ်တော့
    ဆရာဝန်တွေ ကုန်သွယ်ရေးဆေးဆိုင်တွေမှာဆေးထုတ် လို့ ရတုန်းပေါ့ ။
    အဲဒီမှာ ဆေးဆိုင် နှစ်ဆိုင် သုံးဆိုင် တပြိုင်တည်းထုတ်ချင်တော့
    ဆိုင်တစ်ဆိုင် ရောက်ရင် ဆမ မိတ္တူ ကိုထပ်
    အဘ ( ငါးနှစ်သား ) ကို သူ့သူငယ်ချင်း ဆရာဝန်တွေဆီမှာအပ်ပြီး
    နောက်တစ်ဆိုင်ပြေး တန်းစီရပါတယ် ။

    အဘမှာ ဆရာဝန်တွေကြားမှာ ဆမ မိတ္တူလေးကိုင်ပြီး တန်းစီကျန်ခဲ့ ရှာတာပါ ။
    အဘကို ဒီဆရာဝန်တွေကပဲ
    ငိုရင်ချော့ ဆာရင်မုန့်ဝယ်ကြွေးနှင့် ထိမ်းကျောင်း လာခဲ့တာပါ ။
    ( ဟီဟိ ။ အဲဒါ အကျင့်ပါသွားလို့ အဘ မိန်းမ ဆရာဝန်မကြီးက
    အဘကို အခုထက်ထိ ငိုရင်ချော့ ဆာရင်ကြွေးနှင့် ထိမ်းကျောင်းနေရတုန်း )

    ဆိုလိုရင်းက အဘ တစ်သက်တာလုံး အခုထိတိုင် ဆရာဝန်တွေကြားမှာပဲ
    နွေးနွေး ထွေးထွေး နေခဲ့ရတာပါ ။
    ဆရာဝန်တွေကို မုန်းဖို့ နေနေသာသာ ချစ်တောင် ချစ်သေး ။

    အခု ဒီ Post မှာ အဘ ရေးခဲ့ မန့်ခဲ့ တာတွေကလည်း
    နိုင်ငံတကာ အဆင့်ကို သွားကြတော့မယ် ဆိုရင်ဖြင့်
    နိုင်ငံတကာ မှာတော့ ဒီလို အတွေးအခေါ် နှင့်
    ဒီလို အလေ့အကျင့် တွေ ရှိနေကြပြီ ဆိုတာ သိစေချင်လို့ပါကွယ် ။

    မြန်မာနိုင်ငံ နှင့် လက်တွေ့မှာ အဆင်မပြေနိုင်တာလေး တချို့ ရှိနေပေမယ့်
    တနေ့ ဒီစနစ်ကို ပြောင်းကို ပြောင်းရမှာပဲ မဟုတ်လားကွယ် ။

    စိတ်ပါလက်ပါ ပြောင်းတာ နှင့် တွန်းပြီး အပြောင်းခံရတာပဲ ကွာမှာပါကွယ် ။
    ပြင်ဆင်ကြပါစို့ကွယ် ။

    အမေစု ရဲ့စာသားလေး တစ်ခုကိုလည်း ရွတ်လိုက်ချင်ပါသေးတယ် ။
    “မကောင်းတာကို မပြောစေချင်ရင် မလုပ်ပါနဲ့။
    ကောင်းတာတွေကို ကျမတို့က တန်ဖိုးထားပါတယ် ။ ကျေးဇူးလည်း တင်ပါတယ်။
    ကောင်းတာတွေချည်း လုပ်နေရင် တသက်လုံး ကျမ ကျေးဇူးတင်လို့ ဆုံးမှာ မဟုတ်တော့ပါဘူး’’
    ( ဒေါ်အောင်ဆန်းစုကြည် )

    နောက်ဆုံး အနေနှင့် အကောင်းဆုံး အကြံပြုချင်တာကတော့ ။

    ကိုယ့် ပေါင်ကိုသူများလာထောင်း တော့
    ပိုနာယုံတင် မကဘူး အမြင်ကလည်း မတင့်တယ်ပေဘူး ပေါ့ကွယ် ။

    အဲဒီတော့ သူများနိုင်ငံတွေ မှာဖြင့်
    ကိုယ့်ပေါင်ကို ကိုယ်ကိုတိုင် ထောင်းတဲ့ စနစ်တွေရှိကြ ပါတယ်ကွယ် ။

    ကိုယ့်ပေါင် ကိုယ့်ဖာသာ ကျိတ်ထောင်းတော့
    နာတာ မနာသာ အသာထား
    လူမြင်တော့ တင့်တယ်တာပေါ့ ။
    ကိုယ့်ဖာသာ ကိုယ် ညောင်းလို့ပဲထောင်း သလိုလိုပေါ့ ။

    ဥပမာ ပြောရရင်
    Australia မှာဆိုရင်လည်း ဆရာဝန်တွေ
    တနေ့ လူနာ ၆ဝ ကျော်ကြည့်မိတဲ့ရက်တွေ များလာပြီဆိုရင်
    Medicare ( အစိုးရ ) က အဲဒီ ဆရာဝန်တွေဆီ ဖုန်းဆက်ပြီး
    ” ဒေါက်တာ အခုတလော လူနာတွေ အရမ်းကျနေတယ်နော်
    လူနာတွေကို Quality Care ပေးဖို့ အဆင်မှပြေရဲ့လား
    ဒေါက်တာ အရမ်း ပင်ပန်း နေတော့ မှာပဲ
    နားနားနေနေလေးလုပ်ပါ ဒေါက်တာရဲ့ ”
    ဆိုပြီး ယဉ်ယဉ်ကျေးကျေး လေး Remind လုပ်တာပါပဲ ။

    ပညာတတ် လူယဉ်ကျေးတွေ ဆိုတော့လည်း
    ဆရာဝန်တွေက နောက်ဆုတ်ပေးလိုက်တာပဲ ။
    ( ဟီဟိ ။ မလျှော့ပေးရင်လည်း စစ်ဆေးရေးက လာတော့မယ်လေ )

    အဲဒီလို စံနစ်မျိုးလေးများ မပြောင်းချင်ဘူးလားလို့ ။
    အဘဉာဏ် တထွာတမိုက်နှင့် အကြံပြုမိတာပါကွယ် ။

    အဘ လွန်တာ မှားတာများ ရှိရင် ခွင့်လွှတ် ကြပါကွယ် ။
    တိုင်းပြည် အတွက်ဆိုတဲ့ စေတနာ အမှားသာ ဖြစ်မှာပါ ။

    အဘကို ဝိုင်းသွန်သင်ကြပါအုံး ဆရာဝန် ညီအကိုတို့ရယ် ။

    • ဘဘ

      October 25, 2011 at 8:58 am

      …..ဥပမာ ပြောရရင်
      Australia မှာဆိုရင်လည်း ဆရာဝန်တွေ
      တနေ့ လူနာ ၆ဝ ကျော်ကြည့်မိတဲ့ရက်တွေ များလာပြီဆိုရင်
      Medicare ( အစိုးရ ) က အဲဒီ ဆရာဝန်တွေဆီ ဖုန်းဆက်ပြီး
      ” ဒေါက်တာ အခုတလော လူနာတွေ အရမ်းကျနေတယ်နော်
      လူနာတွေကို Quality Care ပေးဖို့ အဆင်မှပြေရဲ့လား
      ဒေါက်တာ အရမ်း ပင်ပန်း နေတော့ မှာပဲ
      နားနားနေနေလေးလုပ်ပါ ဒေါက်တာရဲ့ ”
      ဆိုပြီး ယဉ်ယဉ်ကျေးကျေး လေး Remind လုပ်တာပါပဲ ……
      ကို FR ရေ
      ဒီမှာလဲ အဲဒါမျိုး ဆန်ဆန်တော့ရှိပါတယ်။ ၃နှစ်လောက်ကပေါ့ ၊ ဆရာတော် တပါးဦးစီးပြီး ကုသိုလ်ဖြစ် ဆေးပေးခန်းလေးလုပ်တယ်၊ သိပ်မကြာပါဘူး အဲဒီဆေးခန်း ထိုင်တဲ့ ဆရာဝန်တွေ ကို ခေါ်ပြီး စစ်လားဆေးလား (ဟိုမေးဒီမေး) လုပ်တော့တာပါပဲ၊ (ပင်ပန်းမှာဆိုးလို့ စေတနာ နဲ့ဖြစ်မှာပါ)။ နောက်မှ သိရတာက အဲဒီ ဆရာတော် ကို ( မှတ်ပုံတင်သင့်မတင် သင့် Pollလုပ်ထားတဲ့) ပါတီ က ပုဂို္ဂလ်တွေ ဝင်ထွတ် ကိုးကွယ်လို့တဲ့။ ဒီမှာကလဲ နီးရာဒါး ကြောက် ရတာဆိုတော့။

  • inz@ghi

    October 25, 2011 at 6:51 am

    ဖတ်ရတာ အင်မတန် အရသာရှိ ဗဟုသုတ ရပါတယ် အဘရေ …
    အဘ ရဲ့စေတနာ ကို လေးစားတယ်ဗျ…

    (inz@ghi လည်းဝင်ပြောပီနော့်…)

    သဂျီး ရဲ့ တရားရေးဘက်က ဝင်ရောက်ဆွေးနွေးသွားတာကိုလည်း ကြိုက်ပါ့ ..
    ကျနော်က တော့ ပိုက်ပိုက် ဘက်က ဝင်ဆွေးနွေးချင်တယ်ဗျာ ….
    ဟုတ်ကဲ့ insurance ကိစ္စပါ …ကျနော်တို့ medical insurance ရှိသင့်ပါပီ ..
    ဆိုင်းဘုတ်ဖိုးတောင် မတတ်နိုင်တဲ့ စရိတ်မျှပေး ကျန်းမာရေးကြီးကြောင့်
    မသေသင့်တဲ့လူတွေ သေမှာ ကြိတ်မှိတ် ခံစားရမှာ ဆေးဖိုးတတ်နိုင်ပြီး
    ဝါးခ မတတ်နိုင်လို့ ကွမ်းယာဆိုင် မှာ တွေ့ကရာ ဝယ်သောက်ရတာ ..
    ပီး …ကိုယ်က ဆြာ ခေါ်ရပြီး အနှိမ်ခံ အငေါက်ခံရတာ … အစိုးရဆေးရုံ
    တက်ရင်ပဲ …မတတ်နိုင်လို့ မပြည့်စုံလို့ ဆိုတဲ့ အထှာနဲ့ ဆက်ဆံခံရတာ ..
    insurance သာပီပီပြင်ပြင်ရှိမယ်ဆိုရင် ဒါတွေ အတွက် တစုံတခုတော့
    လုပ်ပေးနိုင်မယ်ထင်တာပဲဗျ…

    နောက်တဆင့်ကတော့ အဲ့လိုအခြေခံ ရှိပြီးတောင်မှ ခွာလထီ ဆားဗစ်စ် မဖြစ်တဲ့အခါ တော့လည်း
    ကလိမ်းဘလိမ်း လုပ်ကြ ပေါ့ဗျာ.. 😀

  • sukoko

    October 25, 2011 at 12:16 pm

    အထူးကုအထူးကုဆိုတဲ့အတိုင်းသူတို့ကအထူးကိုကုပေးကြတာပါ
    စေတနာနဲ့ပါပျောက်စေချင်လွန်းလို့(ရောဂါတွေကို)
    ရောဂါကိုသေချာမစမ်းစစ်ပဲ……….သွေးလွန်တုပ်ကွေးကို
    အူအတက်ရောင်တယ်ဆိုပြီးမှားခွဲလို့SSCမှာခိုင်ရွန်းလဲ့ရည်ဆိုတဲ့
    ဲ့အထက်တန်းကျောင်းသူလေးတစ်ယောက်သေဆုံးခဲ့ဖူးပါတယ်
    ဆရာဝန်ကိုလည်းဆေးကုသခွင့်ကိုနှစ်နဲ့ချီပြီးပိတ်လိုက်ပါတယ်
    အခုကျတော့အူအတက်ကိုခွဲ့ရင်းနဲ့အူအတက်ကလည်းပုံမှန်နေရာမှာမရှိဘဲ
    အနောက်ဘက်မှာကပ်နေတာဆိုတော့ခွဲရင်းနဲ့လွန်သလိုဖြစ်သွားတာပါ
    ဆရာကတော့ဆရာပါပဲဆရာတို့ရယ်

    • ဘဘ

      October 26, 2011 at 1:46 am

      ဟုတ်ပါတယ်။ အဲဒီကိစ္စ အတွက်လဲ ဆရာဝန် ကို အပြစ်ပေးပြီးသလို၊ လူနာရှင်တွေကို လဲ သိမ်းပေါင်းများစွာ ပေးလျှော်ခဲ့ပါတယ်။(အဲဒီသီတင်းတော့ဂျာနယ်တွေကမရေးကြပါ၊ အဲဒါမို့လဲကျနော်ကတဖက်သတ်ရေးနေတယ်လို့ဆိုတာပါ)

      အဲဒီ ကိစ္စ ကိုလဲဘယ်သူမှားတယ်မှန်တယ် ဆိုတာ ကာယကံရှင်တွေကိုတိုင်ပဲသိမှာပါ။

      • Foreign Resident

        October 26, 2011 at 7:05 am

        ( အဲဒီသီတင်းတော့ဂျာနယ်တွေကမရေးကြပါ၊ အဲဒါမို့လဲကျနော်ကတဖက်သတ်ရေးနေတယ်လို့ဆိုတာပါ )

        သိန်း ၁၂၀ဝ ဆိုလား ကြားလိုက်တယ် ။
        ဂျာနယ်တွေက ရေးချင်တာပေါ့ ဆရာ ဘဘ ရယ် ။
        ဆရာဝန် လူနာရှင် ဆေးရုံပိုင်ရှင် သုံးဦးစလုံး ညှိပြီး
        သတင်းကို လုံးဝ တိကနဲဖြတ်ပြီး မီးသေပြစ်လိုက်လို့
        ဘယ်လို ဆက်ရေးရမှန်း မသိဖြစ်ကုန်တယ် ကြားတာပဲ ။

  • htoosan

    October 25, 2011 at 11:43 pm

    နိဂုံးတော့ မချုုပ်ပါနဲ့ဦး၊ ဦးဖောရင်း ရေ။
    ဆွေးနွေးပွဲပြီးရင် အစားအသောက်နဲ့တော့ ဧည့်ခံဦးမှပေါ့။ 🙂 🙂
    ဲမြန်မာပြည်က ဆွေးနွေးပွဲတွေလို မလုပ်နဲ့လေ။ ပွဲပြီးပြီးရော မလုပ်နဲ့လေ။
    ဒီ ပွဲမှာ ကျွန်တော်လူ ရီမိသလောက် ၂၈ ယောက် ဝင်မန့်သွားတယ် ။
    အနှစ်ချုပ်ရရင်
    (၁) ဆရာဝန် အများစု သည် ငွေနောက်လိုက်ကြသည် ဟု ခံယူကြ သည်။
    (၂) ဆေး ပညာ အဆင့်မမီ ဟု ထင်မြင်ကြသည်။
    (၃) တာဝန်ခံမှု မရှိ ၊ ပြီးလွယ်စီးလွယ် လက်လွတ်စပါယ်လုပ်သည် ဟု ခံစားကြရသည်။
    (၄) ဆရာဝန်များ သည် ကျေးဇူးရှင် မဖြစ်သင့်၊ လူနာ များသည်သာလျင် အခကြေးငွေ ပေး သောသူဖြစ်သောကြောင့် လူနာများကိုသာ service ပေးရမည့် အဆင့်သာ ရှိသည်။
    (၅) စဉ်ဆက်မပြတ် လေ့လာ စည်းပူးရန်နှင့် ခောတ်မီ ဆေးရုံသုံးဆေးပစ္စည်းများ လိုအပ်သည်။

    ဦးဖောရင်းကြီး ၊
    ဟုတ်ပါသလား ခင်ဗျာ။ လိုအပ်နေသေးလျှင် ထပ်မံဖြည့်စွက်ပေးလိုပါသည်။
    ပြီး လျှင် တဆက်တည်း (သို့) ပို့စ် အသစ်ဖြင့် ထို ထို သော အခြေအနေများမှ တိုးတက်အောင် ဘာလုပ်သင့်သည်။ ဘာလုပ်ပေးနိင်မည် ကို ဦးဖောရင်းကြီး ပြောခဲ့ သည့်
    Primary Medical Care System
    Health Insurance System
    Continuous Professional Development System တို့အတွက် လုပ်ဆောင်ရ(သင့်) သည့် အချက်များ ဥပမာ . ဦးဖောရင်း၏ မဟေသီကို မြန်မာပြည်မှဆရာဝန်များအား သင်တန်းပြန်လည်ပို့ချခြင်း 🙂 ကိုပါ အသေးစိတ် ထပ်မံ တင်ပြမှ သာလျှင် MG မှ ထပ်မံဖွသော ပို့စ်မဟုတ် ၊ သူကြီး၏ စာမျက်နှာနှင့် ပွိုင့်များ ပို မို တန်ဘိုးရှိသွားမည် ဟု ထင်မြင်ယူဆမိကြောင်းပါ။
    ှု

    • Foreign Resident

      October 26, 2011 at 6:57 am

      ဆရာ ကို Htoo San ရေ

      ဆရာ့ အမေးတွေကို အဘ
      ” Voice Journal ရဲ့ ရှယ်ဖွချက် နှင့် အတွေးများ ( ၂ ) ”
      ဆိုပြီးတော့ အဘ Post အသစ်တင်ပြီး ဖြေထား ပါတယ် ။

      ဆရာ ကို Htoo San က အဘဖွတယ်လို့ ထင်ရင်တော့
      အဘ စိတ်မကောင်း ပါဘူးကွယ် ။
      အဘ ရဲ့စေတနာကို ပေါ်လွင်အောင် မတင်ပြနိုင်တဲ့
      အဘ အပြစ်ပဲနေမှာပါ ။

      အဘ မဟေသီ ခမျာမှာလည်း အဘ ကိုပြုစုနေရတာနှင့်
      ယားတာကိုတောင်မှ ထုံးတို့ မှတ်ထားပြီး
      အားမှပြန်ကုတ်နေရတဲ့ ဘဝ ပါကွယ် ။

      • htoosan

        October 26, 2011 at 9:18 am

        ဦး FR ရေ၊
        ကျေးဇူးပြုပြီး အဲ့ဒီ့ ဆရာ ကြီး တပ်မခေါ်ပါနဲ့လားဗျာ။
        ဦးFR ၏ စေတနာ ရင်းကို သိပြီးသားဖြစ်သည့် အပြင် အများစု၏ ခံစားချက်များကိုလည်း သဘောပေါက်ပါသည်။ ကိုယ်ချင်းလည်း များစွာ စာနာပါသည်။ ကျွန်တော်ကိုယ်တိုင် ပြည်တွင်းမက ပြည်ပ ဆရာဝန် ၏ ဒါဏ်ပါ ခံစားဘူးပါသည်။

  • htoosan

    October 25, 2011 at 11:47 pm

    ှုနံပါတ်(၄) အချက်ကို နဲနဲပြန်ပြင်ဖတ်ပေးပါခင်ဗျာ.

    (၄) ဆရာဝန်များ သည် ကျေးဇူးရှင် မဖြစ်သင့်၊ လူနာ များသည်သာလျင် အခကြေးငွေ ပေး သောသူဖြစ်သောကြောင့် လူနာများကိုသာ service ပေးရမည့် သူများသာဖြစ်သည်။

Leave a Reply